အွန်လိုင်းသုံးစွဲမှုတွေကို ခြေရာခံပြီး လေ့လာနေတဲ့ Experian Hitwise လို့ခေါ်တဲ့ အဖွဲ့အစည်းရဲ့ ထုတ်ပြန်ချက်အရ... Facebook အပေါ်မှာ အချိန်ကြာဆုံး နေထိုင်တဲ့သူတွေအဖြစ် စင်ကာပူက Facebook သုံးစွဲသူများက တခါဝင်လျှင် ပျမ်းမျှ ၃၈မိနစ်နှင့် ၄၆ စက္ကန့် ကြာ အသုံးပြုသူများအဖြစ် ကမ္ဘာ့နိုင်ငံ အသီးသီးက ဖေ့ဘွတ်သူစွဲသူ အားလုံးကို ကျော်ဖြတ်ပြီး ပထမ ဗိုလ်စွဲပါတယ်တဲ့... ဒါက လွန်ခဲ့တဲ့ သြဂုတ်မှာ လေ့လာခဲ့တဲ့ မှတ်တမ်းလို့ ဆိုပါတယ်... စင်ကာပူရဲ့နောက်မှာတော့ နယူးဇီလန်က ဒုတိယနဲ့ သြစတေးလျက တတိယလိုက်ပြီး... Facebook ကို ဖန်တီးခဲ့တဲ့ အမေရိကန်ကတော့ ပဉ္စမနေရာမှာ ချိတ်ပါတယ်...
အမေရိကန်မှာ Facebook ဟာ လည်ပတ်သူအများဆုံး လူမှုကွန်ရက်ဆိုဒ်ဖြစ်ပြီး Twitter ကတော့ ဒုတိယနဲ့ ဆန်ဖရန်စစ်စကိုမှာ အခြေဆိုက်တဲ့ tagged.com ကတော့ တတိယနေရာလိုက်ပါတယ်... tagged.com ဟာ အရင်တုန်းက အသက် ၁၈အောက် ကလေးများကိုသာ ရည်ရွယ်ပြီး ၀င်ခွင့်ပေးထားပေမယ့် အခုတော့ အသုံးပြုသူအားလုံးကို ဖွင့်ပေးလိုက်တာပါ။
အောက်မှာ ဖေ့ဘွတ်မှာ အနေကြာဆုံး ထပ်ဆုံး ၈နိုင်ငံနဲ့ တခါဝင်လျှင် လည်ပတ်တဲ့ အချိန်ပမာဏ စာရင်းဖြစ်ပါတယ်။
Average time spent on Facebook in August 2011 per session
Singapore 38 mins 46 sec
New Zealand 30 mins 31 sec
Australia 26 mins 27 sec
UK 25 mins 33 sec
US 20 mins 46 sec
France 21 mins 53 sec
India 20 mins 21 sec
Brazil 18 mins 19 sec
ကိုးကား
http://news.cnet.com/8301-1023_3-20114170-93/facebook-time-is-tops-abroad-with-singapore-no-1/
ဟမ်.... ၃၈မိနစ်နဲ့ ၄၆ စက္ကန့်ဘဲ ရစရာလား... ဒီလောက်သုံးပေးနေတာကို... :(
ReplyDeleteဟားဟား.. လုံးဝလက်ခံတယ်.. :D
ReplyDeleteဟားဟား.. ကိုအားထိုင်တို့ မနာလိုဖြစ်နေတယ် ကွိကွိ
ReplyDeleteကန်ဒီတို့ကတော့ အပြည့်အ၀ ထောက်ခံတာပါ.. ဧကန်ဒတော့ ဧကန်ဒပဲ :D
ဟင်..
ReplyDeleteတို့ဆို တစ်နေ့ကို ၁၆နာရီလောက် ဖေ့ဘွတ်သုံးနေတဲ့ဟာ...
ဒေတာတွေက အမှားတွေ...
:P
ဟဲဟဲ ရဲကလည်း တစ်ခြား အချိန်နည်းနည်းပဲ သုံးတဲ့လူတွေနဲ့ ဝေစားမျှစားလေ... လူအားလုံးပေါင်း ပျမ်းမျှတွက်ထားတာ...
ReplyDelete