လောကကြီးဟာ ဆန်းကြယ်လွန်းတယ်... မရည်ရွယ်ပေမယ့်လည်း လူသားတွေကို အပြစ်တွေကျူးလွန်မိစေတယ်။ တိုက်ဆိုင်မှုတွေကလည်း တခါတလေမှာ ထူးဆန်းလွန်းလှပါတယ်။
ဒီဖြစ်ရပ်မှာ ပါဝင်တဲ့ စုံတွဲဟာ တခြား သာမန် လူတွေလိုပါပဲ... တက္ကသိုလ်မှာ ကျောင်းတက်ရင်း နှစ်ဦးသားတွေ့ခဲ့ရာကနေ ချစ်ကြိုက်မိပြီး ငါးနှစ်ကြာ အတူနေထိုင်ခဲ့ပါတယ်။ ကောင်မလေးက ကိုယ်ဝန်လွယ်ထားတာ နောက်လထဲ မွေးဖွားရတော့မယ့် အခြေအနေမှာ သူတို့နှစ်ယောက်ဟာ လက်ထပ်ဖို့ ဆုံးဖြတ်လိုက်ကြပြီး သူတို့ဆီက ထုံးစံအတိုင်း မိဘချင်းပေးတွေ့ပြီး လက်ထပ်ကိစ္စစီစဉ်ဖို့ လုပ်ခဲ့ကြပါတယ်။ အဲဒီမှာပဲ သူတို့နှစ်ယောက်ဟာ နှစ်ပေါင်းများစွာ ကွဲကွာနေခဲ့ကြတဲ့ မောင်နှမတွေမှန်း သိခဲ့ကြရပါတယ်။
သူတို့နှစ်ဦးစလုံးကို ယခုချိန်ထိ မိဘတစ်ဦးစီက ကျွေးမွေးစောင့်ရှောက်ခဲ့ကြပြီး ကောင်လေးက သူ့တို့အဖေနဲ့ ကောင်မလေးက သူတို့အမေနဲ့ ကြီးပြင်းခဲ့ကြတာပါ။ သူတို့ အဖေနဲ့ အမေဟာ ကောင်လေး အသက် ၂နှစ်ခန့်အရွယ်၊ ကောင်မလေး အသက် ၈လအရွယ်ခန့်မှာ အငြင်းပွားဖွယ် လင်မယားကွဲကွာခဲ့ကြပြီး အဲဒီတုန်းက အဖေဖြစ်သူက အမေဖြစ်သူကို သူ့အပေါ်လိမ်ညာနေတယ်လို့ ပြောပြီး ၁၉၈၃ခုနှစ်ကတည်းက သူမကိုစွန့်ခဲ့တယ်လို့ ဆိုပါတယ်။ ကောင်လေးနဲ့ ကောင်မလေးနှစ်ယောက်လုံး သူတို့မှာ မောင်နှမရှိခဲ့ကြမှန်း လုံးဝ မသိခဲ့ပါဘူး...
သူတို့နှစ်ယောက်လုံး အခုချိန်ထိ အံ့သြပြီး ရှော့ခ်ဖြစ်နေတဲ့ အနေအထားမှာ ရှိနေတုန်းပါပဲ... ကောင်မလေးက ရှင်းပြရာမှာ ကျွန်မတို့နှစ်ယောက် မြင်မြင်ချင်း ချစ်ကြိုက်ခဲ့တာပါ။ အဲအချိန်ကစပြီး ကျွန်မတို့ ရှေ့ရေးအတွက်ပဲ စဉ်းစားခဲ့ကြပြီး ဘယ်တော့မှ နောက်ပြန်ဆုတ်ဖို့ မစဉ်းစားခဲ့ကြပါဘူး.. ကျွန်မတို့ ကလေးတွေ အများကြီးယူပြီး ပျော်ရွှင်စရာ မိသားစုလေးတစ်ခုကို ဖန်တီးဖို့ ရိုးရိုးလေးပဲ စိတ်ကူးယဉ်ခဲ့ကြပါတယ်။ အခုဒါကို သိလိုက်ရတဲ့အချိန်မှာ ဘာပြောလို့ ဘာလုပ်ရမှန်းတောင် မသိတော့လောက်အောင် ခံစားရပါတယ်။ ကောင်လေးကတော့ ကွဲကွာနေတဲ့ မိသားစုနှစ်ခုနဲ့ ဒီပြဿနာကို ဖြည်းဖြည်းချင်း ဖြေရှင်းသွားမယ်လို့ ဆိုပါတယ်။ လောလောဆယ်တော့ လက်ထပ်ဖို့ကိစ္စကို လုံးဝ ဖျက်ပစ်လိုက်ကြပါပြီး...
