Thursday, August 30, 2012

စင်ကာပူ အကြီးကျယ်ဆုံး အိုင်တီရှိုးပွဲတွေထဲက Comex 2012 IT Show စတင်နေပြီ

စင်ကာပူမှာ တစ်နှစ်ကို လေးကြိမ် နာမည်လေးမျိုးနဲ့ ကျင်းပနေကျ ဖြစ်တဲ့ စင်ကာပူရဲ့ အကြီးကျယ်ဆုံး အိုင်တီရှိုးတွေထဲက ဒီနှစ်ရဲ့ တတိယအကြိမ်မြောက် အနေနဲ့ ကျင်းပတဲ့ Comex 2012 အိုင်တီပြပွဲ၊ ဈေးရောင်းပွဲကို စင်ကာပူ မြို့လယ်က 'ဆန်းတက်ခ် စီးတီး ကွန်ဗင်ရှင်း စင်တာ' (Suntec City Convention Center) မှာ ဒီနေ့က စပြီး ကျင်းပနေပါပြီ။


ကျင်းပတဲ့ နေ့ရက်တွေက -             သြဂုတ် ၃၀ ကနေ စက်တင်ဘာ ၂ရက် ထိ
အချိန်ကတော့ -                          နေ့လည် ၁၂နာရီ ကနေ ည ၉နာရီထိ
လိပ်စာ အတိအကျကတော့ -          1 Raffles Boulevard, Suntec City, Singapore 039593
အနီးဆုံး ရထားဘူတာတွေကတော့ - City Hall (Green and Red Line), Esplanade and Promanade
                                              (Circle (Yellow) Line)


စိတ်ပါဝင်စား သူတွေ လူမတိုး ရလေအောင် စောနိုင်သမျှ စောစော သွားကြပါခင်ဗျာ။ မဟုတ်ရင် အောက်ကပုံအတိုင်း လူတိုးမှာပါခင်ဗျ။


ပြပွဲဈေးနှုန်းတွေ တစ်နေရာထဲမှာ စုထားတာ ကြည့်ချင်ရင် အောက်ကလင့်ခ်ကို သွားပါ။

http://itfairsg.com/comex2012/price-list/


Wednesday, August 29, 2012

ဒါတွေကို သင်သိရဲ့လား - ၉ [လန်ဒန် အိုလံပစ် ၂၀၁၂]

- သြစတေးလျနိုင်ငံ ကိုယ်စားပြု အိုလံပစ် ပြိုင်ပွဲဝင် တူညီ အလှရေကူး အားကစားမယ် 'ဘရန်ကာ ဟမ်မက်' (Bianca Hammett) တစ်ယောက် အသက် ၈နှစ် အရွယ်တုန်းက သတင်းစာထဲမှာ ဒီအားကစားနဲ့ ပက်သက်တဲ့ ကြော်ငြာတစ်ခုကို တွေ့ရာကနေ စိတ်ဝင်စားသွားပြီး ကြိုးစားသင်ယူယင်း အခု အသက် ၂၁နှစ်အရွယ်မှာ သြစတေးလျ အိုလံပစ် လက်ရွေးစင် အဖြစ် ရွေးချယ်ခံလိုက်ရပါတယ်။ (Source)

- ယူကရိန်းနိုင်ငံမှာ မွေးဖွားပြီး အင်္ဂလန်ကို ၂၀၀၇နှစ်ကမှ ရောက်ရှိခဲ့သူ ဗြိတိန် ကိုယ်စားပြု အိုလံပစ် နပန်း မယ် 'အိုကာ ဘက်ကဘခ်ျ' ဟာ ၂၀၁၂ မေလကမှ အင်္ဂလန် နိုင်ငံသား ရခဲ့သူပါ။ (Source)

- လန်ဒန် အိုလံပစ်မှာ ရွှေတံဆိပ်ဆု ရခဲ့တဲ့ ဗြိတိန် ကိုယ်စားပြု မြင်းစီး အားကစားသမား 'စကော့ ဘာရပ်စ်' ပြိုင်ပွဲဝင်တုန်း စီးခဲ့တဲ့ 'ဟဲလို ဆန်တော့စ်' အမည်ရှိတဲ့ မြင်းဟာ ယူရိုငွေ ၂သန်းတောင် တန်ဖိုး ရှိပါသတဲ့။ (Source)

