လွန်ခဲ့တဲ့ အောက်တိုဘာ ၅ရက်နေ့က ကွယ်လွန်သွားခဲ့တဲ့ ကမ္ဘာကို ပြောင်းလဲစေခဲ့တဲ့ သူတစ်ယောက်လို့ တင်စားခံခဲ့ရတဲ့ စတိဂျော့ပ်ကို လူတော်တော်များကပဲ ခုချိန်ထိ သူ့အကြောင်း ပြောမဆုံး ရှိနေဦးမှာပါ။ အခုလိုချိန်မှာပဲ သူကိုယ်တိုင် တရားဝင် ခွင့်ပြုထားတဲ့ သူရဲ့အထုပ္ပတ္တိစာအုပ်ဟာ အောက်တိုဘာလ ၂၄ရက်နေ့က ထွက်ရှိလာပါတယ်။ အစတုန်းက ဒီစာအုပ်ကို ၂၀၁၂မှာမှ ဖြန့်ချိဖို့ ရည်ရွယ်ထားခဲ့ကြပေမယ့် အခုလို မမျှော်လင့်ဘဲ စတိဂျော့ပ် ဆုံးသွားတာကြောင့် စာအုပ်ကို ရှေ့တိုးပြီး ဖြန့်ချီလိုက်တာပါ။ စာအုပ်ရဲ့ အမည်က "Steve Jobs" ပဲ ဖြစ်ပြီး ရေသားသူကတော့ 'အဲဗတ် အိုင်စတိုင်း' (Albert Einstein) အကြောင်းကို ရေးသားဖူးခဲ့သူ 'ဝေါလ်တာ အိုက်စပ်ဆန်' (Walter Isaacson) ပဲ ဖြစ်ပါတယ်။
ဒီစာအုပ်မဖြန့်ချီခင် ရက်အနည်းငယ်အလိုမှာ သတင်းဌါန တော်တော်များများက ဒီစာအုပ်ကို ရရှိလိုက်ကြပြီး စာအုပ်ထဲမှာပါတဲ့ အချက်အလက်တွေကို ကောက်နှုတ်ပြီး သတင်းတွေထဲမှာ ဖော်ပြခဲ့ကြပါတယ်။ အဲဒီထဲမှာ စတိဂျော့ရဲ့ လက်ရှိ ဆီလီကွန်တောင်ကြားက အကြောင်းတွေ၊ အဲဒီက လူတွေနဲ့ ပက်သက်ပြီး သူရဲ့အမြင်တော်တော်များများကို ပွင့်ပွင့်လင်းလင်းပဲ ဝေဖန်ထားတာတွေ ပါရှိပါတယ်။ ဥပမာ ဘီလ်ဂိတ်ကို စိတ်ကူးစိတ်သန်း နည်းပါးသူ၊ ဘာမှ တကယ် မတီထွင်ခဲ့တဲ့သူ... သူများရဲ့ စိတ်ကူးကို အရှက်မဲ့စွာ ကူးချတဲ့သူလို့ ဝေဖန်ထားတာ ပါ ပါတယ်။
အဲဒါတွေထဲမှာမှ မသေခင် သူမြင်သွားချင်၊ လုပ်သွားချင်တဲ့ ထူးခြားတဲ့ သူ့ရဲ့အပြင်းထန်ဆုံး ဆန္ဒတစ်ခုကတော့ ဂူးဂဲလ်ရဲ့ မိုဘိုင်းဖုန်း OS Android ကို ဖျက်ဆီးပစ်ချင်တဲ့ ဆန္ဒပါပဲ... ဂူးဂဲလ်ရဲ့ အန့်ဒရိုက်ဟာလည်း ကော်ပီတစ်ခုပဲလို့ သူကစွပ်စွဲထားပါတယ်။ ဒီကိစ္စနဲ့ ပက်သက်ပြီး သူစိတ်အဆိုးဆုံး လူတစ်ယောက်ကတော့ အရင်က ဂူးဂဲလ်ရဲ့ စီအီးအို၊ အခုလက်ရှိ ဂူးဂဲလ်မှာ ဥက္ကဌနေရာ ယူထားတဲ့ 'အဲရစ် စမစ်တ်' (Eric Schmidt) ပါပဲ... စမစ်တ်ဟာ ၂၀၀၉ခုနှစ်ထိ အက်ပဲလ် (Apple) ကုမ္ပဏီ ဘုတ်အဖွဲ့ထဲမှာ ပါနေတဲ့ လူတစ်ယောက်ပါ။ ဘယ်လောက်ထိ သူစိတ်ဆန္ဒပြင်းထန်သလဲဆို အက်ပဲလ် ကုမ္ပဏီရဲ့ ရှိတဲ့ ဘီလီယံ ၄၀ပိုက်ဆံကိုသုံးပြီးတော့ကိုပဲ အန့်ဒရိုက်ကို ပျက်ဆီးအောင်လုပ်မယ်လို့ ပြောထားပါတယ်။
ဂူးဂဲလ်နဲ့ အက်ပဲလ်ဟာ ဒီပြဿနာမဖြစ်ခင်က တော်တော်လေး ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိခဲ့ဖူးပါတယ်။ အိုင်ဖုန်းပေါ်က ဂူးဂဲလ်ရဲ့ မြေပုံနဲ့ ယူကျု စတာတွေကို အိုင်ဖုန်းသုံးထားပါတယ်။ ပြဿနာစတာကတော့ အိုင်ဖုန်းပေါ်လာပြီး နောင် ၁၀လအကြာ နိုဝင်ဘာ ၂၀၀၇မှာ ဂူးဂဲလ်က အန့်ဒရိုက်ကို ထုတ်မယ့်အကြောင်း စတင်ကြေငြာလိုက်တဲ့အချိန်ပါပဲ... အဲဒီတုန်းက စတိဂျော့ပ်ဟာ ဂူးဂဲလ်ရဲ့ ရုံးခန်းထိ သွားပြီး ကန့်ကွက်ခဲ့ဖူးတယ်လို့ တစ်ချို့ကဆိုပါတယ်။ စတိဂျော့ပ်ဟာ အက်ပဲလ်ဘုတ်အဖွဲ့ထဲမှာ ပါနေတဲ့ 'စမစ်တ်' ကို (အဲဒီတုန်းက ဂူးဂဲရဲ့ စီအီးအိုလည်းဖြစ်) သစ္စာဖောက်တဲ့သူလို့လဲ စွပ်စွဲခဲ့ပါတယ်။ အန့်ဒရိုက်ဟာ အက်ပဲလ်ရဲ့ အိုင်အိုအက်စ် (iOS) ကို ခိုးကူးထားတဲ့ဟာတစ်ခုပဲလို့ စတိဂျော့ပ်က ပြောပါတယ်။ .
အဲဒီနောက်ပိုင်းက စပြီး အက်ပဲလ်ဟာ အန့်ဒရိုက်သုံးထားတဲ့ မိုဘိုင်းဖုန်းကုမ္ပဏီတွေကို တစ်ခုပြီးတစ်ခု စတရားစွဲတော့တာပါပဲ.. ပထမဆုံး ဓားစာခံဖြစ်တဲ့ကုမ္ပဏီကတော့ မော်တော်ရိုလာ (Motorola) ဖြစ်ပြီး၊ နောက် အခုလက်ရှိ အက်ပဲလ်နဲ့ အကြီးအကျယ် တရားရင်ဆိုင်နေတဲ့ ကုမ္ပဏီကတော့ ဆမ်ဆောင်း (Samsung) ပါပဲ။ စတိဂျော့ပ်ရဲ့ အပြင်းထန်ဆုံး ဆန္ဒထဲက စတင်အောင်မြင်မှုတစ်ခုကတော့ ဆမ်ဆောင်းရဲ့ ဂလက်ဆီ တပ် (Galaxy Tab 10.1 Tablet) ကို သြစတေးလျနဲ့ ဂျာမနီမှာ ရောင်းခွင့်ပိတ်ပင်ဖို့ တရားစွဲဆိုမှုမှာ အနိုင်ရလိုက်တာပါပဲ... ဆမ်ဆောင်းကလည်း အိုင်ပတ်ကို တစ်ချို့နိုင်ငံတွေမှာ ရောင်းခွင့်ပိတ်ပင်ဖို့ တန်ပြန် တရားပြန်စွဲထားတာ ရှိပါတယ်။ ဒါပေမယ့် ဒါတွေအားလုံးရဲ့ အဆုံးသတ် အနိုင်အရှုံးတွေကို စတိဂျော့ပ်တစ်ယောက် မြင်ခွင့်ရတော့မှာ မဟုတ်ပါဘူး။
