Thursday, January 5, 2012

မျိုးဆက်လေးဆက်တိုင် မွေးနေ့တစ်ရက်တည်းဖြစ်နေတဲ့ မိသားစု

မနေ့က ဇန်န၀ါရီလ ၄ရက်နေ့ဆိုတာ ကျွန်တော်တို့ ချစ်လှစွာတဲ့ မြန်မာနိုင်ငံတော်ကြီးရဲ့ လွတ်လပ်ရေးနေ့ဖြစ်တဲ့အတွက် မြန်မာပြည်သူ ပြည်သားတွေအတွက် ထူးခြားတဲ့နေတစ်နေ့ပါ။

ဒီလိုပဲ ဒီဇန်န၀ါရီလ ၄ရက်နေ့ဟာ အမေရိကန်၊ အိုးဟိုင်းရိုးက မိသားစုတစ်စု အတွက်လည်း ထူးခြားတဲ့ နေ့တစ်နေ့ ဖြစ်နေပါတယ်။

(January 4 Birthday Family)
 (Photo via)

ရစ်ချတ်စတစ်ဖ်(Richard Stiff)ဟာ ဇန်န၀ါရီလ ၄ရက်နေ့က အသက် ၆၅နှစ် ပြည့်ခဲ့ပါတယ်။ ထို့အတူ သူရဲ့သမီး ဂျူလီယာ ဂွန်ညာ(Julia Gonyer) ကလည်း ဇန်န၀ါရီလ ၄ရက်နေ့မှာပဲ အသက် ၃၄ပြည့်ခဲ့ပါတယ်။ ဒါတင်မကသေးပါဘူး ရစ်ချတ်ရဲ့ မြေး၊ ဂျူလီယာရဲ့ သမီးလေး ကော့တနေ(Kourtney)က ဒီဇန်န၀ါရီလ ၄ရက်နေ့မှာ သူမရဲ့ ပထမဆုံး တစ်နှစ်မြောက်မွေးနေ့ကို ဆင်နွှဲခဲ့ပါတယ်။ ဒီမှာတင် ပြီးပြီးလားဆို မဟုတ်သေးပါဘူး ရစ်ချတ်ရဲ့ အဖေ၊ ဂျူလီယာရဲ့ အဖိုး၊ ကော့တနေရဲ့ အဘိုးဟာလဲ ဇန်န၀ါရီလ ၄ရက် ၁၉၂၄မှာ မွေးဖွားခဲ့တဲ့အတွက် သူတို့ မိသားစုဟာ မျိုးဆက် ၄ဆက်ထိ မွေးတစ်ရက်တည်းတိုက်နေတဲ့ ထူးခြားတဲ့ မိသားစု ဖြစ်နေပါတယ်။


ရစ်ချတ်ရဲ့အဖေကတော့ ၂၀၀၀ခုနှစ်ကတည်းက သေဆုံးသွားခဲ့ပါပြီး။ ရစ်ချတ်ကို ၁၉၄၇၊ ဂျူလီယာကို ၁၉၇၈နဲ့ အငယ်လေး ကော့တနေကတော့ မနှစ် ၂၀၁၁ တို့မှာ အသီးသီးမွေးဖွားခဲ့ကြပြီး သူတို့အားလုံး ဒီနေ့ ဒီရက်မွေးစေဆိုပြီး ကြိုတင် တွက်ချက် ကြံရွယ်ထားခြင်းမရှိဘဲ အားလုံး သဘာဝအတိုင်း မွေးဖွားခဲ့ကြတာပါ။ ကော့တနေကို မွေးတုန်းက ဇန်န၀ါရီ ၃ရက်မှာ မွေးမယ်လို့ မှန်းထားပေမယ့် တစ်ရက်နောက်ကျပြီး ၄ရက်နေ့မှ မွေးဖြစ်သွားပြီး ဂျူလီယာကတော့ ဒီဇင်ဘာ ၂၁ရက်နေ့မှာ မွေးမယ်လို့ မှန်းထားပြီးမှ ၂ပတ်နောက်ကျကာ မွေးဖြစ်ခဲ့ခြင်းဖြစ်ပါတယ်။ ဒါတင်မကသေးဘဲ ရစ်ချတ်၊ ဂျူလီယာနဲ့ ကော့တနေတို့ဟာ သူတို့မောင်နှမထဲမှာ အဦးဆုံး မွေးခဲ့သူတွေ ဖြစ်နေပြန်ပါတယ်။


ဒီလို ထူးခြားတိုက်ဆိုင်တဲ့ သူတို့ မိသားစုလေးရဲ့ မွေးနေ့ပွဲလေးကတော့ ရိုးရိုးရှင်းရှင်းပဲ ကိတ်မုန့်တစ်လုံး၊ Happy Birthday သီချင်းတစ်ပုဒ်တည်းနဲ့ပဲ ကျင်းပဖြစ်ခဲ့ကြပါတယ်။


Ref;
http://www.dailymail.co.uk/news/article-2082425/January-4-birthdays-running-Ohio-family-generations.html

3 comments:

  1. တိုက်ဆိုင်ပုံများ.. တခုခုတော့ တခုခုပဲ :P

    ReplyDelete
  2. မွေးနေ့ ရှင်တွေ အတွက်ကတော့ ကိတ်တလုံးနဲ့  ပြီးပေမဲ့ လက်ဆောင်ပေးရမဲ့သူတွေကတော့ ၃ယောက်အတွက်တောင်..အောင်မလေး ဂစ်..ဂစ်..:P

    ReplyDelete
  3. မွေးနေ့တစ်ရက်ထဲပေါင်းလုပ်လို့ရပြီပေါ့..။
    ရက်ညှိပြီးများ မွေးယူသလားမသိ...။

    ReplyDelete