- အမျိုးသမီး မီတာ ၅၀ သေနတ်ပစ် ပြိုင်ပွဲမှာ ရွှေတံဆိပ်ရခဲ့တဲ့ သြစတေးလျနိုင်ငံ ကိုယ်စားပြု အိုလံပစ် သေနတ်ပစ်မယ် 'အလက်တဲလ် ဆတ်မန်း' (Alethea Sedgman) ကတော့ သြစတေးလျနိုင်ငံ လက်ရွေးစင် အဖြစ် အရွေးခံတဲ့အချိန်မှာ သူမနဲ့ အပြိုင် ဖြစ်ခဲ့သူက သူမ ရည်စား 'ခရစ် ဂယ်ဗင်' (Chris Gulvin) ကိုယ်တိုင်ပါ။ နောက်ဆုံးမှာ အမျိုးသမီး သေနတ်ပစ် အားကစားသမားကို အိုလံပစ်အသင်းမှာ ထည့်သွင်းချင်တဲ့ သြစတေးလျ နိုင်ငံတကာ သေနတ်ပစ် အသင်းရဲ့ ရည်ရွယ်ချက်ကြောင့် သူမ ရည်စားကိုကျော်ပြီး အရွေးခံခဲ့ရသူပါ။ (Source)

- ဗြိတိန်ကိုယ်စားပြု အိုလံပစ် သေနတ်ပစ် လက်ရွေးစင် 'ဂျိမ်း ဟပ်ကယ်' (James Huckle) ကတော့ သူ့အဖေက သူတို့ လယ်တောထဲမှာ သောင်းကျန်းနေတဲ့ ကြွက်တွေကို နှိမ်းနှင်းဖို့ သေနတ်တလက် ၀ယ်ပေးလိုက်တာကနေ အစပြုပြီး အိုလံပစ် သေနတ်ပစ် လက်ရွေးစင် ဖြစ်လာတဲ့အထိ လက်သံပြောင်ခဲ့သူပါ။ (Source)


ဆက်ပါဦးမည်။

ဆက်စပ် ဖတ်ရှုရန်
ဒါတွေကို သင်သိရဲ့လား - ၈ [လန်ဒန် အိုလံပစ် ၂၀၁၂]
ဒါတွေကို သင်သိရဲ့လား - ၇
ဒါတွေကို သင်သိရဲ့လား - ၆
ဒါတွေကို သင်သိရဲ့လား - ၅
ဒါတွေကို သင်သိရဲ့လား - ၎
ဒါတွေကို သင်သိရဲ့လား - ၃
ဒါတွေကို သင်သိရဲ့လား - ၂
ဒါတွေကို သင်သိရဲ့လား - ၁

Tuesday, August 28, 2012

ဒါတွေကို သင်သိရဲ့လား - ၈ [လန်ဒန် အိုလံပစ် ၂၀၁၂]

- အမေရိကန်နိုင်ငံ ကိုယ်စားပြု ရေကူး အားကစား သမား 'ဒေးဗစ် တာဝါတာ' (Davis Tawater) ဟာ အိုလံပစ်ပြိုင်ပွဲဝင် ဖြစ်ဖို့ အရည်အချင်းစစ်ပြိုင်ပွဲမှာ ရှေ့ကပြိုင်ဘက်ထက် ၀.၁၄ စက္ကန့်နောက်ကျပြီး ပန်းဝင်လို့ အိုလံပစ်ပြိုင်ပွဲဝင် အသင်းကနေ ဖြုတ်ချခံခဲ့ရပြီး နောက်နေ့မှာ အိမ်ပြန်ခဲ့ရပါတယ်။ ဒါပေမယ့်လည်း 'ဒေးဗစ်' တစ်ယောက် အိမ်တောင် မရောက်သေးခင်မှာ သူ့ကို ပြိုင်ပွဲဝင်အသင်းထဲ ပြန်ပါဖို့ ခေါ်ခံရပြီး နောက်လေယာဉ် တစ်စီးနဲ့ နောက်ကြောင်းပြန်လှည့်ခဲ့ရကာ နောက်ဆုံး လန်ဒန် ၂၀၁၂ အိုလံပစ်ပြိုင်ပွဲ ၄ယောက် လက်ဆင့်ကမ်း  ရေကူးပြိုင်ပွဲမှာ အသင်းနဲ့အတူ ရွှေတံဆိပ် ဆွတ်ခူးခဲ့ပါတယ်။ ပြန်ခေါ်ခံရတဲ့ အကြောင်းအရင်းကတော့ အမေရိကန် ရေကူးချန်ပီယံ မိုက်ကယ်ဖဲလ်ဟာ လန်ဒန် အိုလံပစ် သူပါဝင် ယှဉ်ပြိုင်ရမယ် ပြိုင်ပွဲတွေများနေတာကြောင့် တစ်မျိုးကို လျှော့ချလိုက်တာမှာ ၀.၁၄စက္ကန့်ကြောင့် အဖြုတ်ခံလိုက်ရတဲ့ 'ဒေးဗစ်' ကို  ပြန်ခေါ်ဖို့ အကြောင်းပေါ်သွားတာ ဖြစ်ပါတယ်။ (Source)

