Google’s +1 ဆိုတာ Sharing Tools တစ်ခုအနေနဲ့ Websites တွေ Blogs တွေမှာ တော်တော်များများ သုံးလာကြပါတယ်။ ဒါပေမယ့် သူက Facebook မှာလို Like လုပ်တာနဲ့လည်း မတူ Tweeter လို Tweet လုပ်တာနဲ့လည်း မတူဘဲ သူ့ကို နှိပ်လိုက်ရင်
(you) publicly +1'd this ဆိုပြီးပဲ ပေါ်လာပါတယ်။
တကယ်တမ်း Google ရဲ့ ရည်ရွယ်ချက်က ကိုယ်က +1 တစ်ခါလုပ်တိုင်း ကိုယ်က ဒါကို Google Search မှာ rank တက်အောင် recommend လုပ်တဲ့ သဘောဖြစ်ပြီး တခြားသော Google ရဲ့ Google Ads လို ကြော်ငြာကဏ္ဍမှာလည်း အထောက်အကူပြု အသုံးဝင်အောင် လုပ်ထားတာပါ။
ခု Google က ဒါကို ထပ်ချဲ့ပါတော့မယ်။ အင်တာနက်ပေါ်က ကိုယ်ကြိုက်တာလေးတွေ့လို့ +1 လုပ်ရင် Facebook မှာ Share သလိုမျိုး Google Plus မှာ Share ပါတော့မယ်။ အပေါ်က ပုံမှာ ပြထားသလို Rotten Tomato ဆိုဒ်မှာ +1 နှိပ်ပြီး Google Plus မှာ Share လိုက်တာပါ။
ဒီလိုဆိုရင်တော့ Google Plus ထဲ သွားပြီး လင့်ခ်လေး သွား Share ရတာ မရှိတော့ဘဲ တခါတည်း +1 နှိပ်ပြီး Share ရုံပါပဲ။
+snippets
နောက်တစ်ခုကကျ +1 နှိပ်လိုက်တာနဲ့ အရင်ဆုံး Box လေးတစ်ခုကျလာပြီး Share မယ့် Post ရဲ့ ပုံနဲ့ စာတချို့တ၀က်ပေါ်လာပါမယ် (Facebook မှာလို)။ ဒါကို Google က +snippets လို့ခေါ်ပါတယ်တဲ့။ ပြီးတော့ အဲဒီမှာ +snippets ကို customize (ပုံရယ် post description ရယ်) ကိုယ်ပေါ်ချင်သလို ပေါ်အောင် လုပ်ခွင့်ရပါမယ်တဲ့။ လုပ်ပုံလုပ်နည်းကို Google Webmaster Tool မှာ သွားလေ့လာနိုင်ပါတယ်။
ခုချိန်တော့ site တော်တော်များများမှာ မရသေးပါဘူး တဖြည်းဖြည်းနဲ့မှ Roll Out လုပ်သွားမယ်လို့ Google Official Blog ထဲမှာ ပြောထားပါတယ်ခင်ဗျာ…
No comments:
Post a Comment