အခုလို စိတ်ကြီးတတ်တဲ့ မဟုတ်မခံတတ်တဲ့ စတိဂျော့ပ်ဟာ တခြားဘက်မှာ အင်မတန်လေးစားစရာ စိတ်ဓါတ်လေးတွေ ရှိနေပါသေးတယ်။ အဲဒါတွေထဲက ကျွန်တော်နှစ်သက်မိတဲ့ အဖြစ်အပျက်တစ်ခုကတော့ ... ဒီနှစ်ထဲမှာ ဂူးဂဲလ် ထိပ်ပိုင်းရထူးတွေ အပြောင်းအလဲဖြစ် အပြီး စီအီးအိုနေရာကို ရောက်လာတဲ့ ဂူးဂဲလ်ကို ပူးတွဲ တည်ထောင်သူ လယ်ရီပေ့ (Larry Page) က စီအီးအိုရာထူးယူအပြီးမှာ စီအီးအိုတစ်ယောက်အနေနဲ့ ကုမ္ပဏီကို အုပ်ချူပ်မှုဆိုင်ရာ အကြံညဏ်တွေတောင်းခံဖို့ စတိဂျော့ပ်ကိုတွေ့ခွင့် တောင်းခဲ့ပါတယ်။ ဒီလိုတောင်းဆိုတာကို သိသိချင်း စတိဂျော့ပ်ဟာ လယ်ရီကို ဂူးဂဲလ်ကို မကြေတဲ့စိတ်နဲ့ ချက်ချင်းပဲ ငြင်းဆန်ဖို့ အရင်ဆုံးဖြတ်ခဲ့ပါတယ်။ ဒါပေမယ့် သူဟာ သူစပြီးတော့ ကုမ္ပဏီထောင်ခါစတုန်းက ဆီလီကွန်တောင်ကြားက အကြီးပိုင်းတွေဖြစ်တဲ့ HP ကုမ္ပဏီ ပူးတွဲတည်ထောင်သူ '၀ီလီလျံ ဟီးလ်လက်' (William Hewlett) ဆီက အကြံညဏ်တွေ ရယူခဲ့တာကို ပြန်တွေးမိပြီး သူကိုယ်တိုင်လည်း လက်ရှိ အကြီးတစ်ယောက်အနေနဲ့ ဒီလိုမလုပ်သင့်ဘူးတွေးပြီး လယ်ရီကို လက်ခံတွေဆုံမယ်ဆိုပြီး သူ့ဆုံးဖြတ်ချက်ကို ပြန်ပြင်ခဲ့ပါတယ်။ ဒါနဲ့ လယ်ရီဟာ စတိဂျော့ပ်ကို သူရဲ့ ဧည့်ခန်းမှာ သွားရောက်တွေ့ခွင့်ရခဲ့ပြီး စတိဂျော့ပ်ဆီက အကြံညဏ်တွေ သင်ယူခွင့် ရခဲ့ပါတယ်။
စတိဂျော့ပ်က ပေးခဲ့တဲ့ အကြံညဏ်တွေထဲမှာ ဂူးဂဲလ်ရဲ့ ၀န်ဆောင်မှုတွေ ထုတ်ကုန်တွေ တော်တော်များနေတာကို လျှော့ချဖို့နဲ့ တကယ်လုပ်နိုင်တဲ့ ၀န်ဆောင်မှုအနည်းငယ်နဲ့ ထုတ်ကုန်အနည်းငယ်ကိုသာ လုပ်ဖို့ ပြီးတော့ ဒါတွေတစ်ခုချင်းဆီမှာ တသတ်မတ်ထဲ တကယ်အလုပ်လုပ်မယ့် လက်ရွေးစင်အသင်းလေးတွေ ထားရှိဖို့ကို သူ အက်ပဲလ်ကို ပြန်စရောက်ခါစ အက်ပဲလ်ရဲ့ ထုတ်ကုန်ရာကျော်ကို ဆယ်ဂဏန်းထိ လျှော့ချလိုက်ပြီး အောင်မြင်အောင် ပြန်လုပ်ဆောင်နိုင်တာကို ဥပမာပြ ပြောပြပေးခဲ့ပါတယ်။ ဒီလိုမှ မလုပ်ရင် မိုက်ခရိုဆော့တ် (Microsoft) လို ဖြစ်သွားမယ်လို့လဲ ပြောပြခဲ့ပါသေးတယ်။ စတိဂျော့ပ်ရဲ့ အကြံညဏ်တွေဟာ ချက်ချင်းပဲ လယ်ရီကို လွှမ်းမိုးနိုင်ခဲ့လို့ လယ်ရီ စီအီးအိုဖြစ်ပြီး မကြာမီမှာပဲ ဂူးဂဲလ်ဟာ သူ့ရဲ့ Google Wave, Google Health စတဲ့ မှေးမှိန်နေတဲ့ ၀န်ဆောင်မှု အချို့တော်တော်များကို ပိတ်ပစ်ခဲ့တာ တွေ့ရပါတယ်။ အခုလိုမျိုးပဲ စတိဂျော့ပ်ဟာ ဖေ့ဘွတ် (Facebook) တည်ထောင်သူနဲ့ စီအီးအို 'မက်ခ် ဇက်ကာဘတ်' (Mark Zackerberg) ကိုလည်း အကြံညဏ်တွေ ပေးခဲ့ဖူးပါတယ်။
အခုလို ကိုယ်ရဲ့အငယ်တွေက အကူအညီ အကြံညဏ် အကူအညီတွေ တောင်းချိန်တွေ ရန်သူရယ် မိတ်ဆွေရယ် ပြိုင်ဘက် ကုမ္ပဏီရယ် သဘောမထားဘဲ စေတနာအပြည့် စိတ်သဘောထားအပြည့်နဲ့ ကူညီတတ်တဲ့ စတိဂျော့ပ်ရဲ့ စိတ်ထားကို လေးစားရင်း ဒီပိုစ့်လေးနဲ့ ဂုဏ်ပြုလိုက်ရပါတယ်။
Ref:
"The true value of a human being is determined primarily by the measure and the sense in which he has attained to liberation from the self" ― Albert Einstein
Saturday, October 29, 2011
Thursday, October 27, 2011
ဂျီမေးလ်နှင့် ဂျီတော့ကို (Gmail & Gtalk) မိမိကိုယ်ပိုင်ဒိုမိန်းဖြင့် (Domain) အသုံးပြုခြင်း
ဒီပိုစ့်ကို ရေးရခြင်း ရည်ရွယ်ချက်က ဘလော့ အချို့ တော်တော်များမှာ ကိုယ်ပိုင် ဒိုမိန်းနိမ်းတွေ ရှိကြပါတယ်။ ဒါပေမယ့် အီးမေးလ်လိပ်စာကျတော့ ဂျီမေးလ်ပဲ ဖြစ်နေတာ တွေ့ရလို့ ပိုက်ဆံ တစ်ပြားတစ်ချပ်မှ မကုန်ဘဲ မိမိဒိုမိန်းနိမ်းနဲ့ အီးမေးလ်အကောင့် ပြုလုပ်ပြီး ဂျီးမေးလ်နဲ့ အသုံးပြုလို့ ရတဲ့နည်းကို မျှဝေခြင်း ဖြစ်ပါတယ်။
မိမိကိုယ်ပိုင် ဒိုမိန်းနိမ်းနဲ့ အီးမေးလ်အကောင့်လေးဆိုတော့ ပိုပြီး အထင်ကြီးစရာ တင့်တယ်စရာဖြစ်မှာပေါ့။ ဥပမာ mgthant@mgthant.me ပါ။ သိပြီးသားလူတွေလည်း ရှိမှာပါ။ မသိသေးတဲ့လူတွေအတွက် ရည်ရွယ်ခြင်း ဖြစ်ပါတယ်။
အရာရာတိုင်းနီးပါးကို လူတွေကို အခမဲ့ဝန်ဆောင်မှုပေးနေတဲ့ ဂူးဂဲလ်က (Google) ဒီဆားဗစ် (Service) လေးကို ပေးထားခြင်းဖြစ်ပါတယ်။ ဒါကို Google Apps လို့ခေါ်ပါတယ်... ဒီဆားဗစ်က သာမန်သုံးတဲ့လူတွေအတွက် အခမဲ့ပေးထားသလို စီးပွားရေး လုပ်နေတဲ့လူတွေအတွက် ဒါမှမဟုတ် ဒိုမိန်းတစ်ခုတည်းမှာ အကောင့်ပေါင်းများစွာ ဖွင့်ချင်တဲ့လူတွေအတွက် ချိုသာတဲ့ဈေးနှုန်းနဲ့လည်း ဂူးဂဲလ်ကနေ ၀ယ်ယူအသုံးပြုလို့ ရပါတယ်။ အခမဲ့အတွက်က ဒိုမိန်းတစ်ခုတည်းမှာ အကောင့် ၁၀ခုထိ ဖွင့်လို့ရပါတယ်။
ဒါကို လုပ်ရတာ သိပ်တော့မခက်ပါဘူး... ကိုယ့်ရဲ့ဘလော့လေးကို ကိုယ့်ဒိုမိန်းနဲ့ချိတ်ထားတဲ့လူတွေအတွက် ပိုပြီးလွယ်ကူစေပါတယ်။ အောက်ကအတိုင်း အစဉ်အလိုက်သွားလိုက်ရုံပါပဲ...