သူတို့လူမှုအဖွဲ့အစည်းမှာတော့ သွေးနီးချင်း နှီးနှောတာကို လုံးဝလက်မခံတတ်ပါဘူး... ဒါဟာ စဉ်းတောင်မစဉ်းစားသင့်တဲ့ ကိစ္စလို့ ယုံကြည်ထားတဲ့ လူတွေဖြစ်ပါတယ်။ ဗြိတိန်က ဆေးဂျာနယ်ရဲ့ သုတသနမှာတော့ ဒီလိုကိစ္စဟာ မောင်နှမအရင်း၊ တစ်ဝမ်း နှစ်ဝမ်းကွဲမောင်နှမတွေ တစ်ယောက်နဲ့ တစ်ယောက် မသိကြဘဲ ကြီးလာမှ ပြန်တွေ့ကြတဲ့အခါ ကာမရာဂနဲ့ ချစ်ကြိုက်မိတဲ့ စိတ်တွေ ဖြစ်ပေါ်တတ်ကြတယ်လို့ ဆိုပါတယ်။ ဒီလို မောင်နှမနဲ့ ၀မ်းကွဲအချင်းချင်း အတူကြီးပြင်းခဲ့ရင်တော့ ဒီစိတ်တွေဟာ သွေးချင်းနှီးနှောလို့ မသင့်တော်ဘူးဆိုတဲ့ အသိစိတ်နဲ့ ကာမရာဂစိတ်တွေကို တွန်းလှန်ပြီးသား ဖြစ်သွားတယ်လို့ ဒီသုတေသနက ဆိုပါတယ်။
ဒီကိစ္စနဲ့ ပက်သက်ပြီး ဒါကို သူတို့က Genetic Sexual Attraction (GSA) လို့ အမည်ပေးထားပါတယ်။ အောက်မှ အသေးစိတ် ရှင်းပြထားပါတယ်။ ဘာသာတော့ မပြန်တော့ဘူး... သတင်းဖတ်ပြီး ကိုယ်တိုင်လည်း အင်မတန်မှ ရှော့ခ်ရပြီး ကြောက်စရာကောင်းတယ်လို့ မြင်ပါတယ်။ ကိုယ်တွေ ဗုဒ္ဓဘာသာအမြင်နဲ့ဆိုရင် ၀ဋ်ကြွေးလို့ပဲ ပြောရမလားပါပဲ။
THE POWER OF GENETIC SEXUAL ATTRACTION
Genetic Sexual Attraction (GSA) is a term that describes the phenomenon of sexual attraction between close relatives, such as siblings, first and second cousins or a parent and offspring who first meet as adults.
It is not the same as incest, though this is what it is called if a sexual relationship is then entered into.
The term GSA was coined 30 years ago by American Barbara Gonyo. She wrote a book about the lust she felt for the adult son she had given up for adoption 26 years earlier.
She never acted on her feelings.
GSA is rare between people raised together in early childhood due to a reverse sexual imprinting known as the Westermarck effect, which desensitizes them from sexual attraction.
Experts believe that this effect evolved to prevent inbreeding.
