ဟင်းချက်စရာ ဈေးဝယ်ခြင်း၊ ဟင်းချက်ခြင်း စသည်များ နေ့စဉ် ပုံမှန် ပြုလုပ်နေသူများ၊ အိမ်ရှင်မ၊ အိမ်ရှင်ထီးများနှင့် အိမ်ရှင်မ၊ အိမ်ရှင်ထီး အကူများအတွက် မိမိ နေ့စဉ် ကိုင်တွယ်အသုံးပြု ချက်ပြုတ်ရာတွင်
- လိုအပ်သည့် အချိန်အတွယ် အချိန်အဆ တွေဖြစ်တဲ့ ဂရမ်တွေ အောင်စတွေ လက္ဘရည်ဇွန်း ထမင်းစားဇွန် ရေ မီလီမီတာ ချိန်တွယ်ပုံများ
- ၀က်၊ အမဲ၊ ဆိတ်၊ သိုး စတဲ့ အကောင်တွေရဲ့ မည့်သည့်နေရာက မည်သည့်အသားကို မည်သို့ခေါ်သနည်း၊ မည်သို့ ခုတ်ထစ်သနည်း စသည်များ
- အသား၊ အသီးအရွယ်တို့ကို မည့်မျှပျော့သည့် အတိုင်းအသား လိုချင်လျှင် မည်မျှလောက် မည်သို့ ပြုတ်သင့်ပုံ
- မည့်သည့် အပူချိန်၊ အအေးချိန်တွင့် မည့်သည့်အရာများကို အချိန်မည်မျှလောက် သိမ်းဆည်းထားသင့်ပုံ
စသည်တို့ကို လွယ်ကူစွာ မှတ်သား ပြုလုပ်နိုင်ဖို့အတွက် UK Everest အိမ်ပစ္စည်းရောင်းဝယ် ကုမ္ပဏီက အခုလို ပုံပြကားချပ်လေး တစ်ခုတည်းနှင့် ပြုလုပ်ထားပါတယ်။
လေ့လာမှတ်သား ဗဟုသုတများ တိုးပွားနိုင်ကြပါစေ။
PDF ဖိုင်လေးနှင့် လိုချင်ပါက အောက်ပါ လင့်ခ်များမှာ ဒေါင်းလုတ် လုပ်ယူနိုင်ပါသည်။
Fride & Freezer Storage
Metric Conversion
Cooking Time
Source
http://www.everest.co.uk/PageFiles/4280/kitchencheatsheet.gif
"The true value of a human being is determined primarily by the measure and the sense in which he has attained to liberation from the self" ― Albert Einstein
Sunday, September 16, 2012
Saturday, September 15, 2012
Wednesday, September 12, 2012
အိုင်ဖုန်း ၅ သို့မဟုတ် လာမယ့် အိုင်ဖုန်းအသစ်ကို ပထမဆုံး ထိတွေ့ခွင့်ရမယ့် နိုင်ငံတွေထဲ စင်ကာပူ ပါမလား
အိုင်ဖုန်း (iPhone) အသစ် အသစ်တွေ ထွက်တိုင်း အက်ပဲလ်က (Apple) တကမ္ဘာလုံးကို တခါတည်း ဘယ်တော့မှ ဖြန့်ချီလေ့ မရှိပါဘူး။ အက်ပဲလ်တင် မဟုတ်ပါဘူး တခြားသော ကုမ္ပဏီတွေရဲ့ လူတွေ စိတ်ဝင်စားတတ်တဲ့ တခြားပစ္စည်းတွေ ဖြန့်တာလည်း ဒီအတိုင်းပါပဲ။ ဒါဟာ ဈေးကွက်အနေအထားကို ကစားတာရော ၀ယ်လိုအားကို အချိန်မှီ ဖြည့်ဆည်းနိုင်ဖို့ကို ထိန်းတာရောကြောင့် ပါတယ် ထင်ပါတယ်။