၁. ဂူးဂဲလ်မှာ အကောင့်မဖွင့်ခင် အရင်ဆုံးကိုယ့်ရဲ့ ဒိုမိန်း Setting ကို အရင်သွားလိုက်ပါ။ ပြီးတော့ ကိုယ့်ရဲ့ ဒိုမိန်း Setting ထဲမှာရှိတဲ့ MX Record ကို ဂူးဂဲလ်နဲ့ချိတ်ဆက်ဖို့ ပြင်ရပါမယ်။ Godaddy အသုံးပြုသူများ အောက်ပါအတိုင်း ပြင်နိုင်ပါတယ်။
အဲဒီမှာ စပြီး Get it Started ကို သွားပါ။
၃. ကိုယ့် ဒိုးမိန်းနိမ်းနာမည်ကို ရိုက်ထည့်လိုက်ပါ။ (e.g mgthant.me) www တွေ ထည့်စရာမလိုပါဘူး။ ဒိုမိန်း တစ်ခုတည်းကိုပဲထည့်ပါ။
၎. နောက်ပေါ်လာတဲ့ ပုံစံ (Form) မှာ ဖြည့်ခိုင်းတဲ့ နာမည်၊ အီးမေးလ်(လက်ရှိကိုယ်သုံးနေတဲ့ ဂျီးမေးလ် ဖြည့်လို့ရပါတယ်)၊ ဖုံးနံပါတ်၊ ကိုယ်နေတဲ့ နိုင်ငံအမည် စတာတွေဖြည့်ပါ။ အနီရောင် စတားလေး ပြထားတာတွေအားလုံးဖြည့် ရပါတယ်။ ကျန်တာက မဖြည့်ပဲ ချန်ထားခဲ့လို့ ရပါတယ်။ ပြီးတော့ I understand.......... ဆိုတာလေး အမှန်ခြစ်လေး လုပ်ပေးလိုက်ပါ။ Continue ကိုနှိပ်ပြီးနောက်တဆင့်ကို သွားပါမယ်။
၅. နောက်တဆင့်မှာ User Name (ဒါက ကိုယ့်ဒိုမိန်းနဲ့ သုံးမယ့် User Name ပါ၊ ဥပမာ mgthant@mgthant.me ဆိုရင် mgthant လို့ ဖြည့်ရပါတယ်။ ကိုယ်သုံးမယ့် ပါ့တ်စ်ဝေါ့စ် Password နှစ်ခါပြန် ဖြည့်ပါ။ (ရှည်ရှည် ရှုပ်ရှုပ်လေး ပေးပါနော် ပါတ်စ်ဝေါ့စ်ကို)၊ နောက်ရိုက်ခိုင်းတဲ့ စာလေး ရိုက်ပေးလိုက်ပါ။ အောက်ဆုံးမှာ Automatically ဘာညာဆိုတာလေး အမှန်ခြစ်လေး ခြစ်ပေးလိုက်ပါ။ (ဒါက Gmail အပြင် တခြားအသုံးပြုခွင့်ပေးတဲ့ ဆားဗစ်အားလုံးကို အလိုအလျောက် ဖွင့်ပေးပါဆိုတာ ပြောတာပါ။) ပြီးတော့ I accept. Continue Setup ဆိုတာလေး နှိပ်ပြီး နောက်တဆင့်ကို သွားပါမယ်။
၆. နောက်တဆင့်မှာ setup လုပ်တာတွေ ကိုယ့်ဟာကိုယ်လုပ်မှာလား .. သူ့ဟာသူပဲ လုပ်လိုက်ရမလား မေးပါမယ်။ Express ကိုပဲ နှိပ်ပြီး သူ့ဟာသူ လုပ်ခိုင်းလိုက်ပါ။
၇. နောက်ဆုံးအဆင့်ပါပဲ... နောက် စာမျက်နှာကို ရောက်သွားရင် Next... Next ဆက်သွားလိုက်ပါ။ အဲဒီမှာ ဒိုမိန်းကို ကိုယ်ပိုင်ဟုတ်မဟုတ် verify လုပ်ပေးရပါတယ်... အဲမှာ Recommended Method နဲ့ Alternative Method ဆိုပြီးနှစ်မျိုးရှိပါတယ်။ ဘလော့ကာတွေအတွက် Alternative Method ပဲ အဆင်ပြေပါတယ်။ Recommended Method က ကိုယ်ပိုင် ၀က်ဘ်ဆိုဒ် ရှိသူတွေပဲ လုပ်လို့ရပါတယ်။ Alternative Method ကို သွားလိုက်ရင် နောက်ထပ် ရွေးစရာ သုံးခု ထပ်တွေ့ရပါမယ်။ အဲဒီထဲမှာမှ ဒုတိယဟာဖြစ်တဲ့ "Add a DNS..... " ဆိုတာကို ရွေးပေးပါ။ ပြီးရင် ကိုယ့်ရဲ့ ဒိုမိန်း ၀ယ်ခဲ့တဲ့နေရာကို ရွေးလိုက်ပါ။ ဥပမာ godaddy.com ပေါ့။ အဲဒါပြီးရင် နောက်ထပ် ဘယ်လိုလုပ်ရမယ်ဆိုတာ လမ်းညွှန်ချက် ထွက်လာပါမယ်။ Domain Records မှာ နောက်ထပ် TXT Records လေး တစ်ခုထည့်ပေးရုံပါပဲ... အဲဒီ Records က ခုနက MX Records ရဲ့ အောက်မှာ ရှိတတ်ပါတယ်။ ပြီးရင် Verify ဆိုတာ နှိပ်ပေးရုံပါပဲ။ Google က Verify ဖြစ်ကြောင်း ပြောပါလိမ့်မယ်။ တခါတလေ ချက်ချင်း Records က Active မဖြစ်ပါဘူး... အဲဒါဆိုရင် နောက်တစ်နာရီလောက်စောင့်ပြီး Verify လုပ်ပေးပါ။ အများအားဖြင့် ချက်ချင်း ရတတ်ပါတယ်။
ခုဆိုရင် ကိုယ်ပိုင်ဒိုမိန်းနဲ့ အီးမေးလ်လေးတစ်ခု ရပါပြီး... နောက်ထပ် အီးမေးလ်ကိုးခု ထပ်ဖွင့် လို့ရပါတယ်။ ဒါ့အပြင် တခြားဆားဗစ်တွေဖြစ်တဲ့... Google Reader, Google Docs, Google Calender စတာတွေကို ကိုယ့်ကိုယ်ပိုင် ဒိုမိန်းနဲ့ သုံးလို့ရပါပြီ ခင်ဗျာ။ Gmail ၀င်မယ်ဆိုရင် ပထမဆုံး ဂျီးမေးလ်ကိုသွား ပြီးရင် ကိုယ့်ရဲ့ ဒိုမိန်းနဲ့ အီးမေးလ်အပြည့်အစုံရိုက် (ဥပမာ User Name မှာ mgthant@mgthant.me) ပြီးရင် ပါတ်စ်ဝေါ့စ် (Password) ရိုက်... login ၀င်လိုက်တာနဲ့ ရပါပြီး.... Gtalk ၀င်ရင်လည်း ဒီအတိုင်းပါပဲ...
ဒါနဲ့ ပက်သက်ပြီး မရှင်းတာရှိရင် mgthant@mgthant.me ကို အီးမေးလ် မေးမြန်းဆက်သွယ် စုံစမ်းနိုင်ပါတယ်။ တတ်နိုင်သမျှ ကူညီဖြေရှင်း လုပ်ဆောင်ပေးပါမယ်။ Domain Records ပြင်ရမှာ ပြင်ရမယ့် Records က လွဲရင် ကျန်တာတွေမပြင်ပါနှင့်၊ မဟုတ်ရင် Domain Setting တွေ တလွဲဖြစ်ကုန်ပြီး ဘာမှသုံးမရတာ ဖြစ်သွားပါလိမ့်မယ်။
ကိုယ်ပိုင်ဒိုမိန်းနဲ့ အီးမေးလ်များ ပိုင်ဆိုင် နိုင်ကြပါစေခင်ဗျာ။

တခြား ဆားဗစ်သုံးသူတွေ အောက်က Records အတိုင်း ကိုယ်ရဲ့ MX Records ကို ပြင်နိုင်ပါတယ်။
ဘလော့ကို ဒိုမိန်းချိတ်ရင်လည်း Domain Records တွေ ပြင်ရတာမို့... ဒိုမိန်းနဲ့ ဘလော့ချိတ်ထားတဲ့လူတွေ ဒါကိုလုပ်တတ်မယ်လို့ ထင်ပါတယ်။
၂. ပြီးသွားရင် http://www.google.com/apps/intl/en/group/index.html ဒီနေရာကို သွားလိုက်ပါ။
၃. ကိုယ့် ဒိုးမိန်းနိမ်းနာမည်ကို ရိုက်ထည့်လိုက်ပါ။ (e.g mgthant.me) www တွေ ထည့်စရာမလိုပါဘူး။ ဒိုမိန်း တစ်ခုတည်းကိုပဲထည့်ပါ။
၎. နောက်ပေါ်လာတဲ့ ပုံစံ (Form) မှာ ဖြည့်ခိုင်းတဲ့ နာမည်၊ အီးမေးလ်(လက်ရှိကိုယ်သုံးနေတဲ့ ဂျီးမေးလ် ဖြည့်လို့ရပါတယ်)၊ ဖုံးနံပါတ်၊ ကိုယ်နေတဲ့ နိုင်ငံအမည် စတာတွေဖြည့်ပါ။ အနီရောင် စတားလေး ပြထားတာတွေအားလုံးဖြည့် ရပါတယ်။ ကျန်တာက မဖြည့်ပဲ ချန်ထားခဲ့လို့ ရပါတယ်။ ပြီးတော့ I understand.......... ဆိုတာလေး အမှန်ခြစ်လေး လုပ်ပေးလိုက်ပါ။ Continue ကိုနှိပ်ပြီးနောက်တဆင့်ကို သွားပါမယ်။
၅. နောက်တဆင့်မှာ User Name (ဒါက ကိုယ့်ဒိုမိန်းနဲ့ သုံးမယ့် User Name ပါ၊ ဥပမာ mgthant@mgthant.me ဆိုရင် mgthant လို့ ဖြည့်ရပါတယ်။ ကိုယ်သုံးမယ့် ပါ့တ်စ်ဝေါ့စ် Password နှစ်ခါပြန် ဖြည့်ပါ။ (ရှည်ရှည် ရှုပ်ရှုပ်လေး ပေးပါနော် ပါတ်စ်ဝေါ့စ်ကို)၊ နောက်ရိုက်ခိုင်းတဲ့ စာလေး ရိုက်ပေးလိုက်ပါ။ အောက်ဆုံးမှာ Automatically ဘာညာဆိုတာလေး အမှန်ခြစ်လေး ခြစ်ပေးလိုက်ပါ။ (ဒါက Gmail အပြင် တခြားအသုံးပြုခွင့်ပေးတဲ့ ဆားဗစ်အားလုံးကို အလိုအလျောက် ဖွင့်ပေးပါဆိုတာ ပြောတာပါ။) ပြီးတော့ I accept. Continue Setup ဆိုတာလေး နှိပ်ပြီး နောက်တဆင့်ကို သွားပါမယ်။
၆. နောက်တဆင့်မှာ setup လုပ်တာတွေ ကိုယ့်ဟာကိုယ်လုပ်မှာလား .. သူ့ဟာသူပဲ လုပ်လိုက်ရမလား မေးပါမယ်။ Express ကိုပဲ နှိပ်ပြီး သူ့ဟာသူ လုပ်ခိုင်းလိုက်ပါ။
