SONY Table S & Tablet P
၂၀၁၁မှာ ပေါ်ပြူလာ အဖြစ်ဆုံး Gadgets ကတော့ စားပွဲတင်ကွန်ပြူတာလို့
ခေါ်ရမလားမသိတဲ့ Tablet Computer တွေပါပဲ... Apple ရဲ့ iPad 2, Samsung ရဲ့ Galaxy
Tab 10.1 … ခု ဆက်မထုတ်တော့ဘူး ပြောကာမှ နာမည်ကြီးသွားတဲ့ HP ရဲ့ TouchPad တို့ဟာ ဒီနှစ်ထဲမှာ
ပေါ်ပြူလာဖြစ်ကြတဲ့ Tablet တွေပါ။
သူတို့တွေ အားလုံးဟာ မတူညီတဲ့ OS တွေဖြစ်တဲ့ iPad2 က iOS
4, Galaxy Tab 10.1 က Google ရဲ့ Andriod 3.0 Honeycomb, TouchPad က WebOS 3.0 စတာတွေ
သုံးထားကြပါတယ်။
HP TouchPad ကတော့ သူ့ကိုယ်သူ တခြား Tablet တွေကြားမှာ ရောင်းမကောင်းဘူး
ထင်ပြီး ဆက်မထုတ်တော့ဘူးလို့ ကြော်ငြာလိုက်ပြီး လက်ရှိဈေးကို တော်တော်ချလိုက်ကာမှာ ရောင်းမလောက်ဖြစ်ပြီး
နောက်တစ်သုတ် ထပ်ထုတ်မယ်လို့ လေသံပစ်လာပါတယ်။
အခု အဲဒီ Tablet ပြိုင်ပွဲတွေကြားမှာ SONY က Andriod
3.0 Honeycomb based iPad အရွယ်အစားနီးပါးရှိတဲ့ Tablet S နဲ့ ခေါက်ချိုးပြီး သုံးလို့ရတဲ့
Tablet P တို့နဲ့ ထပ်ပြီး ၀င်ရောက်လာပါပြီ။
ဒီ SONY ရဲ့ Tablet တွေ ဘယ်လောက် စွံမလဲဆိုတာတော့ စောင့်ကြည့်ရမှာပါ။
SONY ကတော့ လာမယ့် မတ်လ ဘဏ္ဍာရေးနှစ်မှာ ၂သန်းနဲ့ နောက်တစ်နှစ်လုံးထဲမှာ ၃.၂သန်းလောက်ထိ ရောင်းချနိုင်ဖို့
ရည်မှန်းထားပါတယ်။
Tablet S ကို ဂျပန် ယန်းငွေ ၄၅၀၀၀နဲ့ စက်တင်ဘာ ၁၇ရက်နေ့က စပြီး ဂျပန်မှာ
စတင်ရောင်းချမှာ ဖြစ်ပြီး Tablet P ကိုတော့ နိုဝင်ဘာလမှာ ဂျပန်မှာပဲ စတင်ရောင်းချဖို့
ကြော်ငြာထားပါတယ် Tablet P ရဲ့ ဈေးနှုန်းကိုတော့ မကြေငြာ ရသေးပါဘူး….
SONY Tablets များရဲ့ အသေးစိတ် အချက်အလက်များကိုတော့ အောက်ပါ
လင့်ခ်များမှာ သွားရောက်ကြည့်ရှုနိုင်ကြောင်း သတင်းကောင်းပါးလိုက်ရပါတယ် ခင်ဗျာ။
အဟီး . . Tablet လိုချင်နေတာနော်။
ReplyDeleteအခု ဆိုနီက ထပ်ထွက်နေပြီ ဆိုတော့ . . ဟီးဟီး ဈေးကျအောင် စောင့်ရတော့မှာပေါ့ :D
အဲ . . . S ကို ယန်း ၄၅၀၀ နဲ့ ရောင်းမယ် ဆိုတာ ဟုတ်ပါ့မလား။
ReplyDelete$ 59 လောက်ပဲ ကျတော့မှာပေါ့။ ၄၅၀၀၀ နဲ့များ မှားလား မသိ။
ဟုတ်တယ် ကိုဇော် ယန်း ၄၅၀၀၀ ပါ။ အမှားပြင်ပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်။ ကျနော်ကတော့ Android based iPad အရွယ်အစား Tablet ကို ရှာနေတာ… ဆိုနီက ဖြည့်ဆည်းပေးနိုင်မလားပဲ… မျက်စိနဲ့ အပြင်မှာ သေချာတွေ့ရမှ ဆုံးဖြတ်နိုင်မယ်။
ReplyDeleteလာလည်တဲ့အတွက် ကျေးဇူးတင်ပါတယ်။