အခု ဒီလာမယ့်ညမှာ ကြော်ငြာနိုင်ချေရှိတဲ့ အိုင်ဖုန်း ၅ (iPhone 5) သို့မဟုတ် ဘာနာမည်ဖြစ်ဖြစ် အိုင်ဖုန်း အသစ်ကို စတင်ပြီးတော့ ပထမဆုံး ဖြန့်ချီမယ့် နိုင်ငံတွေထဲမှာ စင်ကာပူနိုင်ငံက ပါနိုင်တယ်လို့ သတင်းတွေ ထွက်နေပါတယ်။ အရှေ့တောင် အာရှ နိုင်ငံထဲမှာ အမြဲတမ်း ထိပ်ဆုံးက ပါနေကျ နိုင်ငံမို့လို့ သိပ်တော့ မထူးဆန်းပါဘူး။ အရင် မိုဘိုင်းဖုန်း စတင်ဖြန့်ချီတဲ့ သတင်းတွေကိုလည်း အမြဲတမ်း မှန်ကန်အောင် ပေးနိုင်တဲ့ အတင်းရင်းမြစ်တွေရဲ့ အဆိုအရ လာမယ့် စက်တင်ဘာလ ၂၁ရက်နေ့မှာ အိုင်ဖုန်း အသစ်ကို စတင်ဖြန့်ချီမှာ ဖြစ်ပြီး စင်ကာပူ က စတင်ဖြန့်ချီမယ့် နိုင်ငံတွေထဲ ပါဝင်မယ်လို့ စင်ကာပူရဲ့ "Hardware Zone" Forum သတင်းမှာ ဖော်ပြထားပါတယ်။
ကဲ ဟုတ် မဟုတ်တော့ ဒီည စောင့်ကြည့်ကြပါစို့။ စင်ကာပူ အချိန် မနက် ၁နာရီ မြန်မာပြည် အချိန် ၁၁နာရီခွဲမှာ အက်ပဲလ်ရဲ့ မိတ်ဆက်ပွဲ စမယ်။ ကျနော်လည်း သိပ်ညနက်ထိ မတိုင်ခင် ကြေငြာမယ်ဆို စောင့်ကြည့် ဖြစ်မှာပါ။
Corrected the time

Tuesday, September 11, 2012
ယောက်ျားကို ဖောက်ထွင်းသမားနဲ့ မှားပြီး ပစ်သတ်မိတဲ့ မိန်းမရဲ့ အဖြစ်
မိန်းမက ခင်ပွန်းယောက်ျားကို ဖောက်ထွင်းသမားနဲ့ မှားပြီး ပစ်သတ်မိတဲ့ အဖြစ်အပျက်တစ်ခု အမေရိကန် နယူးအော်လင်းမှာ ဖြစ်ပျက်ခဲ့ပါတယ်။
အသက် ၅၃နှစ် ရှိတဲ့ မိန်းမက အသက် ၅၇နှစ် ရှိတဲ့ ယောက်ျားကို တနင်္လာနေ့ မနက် ၁၁နာရီကျော်လောက်မှာ မြို့ရဲ့ (၉)ရပ်ကွက်မှာ ရှိတဲ့ သူတို့ရဲ့ နေအိမ်မှာ ပစ်မိခဲ့တယ်လို့ ရဲတွေက ဆိုပါတယ်။
ပစ်ခံရတဲ့ အမျိုးသားနဲ့ ပစ်တဲ့ အမျိုးသမီး ဘယ်သူ ဘယ်ဝါလဲဆိုတာ ထုတ်ဖော်ပြောဖို့ ဆွေမျိုးတွေဆီက ခွင့်ပြုချက် စောင့်နေတယ်လို့လည်း ရဲတွေက ပြောပါတယ်။ လောလောဆယ်တော့ ဘယ်သူကိုမှ အရေးယူခြင်း မရှိသေးပါဘူး။
ရဲတွေက ဒီအမှုကိစ္စကို ပြန်လည်ကြည့်ရှု စစ်ဆေးဖို့ 'အောလင်းပါရစ်' (Orleans Parish) ခရိုင် တရားရုံးကို လွှဲအပ်မယ်လို့ ပြောပါတယ်။
