Wednesday, August 31, 2011

စင်ကာပူက နှစ်တစ်နှစ်ရဲ့ တတိယမြောက် အိုင်တီရှိုး Comex 2011


စင်ကာပူမှာ တစ်နှစ်ကို အိုင်တီပြပွဲ လေးကြိမ်ကျင်းပပါတယ်။ မတ်လမှာ တစ်ကြိမ်၊ ဇွန်လမှာ တစ်ကြိမ်၊ ယခု စက်တင်ဘာလမှာ တစ်ကြိမ်၊ နောက် နိုဝင်ဘာလကုန် တစ်ကြိမ် စုစုပေါင်း လေးကြိမ် ကျင်းပပြီး ရှိုးပွဲ နာမည်တွေကိုလည်း IT Show, PC Show, Comex Show နဲ့ Sitex Show ဆိုပြီး အမျိုးမျိုးပေးထားပါတယ်။ နှစ်တစ်နှစ်ရဲ့ ပထမသုံးကြိမ်ကို စင်ကာပူ မြို့လယ်လောက်မှာ ရှိတဲ့ Suntec City Exhibition Center မှာ ကျင်းပပြီး စတုတ္ထအကြိမ် နောက်ဆုံးအကြိမ်ဖြစ်တဲ့ Sitex Show ကိုတော့ စင်ကာပူ ချန်ဂီလေဆိပ်နားက Singapore EXPO မှာ ကျင်းပပါတယ်။
အခုလာမယ့် Comex Show 2011 ကို မနက်ဖြန် စက်တင်ဘာ ၁ရက်နေ့ကနေ စက်တင်ဘာ ၄ရက်ထိ နေ့လည် ၁၂နာရီကနေ ည ၉နာရီထိ ကျင်းပသွားမှာပါ။
အသေးစိတ်ကိုတော့ ဒီမှာ မဖော်ပြတော့ပါဘူး။ သူရဲ့ OfficialWebsite မှာပဲ သွားရောက်ကြည့်ရှုလိုက်ပါ ခင်ဗျာ။ အဲဒီမှာ နောက်ဆုံးရ ဒစ်စကောင့် သတင်းများကို လည်း ဖော်ပြထားပါတယ်။
အောက်လင့်ခ်တွေမှာလည်း ဈေးနှုန်း ဘရောက်ချာတွေ၊ ရောင်းချမယ့် ပစ္စည်း ဘရောက်ချာတွေကို တစုတစည်းတည်း ကြည့်ရှုနိုင်ပါတယ်။

http://vr-zone.com/comex/pricelists/
http://bootstrike.com/itfairsg/comex2011/

ရန်ကုန်တွင် ကျင်းပမည့် အာဆီယံ ဘော်လုံးအဖွဲ့ချူပ်၏ ယူ-၁၉ ချန်ပီယံရှစ် ပြိုင်ပွဲ အချိန်ဇယား

ကဲ မြန်မာ ဘော်လုံး ပရိသတ်တွေ ကဲဖို့ အဲလေ အားပေးဖို့ နောက်ထပ် နိုင်ငံတကာပွဲ တစ်ပွဲ လာပြန်ပါပြီ။
အာဆီယံ ဘော်လုံးအဖွဲ့ချူပ်က ကြီးမှုးကျင်းပတဲ့ အသက် ၁၉နှစ် အောက်တန်း AFF U-19 Championship (အာဆီယံ ယူ-၁၉ ချန်ပီယံရှစ်) ဘော်လုံးပွဲကို စက်တင်ဘာ ၈ရက်ကနေ ၂၁ရက်နေ့ထိ သုဝဏ္ဏလူငယ် အားကစားကွင်းမှာ ကျင်းပမှာပါ။ ပါဝင်တဲ့ အသင်းတွေကတော့

အုပ်စု က

ထိုင်း
စင်ကာပူ
ဖိလစ်ပိုင်
မလေးရှား
ကေမ ၻာဒီယား

အုပ္စု ခ

မြန်မာ
အင်ဒိုနီးရှား
လာအို
ဗီယက်နမ်
ဘရူးနိုင်း


စိတ်ဝင်စားစရာကတော့ ဘောလုံးမကန်တော့ဘူးလို့ ထင်ထားတဲ့ ဘရူးနိုင်း မြန်မာအုပ်စုထဲ ပါလာတာပဲ :D