၇. နောက်ဆုံးအဆင့်ပါပဲ... နောက် စာမျက်နှာကို ရောက်သွားရင် Next... Next ဆက်သွားလိုက်ပါ။ အဲဒီမှာ ဒိုမိန်းကို ကိုယ်ပိုင်ဟုတ်မဟုတ် verify လုပ်ပေးရပါတယ်... အဲမှာ Recommended Method နဲ့ Alternative Method ဆိုပြီးနှစ်မျိုးရှိပါတယ်။ ဘလော့ကာတွေအတွက် Alternative Method ပဲ အဆင်ပြေပါတယ်။ Recommended Method က ကိုယ်ပိုင် ၀က်ဘ်ဆိုဒ် ရှိသူတွေပဲ လုပ်လို့ရပါတယ်။ Alternative Method ကို သွားလိုက်ရင် နောက်ထပ် ရွေးစရာ သုံးခု ထပ်တွေ့ရပါမယ်။ အဲဒီထဲမှာမှ ဒုတိယဟာဖြစ်တဲ့ "Add a DNS..... " ဆိုတာကို ရွေးပေးပါ။ ပြီးရင် ကိုယ့်ရဲ့ ဒိုမိန်း ၀ယ်ခဲ့တဲ့နေရာကို ရွေးလိုက်ပါ။ ဥပမာ godaddy.com ပေါ့။ အဲဒါပြီးရင် နောက်ထပ် ဘယ်လိုလုပ်ရမယ်ဆိုတာ လမ်းညွှန်ချက် ထွက်လာပါမယ်။ Domain Records မှာ နောက်ထပ် TXT Records လေး တစ်ခုထည့်ပေးရုံပါပဲ... အဲဒီ Records က ခုနက MX Records ရဲ့ အောက်မှာ ရှိတတ်ပါတယ်။ ပြီးရင် Verify ဆိုတာ နှိပ်ပေးရုံပါပဲ။ Google က Verify ဖြစ်ကြောင်း ပြောပါလိမ့်မယ်။ တခါတလေ ချက်ချင်း Records က Active မဖြစ်ပါဘူး... အဲဒါဆိုရင် နောက်တစ်နာရီလောက်စောင့်ပြီး Verify လုပ်ပေးပါ။ အများအားဖြင့် ချက်ချင်း ရတတ်ပါတယ်။
ခုဆိုရင် ကိုယ်ပိုင်ဒိုမိန်းနဲ့ အီးမေးလ်လေးတစ်ခု ရပါပြီး... နောက်ထပ် အီးမေးလ်ကိုးခု ထပ်ဖွင့် လို့ရပါတယ်။ ဒါ့အပြင် တခြားဆားဗစ်တွေဖြစ်တဲ့... Google Reader, Google Docs, Google Calender စတာတွေကို ကိုယ့်ကိုယ်ပိုင် ဒိုမိန်းနဲ့ သုံးလို့ရပါပြီ ခင်ဗျာ။ Gmail ၀င်မယ်ဆိုရင် ပထမဆုံး ဂျီးမေးလ်ကိုသွား ပြီးရင် ကိုယ့်ရဲ့ ဒိုမိန်းနဲ့ အီးမေးလ်အပြည့်အစုံရိုက် (ဥပမာ User Name မှာ mgthant@mgthant.me) ပြီးရင် ပါတ်စ်ဝေါ့စ် (Password) ရိုက်... login ၀င်လိုက်တာနဲ့ ရပါပြီး.... Gtalk ၀င်ရင်လည်း ဒီအတိုင်းပါပဲ...
ဒါနဲ့ ပက်သက်ပြီး မရှင်းတာရှိရင် mgthant@mgthant.me ကို အီးမေးလ် မေးမြန်းဆက်သွယ် စုံစမ်းနိုင်ပါတယ်။ တတ်နိုင်သမျှ ကူညီဖြေရှင်း လုပ်ဆောင်ပေးပါမယ်။ Domain Records ပြင်ရမှာ ပြင်ရမယ့် Records က လွဲရင် ကျန်တာတွေမပြင်ပါနှင့်၊ မဟုတ်ရင် Domain Setting တွေ တလွဲဖြစ်ကုန်ပြီး ဘာမှသုံးမရတာ ဖြစ်သွားပါလိမ့်မယ်။
ကိုယ်ပိုင်ဒိုမိန်းနဲ့ အီးမေးလ်များ ပိုင်ဆိုင် နိုင်ကြပါစေခင်ဗျာ။
Wednesday, October 26, 2011
တိုက်တိုက်ဆိုင်ဆိုင် အမွှာညီအစ်မက တစ်ရက်ထဲကလေးမွေး
(Jenifer and Jessica with their babies)
(Photo via)
အင်ဒီယားနားက အမွှာညီအစ်မနှစ်ယောက် ဖြစ်တဲ့ Jenifer Patterson နဲ့ Jessica Patterson တို့ဟာ တိုက်တိုက်ဆိုင်ဆိုင်ပဲ တစ်ရက်ထဲမှာ ကလေးပြိုင်တူမွေးဖွားခဲ့ကြပါတယ်။
Jenifer Patterson က သမီးကလေး Adalynn Rose Patterson ကို သဘာဝအတိုင်း မွေးဖွားပြီး နောက်နာရီအနည်းငယ် အကြာမှာပဲ Jessica Patterson က သားလေး Mason Douglas Patterson ကို ဗိုက်ခွဲကာ Bloomington ဆေးရုံတစ်ခုတည်းမှာ မွေးဖွားခဲ့ပါတယ်။ Adalynn Rose Patterson က မွေးဖွားစမှာ အဆုတ်ပြဿနာ ရှိပေမယ့် အခုတော့ အဆင်ပြေနေပါပြီ။
သူမတို့နှစ်ယောက်ဟာ အမွှာဖြစ်ပေမယ့် အများအားဖြင့် အခုလို တူညီတာတွေသိပ်တော့ မရှိပါဘူး....
ကျမတို့နှစ်ယောက် အရုပ်တွေ၊ အစားအသောက်၊ အ၀တ်တွေနဲ့ အရာအားလုံး အတူတူခွဲဝေတာတွေတော့ ရှိခဲ့ပါတယ်။ လွန်ခဲ့တဲ့သုံးနှစ်လောက်က... အိမ်တစ်ခုတည်းကို ပြောင်းရွှေ့ ခဲ့ကြပါတယ်။ ကျမရဲ့ ညာဘက်မျက်လုံးက မကောင်းပြီး၊ သူ့ ဘယ်ဘက်မျက်လုံးက မကောင်းပါဘူးလို့ ဂျနီဖာကပြောပါတယ်။
ဂျက်ဆီကာက သူမ ဘယ်သန်ဖြစ်ပြီး ဂျနီဖာက ညာသန်လို့ ပြောပါတယ်။ ဂျက်ဆီကာက သူမကိုယ်ဝန်ရှိတာ အရင် သိခဲ့ရပြီး တပတ်အကြာမှာတော့ ဂျက်ဆီကာက ကိုယ်ဝန်ရှိတာ သိခဲ့ကြပါတယ်။
မွေးဖွားခါနီးအချိန်မှာ သူမတို့နှစ်ယောက်လုံး ဆေးရုံတစ်ခုတည်းက အခန်းတစ်ခန်းထဲမှာ အတူရှိနေခဲ့ကြတာပါ။ ကလေးတွေနှစ်ယောက်လုံး အတူတူကြီးပျင်းလာဖို့ မျှော်လင့်ပါတယ်... တကယ့်ကို ပျော်စရာကောင်းတဲ့ အိမ်လေးတစ်အိမ်ဖြစ်မှာပဲ... ကျမတို့နှစ်ယောက်ဟာ ခွဲမရတဲ့သူတွေပါလို့ ဂျက်ဆီကာက ပြောပါတယ်။
ဂျက်ဆီကာရော ဂျနီဖာရော ကလေးလေးတွေကို Single Mother အနေနဲ့ မွေးဖွားခဲ့ကြတာပါ။
News Source:
http://www.ksdk.com/news/article/282267/71/Twin-sisters-give-birth-on-same-day
http://www.nydailynews.com/lifestyle/2011/10/24/2011-10-24_identical_twins_give_birth_on_same_day_in_same_hospital_twin_called_coincidence_.html?r=news/national
Friday, October 21, 2011
စင်ကာပူ ပရိုမိုးရှင်းများ - Food & Electronic Expo Sales, Baby Expo Sales, Luxury Handbags Sales & Funiture Sales
Weekend Shopping အတွက် အစဉ်အလာ မပျက် တင်ဆက်
Food & Electronic Show
Venue: Singapore Expo Hall 4A, 4B
Date: 21 Oct 2011 - 23 Oct 2011
Time: 11am to 9pm
Venue: Singapore Expo Hall 4A, 4B
Date: 21 Oct 2011 - 23 Oct 2011
Time: 11am to 9pm
Baby Expo 2011
Venue: Singapore Expo Hall 5B
Date: 21 Oct 2011 - 23 Oct 2011
Time: 11 am to 9pm (Fri & Sat), 11am to 8pm (Sun)

Creative Living Funiture Sales
Venue: Singapore Expo Hall 6
Date: 22 Oct 2011 - 30 Oct 2011
Time: 12 noon to 10pm
Venue: Singapore Expo Hall 6
Date: 22 Oct 2011 - 30 Oct 2011
Time: 12 noon to 10pm
Luxury Handbag Sale
Date: 22 Oct 2011 - 22 Oct 2011
Venue: Singapore Expo Conference Hall G, H, J
Time: 11am to 7pm

Disclaimer
The contents providing on this post are just for information purpose only. I am not affiliated with any sales or promotion companies above. The information could be from unreliable sources, incomplete, inaccurate and changed or altered anytime without notice. I will not be responsible on any lost or damages happen to you concerning above information All logos, posters and graphical contents are copyright of their respective owners and I do not own any.
