Saturday, August 20, 2011

ဒါတွေကို သင်သိရဲ့လား - ၁



တချို့ တီကောင် မျိုးစိတ်တွေဟာ နှလုံး ၁၀လုံးခန့်ထိ ရှိတယ်


ပုရွက်ဆိတ်တွေဟာ အစားစာတွေကို ၀ါးမစားနိုင်ပါဘူးတဲ့… အစာထဲကအရည်တွေ ထုတ်နိုင်ဖို့
သူတိုရဲ့ မေးရိုးနှစ်ဖက်ကိုကတ်ကြေးလို ဘေးတိုက်ညှပ်ပြီး ထုတ်ယူရပါတယ်

ပုစွန်ဆိတ်တွေရဲ့ နှလုံးဟာ သူတို့ရဲ့ ခေါင်းထဲမှာ ရှိတယ်

ရေဘ၀ဲမှာ နှလုံး ၃ခုတောင် ရှိတယ်

ပိုးဟပ်ဟာ ခေါင်းမရှိဘဲနဲ့ အပတ်ပေါင်းများစွာ အသက်ရှင်နိုင်နေသေးတယ်
(ခေါင်းမပါပဲ အချိန်တော်ကြာ အသက်ရှင်နိုင်တဲ့ ကြက် တော့ ရှိခဲ့ဖူးတယ်နော်)

ပျားတကောင်မှာ တောင်ပံလေးခု ရှိတယ်

ခြင်အမပဲ လူကိုကိုက်တယ်။ ခြင်အထီးက မကိုက်တတ်ပါဘူး
(ခြင်ကိုက်ခံရရင် သေချာတယ် အဲဒီ ခြင် အမ ပဲ)

No comments:

Post a Comment