အချိန်းဇယားလေး ကြည့်လိုက်ပါဦး။ အချိန်တွေက ညနေ(PM) ပါ။ မနက်အစောကြီး ထသွားနေမှာ စိုးလို့ :D




မမြင်ရရင် ပုံကို ကလစ်နှိပ် ကြည့်နိုင်ပါတယ်

စက်တင်ဘာ ၁ရက်နေ့ မှ ၄ရက်နေ့ထိ ကျင်းပမည့် ရန်ကုန် ကုန်စည်ပြပွဲ

ရန်ကုန်မြို့ ဦးဝိစာရလမ်းမှာ ရှိတဲ့ တပ်မတော်ခန်းမမှာ မနက်ဖြန် စက်တင်ဘာ ၁ရက်နေ့ကနေ စပြီး ၄ရက်နေ့ထိ YANGON EXPO လို့ ခေါ်သည့် ရန်ကုန် ကုန်စည်ပြပွဲ ရှိပါတယ်။ အိမ်သုံး ပစ္စည်းများက အစ အီလက်ထရောနစ် ပစ္စည်းများ၊ ကွန်ပျူတာ ပစ္စည်းများ အဆုံး ပြသမယ်လို့ သိရပါတယ်။ စိတ်ဝင်စားသူများ မနက်ဖြန် ချီတက်လို့ရအောင် သတင်းပေးလိုက်ပါတယ်။

ရန်ကုန် ကုန်စည်ပြပွဲ (YANGON EXPO)

နေ့ရက် - ၂၀၁၁ စက်တင်ဘာ ၁ရက်နေ့ မှ ၄ ရက်နေ့ထိ

အချိန်  -  နံနက် ၉နာရီ မှ ညနေ ၆နာရီ

နေရာ - တပ်မတော်ခန်းမ၊ ဦးဝိစာရလမ်း၊ ဒဂုံမြို့နယ်၊ ရန်ကုန်မြို့


ပြသမည့် ပစ္စည်းများ - ကွန်ပြူတာနှင့် ဆက်စပ် ပစ္စည်းအမျိုးမျိုး
                             လျှပ်စစ် ပစ္စည်းအမျိုးမျိုး
                             အိမ်ယာအဆောက်အအုံ အရောင်းပြခန်းနှင့် 
                             အိမ်တွင်းအလှဆင် ပစ္စည်းအမျိုးမျိုး
                             ဆောက်လုပ်ရေး လုပ်ငန်းသုံး ပစ္စည်းအမျိုးမျိုး
                             အလှကုန်နှင့် လူသုံးကုန် ပစ္စည်းအမျိုးမျိုး
                             အ၀တ်အထည်နှင့် ဖက်ရှင် အသုံးအဆောင် ပစ္စည်းအမျိုးမျိုး
                             သန့်ရှင်းရေးနှင့် မီးဖိုချောင်သုံး အထွေထွေ ပစ္စည်းအမျိုးမျိုး
                             မော်တော်ယာဉ်နှင့် ဆက်စပ် ပစ္စည်းအမျိုးမျိုး
                             အသေးစား စက်ပစ္စည်းနှင့် တပ်ဆင် ပစ္စည်းအမျိုးမျိုး
                             ကြမ်းခင်း ပစ္စည်းအမျိုးမျိုး
                             ခေတ်မှီပရိဘောက ပစ္စည်းအမျိုးမျိုး
                             စားသောက်ကုန် ပစ္စည်းအမျိုးမျိုး
                             ဆေးဝါး ပစ္စည်းအမျိုးမျိုး
                             ခရီးသွား ၀န်ဆောင်မှု လုပ်ငန်းများ
                               စာအုပ်စာပေ အမျိုးမျိုး