ဘယ်လိုကနေ ဘယ်လို ဘယ်သေနတ်တွေနဲ့ ပစ်ထည့်လိုက်တယ် စတဲ့ အသေးစိတ်ကိုတော့ သတင်းထဲမှာ မဖော်ပြထားပါဘူး ခင်ဗျာ။
ကိုးကား (Ref)
http://www.sacbee.com/2012/09/10/4807416/police-woman-kills-husband-mistaken.html

Monday, September 10, 2012
၉/၁၁ ကို သီချင်းတစ်ပုဒ်တည်း ၉၁၁ ကြိမ် သီဆိုခြင်းဖြင့် ဂုဏ်ပြုမယ့်သူ
အမေရိကန်နိုင်ငံ ယူတား (Utah) က လူတစ်ယောက်ဟာ အမေရိကန်တို့ရဲ့ ၀မ်းနည်းဖွယ် အကောင်းဆုံးနေ့ ဖြစ်တဲ့ စက်တင်ဘာလ ၁၁ရက်နေ့ နှစ်ပတ်လည်နေ့မှာ "God Bless U.S.A" ဆိုတဲ့ သီချင်းကို အကြိမ်ပေါင်း ၉၁၁ ကြိမ် သီဆိုခြင်းဖြင့် ဂုဏ်ပြုဖို့ လုပ်နေပါတယ်။
ဒီအစီအစဉ်ကို တနဂ်နွေနေ့ မနက်မှ စတင်ပြီး စက်တင်ဘာလ ၁၁ရက် အင်္ဂါနေ့ မနက် ၆နာရီ ၄၆မိနစ်ခန့် အချိန်မှာ အဆုံးသတ်မှာ ဖြစ်ပါတယ်။ သီချင်းကို ၁နာရီ ၁၉ကြိမ်နှုန်း သီဆိုမှာ ဖြစ်ပြီးတော့ တစ်ကြိမ်နဲ့ တစ်ကြိမ်ကြားထဲမှာ ၁၅မိနစ်ခန့် ရပ်နားသွားမှာပါ။
ဒီစိတ်ကူးကို နယူးယောက် (New York) ကျောင်းတစ်ခုက ဒီသီချင်း သင်ကြားမှု အစီအစဉ်ကို ရပ်နားလိုက်တာကို မကျေနပ်ရာကနေ စတင်ရခဲ့တာလို့ သူ က ပြောပါတယ်
သူ သီချင်း သီဆိုမယ့် ရွက်ဖျင်တဲလေး ပတ်ပတ်လည်မှာ အလံပေါင်း ၅၀၀ကို စိုက်ထားမှာ ဖြစ်သလို နေရောင်ခြည် ဓါတ်အား အသုံးပြုမယ့် မီးသီး ၃၄၉၇ ချောင်းကိုလည်း ထွန်းထားမယ်လို့ ဆိုပါတယ်။ ဒီ ၃၄၉၇ အရေအတွက်ကတော့ စက်တင်ဘာ ၁၁ရက်နေ့ တိုက်ခိုက်ခံရမှုမှာ သေဆုံးသွားတဲ့ သူတွေရဲ့ အရေအတွက်ကို ဂုဏ်ပြုထားတာပါ။
ဒါ့အပြင် ပတ်ဝန်းကျင် စတိုးဆိုင်တွေကနေ လှူဒါန်းဖြန့်ဝေပေးမယ့် Apple Pie မုန့်တွေကိုလည်း တနဂ်လာနေ့ကနေ စပြီး လာရောက်နားထောင်မယ့် ဧည့်ပရိသတ်တွေကို တတ်နိုင်သလောက် ဧည့်ခံကျွေးမွေးသွားမယ်လို့ ဆိုပါတယ်။
သီချင်း နောက်ဆုံးအကြိမ် ၉၁၁ကြိမ်မြောက် သီဆိုမယ့် အင်္ဂါနေ့ မနက်ပိုင်းမှာ လူတွေအားလုံး ကိုယ်လုပ်နေတဲ့ အလုပ်တွေကို ခဏရပ်ပြီး သူနဲ့အတူ သီချင်းသီဆိုဖို့လည်း တိုက်တွန်းထားပါတယ်။
ဒီအစီအစဉ်ကို နောက်နှစ်တွေမှာလည်း ဆက်လက်ပြုလုပ်ဖို့လည်း စီစဉ်ထားပါတယ်တဲ့။