Thursday, October 20, 2011
Christine Chubbuck - တိုက်ရိုက်ရုပ်သံလွှင့်ရင်း မိမိကိုယ်ကို သတ်သေသူ
၁၉၇၄ ဇူလိုင်လ ၁၅ရက်နေ့ Sarasota, Florida က WXLT-TV 40 (ယခု ABC Channel 7) ရဲ့ မနက်ပိုင်း ၉း၃၀မှာ ပုံမှန်ထုတ်လွှင့်နေကျ နာရီဝက်ကြာ စကားပြော ဆွေးနွေးခန်း "Suncoast Digest" အစီအစဉ် ကြည့်ရှုဖို့ ဒီအစီအစဉ်ကို စိတ်ဝင်စားတဲ့ တီဗွီပရိသတ်တွေဟာ ခါတိုင်းနေ့လိုပဲ တီဗွီရှေ့မှာ ထိုင်ပြီး အစီအစဉ်ကို စောင့်မျှော်နေကြပါတယ်။ ဒီအစီအစဉ်ကို ပုံမှန် တင်ဆက်ပေးနေတဲ့သူကတော့ အသက် ၂၉နှစ် အရွယ် တီဗွီသတင်းတင်ဆက်သူ Christine Chubbuck ဆိုတဲ့ အမျိုးသမီးလေးပါ။ ကိုးနာရီခွဲမှာ အဲဒီနေ့အတွက် ထုံးစံအတိုင်း အစီအစဉ် စတင်တော့ အစီအစဉ်အပြောင်းအလဲလေး ဖြစ်နေတာကြောင့် ပရိသတ်တွေ အနည်းငယ် အံ့သြပြီး တွေဝေသွားပါတယ်။ အဲဒါကတော့ ခရစ်စတင်း ဟာ ပုံမှန် စကားဝိုင်း ကုလားထိုင်မှာ ထိုင်မနေဘဲနဲ့ သတင်းကြော်ငြာတဲ့ စားပွဲကို ရောက်ကာ သတင်းတွေ စတင်ကြေငြာဖို့ လုပ်နေတာပါ။ ဆက်ပြီး ခရစ်စတင်းဟာ ဌါနေသတင်းသုံးခုလောက်ကို ကြေငြာပြီး၊ နောက်ထပ်သတင်းပုဒ် အနေနဲ့ စားသောက်ဆိုင်တစ်ခုက ပစ်ခတ်မှုဖြစ်တဲ့အကြောင်း ကြေငြာပါတယ်။ အဲဒီနောက် ပစ်ခတ်မှု ဗွီဒီယိုကို ပြမယ်လို့ ခရစ်စတင်းက ပြောပါတယ်... ဒါပေမယ့် အဲဒီအချိန် ဖလင်ဂျမ်းဖြစ်သွားတဲ့ ဗွီဒီယို မပြသနိုင်တော့ဘဲ ခရစ်စတင်းကပဲ ဆက်ပြီးတော့ သတင်းကြေငြာပါတယ်။ ဒါပေမယ့် အဲဒီမှာ သူမ ဆက်ပြောလိုက်တဲ့ စကားတွေက ပရိသတ်ကို ပိုပြီး ထူးဆန်းစရာ ဖြစ်သွားပါတယ်။ သူမပြောလိုက်တာက
"In keeping with Channel 40's policy of bringing you the latest in blood and guts, and in living color, you are going to see another first—attempted suicide."
"ချန်နယ် ၄၀ရဲ့ ထုံးစံအတိုင်း နောက်ဆုံးရတွေကို ထိတ်လန့်ဖွယ်ရာ သရုပ်မှန်စွာ တင်ဆက်ပေးမည် ဖြစ်သည့်အတွက်, ယခုဆက်လက်ပြီး နောက်ထပ် ပထမဆုံးအကြိမ် ကိုယ့်ကိုယ်ကိုသတ်သေဖို့ ကြံစည်ကြိုးစားမှုတစ်ခုကို မြင်တွေ့ ရပါတော့မယ်"
ထိုသို့ ပြောပြီးနောက် ခရစ်စတင်းဟာ စားပွဲအောက်က ခြောက်လုံးပြူးသေနတ်ကို ဆွဲထုတ်ပြီး သူမရဲ့ ညာဘက် 'နား' ရဲ့ အနောက်ကနေ ကိုယ့်ခေါင်းကို ပစ်ထည့်လိုက်ပါတော့တယ်...
ရုတ်တရက် ကင်မရာမန်းတွေ၊ ရိုက်ကူးရေး တာဝန်ခံတွေ၊ သူမနဲ့ စကားပြောခန်းတင်ဆက်ဖို့ ရောက်ရှိနေကြတဲ့ ဧည့်သည်တွေဟာ ဒါတကယ်ဖြစ်နေတာလား၊ တမင်ထွင်လုံးလားဆိုတာ ဝေခွဲလို့ ချက်ချင်းမရခဲ့ပါဘူး။ ခရစ်စတင်းကတော့ ခုံပေါ်မှာ မျက်နှာမှောက်လျက် သွေးအိုင်ထဲရောက်နေပါပြီး... အားလုံး သတိပြန်လည်တဲ့အချိန် ဒါတကယ်ဖြစ်နေတာပါဆိုတာ သတိရကြတဲ့အချိန်မှာ ကင်မရာမန်းက ကင်မရာကို ချက်ချင်းပိတ် ထုတ်လုပ်ရေး တာဝန်ခံတွေက အစီအစဉ်ကို ချက်ချင်းရပ်ပြီး ရုပ်ရှင်တစ်ကား အမြန်အစားထိုး ပြန်လွှင့်လိုက်ပါတယ်။ အဲဒီအချိန် အစီအစဉ်ကို ကြည့်နေတဲ့ ပရိတ်သတ်တစ်ချို့က ရုံးခန်းကို ဖုန်းခေါ်ပြီး တကယ်ဟုတ်မဟုတ် စုံးစမ်း၊ တစ်ချို့က ရဲစခန်းကို တိုက်ရိုက် ဖုန်းခေါ်ကြပါတယ်။
အဲဒီမှာ သတင်း ရိုက်ကူးရေး ဒါရိုက်တာ မိုက်ခ် (Mike Simmons) က သွေးတွေပေနေတဲ့ ခရစ်စတင်း လက်ထဲက သတင်းစာရွက်ကို ယူကြည့်လိုက်တဲ့အခါမှာ ခရစ်စတင်းကိုယ်တိုင် အောက်ပိုင်းအတိုင်း ရေးထားတာကို တွေ့လိုက်ရပါတယ်။
'TV 40 news personality Christine Chubbuck shot herself in a live broadcast this morning on a Channel 40 talk program. She was rushed to Sarasota Memorial Hospital, where she remains in critical condition.'