- ဗြိတိန် မာရသွန် အပြေးအားကစား သမား 'လီ မာရီရန်း' (Lee Merrien) ဟာ ၂၀၁၂ ဗြိတိန် အိုလံပစ်ပြိုင်ပွဲမှာ ၀င်ပြိုင်ဖို့ ဗြိတိန် အားကစားလက်ရွေးစင် ရွေးချယ်ရေး အဖွဲ့က သတ်မှတ်ထားတဲ့ ပန်းဝင်ချိန် ၂နာရီ ၁၂မိနစ် ထက် ၁မိနစ်နဲ့ ၄၁စက္ကန့်နောက်ကျပြီး ပန်းဝင်ခဲ့လို့ လန်ဒန် ၂၀၁၂ အိုလံပစ် ပြိုင်ပွဲဝင်အသင်းကနေ ဖြုတ်ချခံခဲ့ရပါတယ်။ ဒါပေမယ့် သူရဲ့ ပရိသတ်တွေက သူ့ကိုပြန်လည်ရွေးချယ်ဖို့ ဖေ့ဘွတ်ပေါ်မှာ  အဖွဲ့ဝင် ၃၀၀၀ကျော်ထိ ရှိသွားတဲ့ စုပေါင်း လှုံ့ဆော်မှု (Campaign) တစ်ခု လုပ်ခဲ့ရာကနေ နောက်ဆုံးမှာ ပြန်လည် အရွေးခံခဲ့ရပါတယ်။ ဒါပေမယ့် လန်ဒန် အိုလံပစ် ပြိုင်ပွဲမှာ ဆုတံဆိပ်တော့ တစ်ခုမှတော့ မချိတ်ခဲ့ပါဘူး။ (Source)

- အမျိုးသမီး ပြိုင်ပွဲဝင်များ စေလွှတ်ရေး အတွက် နိုင်ငံတကာ အိုလံပစ် ကော်မတီရဲ့ (အမျိုးသမီး ပြိုင်ပွဲဝင် စေလွှတ်မလား သို့မဟုတ် လုံးဝ ပြိုင်ပွဲ ၀င်ခွင့် ပိတ်ပင် ခံမလား) ဆိုတဲ့ ဖိအားပေးခံရမှုကြောင့် ဆော်ဒီအာရေဗျ နိုင်ငံဟာ ပထမဆုံး အနေနဲ့ အမျိုးသမီး အားကစားသမား နှစ်ယောက်ကို လန်ဒန် အိုလံပစ် ပြိုင်ပွဲဆီ စေလွှတ်ခဲ့ပါတယ်။ ဆော်ဒီအာရဗျ နိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး အိုလံပစ် ပြိုင်ပွဲဝင်တွေကတော့ 'ဆာရ အတ်တာ' နဲ့ '၀ိုဒန် ရှာဟာကန်နီ' (Sarah Attar and Wojdan Shaherkani) တို့ နှစ်ယောက်ပါ။ 'အတ်တာ' ကတော့ ပြေးခုန်ပစ် အားကစားသမား ဖြစ်ပြီး လက်ရှိ အမေရိကန်နိုင်ငံမှာ တက္ကသိုလ် တက်နေသည့်အပြင် အမေရိကန်နဲ့ ဆော်ဒီ နှစ်နိုင်ငံ နိုင်ငံသား ခံယူထားသူမို့ သူမအတွက်က မထူးခြားပေမယ့် သူမရဲ့ တစ်ယောက်တည်းသော အဖော် 'ရှာဟာကန်နီ' အတွက်ကတော့ ထူးခြားပါတယ်။

