Monday, December 17, 2012

မိုဘိုင်းဖုန်း ဓါတ်ပုံများ ပေါက်ကွဲလာခြင်းနှင့် အတူ ...

မိုဘိုင်းဖုန်း ဓါတ်ပုံများ ပေါက်ကွဲလာခြင်းနှင့် အတူ တကယ့် ဓါတ်ပုံပညာ သေဆုံးပြီလား... ကျွန်တော်ကတော့ ဓါတ်ပုံပညာကို အင်မတန် လေ့လာလိုက်စားတဲ့သူ တစ်ယောက်တော့ မဟုတ်ပါဘူး... သို့သော်လည်း အောက်က ပုံပြအချက်အလက်တွေကိုတော့ စိတ်ဝင်စားမိတယ်... တခါတည်း တခါတည်း လိုအပ်သလို တည်းဖြတ်ပြီး အင်တာနက်ကို မျှဝေနိုင်တဲ့ အင်စတာဂရမ်တို့ ဖေ့ဘွတ်တို့နှင့်အတူ မိုဘိုင်းဖုန်း ဓါတ်ပုံ ရိုက်ကူးခြင်းဟာ တကယ်ပဲ... တကယ့်ဓါတ်ပုံပညာကို ဆုံးခန်းတိုင်စေမှာလား...

၁၈၂၆မှာ ပထမဆုံး ဓါတ်ပုံကို ရိုက်ကူးဖို့ ၈နာရီလောက် ကင်မရာမှန်ဘီလူးကို ဖွင့်ထားရတယ်...

၁၈၆၇မှာ ပထမဆုံး ကာလာအရောင် အနည်းငယ် ရိုက်ကူးနိုင်ခဲ့တယ်...

၁၈၇၈မှာ ပထမဆုံး အမြန်လှုပ်ရှားနေတဲ့ ပုံရိပ်ကို ရိုက်ကူးနိုင်ခဲ့တယ်...

၁၈၈၈မှာ ယခုအခါ ဒေ၀ါလီ ခံရခါနီး ဖြစ်နေတဲ့ ကိုဒတ် (Kodak) ကုမ္ပဏီက စက္ကူလိပ်နဲ့ ရိုက်တဲ့ ကင်မရာကို ပထမဆုံး ထုတ်ခဲ့တယ်... ပေနှစ်ဆယ် ရှိတဲ့ စက္ကူလိပ်ဟာ ၂လက္မခွဲ ပတ်လည် ဓါတ်ပုံ ၁၀၀လောက် ရိုက်နိုင်တယ်...

၁၈၈၉မှာ ပထမဆုံး ဖလင်နဲ့ ကင်မရာ ထုတ်ခဲ့တယ်...

၁၈၉၀မှာတော့ ဖလင်လိပ်ပုံးနဲ့ ၁ဒေါ်လာတန် ကင်မရာထုတ်ခဲ့ပါတယ်...

၁၉၈၁မှာတော့ ဒစ်ဂျစ်တယ်ကင်မရာ အစဖြစ်ခဲ့တဲ့ စီဒီနဲ့ သိမ်းနိုင်တဲ့ ကင်မရာကို ဆိုနီက စတင်ထုတ်လုပ်နိုင်ခဲ့ပါတယ်။

ဒီကနေ့ ခေတ်မှာတော့ မိုဘိုင်းဖုန်း သေးသေးလေးနဲ့ ဓါတ်ပုံတွေ ထောင်သောင်းချီ မမ်မိုရီကတ်သေးသေးလေးနဲ့ ဓါတ်ပုံတွေ ဘုန်းပေါလအော ရိုက်နိုင်နေပါပြီ။

ဓါတ်ပုံ စတင်တီထွင်ခဲ့တဲ့ အချိန်ကနေ ကနေ့အထိ နှစ်ပေါင်း ၁၈၆ခုနှစ်မှာ ဓါတ်ပုံပေါင်း ၃.၅ထရီလယံလောက် လူတွေ ရိုက်ခဲ့တယ်... ဓါတ်ပုံအားလုံးကို ဓါတ်ပုံကူးဆေး ပရင့်ထုတ်ပြီး ဖြန့်ခင်းလိုက်မယ်ဆို မိုင်ပေါင်း ၅သိန်းကျော်လောက် အရှည်လောက် ရှိမယ်လို့ ဆိုပါတယ်...