"တီဗွီ ၄၀ရဲ့ သတင်း ကြော်ငြာသူ 'ခရစ်စတင်း ချပ်ဘတ်ခ်' ဟာ တိုက်ရိုက်ထုတ်လွှင့်နေတဲ့ ချန်နယ် ၄၀ရဲ့ စကားပြောခန်း အစီအစဉ်အတွင်း သူမကိုယ်ကို သူမ ပစ်ပြီး သေကြောင်းကြံလိုက်ကြောင်း အခု သူမကို 'ဆာရာဆိုတာ အောက်မေ့ဖွယ်ရာ ဆေးရုံ' ဆီကို အမြန်သယ်ဆောင် သွားကြပြီး၊ သူမဟာ စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေပါတယ်"
ဆိုပြီး သူမနေရာကို ၀င်ယူပြီး သတင်းကြောငြာမယ့်သူအတွက် သူမတခါတည်း သတင်းတစ်ပုဒ် ကြိုတင်ရေးထားခဲ့တာတွေ့ရပါတယ်။
ခရစ်စတင်း ချပ်ဘတ်ခ် (Christine Chubbuck)
သူမဟာ ၀ါသနာပါတဲ့ တီဗွီထုတ်လွှင့်တဲ့ အလုပ်ကို ကြိုးစားလုပ်တတ်ပြီး ဘ၀ကိုရိုးရှင်းစွာ ဖြတ်သန်းနေတဲ့ သာမန် မိန်းကလေးတစ်ယောက်ပါ။ သြဂုတ်လ ၂၄ရက်နေ့ ၁၉၄၄ခုနှစ် ဟတ်ဆန်၊ အိုဟိုင်းယိုး (Hudson, Ohio)မှာ မွေးဖွားခဲ့ပြီး အောက်စဖိုစ့်၊ အိုဟိုင်ယိုးက မီယာမီ တက္ကသိုလ်၊ ဘတ်ဗာလီ၊ မတ်ဆာချူးဆက် က အန်ဒီကော့ ကောလိပ်တွေမှာ တက်ခဲ့ပြီး နောက်ဆုံး ဘော့စတွန် တက္ကသိုလ်မှာ ရုပ်သံ ထုတ်လွှင့်မှု ဆိုင်ရာ ဘာသာရပ်နဲ့ ၁၉၆၅မှာ ဘွဲ့ရခဲ့ပါတယ်။
ခရစ်စတင်းတို့ မိဘတွေဟာ ကွဲနေကြပြီး ယခုဖြစ်ရပ်မတိုင်ခင်နှစ်များမှာ ဖလော်ရီဒါက သူမ အမေနဲ့ မောင်နှမများနဲ့ အတူ ပြောင်းရွှေ့နေထိုင်ခဲ့ပါတယ်။ သူမဟာ မိသားစုနဲ့ နွေးထွေးတဲ့ ဆက်ဆံရေးရှိပြီး သူမ အမေနဲ့ မောင်ငယ် ဂရက်(Greg)တို့ဟာ သူမရဲ့ အရင်းနှီးဆုံး သူငယ်ချင်းတွေ ဖြစ်တယ်လို့ ဆိုပါတယ်။
သူမ လက်ရှိ အလုပ်လုပ်နေတဲ့ WXLT-TV 40 မှာ အလုပ်မ၀င်ခင် လေးနှစ်ခန့် တခြားနေရာတွေမှာ ရုပ်သံထုတ်လွှင့်မှုနဲ့ ပက်သက်တဲ့ အလုပ်တွေ လုပ်နေခဲ့ပါတယ်။ WXLT-TV ရဲ့ ပိုင်ရှင် ဘော့နဲလ်ဆင် ဟာ ခရစ်စတင်းကို စစချင်း သတင်းတင်ဆက်သူ တစ်ယောက် အနေနဲ့ပဲ ခန့်ခဲ့ပြီး နောက်တော့ သူမရဲ့ လုပ်ရည်ကိုင်ရည်ကြောင့် "Suncoast Digest" ဆိုတဲ့ စကားပြောဆွေးနွေးခန်းလေးကို သူမအတွက် ပြုလုပ်ပေးခဲ့ပါတယ်။ ဒီစကားပြောခန်းရဲ့ ရည်ရွယ်ချက်က ဌါနေရှိလူများအကြောင်း၊ အစည်းအရုံးများ အကြောင်း၊ အရက်၊ မူးယစ်ဆေး ကာကွယ်တာဆီးရေး အကြောင်းတွေ တင်ဆက်ဖို့ ဖြစ်ပါတယ်။ ခရစ်စတင်း ဟာ ဒီအစီအစဉ်ကို ကိုယ်တိုင်နှစ်သက်ပြီး သေချာစွာ လုပ်ကိုင်နေတတ်သူတစ်ယောက်ပါ။
ဒါပေမယ့် ဒီအရာတွေ အားလုံးထဲမှာမှ သူမ မိသားစုကလွဲပြီး လူတိုင်း သတိမထားမိတဲ့ အားနည်းချက်တစ်ခု ခရစ်စတင်းမှာ ရှိနေခဲ့ပါတယ်။ အဲဒါကတော့ သူမရဲ့ လူမှုဆက်ဆံရေး၊ အချစ်ရေးနဲ့ ပက်သက်ပြီး ခရစ်စတင်း တစ်ယောက် စိတ်ဓါတ်ကျတဲ့ ရောဂါခံစားနေရတဲ့ အကြောင်းပါပဲ။ ဒီအကြောင်းကို သူမ အမေက ကောင်းစွာသိပေမယ့် သူမအလုပ်ကို ထိခိုက်မှာ စိုးလို့ ဘယ်သူ့ကိုမှ မပြောပြဖြစ်ခဲ့ပါဘူး။ ယခုဖြစ်မတိုင်မီ ရက်သတ္တပတ်ပေါင်းများစွာ စိတ်ရောဂါကု ဆရာဝန်နဲ့ ပြသနေခဲ့ဖူးတယ်လို့ သူမ မိခင်က နောက်ပိုင်းမှာ ပြန်ပြောပြပါတယ်။ သူမ လုပ်ကိုင်ဖော်ဖက်တွေကို သူမဟာ အသက်သုံးဆယ်ပြည့်မွေးနေ့ကို ကျော်ဖြတ်ခါနီး ဖြစ်ပေမယ့် ယောက်ျားလေးနှစ်ယောက်ထက် ပိုမတွဲဖူးဘဲ အခုချိန်ထိ အပျိုစင်ဖြစ်နေတုန်းပဲ လို့ ပြောပြတတ်ပါတယ်။ သူမရဲ့ မောင်က သူမ သူတို့ဆီ ပြောင်းမလာခင်က ယောက်ျားလေးတစ်ယောက်နဲ့ တွဲနေပေမယ့် ဘာလို့မှန်းမသိဘဲ အဆင်မပြေဖြစ်ခဲ့တယ် ဆိုပါတယ်။ သူမလုပ်ကိုင်ဖော်ဖက်တွေ သူမကို အရမ်းခင်ခင်မင်မင် ဆက်ဆံလာခဲ့ရင် သူမဟာ ဆိုးရွားစွာ ပြန်တုံ့ပြန်တတ်ပြီး၊ သူမကို ချီးမွန်းတာကိုလဲ လုံးဝမခံဘဲ အမြဲတမ်းလိုလို သူမကိုယ် သူမ အပြစ်တင်ပြောဆိုနေတတ်တယ်လို့လဲ သူမ အလုပ်ဖော်တွေက ဆိုပါတယ်။
အဲလိုကြားထဲမှာမှ သူမရဲ့ စိတ်ကျရောဂါကို ပိုပြီး အဆိုးရွားဆုံး အခြေအနေ ရောက်ရှိစေခဲ့တဲ့ အဖြစ်အပျက်တစ်ခု ဖြစ်ခဲ့ပါတယ်။ အဲဒါကတော့ သူမ တဖက်သတ် သဘောကျနေတဲ့ သူမ အလုပ်ဖော် ရွိင်ယန်ရဲ့ မွေးနေ့အတွက် ကိတ်မုန့်လေးဖုတ်ပြီး သူရဲ့ ဂရုစိုက်မှုကို ရဖို့ ကြိုစားခဲ့ချိန်မှာ ရွိင်ယန်ဟာ သူမရဲ့ သူငယ်ချင်း အားကစားသတင်းထုတ်လွှင့်သူ 'ကဒ်ဘီ' နဲ့ ဇတ်လမ်းဖြစ်နေပြီး ဆိုတာ တဆက်တည်း သဘောပေါက်လိုက်တဲ့ အချိန်ပါပဲ....
ခရစ်စတင်းဟာ သူမကိုယ်ကို မကြံစည်မီ သုံးပတ်အလိုခန့်က သူမရုံးက သတင်းများဆိုင်ရာ ဒါရိုက်တာကို ကိုယ့်ကိုယ်ကို သတ်သေမှုနဲ့ ပက်သက်ပြီး သတင်း အပိုင်းအစလေးတစ်ခု ပြုလုပ်ချင်ကြောင်း အဆိုပြုခဲ့ရာမှာ ဒါရိုက်တာက ဒါကို အတည်ပြုပေးခဲ့ပါတယ်။ အဲဒါနဲ့ သူမဟာ ပထမဆုံး ဌါနေ ရဲစခန်းကို သွားပြီး ရဲအရာရှိတွေကို ကိုယ့်ကိုယ်ကို သတ်သေတဲ့ အကောင်းဆုံးနဲ့ အထိရောက်ဆုံး နည်းလမ်းတွေကို သတင်းပြုလုပ်ဖို့အတွက် ပြောပြီး မေးမြန်းခဲ့ပါတယ်။ အဲဒီမှာ ရဲ အရာရှိတစ်ယောက် ၃၅မမ ခြောက်လုံးပြူးနဲ့ သေနတ်ပစ်ပြိုင်ပွဲနဲ့ သေနတ်ပစ်သင်တန်းတွေမှာ သုံးတဲ့ ထိပ်ပြားကျည်ဆံကို သုံးပြီး နားထင်ကို မဟုတ်ပဲ နားရဲ့အနောက်ဖက် အခြမ်းကို ပစ်တာဟာ အကောင်းဆုံး နည်းလမ်းလို့ ပြောပြခဲ့ပါတယ်။ (ကျေးဇူးပြု၍ ကိုယ်တိုင် မစမ်းသပ်ပါနှင့်) အဲဒီနောက် သူမဟာ အဲဒီ သေနတ်ကို ၀ယ်ခဲ့ပြီး သူမ အလုပ်ဖော် သတင်း အယ်ဒီတာ စမစ်ကို သေနတ် ၀ယ်တဲ့အကြောင်း ပြောပြရင်း တိုက်ရိုက်ရုပ်သံလွှင့်နေချိန်မှာ ကိုယ့်ကိုယ်ကို ပစ်မယ်လို့ စနောက်ခဲ့ပါသေးတယ်။ ဒါဟာ နောက်လို့ကောင်းတဲ့ အရာမဟုတ်ဘူး သူမကိုပြန်ပြောခဲ့ကြောင်း .. နောက်ပိုင်းမှာ စမစ်က ပြန်ပြောပြခဲ့ပါတယ်။
ကြံစည်မှု ပြီးပြီးချင်း ခရစ်စတင်းကို သူမရဲ့ ကြိုတင်ရေးထားတဲ့ သတင်းစာရွက်ထဲကအတိုင်း 'ဆာရာဆိုတာ အောက်မေ့ဖွယ်ရာ ဆေးရုံ' ကို ပို့ဆောင်ခဲ့ပြီး နောက် ၁၄နာရီအကြာမှာ သူမချစ်တဲ့ မိသားစုနဲ့ ရုပ်သံလွှင့်တဲ့ အလုပ်တွေကို ခရစ်စတင်းတစ်ယောက် အပြီးအပိုင် စွန့်ခွာသွားခဲ့ပါတယ်။ သူမ ဆုံးပြီးတဲ့နောက် ရုပ်သံလွှင့်ရုံက ၀န်ထမ်းများဟာ သူမရေးထားတဲ့ သတင်းအတိုင်းပဲ တခြားသော ရုပ်သံလိုင်းတွေကို သတင်းထုတ်ပြန်ပေးခဲ့ပါတယ်။
သူမရဲ့ ကြံစည်မှုကို မှတ်တမ်းတင်လိုက်မိတဲ့ တိတ်ခွေကို မထုတ်လွှင့်၊ မဖြန့်ဖို့ သူမ မိသားစုက တရားရုံးကနေတဆင့် တရားဝင် တားမြစ်မိန့်ထုတ်ခဲ့ပြီး ရဲက တိတ်ခွေကို သိမ်းဆည်းခဲ့ပါတယ်။ အခုချိန်မှာတော့ တိတ်ခွေဟာ ရဲတွေလက်ထဲမှာပဲ ရှိနေသေးလား၊ သူမ မိသားစုဆီကိုပဲ ပြန်အပ်လိုက်သလားဆိုတာ ဘယ်သူမှ အတိအကျ မသိရပါဘူး....