၂၀၀၁နှစ် စက်တင်ဘာလ ၁၁ရက်နေ့မှာ အစွန်းရောက် အကြမ်းဖက်သမားတွေက ခရီးသည်တင် လေယာဉ်လေးစင်းကို အပိုင်စီးပြီး အထပ် ၁၁၀ ရှိတဲ့ နယူးယောက် ကုန်သွယ်ရေး အဆောက်အဦး ညီနောင်၊ ပင်တဂွန် စစ်ဌါနချူပ် နဲ့ အိမ်ဖြူတော်တို့ကို တိုက်ခိုက်ဖို့ ကြံစည်ခဲ့ရာမှာ နှစ်စင်းက နယူးယောက် ကုန်သွယ်ညီနောင် အဆောက်အဦးကို ၀င်တိုက်ခဲ့ပြီး တစ်စီးက ပင်တဂွန် စစ်ဌါနချူပ် အနီးမှာ ပျက်ကျခဲ့ကာ နောက်တစီးကတော့ အိမ်ဖြူတော်နားကိုပင် မရောက်ဘဲ လမ်းမှာတင် ပျက်ကျခဲ့တာပါ။ အိမ်ဖြူတော်ကို တိုက်ခိုက်ဖို့ ကြံစည်ခဲ့တဲ့ လေယာဉ်ကို လေယာဉ်ပေါ်ပါတဲ့ ခရီးသည်တွေက စုပေါင်းပြီး အကြမ်းဖက်သမားများကို တုန့်ပြန်ခဲ့ကာ လမ်းမှာတင် ပျက်ကျသွားအောင် လုပ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ဒီတိုက်ခိုက်မှုကို ကြံစည်ခဲ့တဲ့ အယ်ကိုင်ဒါ အကြမ်းဖက်သမား ခေါင်းဆောင် 'အိုစမာ ဘင်လာဒင်' (Osama Bin Ladin) ကိုတော့ အမေရိကန်တွေက တိုက်ခိုက်ခံရအပြီး ၁၀နှစ်ကြာ မနှစ်က မေလ မှာ သူပုန်းခိုနေတဲ့ ပါကစ္စတန်နိုင်ငံ၊ အဘိုဒါဘတ် (Pakistan, Abbottabad) မြို့က အိမ်ကြီးထဲမှာ လျှို့ဝှက် စစ်ဆင်ရေး ဆင်နွှဲပြီး သုတ်သင်နိုင်ခဲ့ပါတယ်။
သည်တိုက်ခိုက်မှုအတွင်း သေဆုံးခဲ့ရတဲ့ လူတွေကို အောက်မေ့ဘွယ်နဲ့ နယူးယောက် ကုန်သွယ်ညီနောင် အဆောက်အဦး လေယာဉ် ၀င်တိုက်ခံရပြီး မီးလောင်နေတဲ့ အချိန်မှာ လူတွေကို ကယ်ဆယ်ဖို့ ကြိုစားယင်း အသက်စွန့်သွားခဲ့တဲ့ မီးသတ်သမားများကို ဂုဏ်ပြုတဲ့ အခမ်းအနားကို စက်တင်ဘာလ ၁၁ရက်နေ ရောက်တိုင်း အမေရိကန် သမ္မတကိုယ်တိုင် တက်ရောက်ကာ ကျင်းပလေ့ ရှိပါတယ်။ နိုင်းအလဲဗင်း (9/11) လို့ ခေါ်ကြတဲ့ အဲဒီနေ့အဖြစ်အပျက်ဟာ အခုဆိုရင် ၁၁နှစ်တိုင် ရောက်ရှိခဲ့ပြီး ဖြစ်ပါတယ်။
Thanks to "Anonymous" for correction of "Utah" pronunciation in the comment.
ကိုးကား (Ref)
http://hosted2.ap.org/APDEFAULT/Oddities/Article_2012-09-07-Patriotic%20Singer/id-74463089e96b44b2ace413db3a20b5bf

Subscribe to:
Posts (Atom)