Tuesday, August 30, 2011

ဘီယွန်းဆေး ပထမဆုံး ကိုယ်ဝန် ရှိပြီး နဲ့ တွစ်တာ ၊ ဘင်လာဒင် နဲ့ Royal Wedding

R&B, POP အဆိုကျော် ဘီယွန်းဆေး တစ်ယောက် သူရဲ့ ပထမဆုံး ကိုယ်ဝန်ကို လွယ်ထားပြီးလို့ သြဂုတ် ၂၈ရက်နေ့ ကျင်းပခဲ့တဲ့ MTV Video Music Award မှာ ကြော်ငြာခဲ့ပြီး သူ့ရဲ့ပရိတ်သတ်တွေကို ရှော့ဖြစ်စေခဲ့ပါတယ်။ ဘီယွန်ဆေးဟာ Rapper Jay-Z နဲ့ ၂၀၀၈ ဧပြီမှာ လက်ထပ်ခဲ့တာပါ။
ဒီအကြောင်းကတော့ လူတိုင်းသိပြီးလောက်မှာပါ။ အဓိက ပြောချင်တာ ဒီအကြောင်းမဟုတ်ပါဘူး….
အခုခေတ်မှာ ကမ္ဘာမှာ စိတ်ဝင်စားစရာ အကြောင်းအရာ တစ်ခုဖြစ်တိုင်း ရေပန်းစားဆုံးနေရာကတော့ Social Media Network လို့ ခေါ်တဲ့ လူမှုကွန်ရက် နေရာတွေဖြစ်တဲ့ ဖေ့ဘွတ် တွစ်တာ စတဲ့နေရာမှာပါ။
ဒီနေရာမှာ တချို့အကြောင်းအရာများဟာ စံချိန်တင်တဲ့ အရေအတွက်နဲ့ လူမှုကွန်ရက်တွေမှာ လူပြောအများဆုံး ဖြစ်ခဲ့ပါတယ်
အခုလည်း ဘီယွန်းဆေးရဲ့ ဒီသတင်းဟာ အခြားခြား အရပ်ရပ်သော ဖြစ်ရပ်များထက် တွစ်တာမှာ လူပြောအများဆုံး နေရာကို ဆွတ်ခူးခဲ့ပါတယ်… တွစ်တာမှာ ဘယ်လောက် ပြောလဲဆိုရင် တစ်စက္ကန့်ကို တွစ်ပေါင်း ၈,၈၆၈ ရှိပါတယ်တဲ့ (8868 TPS (Tweet per second))
ဒီမတိုင်ခင်က ဘယ်ဖြစ်ရပ်က ချန်ပီယံဆုရထားတာလည်း ဆိုတာကြည့်ရင် ၂၀၁၁ ဇူလိုင်က ကျင်းပခဲ့တဲ့ အမျိုးသမီး ကမ္ဘာဖလားပြိုင်ပွဲမှာ ဂျပန် - အမေရိကန်၊ ပါရာဂွေး - ဘရာဇီး ကန်တဲ့ပွဲတွေ အကြောင်းတွေကို တွစ်တာမှာ ပြောကြတာ တစ်စက္ကန့်ကို တွစ်ပေါင်း ၇,၁၉၆ ဆို အများဆုံး တွေ့ရပြီး၊ ဒုတိယနေရာကတော့ တစ်စက္ကန့်ကို ၅,၀၀၀ ကျော် ပြောကြတဲ့ ၂၀၁၁ မတ်လက ဖြစ်ပျက်ခဲ့တဲ့ ဂျပန်ဆူနာမီ အကြောင်းပဲ ဖြစ်ပါတယ်။
နောက်ကျရင် ဘယ်အကြောင်းက နာမည်အကြီးဆုံးလည်း ဆိုတာ TPS နဲ့ တိုင်းတာ ရမယ့်ပုံပါပဲ… ဒါနဲ့ အောက်မှာ ထူးထူးခြားခြား မရှေးမနှောင်း ဖြစ်ခဲ့ကြတဲ့ လုံးဝကွဲပြားတဲ့ ဖြစ်ရပ်နှစ်ခုအကြောင်း လူမှုကွန်ရက်တွေမှာ လူပြောများတဲ့ အရေအတွက်ကို နှိုင်းယှဉ်ထားကတော့ စိတ်ဝင်စားစရာ ဗဟုသုတရစရာ သံဝေဂ ရစရာပါပဲ။ ရှုစားကြပါခင်ဗျာ။

 Infographic via logotalks.com

ပြည်တွင်း၌ အသစ်ထွက်ရှိသော စာအုပ်များ - ၃

စာအုပ်အမည် - Interpretation Of Statute Law and Treaty
စာရေးဆရာ - ပရောဖက်ဆာ ဒေါက်တာ တင်အောင်အေး
စာအုပ်အမျိုးအစား -
ထုတ်ဝေသည့် စာအုပ်တိုက် - စေတနာစာပေက ပုံနှိပ်ပြီး ဦကြည်ဆန်း ထုတ်ဝေ ဖြန့်ချီ
ထုတ်ဝေသည့် အကြိမ် - ဒုတိယအကြိမ်
ဈေးနှုန်း -
ရက်စွဲ - ၂၉.၀၈.၂၀၁၁

