ဖေ့ဘွတ်က ဘာလို့ သူ့ကို တရားစွဲပါသလဲ? ဖေ့ဘွတ်ပိုင်ရှင်နဲ့ နာမည်တူလို့ တရားစွဲတယ်လို့ ထင်ပါသလား။ ဟီးဟီး ဒါဆိုရီစရာ ဖြစ်နေမှာပေါ့။ အဖြစ်ကဒီလိုပါ။ အဲဒီ မက်ဇက်ကာဘတ် ဆိုသူရဲ့ဖေ့ဘွတ် စီးပွားရေး စာမျက်နှာတစ်ခုဟာ ဖေ့ဘွတ်ရဲ့ စည်မျဉ်းစည်းကမ်းတွေကို ချိုးဖောက်တယ်လို့ ဖေ့ဘွတ်က ယူဆလို့ သူစာမျက်နှာကို ပိတ်ပစ်တဲ့အပြင် သူ့ကိုပါ တရားစွဲဖို့ စီစဉ်နေတာပါ။ သူဘာတွေလုပ်လို့ ဖေ့ဘွတ်က ဒီလောက် တရားစွဲဖို့ လုပ်ရသလဲဆိုတော့ သူဟာ "Like" တွေကို ရောင်းတဲ့ Like Store ဆိုတာ ဖွင့်ထားလို့ပါပဲ။ မိတ်ဆွေတို့စာမျက်မှာမှာ Like တွေ လိုချင်နေတယ်ဆိုရင် သူရဲ့ Like Store မှာ Like တွေ ၀ယ်လို့ရပါတယ်။ :P ဖေ့ဘွတ်က ဒါဟာ သူရဲ့ကြော်ငြာလုပ်ငန်းကို ပျက်စီးစေတယ်ဆိုပြီး တရားစွဲဖို့ လုပ်နေတာပါ။ ဒါများ တကယ်တမ်း ဘာထူးဆန်းလို့လဲလို့ မိတ်ဆွေတို့ ထင်နေမလား။ အဖြစ်က ဒီလောက် မရိုးရှင်းပါဘူး။
ဒီတရားစွဲခံရတဲ့ တကယ်တမ်း မက်ဇက်ကာဘတ်ဆိုတာ အစ္စရေးနိုင်ငံသား တစ်ယောက်ပါ။ မရိုးရှင်းဘူးလို့ ပြောတာက ဒီ မက်ဇက်ကာဘက် ဆိုတာ သူရဲ့ နာမည်ရင်း မဟုတ်ပါဘူး။ ဒါဆို နောက်ပြောင်ခေါ်တဲ့ နစ်နိမ်းလို့ ထင်နေပါသလား။ မဟုတ်ပါဘူး။ ဒီလူရဲ့ နာမည်အရင်းက Rotem Guez လို့ခေါ်ပါတယ်။ ဒါပေမယ့် ဒီသူရဲ့နာမည်ရင်းနဲ့ သူ့ကိုခေါ်လို့မရတော့ပါဘူး။ ဘာလို့လဲဆို သူဟာ သူရဲ့နာမည်ကို မက်ဇက်ကာဘတ်လို့ တရားဝင်ပြောင်းလဲလိုက်တာပါပဲ။ အခုခါမှာ သူရဲ့ ပတ်စ်ပို့ကအစ မှတ်ပုံတင် လိုင်စင်တွေ အဆုံး အားလုံးကို သူတို့ရဲ့ ပြည်ထဲရေး ၀န်ကြီးဌါနမှာ တရားဝင် သွားပြောင်းလိုက်တာပါ။ ဒီလိုလုပ်တာ ဖေ့ဘွတ်က သူ့စာမျက်နှာကို ပိတ်ပြီး တရားစွဲဖို့ စပြင်ဆင်ချိန်မှာပါ။
Mark Zuckerberg
(Photo via)
ကဲ ဖေ့ဘွတ်က ဘာကြောင့် မက်ဇက်ကာဘတ်ကို တရားစွဲလည်းဆိုတာ ရှင်းကြပြီးဟုတ်... :P
Ref:
http://www.tomsguide.com/us/Facebook-Mark-Zuckerberg-Like-Store-Ministry-of-Home-Affairs-Rotem-Guez,news-13577.html
http://www.ndtv.com/article/world/will-facebook-sue-this-mark-zuckerberg-158779
http://www.markzuckerbergofficial.com/
နာမည်ကြောင့် သတင်းဖြစ်ပေါ့ ...း)
ReplyDeleteသြော်..ဒီလူ့နှယ်..၊း)
ReplyDeleteကြည့်ရတာ facebook ကို အတော်လေး စွဲလမ်းသူ ထင်ပါရဲ့..၊ သေချာတာတော့ လူစိတ်ဝင်စားအောင် ဘယ်လိုမျိုး ကြော်ငြာရမလဲ ဆိုတာ ကောင်းကောင်းသိတဲ့ သူပဲ..။
ထူးဆန်းပါပေ့ကွယ်..
ReplyDeleteနာမည်ကြီးချင်လို့ လုပ်တာလား ဘာသဘောလဲ.
ReplyDeleteအော် ဒီလူတွေ အတော်အားပုံရတယ်။ အလုပ်မရှိ တရားစွဲခံချင်လို့ဖြစ်မယ်..
တို့လည်း ဖေ့ဘွတ်မှာ တစ်ခုခု လုပ်ဦးမှပါ
နာမည်များကြီးမလားလို့လေ။
အစ္စရေးတွေက သူများနဲ့ မတူတဲ့၊
ReplyDeleteခပ်ကြောင်ကြောင်အတွေးအခေါ်ရှိတာတော့။
ထိပ်ဆုံးကပါဘဲလေ..။
သတင်းလေးအတွက်ကျေးဇူးပါ။ အစ်ကိုမောင်သန့်ရေ။
ReplyDelete