News Source:
http://www.dailymail.co.uk/news/article-2057081/Engaged-couple-discover-brother-sister-parents-meet-days-wedding.html
ကလေးတွေအတွက် ၀ဋ်ကြွေးလို့ မြင်မိသလို၊ သူတို့ရဲ့ လူနေမှု့ အဖွဲအစည်းရဲ့ အားနည်းချက်တစ်ခုလို့လည်းမြင်မိပါတယ်။ အိမ်ထောင်မှု့၊ ဘုရားတည်၊ ဆေးမှင်ရည် စုပ်ထိုး ဤသုံးမျိုး ပြင်ရန်ခက်တယ်ဆိုတာကို ခပ်လွယ်လွယ် စဉ်းစားလိုက်တော့ နောက်ဆက်တွဲ အကျိုးဆက်တစ်ခုလို့ မြင်မိသလိုပဲ။ ဒါတောင် ဘရာဇီးမှာ ၂ နှစ်သက်တမ်းရှိတဲ့ လက်ထပ်စာချုပ်လုပ်ကြဦးမယ်ဆိုပဲ။ အဲ့ဒါသာ အတည်ပြုလိုက်လို့ကတော့ ဒါမျိုးအဖြစ်တွေ မနည်းမနော ဖြစ်လာဦးမှာ။
ReplyDeleteဒီပိုစ့်လေးဖတ်ပြီး သူတို့အစား စိတ်မသက်မသာ ခံစားရတယ်.. သူတို့ကိုယ်တိုင်ဆို ဘယ်လိုခံစားရမလဲတောင် မသိပါဘူး... မိဘတွေရဲ့ လိုအပ်ချက်လည်း ပါတာပါဘဲ.. ကွဲသွားကြကတည်းက မောင်နှမရှိကြတာ ပြောပေးရင် ဒီလိုဖြစ်ချင်မှဖြစ်မယ်.. အစ်ကို ရှိတယ်.. ညီမရှိတယ်ဆိုတဲ့ အသိနဲ့ အဲဒီလို အရွယ်လေးတွေ မြင်မိတိုင်း စုံစမ်းကြမှာဘဲ.. ခုတော့ အဲသလို အသိမပေးထားလို့ ဒီလိုဖြစ်ရတယ်လို့ဘဲ မြင်မိတယ်.. စိတ်ဝင်စားမိရုံဆိုတော်သေး . ခုတော့ ကိုယ်ဝန်တောင် ရှိနေပြီ. လ်ကမထပ်ဘဲ ဘယ်လိုများ နေကြမလဲ. မိန်းခလေးဘက်ကလည်း သနားစရာ...
ReplyDeleteရင်နှင့်စ၇ာပါပဲ..:(
ReplyDeleteဘယ်ဘ၀၀ဋ်ကြွေးပါလိမ့်..:(
ReplyDeleteခေါင်းစဉ်မြင်လိုက်တာနဲ့ ဟင်ကနဲကိုဖြစ်သွားတာပဲဗျာ.....စိတ်မကောင်းစရာ၊
ReplyDeleteမဖြစ်သင့်တာတွေ မရည်ရွယ်ပဲ ဖြစ်သွားရှာတယ်...သူတို့တင်မဟုတ်...ကိုယ်
တွေပါရှော့ရသွားရောဗျာ.....:(
ဆိုးလိုက်တဲ့အဖြစ်ပါလားနော် ဘဝဝဋ်ကြွေးရှိခဲ့ရင်လည်း ဒီဘဝမှာသာ အဆုံးသတ်နိုင်ကြပါစေလို့သာ ဆုတောင်းပေးမိပါရဲ့။
ReplyDeleteစိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
အရင်ဘဝကဝဋ်ကျွေးထင်ပါရဲ့လေ..
ReplyDeleteဖြစ်မှဖြစ်ရလေနော်..