စာအုပ်အမည် - စစ်ပါရဂူ စစ်သရဖူဆောင်း မြန်မာ့သူရဲကောင်း ကဗျာစာအုပ်
စာရေးဆရာ - ရေနံ့သာ မောင်ကျော်ညွန့်
စာအုပ်အမျိုးအစား - ကဗျာ
ထုတ်ဝေသည့် စာအုပ်တိုက် - ရေနံ့သာစာပေ
ထုတ်ဝေသည့် အကြိမ် -
ဈေးနှုန်း - ၅၀၀ကျပ်
ရက်စွဲ - ၂၉.၀၈.၂၀၁၁

စာအုပ်အမည် - ဆုံးတက်တိုင် အလံမလှဲသူမို့ ကိုယ်တွေ့ ၀တ္ထုတို့များ
စာရေးဆရာ - စာရေးဆရာ အောင်ဇင်
စာအုပ်အမျိုးအစား - ၀တ္ထုတို
ထုတ်ဝေသည့် စာအုပ်တိုက် - ရှင်မတောင်စာပေ
ထုတ်ဝေသည့် အကြိမ် -
ဈေးနှုန်း -
ရက်စွဲ - ၂၉.၀၈.၂၀၁၁

စာအုပ်အမည် - ပြောင်းလဲတိုးတက်လာသော တရုတ်-ရုရှား ဆက်ဆံရေးနှင့် မဟာဗျူဟာ အရေးပါလာနိုင်မှု
စာရေးဆရာ - အုန်းမြင့် (မဟာဝိဇ္ဇာ)
စာအုပ်အမျိုးအစား -
ထုတ်ဝေသည့် စာအုပ်တိုက် - ဦးဝင်းချို (ဓူဝံစာအုပ်တိုက်)
ထုတ်ဝေသည့် အကြိမ် -
ဈေးနှုန်း -
ရက်စွဲ - ၂၉.၀၈.၂၀၁၁

စာအုပ်အမည် - အရိုးအဆစ်ကျီးပေါင်းရောဂါ လေ့ကျင့်ကာကွယ် ကုသနည်းများ
စာရေးဆရာ - ဒေါက်တာ ဆရာမြင့် (စကြာမင်း)
စာအုပ်အမျိုးအစား - ၀တ္ထုတို
ထုတ်ဝေသည့် စာအုပ်တိုက် - ရန်အောင်စာပေ
ထုတ်ဝေသည့် အကြိမ် - ဒုတိယအကြိမ်
ဈေးနှုန်း -
ရက်စွဲ - ၂၉.၀၈.၂၀၁၁

ပြည်တွင်း၌ ထုတ်ဝေသည့် စာအုပ်သစ်များကို အချက်အလက်များ ရနိုင်သမျှ တတ်နိုင်သမျှ စုစည်း တင်ပြပေးပါမည်။ ရက်စွဲများမှာ စာအုပ်ကြော်ငြာသည့် ရက်စွဲများ ဖြစ်ပါသည်။ စာအုပ်အမျိုးအစားမှာ မိမိကိုယ်ပိုင် သတ်မှတ်ချက် ဖြစ်ပြီး လွဲမှားနိုင်ပါသည်။

မြန်မာနိုင်ငံ ကွန်ပြူတာအသင်းချုပ် နှင့် ဂျပန်နိုင်ငံ CIESF တို့ ပူပေါင်းကျင်းပမည့် IT Business Plan Contest ပြိုင်ပွဲ

မြန်မာနိုင်ငံ ကွန်ပြူတာအသင်းချုပ် နှင့် ဂျပန်နိုင်ငံ CIESF တို့ ပူပေါင်းပြီး IT Business Plan Contest ပြိုင်ပွဲ ကျင်းပမယ်လို့ သိရပါတယ်။
ပြိုင်ပွဲ အမျိုးအစားကတော့ Mobile Application Project ဖြစ်ပြီး အောက်ပါ ခေါင်းစဉ်များနဲ့ ပါဝင်ယှဉ်ပြိုင်နိုင်ပါတယ်တဲ့။