'ရှာဟာကန်နီ' အိုလံပစ်ပြိုင်ပွဲ ၀င်ပြိုင်ဖို့အတွက် နိုင်ငံတကာ အိုလံပစ် ကော်မတီ (IOC) နဲ့ ဆော်ဒီ အိုလံပစ် ကော်မတီတို့ အတော်လေး အသည်းအသန် ဆွေးနွှေးခဲ့ရပါတယ်။ အဓိက ကတော့ သူမ ၀တ်ဆင်မယ့် ၀တ်စုံဟာ အစ္စလမ်ဘာသာ ဥပဒေနဲ့ ကိုက်ညီဖို့၊ အစ္စလာမ် အမျိုးသမီးများ ဆောင်းတဲ့ ခေါင်းဆောင်း ဆောင်းခွင့်ရဖို့ စတာတွေ ဆွေးနွေးခဲ့ရပါတယ်။ နောက်ဆုံး ခေါင်းစွပ်အကျပ်နဲ့ မေးမပတ် တဲ့ ခေါင်းဆောင်းနဲ့ ပါဝင် ယှဉ်ပြိုင်ဖို့ သဘောတူမှုရခဲ့ပါတယ်။ သူမ အဂ်လိပ်လို့ မပြောတတ်လို့ သူမ အဖေက ပြောရေးဆိုခွင့်ရှိသူ တစ်ယောက် အနေနဲ့ ပါဝင်ရတဲ့ အပြင် သူမကို တချိန်လုံး စောင့်ရှောက်ဖို့ (တခြားသော ယောက်ျားလေးများနဲ့ ရောနှောနေရခြင်း မရှိဖို့) တခြားအမျိုသားတစ်ယောက်လည်း အဖော်အနေနဲ့ လိုက်ပါခဲ့ရပါတယ်။

'ရှာဟာကန်နီ' ရဲ့ အိုလံပစ် ပြိုင်ပွဲဝင်တဲ့ အကြောင်း သတင်း ဖော်ပြတာတွေကို တားမြစ်ထားပြီး၊ သူမ ပြိုင်ပွဲ ၀င်နေစဉ်အတွင်းမှာလည်း ဆော်ဒီနိုင်ငံ ပြည်တွင်း ဘယ်တီဗွီ၊ ရေဒီယို အစီအစဉ်မှာမှ ထုတ်လွှင့်ပြသခြင်း မပြုလုပ်ခဲ့ပါဘူး။

'ရှာဟာကန်နီ' ဟာ လန်ဒန် အိုလံပစ်မှာ ဘာဆုမှတော့ မချိတ်ခဲ့ပါဘူး။ သူမ ၀င်ပြိုင်ခဲ့တဲ့ အိုလံပစ် ပြိုင်ပွဲကတော့ 'ကျူဒို' ပြိုင်ပွဲဖြစ်ပြီး သူမ လက်ရှိ ကျူဒိုအဆင့်ကတော့ 'ခါးပတ် ပြာ' ပါ။
(Source 1 and 2)

 (Wojdan Shaherkani via Wiki)

ဆက်ပါဦး မည်

ဒါတွေကို သင်သိရဲ့လား - ၇
ဒါတွေကို သင်သိရဲ့လား - ၆
ဒါတွေကို သင်သိရဲ့လား - ၅
ဒါတွေကို သင်သိရဲ့လား - ၎
ဒါတွေကို သင်သိရဲ့လား - ၃
ဒါတွေကို သင်သိရဲ့လား - ၂
ဒါတွေကို သင်သိရဲ့လား - ၁

Wednesday, August 22, 2012

ချစ်စရာ ကောင်းတာလေးတွေ

ငှဲငှဲ... သားက ချစ်ချရာ ကောင်းတယ် ၀ုတ်လား...

 
သေချာ ကြည့်နော်.... 

ကြည်ရင်းနဲ့.... အမြင်တွေ... စောင်းမသွားနဲ့ဦး...

 ပြုတ်မကျ.. ကြေး

 
 ဘာရုပ် မရို့ရဲ ... ဟင်

လုပ်ရက်တယ်... ကွယ်...

အသည်းယားလွန်းလို့.... ကိုက်စားပလိုက်တော့မှာနော်.........

အားးးးးးးးးးးးးး

 မောင်သန့်ရဲ့ဘေးနားမှာ အမြဲတမ်းရှိတဲ့ သူတစ်ယောက် ခြိမ်းခြောက်တတ်တဲ့စကား
အာပြဲကြီးနဲ့ အော်ငိုလိုက်မှာနော်!!!