သူမအကြောင်းဟာ လုံးဝတိမ်မြုပ်နေခဲ့ပြီး .. သူမ မိသားစုကလည်း ဒီအကြောင်းတွေကို မီဒီယာတွေကို လုံးဝပြန်အစဖော်မခံခဲ့ဘဲ... ၂၀၀၇ခုနှစ်ကျမှ သူမရဲ့ မောင် 'ဂရက်' က E! Entertainment ရဲ့ လောကဓံကို ခံခဲ့ကြရတဲ့ နာမည်ကြီးသူတွေ အကြောင်း ပြသတဲ့ မှတ်တမ်းရုပ်ရှင် Boulevard of Broken Dreams TV series မှာ သူမ အကြောင်းကို ပြန်အစဖော် ပြောပြခဲ့ကြောင်း...
ကမ္ဘာပေါ်မှာ ပထမဆုံး အထူးခြားဆုံး အဖြစ် မှတ်တမ်းတင်ခံရတဲ့ တိုက်ရိုက် ရုပ်သံလွှင့်ရင်း မိမိကိုယ်ကိုယ် သတ်သေမှု ကြံစည်ခဲ့သူ Christine Chubbuck အကြောင်းကို တင်ပြလိုက်ရပါတယ် ခင်ဗျာ...
Ref:
http://en.wikipedia.org/wiki/Christine_Chubbuck
http://news.google.com/newspapers?id=mT0gAAAAIBAJ&sjid=5mYEAAAAIBAJ&dq=christine%20chubbuck&pg=3508%2C10156
"In keeping with Channel 40's policy of bringing you the latest in blood and guts, and in living color, you are going to see another first—attempted suicide."
"ချန်နယ် ၄၀ရဲ့ ထုံးစံအတိုင်း နောက်ဆုံးရတွေကို ထိတ်လန့်ဖွယ်ရာ သရုပ်မှန်စွာ တင်ဆက်ပေးမည် ဖြစ်သည့်အတွက်, ယခုဆက်လက်ပြီး နောက်ထပ် ပထမဆုံးအကြိမ် ကိုယ့်ကိုယ်ကိုသတ်သေဖို့ ကြံစည်ကြိုးစားမှုတစ်ခုကို မြင်တွေ့ ရပါတော့မယ်"
ထိုသို့ ပြောပြီးနောက် ခရစ်စတင်းဟာ စားပွဲအောက်က ခြောက်လုံးပြူးသေနတ်ကို ဆွဲထုတ်ပြီး သူမရဲ့ ညာဘက် 'နား' ရဲ့ အနောက်ကနေ ကိုယ့်ခေါင်းကို ပစ်ထည့်လိုက်ပါတော့တယ်...
ရုတ်တရက် ကင်မရာမန်းတွေ၊ ရိုက်ကူးရေး တာဝန်ခံတွေ၊ သူမနဲ့ စကားပြောခန်းတင်ဆက်ဖို့ ရောက်ရှိနေကြတဲ့ ဧည့်သည်တွေဟာ ဒါတကယ်ဖြစ်နေတာလား၊ တမင်ထွင်လုံးလားဆိုတာ ဝေခွဲလို့ ချက်ချင်းမရခဲ့ပါဘူး။ ခရစ်စတင်းကတော့ ခုံပေါ်မှာ မျက်နှာမှောက်လျက် သွေးအိုင်ထဲရောက်နေပါပြီး... အားလုံး သတိပြန်လည်တဲ့အချိန် ဒါတကယ်ဖြစ်နေတာပါဆိုတာ သတိရကြတဲ့အချိန်မှာ ကင်မရာမန်းက ကင်မရာကို ချက်ချင်းပိတ် ထုတ်လုပ်ရေး တာဝန်ခံတွေက အစီအစဉ်ကို ချက်ချင်းရပ်ပြီး ရုပ်ရှင်တစ်ကား အမြန်အစားထိုး ပြန်လွှင့်လိုက်ပါတယ်။ အဲဒီအချိန် အစီအစဉ်ကို ကြည့်နေတဲ့ ပရိတ်သတ်တစ်ချို့က ရုံးခန်းကို ဖုန်းခေါ်ပြီး တကယ်ဟုတ်မဟုတ် စုံးစမ်း၊ တစ်ချို့က ရဲစခန်းကို တိုက်ရိုက် ဖုန်းခေါ်ကြပါတယ်။
အဲဒီမှာ သတင်း ရိုက်ကူးရေး ဒါရိုက်တာ မိုက်ခ် (Mike Simmons) က သွေးတွေပေနေတဲ့ ခရစ်စတင်း လက်ထဲက သတင်းစာရွက်ကို ယူကြည့်လိုက်တဲ့အခါမှာ ခရစ်စတင်းကိုယ်တိုင် အောက်ပိုင်းအတိုင်း ရေးထားတာကို တွေ့လိုက်ရပါတယ်။
'TV 40 news personality Christine Chubbuck shot herself in a live broadcast this morning on a Channel 40 talk program. She was rushed to Sarasota Memorial Hospital, where she remains in critical condition.'
"တီဗွီ ၄၀ရဲ့ သတင်း ကြော်ငြာသူ 'ခရစ်စတင်း ချပ်ဘတ်ခ်' ဟာ တိုက်ရိုက်ထုတ်လွှင့်နေတဲ့ ချန်နယ် ၄၀ရဲ့ စကားပြောခန်း အစီအစဉ်အတွင်း သူမကိုယ်ကို သူမ ပစ်ပြီး သေကြောင်းကြံလိုက်ကြောင်း အခု သူမကို 'ဆာရာဆိုတာ အောက်မေ့ဖွယ်ရာ ဆေးရုံ' ဆီကို အမြန်သယ်ဆောင် သွားကြပြီး၊ သူမဟာ စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေပါတယ်"
ဆိုပြီး သူမနေရာကို ၀င်ယူပြီး သတင်းကြောငြာမယ့်သူအတွက် သူမတခါတည်း သတင်းတစ်ပုဒ် ကြိုတင်ရေးထားခဲ့တာတွေ့ရပါတယ်။
ခရစ်စတင်း ချပ်ဘတ်ခ် (Christine Chubbuck)
(Christine Chubbuck)
ခရစ်စတင်းတို့ မိဘတွေဟာ ကွဲနေကြပြီး ယခုဖြစ်ရပ်မတိုင်ခင်နှစ်များမှာ ဖလော်ရီဒါက သူမ အမေနဲ့ မောင်နှမများနဲ့ အတူ ပြောင်းရွှေ့နေထိုင်ခဲ့ပါတယ်။ သူမဟာ မိသားစုနဲ့ နွေးထွေးတဲ့ ဆက်ဆံရေးရှိပြီး သူမ အမေနဲ့ မောင်ငယ် ဂရက်(Greg)တို့ဟာ သူမရဲ့ အရင်းနှီးဆုံး သူငယ်ချင်းတွေ ဖြစ်တယ်လို့ ဆိုပါတယ်။
သူမ လက်ရှိ အလုပ်လုပ်နေတဲ့ WXLT-TV 40 မှာ အလုပ်မ၀င်ခင် လေးနှစ်ခန့် တခြားနေရာတွေမှာ ရုပ်သံထုတ်လွှင့်မှုနဲ့ ပက်သက်တဲ့ အလုပ်တွေ လုပ်နေခဲ့ပါတယ်။ WXLT-TV ရဲ့ ပိုင်ရှင် ဘော့နဲလ်ဆင် ဟာ ခရစ်စတင်းကို စစချင်း သတင်းတင်ဆက်သူ တစ်ယောက် အနေနဲ့ပဲ ခန့်ခဲ့ပြီး နောက်တော့ သူမရဲ့ လုပ်ရည်ကိုင်ရည်ကြောင့် "Suncoast Digest" ဆိုတဲ့ စကားပြောဆွေးနွေးခန်းလေးကို သူမအတွက် ပြုလုပ်ပေးခဲ့ပါတယ်။ ဒီစကားပြောခန်းရဲ့ ရည်ရွယ်ချက်က ဌါနေရှိလူများအကြောင်း၊ အစည်းအရုံးများ အကြောင်း၊ အရက်၊ မူးယစ်ဆေး ကာကွယ်တာဆီးရေး အကြောင်းတွေ တင်ဆက်ဖို့ ဖြစ်ပါတယ်။ ခရစ်စတင်း ဟာ ဒီအစီအစဉ်ကို ကိုယ်တိုင်နှစ်သက်ပြီး သေချာစွာ လုပ်ကိုင်နေတတ်သူတစ်ယောက်ပါ။