ကျန်တဲ့ အသေးစိတ်ကိုတော့ အောက်ကပုံမှာ ဆက်လက် လေ့လာ ဖတ်ရှုနိုင်ပါတယ်...


Credit :
http://dailyinfographic.com/the-mobile-photo-explosion-infographic

Sunday, September 16, 2012

အလွယ်တကူ မှတ်သားဖွယ်ရာ မီးဖိုချောင်တွင်း အသား အသီးအရွက် ပြုတ်နည်း၊ ခုတ်နည်း၊ သိုလှောင်နည်းများ နှင့် အချိန်အဆ၊ ချိန်တွယ်ပုံများ

ဟင်းချက်စရာ ဈေးဝယ်ခြင်း၊ ဟင်းချက်ခြင်း စသည်များ နေ့စဉ် ပုံမှန် ပြုလုပ်နေသူများ၊ အိမ်ရှင်မ၊ အိမ်ရှင်ထီးများနှင့် အိမ်ရှင်မ၊ အိမ်ရှင်ထီး အကူများအတွက် မိမိ နေ့စဉ် ကိုင်တွယ်အသုံးပြု ချက်ပြုတ်ရာတွင်

- လိုအပ်သည့် အချိန်အတွယ် အချိန်အဆ တွေဖြစ်တဲ့ ဂရမ်တွေ အောင်စတွေ လက္ဘရည်ဇွန်း ထမင်းစားဇွန် ရေ မီလီမီတာ ချိန်တွယ်ပုံများ

- ၀က်၊ အမဲ၊ ဆိတ်၊ သိုး စတဲ့ အကောင်တွေရဲ့ မည့်သည့်နေရာက မည်သည့်အသားကို မည်သို့ခေါ်သနည်း၊ မည်သို့ ခုတ်ထစ်သနည်း စသည်များ

- အသား၊ အသီးအရွယ်တို့ကို မည့်မျှပျော့သည့် အတိုင်းအသား လိုချင်လျှင် မည်မျှလောက် မည်သို့ ပြုတ်သင့်ပုံ

- မည့်သည့် အပူချိန်၊ အအေးချိန်တွင့် မည့်သည့်အရာများကို အချိန်မည်မျှလောက် သိမ်းဆည်းထားသင့်ပုံ

စသည်တို့ကို လွယ်ကူစွာ မှတ်သား ပြုလုပ်နိုင်ဖို့အတွက် UK Everest အိမ်ပစ္စည်းရောင်းဝယ် ကုမ္ပဏီက အခုလို ပုံပြကားချပ်လေး တစ်ခုတည်းနှင့် ပြုလုပ်ထားပါတယ်။

လေ့လာမှတ်သား ဗဟုသုတများ တိုးပွားနိုင်ကြပါစေ။


PDF ဖိုင်လေးနှင့် လိုချင်ပါက အောက်ပါ လင့်ခ်များမှာ ဒေါင်းလုတ် လုပ်ယူနိုင်ပါသည်။

Fride & Freezer Storage
Metric Conversion
Cooking Time

Source
http://www.everest.co.uk/PageFiles/4280/kitchencheatsheet.gif

Wednesday, September 12, 2012

အိုင်ဖုန်း ၅ သို့မဟုတ် လာမယ့် အိုင်ဖုန်းအသစ်ကို ပထမဆုံး ထိတွေ့ခွင့်ရမယ့် နိုင်ငံတွေထဲ စင်ကာပူ ပါမလား

အိုင်ဖုန်း (iPhone) အသစ် အသစ်တွေ ထွက်တိုင်း အက်ပဲလ်က (Apple) တကမ္ဘာလုံးကို တခါတည်း ဘယ်တော့မှ ဖြန့်ချီလေ့ မရှိပါဘူး။ အက်ပဲလ်တင် မဟုတ်ပါဘူး တခြားသော ကုမ္ပဏီတွေရဲ့ လူတွေ စိတ်ဝင်စားတတ်တဲ့ တခြားပစ္စည်းတွေ ဖြန့်တာလည်း ဒီအတိုင်းပါပဲ။ ဒါဟာ ဈေးကွက်အနေအထားကို ကစားတာရော ၀ယ်လိုအားကို အချိန်မှီ ဖြည့်ဆည်းနိုင်ဖို့ကို ထိန်းတာရောကြောင့် ပါတယ် ထင်ပါတယ်။