 ငါမရှိတုန်း... တော်တော် သောင်ကျန်းတဲ့ဟာတွေ...
ဟင်... ခုတော့ ကောင်းကြသေးရဲ့လား....

***တော်သေးပြီ***

Credit to:
http://cuteoverload.com/

Tuesday, August 21, 2012

ကမ္ဗည်းတင်ခံရတဲ့ 'အိုဘာမား' တို့ စုံတွဲ ပထမဆုံး အနမ်းချွေတဲ့ နေရာ

အမေရိကန်တို့ရဲ့ ပထမဆုံး အာဖရိကန်-အမေရိကန် လူမည်း သမ္မတ 'ဘာရက် အိုဘာမား' ရဲ့ ယခု ဇနီးသည် 'The First Lady' ဖြစ်လာမယ့် 'မစ်ချယ် အိုဘားမား' ကို ရည်စားဘ၀ ပထမဆုံး အနမ်းချွေခဲ့တဲ့ နေရာက ချီကာဂိုက ရေခဲမုန့်ဆိုင်တစ်ဆိုင်ရဲ့ ဘေးမှာပါတဲ့....

အခုတော့ ချီကာဂိုက လူတွေ ဂုဏ်ယူစရာ အထိမ်းအမှတ် တစ်ခုအနေနဲ့ အဲဒီနေရာမှာ ကမ္ဗည်းမှတ်ကျောက် တစ်ခု ထိုးထားကြပါတယ်။ ဒီစိတ်ကူးကို အကောင်အထည်ဖော်ခဲ့သူကတော့ Hyde Park shopping center ရဲ့ ပိုင်ရှင်ပါ။ ပေါင် ၃၀၀၀ခန့်လေးတဲ့ ဂရင်းနိုက် ကျောက်ပေါ်မှာ 'အိုဘာမား' တို့ စုံတွဲ ပုံတစ်ပုံနဲ့ ဒီနေရာ သမ္မတ အိုဘာမားတို့ စုံတွဲ ပထမဆုံး နမ်းခဲ့ပါတယ် ဆိုတဲ့ စာသားလေး ထွင်းထားပါတယ်။ ဓါတ်ပုံမှာတော့ အိုဘာမားက မစ်ချယ်ကို ရေခဲမုန့် ၀ယ်ကျွေးပြီး ဘယ်လို အနမ်းချွေခဲ့တယ် ဆိုတာကို အောပရာ မဂ္ဂဇင်းနဲ့ အင်တာဗျူးတုန်းမှာ သမ္မတ 'အိုဘားမား' က ပြန်ပြောင်း ပြောပြထားတဲ့ စာသားကို ထည့်သွင်း ထားပါတယ်။

(Credit - Getty Image via)

ဒီချစ်စရာ အဖြစ်အပျက်လေးက ၁၉၈၉မှာ ဖြစ်ပျက်ခဲ့တာ ဖြစ်ပြီး၊ အခုလာမယ့် အောက်တိုဘာလ ဆိုရင် အိုဘားမား တို့ ဇနီးမောင်နှံ မဂ်လာနှစ်ပတ်လည် အနှစ် ၂၀ ပြည့်မြောက်တော့မှာပါ။ သမ္မတ 'အိုဘာမား' ကတော့ ပြီးခဲ့တဲ့ သြဂုတ်လ  ၄ ရက်နေ့ကတင် အသက် ၅၁နှစ် ပြည့်ခဲ့ပါတယ်။

(Credit - Getty Image via)

အခု ကမ္ဗည်းထိုးထားတဲ့ နေရာနဲ့ မနီးမဝေးမှာ 'အိုဘားမား' တို့ မိသားစု ပိုင်တဲ့ အိမ်တစ်လုံးလည်း ရှိပါတယ်။ ဒီကမ္ဗည်းကို ထိုးတဲ့ ဈေးဝယ်စင်တာ ပိုင်ရှင်ကတော့ ဒီကမ္ဗည်းကို ထိုးရတဲ့ အဓိက အကြောင်းအရင်းက ဂုဏ်ယူစရာ အမှတ်တရ အဖြစ်နဲ့ရော ခရီးသွားတွေကို ဆွဲဆောင်ဖို့ အတွက်ရော ရည်ရွယ်တယ်လို့ ဆိုပါတယ်... ခင်ဗျာ...

ကိုးကား (Ref)
http://thegrio.com/2012/08/16/plaque-marks-chicago-site-of-obamas-1st-kiss/#s:on-august-16-2012-in-chicago-illinois-4