ဒါပေမယ့် ဒီအရာတွေ အားလုံးထဲမှာမှ သူမ မိသားစုကလွဲပြီး လူတိုင်း သတိမထားမိတဲ့ အားနည်းချက်တစ်ခု ခရစ်စတင်းမှာ ရှိနေခဲ့ပါတယ်။ အဲဒါကတော့ သူမရဲ့ လူမှုဆက်ဆံရေး၊ အချစ်ရေးနဲ့ ပက်သက်ပြီး ခရစ်စတင်း တစ်ယောက် စိတ်ဓါတ်ကျတဲ့ ရောဂါခံစားနေရတဲ့ အကြောင်းပါပဲ။ ဒီအကြောင်းကို သူမ အမေက ကောင်းစွာသိပေမယ့် သူမအလုပ်ကို ထိခိုက်မှာ စိုးလို့ ဘယ်သူ့ကိုမှ မပြောပြဖြစ်ခဲ့ပါဘူး။ ယခုဖြစ်မတိုင်မီ ရက်သတ္တပတ်ပေါင်းများစွာ စိတ်ရောဂါကု ဆရာဝန်နဲ့ ပြသနေခဲ့ဖူးတယ်လို့ သူမ မိခင်က နောက်ပိုင်းမှာ ပြန်ပြောပြပါတယ်။ သူမ လုပ်ကိုင်ဖော်ဖက်တွေကို သူမဟာ အသက်သုံးဆယ်ပြည့်မွေးနေ့ကို ကျော်ဖြတ်ခါနီး ဖြစ်ပေမယ့် ယောက်ျားလေးနှစ်ယောက်ထက် ပိုမတွဲဖူးဘဲ အခုချိန်ထိ အပျိုစင်ဖြစ်နေတုန်းပဲ လို့ ပြောပြတတ်ပါတယ်။ သူမရဲ့ မောင်က သူမ သူတို့ဆီ ပြောင်းမလာခင်က ယောက်ျားလေးတစ်ယောက်နဲ့ တွဲနေပေမယ့် ဘာလို့မှန်းမသိဘဲ အဆင်မပြေဖြစ်ခဲ့တယ် ဆိုပါတယ်။ သူမလုပ်ကိုင်ဖော်ဖက်တွေ သူမကို အရမ်းခင်ခင်မင်မင် ဆက်ဆံလာခဲ့ရင် သူမဟာ ဆိုးရွားစွာ ပြန်တုံ့ပြန်တတ်ပြီး၊ သူမကို ချီးမွန်းတာကိုလဲ လုံးဝမခံဘဲ အမြဲတမ်းလိုလို သူမကိုယ် သူမ အပြစ်တင်ပြောဆိုနေတတ်တယ်လို့လဲ သူမ အလုပ်ဖော်တွေက ဆိုပါတယ်။
အဲလိုကြားထဲမှာမှ သူမရဲ့ စိတ်ကျရောဂါကို ပိုပြီး အဆိုးရွားဆုံး အခြေအနေ ရောက်ရှိစေခဲ့တဲ့ အဖြစ်အပျက်တစ်ခု ဖြစ်ခဲ့ပါတယ်။ အဲဒါကတော့ သူမ တဖက်သတ် သဘောကျနေတဲ့ သူမ အလုပ်ဖော် ရွိင်ယန်ရဲ့ မွေးနေ့အတွက် ကိတ်မုန့်လေးဖုတ်ပြီး သူရဲ့ ဂရုစိုက်မှုကို ရဖို့ ကြိုစားခဲ့ချိန်မှာ ရွိင်ယန်ဟာ သူမရဲ့ သူငယ်ချင်း အားကစားသတင်းထုတ်လွှင့်သူ 'ကဒ်ဘီ' နဲ့ ဇတ်လမ်းဖြစ်နေပြီး ဆိုတာ တဆက်တည်း သဘောပေါက်လိုက်တဲ့ အချိန်ပါပဲ....
ခရစ်စတင်းဟာ သူမကိုယ်ကို မကြံစည်မီ သုံးပတ်အလိုခန့်က သူမရုံးက သတင်းများဆိုင်ရာ ဒါရိုက်တာကို ကိုယ့်ကိုယ်ကို သတ်သေမှုနဲ့ ပက်သက်ပြီး သတင်း အပိုင်းအစလေးတစ်ခု ပြုလုပ်ချင်ကြောင်း အဆိုပြုခဲ့ရာမှာ ဒါရိုက်တာက ဒါကို အတည်ပြုပေးခဲ့ပါတယ်။ အဲဒါနဲ့ သူမဟာ ပထမဆုံး ဌါနေ ရဲစခန်းကို သွားပြီး ရဲအရာရှိတွေကို ကိုယ့်ကိုယ်ကို သတ်သေတဲ့ အကောင်းဆုံးနဲ့ အထိရောက်ဆုံး နည်းလမ်းတွေကို သတင်းပြုလုပ်ဖို့အတွက် ပြောပြီး မေးမြန်းခဲ့ပါတယ်။ အဲဒီမှာ ရဲ အရာရှိတစ်ယောက် ၃၅မမ ခြောက်လုံးပြူးနဲ့ သေနတ်ပစ်ပြိုင်ပွဲနဲ့ သေနတ်ပစ်သင်တန်းတွေမှာ သုံးတဲ့ ထိပ်ပြားကျည်ဆံကို သုံးပြီး နားထင်ကို မဟုတ်ပဲ နားရဲ့အနောက်ဖက် အခြမ်းကို ပစ်တာဟာ အကောင်းဆုံး နည်းလမ်းလို့ ပြောပြခဲ့ပါတယ်။ (ကျေးဇူးပြု၍ ကိုယ်တိုင် မစမ်းသပ်ပါနှင့်) အဲဒီနောက် သူမဟာ အဲဒီ သေနတ်ကို ၀ယ်ခဲ့ပြီး သူမ အလုပ်ဖော် သတင်း အယ်ဒီတာ စမစ်ကို သေနတ် ၀ယ်တဲ့အကြောင်း ပြောပြရင်း တိုက်ရိုက်ရုပ်သံလွှင့်နေချိန်မှာ ကိုယ့်ကိုယ်ကို ပစ်မယ်လို့ စနောက်ခဲ့ပါသေးတယ်။ ဒါဟာ နောက်လို့ကောင်းတဲ့ အရာမဟုတ်ဘူး သူမကိုပြန်ပြောခဲ့ကြောင်း .. နောက်ပိုင်းမှာ စမစ်က ပြန်ပြောပြခဲ့ပါတယ်။
ကြံစည်မှု ပြီးပြီးချင်း ခရစ်စတင်းကို သူမရဲ့ ကြိုတင်ရေးထားတဲ့ သတင်းစာရွက်ထဲကအတိုင်း 'ဆာရာဆိုတာ အောက်မေ့ဖွယ်ရာ ဆေးရုံ' ကို ပို့ဆောင်ခဲ့ပြီး နောက် ၁၄နာရီအကြာမှာ သူမချစ်တဲ့ မိသားစုနဲ့ ရုပ်သံလွှင့်တဲ့ အလုပ်တွေကို ခရစ်စတင်းတစ်ယောက် အပြီးအပိုင် စွန့်ခွာသွားခဲ့ပါတယ်။ သူမ ဆုံးပြီးတဲ့နောက် ရုပ်သံလွှင့်ရုံက ၀န်ထမ်းများဟာ သူမရေးထားတဲ့ သတင်းအတိုင်းပဲ တခြားသော ရုပ်သံလိုင်းတွေကို သတင်းထုတ်ပြန်ပေးခဲ့ပါတယ်။
သူမရဲ့ ကြံစည်မှုကို မှတ်တမ်းတင်လိုက်မိတဲ့ တိတ်ခွေကို မထုတ်လွှင့်၊ မဖြန့်ဖို့ သူမ မိသားစုက တရားရုံးကနေတဆင့် တရားဝင် တားမြစ်မိန့်ထုတ်ခဲ့ပြီး ရဲက တိတ်ခွေကို သိမ်းဆည်းခဲ့ပါတယ်။ အခုချိန်မှာတော့ တိတ်ခွေဟာ ရဲတွေလက်ထဲမှာပဲ ရှိနေသေးလား၊ သူမ မိသားစုဆီကိုပဲ ပြန်အပ်လိုက်သလားဆိုတာ ဘယ်သူမှ အတိအကျ မသိရပါဘူး....
သူမအကြောင်းဟာ လုံးဝတိမ်မြုပ်နေခဲ့ပြီး .. သူမ မိသားစုကလည်း ဒီအကြောင်းတွေကို မီဒီယာတွေကို လုံးဝပြန်အစဖော်မခံခဲ့ဘဲ... ၂၀၀၇ခုနှစ်ကျမှ သူမရဲ့ မောင် 'ဂရက်' က E! Entertainment ရဲ့ လောကဓံကို ခံခဲ့ကြရတဲ့ နာမည်ကြီးသူတွေ အကြောင်း ပြသတဲ့ မှတ်တမ်းရုပ်ရှင် Boulevard of Broken Dreams TV series မှာ သူမ အကြောင်းကို ပြန်အစဖော် ပြောပြခဲ့ကြောင်း...
ကမ္ဘာပေါ်မှာ ပထမဆုံး အထူးခြားဆုံး အဖြစ် မှတ်တမ်းတင်ခံရတဲ့ တိုက်ရိုက် ရုပ်သံလွှင့်ရင်း မိမိကိုယ်ကိုယ် သတ်သေမှု ကြံစည်ခဲ့သူ Christine Chubbuck အကြောင်းကို တင်ပြလိုက်ရပါတယ် ခင်ဗျာ...
Ref:
http://en.wikipedia.org/wiki/Christine_Chubbuck
http://news.google.com/newspapers?id=mT0gAAAAIBAJ&sjid=5mYEAAAAIBAJ&dq=christine%20chubbuck&pg=3508%2C10156
Subscribe to:
Posts (Atom)