ဆုတောင်းမှားကျသူများပဲဖြစ်မယ်....တော်ပီ......တော်ပီ.....ဘ၀အဆက်ဆက်တိုင်း ပေါင်းရပါလို၏လို့ ဆုတောင်းမျိုး ....ဘီတော့မှ ဆုတော့လော့ဝူးးးးးးးးးးးး :) တဘ၀ တယောက်သာပေါင်းရပါလို၏ ...အဟိ ...အဟိ
ReplyDelete่ဖြစ်ရလေ..... သူတို့ဘယ်လို ရှေ့ဆက်ကြမှာပါလိမ့်ဗျား(
ReplyDeleteဟူးးးးးးးးးးးးး
ReplyDeleteကောမက်ပေးသူအားလုံး စာလာဖတ်တဲ့သူ အားလုံးကို ကျေးဇူးတင်ပါတယ်။
ReplyDeleteကျွန်တော် တစ်ခုရေးဖို့ ကျန်သွားတာက ကောင်မလေးက သူ့ကလေးကြီးလာရင် ဘယ်လိုပြောရမလဲဆိုတာပါ။ အခု အဖြစ်အပျက်က တွေးကြည့်လို့ကို မရဲဘူး ဖြစ်နေတုန်းပဲ
အကိုရေ သတင်းထူးလေး အဖြစ် ကျနော်ဖတ်မိသမျှ သူငယ်ချင်းတွေကို အကိုဝက်ဆိုဒ်လင့်လေးနဲ့  မျှဝေလိုက်ပါတယ်နော်
ReplyDeleteကြားရတာစိတ်မကောင်းလိုက်တာဗျာ...
ReplyDeleteနောက်ဆက်တွဲတွေက ဘယ်လိုနည်းနဲ. စိတ်ချမ်းသာ
မှုယူကြမှာလဲတဲ့ဗျာ။ဟူးးးးးး
ကျေးဇူးတင်ပါတယ်အကိုရေ...ကျွန်တော်ကို မျှဝေခွင့်ပေးပါခင်ဗျာ။အကို.ဆိုဒ်နဲ.လင့်လေးပါမျှဝေလိုက်ပါတယ်ခင်ဗျာ...
စိတ်မကောင်းစရာဘဲ .ဒီလိုအဖြစ်မျိုးတွေက တကယ်ကိုဘဲ သနားစရာကောင်းပါတယ် ကာယကံရှင်တွေလဲ တော်တော်ခြောက်ခြားကုန်မှာပဲနော်
ReplyDeleteဘာမှစိတ်မကောင်းမဖြစ်ကြပါနဲ့ - ကြားဖူးဖတ်ဖူးကြမယ်ထင်ပါတယ် - မဖတ်ဖူးသေးလည်း ရှာဖတ်ကြပေါ့ - ရှာဖတ်ရခက်ရင် ဆရာတော်တွေထံ ချဉ်းကပ်မေးလို့ ရပါတယ် - တိုင်းနိုင်ငံ အမှတ်မှားကောင်းမှားမလားမသိ-ကောသမ္ဘီပြည်တည်ထောင်တုံးကလေ - ဖခင်ဘုရင်က အမျက်တော်ရှလို့ ပြည်နှင်ဒဏ်ပေးခံရတဲ့ -မောင်နှမ ၁၁ ဦးလား တိုင်းပြည်ကထွက်ခွာပြီးပြည်သစ်တည်ထောင်တဲ့နေရာမှာ နန်းတက်ပွဲလုပ်တော့ မင်းဆွေမင်းမျိုးမင်းသွေး ပါသူမတွေ့ လို့ အစ်မအကြီးဆုံးတစ်ယောက်ကို အမိ အရာထားလို့ ကျန်မောင်နှမတွေ အချင်းချင်း လက်ဆက်ထိမ်းမြှားပြီး ထီးမွေနန်းမွေ ဆက်ခံထိန်းသိမ်းစောင့်ရှောက်တဲ့ အကြောင်း - အဝေးဖခင်ကြီးကဒီ သတင်းကြားလို့ ထီးသွေးနန်းသွေး မင်းမျိုးမင်းသွေး မပျက်တာကြားလို့ ဂုဏ်ယူတဲ့အကြောင်း ........ကျနော်ဒီစာရေးတာ မြှောက်ပေးတာ မဟုတ်လို့နားလည်ပေးပါ ....စိတ်မကောင်းဖြစ်နေသူတွေ ဖြေသိမ့်နိုင်ဖို့ အကယ်အဖြစ်မှန်ကိုတင်ပြပေးတာပါ
ReplyDelete