ဒီလိုပဲ ဒီဇန်န၀ါရီလ ၄ရက်နေ့ဟာ အမေရိကန်၊ အိုးဟိုင်းရိုးက မိသားစုတစ်စု အတွက်လည်း ထူးခြားတဲ့ နေ့တစ်နေ့ ဖြစ်နေပါတယ်။
(January 4 Birthday Family)
(Photo via)
ရစ်ချတ်ရဲ့အဖေကတော့ ၂၀၀၀ခုနှစ်ကတည်းက သေဆုံးသွားခဲ့ပါပြီး။ ရစ်ချတ်ကို ၁၉၄၇၊ ဂျူလီယာကို ၁၉၇၈နဲ့ အငယ်လေး ကော့တနေကတော့ မနှစ် ၂၀၁၁ တို့မှာ အသီးသီးမွေးဖွားခဲ့ကြပြီး သူတို့အားလုံး ဒီနေ့ ဒီရက်မွေးစေဆိုပြီး ကြိုတင် တွက်ချက် ကြံရွယ်ထားခြင်းမရှိဘဲ အားလုံး သဘာဝအတိုင်း မွေးဖွားခဲ့ကြတာပါ။ ကော့တနေကို မွေးတုန်းက ဇန်န၀ါရီ ၃ရက်မှာ မွေးမယ်လို့ မှန်းထားပေမယ့် တစ်ရက်နောက်ကျပြီး ၄ရက်နေ့မှ မွေးဖြစ်သွားပြီး ဂျူလီယာကတော့ ဒီဇင်ဘာ ၂၁ရက်နေ့မှာ မွေးမယ်လို့ မှန်းထားပြီးမှ ၂ပတ်နောက်ကျကာ မွေးဖြစ်ခဲ့ခြင်းဖြစ်ပါတယ်။ ဒါတင်မကသေးဘဲ ရစ်ချတ်၊ ဂျူလီယာနဲ့ ကော့တနေတို့ဟာ သူတို့မောင်နှမထဲမှာ အဦးဆုံး မွေးခဲ့သူတွေ ဖြစ်နေပြန်ပါတယ်။
ဒီလို ထူးခြားတိုက်ဆိုင်တဲ့ သူတို့ မိသားစုလေးရဲ့ မွေးနေ့ပွဲလေးကတော့ ရိုးရိုးရှင်းရှင်းပဲ ကိတ်မုန့်တစ်လုံး၊ Happy Birthday သီချင်းတစ်ပုဒ်တည်းနဲ့ပဲ ကျင်းပဖြစ်ခဲ့ကြပါတယ်။
Ref;
http://www.dailymail.co.uk/news/article-2082425/January-4-birthdays-running-Ohio-family-generations.html
တိုက်ဆိုင်ပုံများ.. တခုခုတော့ တခုခုပဲ :P
ReplyDeleteမွေးနေ့ ရှင်တွေ အတွက်ကတော့ ကိတ်တလုံးနဲ့  ပြီးပေမဲ့ လက်ဆောင်ပေးရမဲ့သူတွေကတော့ ၃ယောက်အတွက်တောင်..အောင်မလေး ဂစ်..ဂစ်..:P
ReplyDeleteမွေးနေ့တစ်ရက်ထဲပေါင်းလုပ်လို့ရပြီပေါ့..။
ReplyDeleteရက်ညှိပြီးများ မွေးယူသလားမသိ...။