ဂျာမနီနိုင်ငံ၊ အာချန်က 
၁၁နှစ်အရွယ် ကောင်လေးတစ်ယောက် ရဲစခန်းရဲ့ အရေးပေါ်ဖုန်းနံပါတ်ကို ခေါ်ပြီး 
သူဟာ အဓမ္မစေခိုင်းခံ နေရတယ်လို့ ရဲကို တိုင်ကြားလိုက်ပါတယ်။
“သားက တနေ့လုံး အလုပ်လုပ်နေရတယ်၊ အမေက တနေ့လုံး အိမ်သန့်ရှင်းရေး လုပ်ခိုင်းနေလို့ အားချိန်ကို မရှိဘူးလို့” ရဲတွေကို ပြောပါတယ်။
သူ့အမေကတော့ ကောင်လေးကို 
ခိုင်းလိုက်တာနဲ့ ရဲကို ခေါ်မယ်ဆိုပြီး တချိန်လုံး ခြိမ်းခြောက်နေတာပါပဲလို့
 ရဲတွေကို ပြောပြပါတယ်။ ကောင်လေးရဲ့ ဆင်ခြေက သူရဲ့ ကျောင်းလပ်ချိန်တွေမှာ 
အကြိမ်ကြိမ်အခါခါ အိမ်အလုပ်လုပ်နေရလို့ပါပဲ…
ရဲတွေက ကောင်လေးကို ဘာတွေများ 
အတင်းအဓမ္မစေခိုင်းခံ နေရလည်း မေးတော့ အိမ်နဲ့ အိမ်ကပြင်ကို သန့်ရှင်းရေး 
လုပ်ခိုင်းတာ အဓမ္မစေခိုင်းခံရတာပဲတဲ့… 
သူအမေ ရှင်းပြတာကတော့ “သူတနေ့လုံး 
ဆော့နေတာ အဲဒါပြီးတော့ တနေ့လုံးဆော့ထားတာကို ရှင်းပါလို့ ပြောတော့ ဒါကို 
သူက အဓမ္မစေခိုင်းတာ (Force Labour) လို့ ပြောတော့တာပါတဲ့…
ရဲတွေကတော့ ရှင်းရခက်ကြီး ဖြစ်သွားမှာပဲ
၂၀၁၁ ခုနှစ် သြဂုတ်လ ၁၆ရက်နေ့မှာ အပေါ်ကပိုစ့်လေးနဲ့ စတင်ခဲ့တဲ့ မောင်သန့်ရဲ့ ဘလော့လေးဟာ မနေ့က သြဂုတ် ၁၆ရက် ၂၀၁၂မှာ ဆိုရင် တစ်နှစ် တင်းတင်း ပြည့်ခဲ့ပြီ ဖြစ်ပါတယ်။ တစ်နှစ်အတွင်းမှာ အနယ်နယ် အရပ်ရပ်က လာရောက်ပြီးတော့ မောင်သန့်ရဲ့ ဘလော့လေးကို အချိန်ပေးကာ လာရောက် ဖတ်ရှုကြတဲ့ အွန်လိုင်း စာဖတ်ပရိသတ်များ အားလုံးကို အထူးပဲ ကျေးဇူးတင်ကြောင်း ပြောလိုပါတယ် ခင်ဗျာ။ အခုချိန်မှာ ဘလော့ ပုံမှန် ပြန်ရေးဖို့ အခက်အခဲကြားက ကြိုးစားလျှက် ရှိကြောင်းကိုလည်း ထပ်လောင်းကာ အမှာစကား ပါးလိုက် ရပါတယ်။ 
တစ်နှစ်ပြည့်သွားတဲ့ ဘလော့ဂ်အတွက် Congratulation! ပါ ကိုမောင်သန့် ခင်ဗျား... ပိုစ့်အသစ်လေးတွေကိုလဲ မျှော်နေမယ်ဗျို့..
ReplyDeleteဘလော့သက်တမ်း တစ်နှစ်ပြည့်ကနေ နောင်နှစ်ပေါင်းများစွာ ပျော်ရွှင်စွာနဲ့ ဘလော့ဂင်းနိုင်ပါစေ မောင်သန့်ရေ။
ReplyDeleteCongratulation ! ပါနော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
တနှစ်ပြည့် မှ နှစ်ပေါင်းများစွာ စာတွေ ရေးနိုင်ပါစေ ။
ReplyDeleteဆက်လက်ရေးသားနိုင်ပါစေ..
ReplyDeleteဆန္ဒပြုပါတယ်...ကိုမောင်သန့်
အကို အားထိုင် ဟိဟိ၊ အမသံ၊ တီတင့်၊ မသီတာ အားလုံးကို ကျေးဇူးတင်ပါတယ်။ ပေးတဲ့ ဆုနဲ့လည်း ပြည့်စုံ ပါစေခင်ဗျာ
ReplyDelete