အခု ဒီလာမယ့်ညမှာ ကြော်ငြာနိုင်ချေရှိတဲ့ အိုင်ဖုန်း ၅ (iPhone 5) သို့မဟုတ် ဘာနာမည်ဖြစ်ဖြစ် အိုင်ဖုန်း အသစ်ကို စတင်ပြီးတော့ ပထမဆုံး ဖြန့်ချီမယ့် နိုင်ငံတွေထဲမှာ စင်ကာပူနိုင်ငံက ပါနိုင်တယ်လို့ သတင်းတွေ ထွက်နေပါတယ်။ အရှေ့တောင် အာရှ နိုင်ငံထဲမှာ အမြဲတမ်း ထိပ်ဆုံးက ပါနေကျ နိုင်ငံမို့လို့ သိပ်တော့ မထူးဆန်းပါဘူး။ အရင် မိုဘိုင်းဖုန်း စတင်ဖြန့်ချီတဲ့ သတင်းတွေကိုလည်း အမြဲတမ်း မှန်ကန်အောင် ပေးနိုင်တဲ့ အတင်းရင်းမြစ်တွေရဲ့ အဆိုအရ လာမယ့် စက်တင်ဘာလ ၂၁ရက်နေ့မှာ အိုင်ဖုန်း အသစ်ကို စတင်ဖြန့်ချီမှာ ဖြစ်ပြီး စင်ကာပူ က စတင်ဖြန့်ချီမယ့် နိုင်ငံတွေထဲ ပါဝင်မယ်လို့ စင်ကာပူရဲ့ "Hardware Zone" Forum သတင်းမှာ ဖော်ပြထားပါတယ်။

ကဲ ဟုတ် မဟုတ်တော့ ဒီည စောင့်ကြည့်ကြပါစို့။ စင်ကာပူ အချိန် မနက် ၁နာရီ မြန်မာပြည် အချိန် ၁၁နာရီခွဲမှာ အက်ပဲလ်ရဲ့ မိတ်ဆက်ပွဲ စမယ်။ ကျနော်လည်း သိပ်ညနက်ထိ မတိုင်ခင် ကြေငြာမယ်ဆို စောင့်ကြည့် ဖြစ်မှာပါ။

Corrected the time

Tuesday, September 11, 2012

ယောက်ျားကို ဖောက်ထွင်းသမားနဲ့ မှားပြီး ပစ်သတ်မိတဲ့ မိန်းမရဲ့ အဖြစ်

မိန်းမက ခင်ပွန်းယောက်ျားကို ဖောက်ထွင်းသမားနဲ့ မှားပြီး ပစ်သတ်မိတဲ့ အဖြစ်အပျက်တစ်ခု အမေရိကန် နယူးအော်လင်းမှာ ဖြစ်ပျက်ခဲ့ပါတယ်။

အသက် ၅၃နှစ် ရှိတဲ့ မိန်းမက အသက် ၅၇နှစ် ရှိတဲ့ ယောက်ျားကို တနင်္လာနေ့ မနက် ၁၁နာရီကျော်လောက်မှာ မြို့ရဲ့ (၉)ရပ်ကွက်မှာ ရှိတဲ့ သူတို့ရဲ့ နေအိမ်မှာ ပစ်မိခဲ့တယ်လို့ ရဲတွေက ဆိုပါတယ်။

ပစ်ခံရတဲ့ အမျိုးသားနဲ့ ပစ်တဲ့ အမျိုးသမီး ဘယ်သူ ဘယ်ဝါလဲဆိုတာ ထုတ်ဖော်ပြောဖို့ ဆွေမျိုးတွေဆီက ခွင့်ပြုချက် စောင့်နေတယ်လို့လည်း ရဲတွေက ပြောပါတယ်။ လောလောဆယ်တော့ ဘယ်သူကိုမှ အရေးယူခြင်း မရှိသေးပါဘူး။

ရဲတွေက ဒီအမှုကိစ္စကို ပြန်လည်ကြည့်ရှု စစ်ဆေးဖို့ 'အောလင်းပါရစ်' (Orleans Parish) ခရိုင် တရားရုံးကို လွှဲအပ်မယ်လို့ ပြောပါတယ်။

ဘယ်လိုကနေ ဘယ်လို ဘယ်သေနတ်တွေနဲ့ ပစ်ထည့်လိုက်တယ် စတဲ့ အသေးစိတ်ကိုတော့ သတင်းထဲမှာ မဖော်ပြထားပါဘူး ခင်ဗျာ။

ကိုးကား (Ref)
http://www.sacbee.com/2012/09/10/4807416/police-woman-kills-husband-mistaken.html