Tele - Medicine
Tele - Education
Tele - Social Network

အသေးစိတ်သိရှိလိုပါလျှင် ရန်ကုန်မြို့၊ လှိုင်မြို့နယ်၊ မြန်မာအင်ဖိုတက်ခ်၊ အဆောင် (၁) ဖုန်းနံပါတ် - ၆၅၂၃၀၇ သို့ ဆက်သွယ်မေးမြန်းနိုင်ပြီး ပြိုင်ပွဲဝင်မည့် Project များကို အသင်းချုပ်ရုံးခန်းသို့ ၂၀၁၁ ခုနှစ်စက်တင်ဘာလ (၃) ရက်နေ့နောက်ဆုံးထား၍ ရုံးချိန်အတွင်းပေးပို့ရပါမည်။

ပြိုင်ပွဲ အမျိုးအစား (၃) ခုမှ မိမိနှစ်သက်ရာ မည်သည့်ခေါင်းစဉ် စာလုံးရေ (၂၅၀) ထက်မပိုသော Project ပြင်ဆင်ပြီး မဆို ၀င်ရောက်ယှဉ်ပြိုင်နိုင်မှာ ဖြစ်ပါတယ်။ ပထမအဆင့် ရွေးချယ်ခံရသူ (၁၀) ဦးဟာ ဂျပန်နိုင်ငံမှ လာရောက်ပို့ချတဲ့ Mobile Application ဆိုင်ရာ Daily Course ကို (၁) ပတ်တက်ရောက်ခွင့်ရရှိမှာဖြစ်ပြီး သင်တန်းပြီးဆုံးပါက မိမိ Project ကို ပိုမိုကောင်းမွန်အောင် ပြင်ဆင်၍ပြိုင်ပွဲသို့ ပြန်လည်တင်သွင်းခွင့်များရရှိမှာဖြစ်ပါတယ်။ ထိုသို့ ပြင်ဆင်ပြီးသောပြိုင်ပွဲဝင် Project များကို နောက်ဆုံးအဆင့် ရွေးချယ်ကာ အမေရိကန် ဒေါ်လာ (၃၀၀၀) နှင့် ညီမျှသော မြန်မာငွေကို ချီးမြှင့် သွားပါမယ်တဲ့
ပြိုင်ပွဲကို မြန်မာနိုင်ငံသား မည်သူမဆို ၀င်ရောက်ယှဉ်ပြိုင်နိုင်ပါတယ်ခင်ဗျာ။

အသေးစိတ်ကို http://www.myanmarictawards.org/ မှာ သွားရောက် ကြည့်ရှုနိုင်ပါတယ်။

ပရီးမီးယားလိဂ် ပွဲစဉ် ၃ Highlight များ

ကြည့်လို့မရသော clip များကို လင့်ခ်များ update လုပ်ထားပေးပါသည်။

အက်စတန်ဗီလာ ၀-၀ ၀ုဗ်



ဝီဂန် ၂-၀ ကျူပီအာ



ချယ်ဆီး ၃-၁ နော့ဝှစ်



ဆွမ်းဆီး ၀-၀ ဆန်းဒါလမ်း



ဘလက်ဘန်း ၀-၁ အဲဗာတန်


လစ်ဗာပူး ၃-၁ ဘော်တန်



စပါး ၁-၅ မန်းစီးတီး



ဝက်စ်ဘရွန်း ၀-၁ စတုတ်စီးတီး



မန်ယူ ၈-၂ အာဆင်နယ်



နယူးကာဆယ် ၂-၁ ဖူဟမ်

Monday, August 29, 2011

ကိုရီးယား K-pop ကိုသွားမယ့် Billboard Chart


 Sisater (Photo via Billboard)

ကိုရီးယား ရုပ်ရှင်၊ ကိုရီးယား သီချင်းတွေဟာ အခု ကမ္ဘာပေါ်မှာ တော်တော်လေး လွှမ်းမိုးလာတာ သိသာပါတယ်။ အခုလည်း ကိုရီးယား သီချင်းတွေ လွှမ်းမိုးလာမှုကို အသိအမှတ်ပြုတဲ့ မှတ်တိုင် တစ်ခုအနေနဲ့ သီချင်းတွေကို လူတွေနားထောင်မှု အများဆုံးအလိုက် အဆင့် သတ်မှတ်ချက်ပြုလုပ်ပေးတဲ့ အဖွဲ့အစည်းဖြစ်တဲ့ Billboard ဟာ K-pop လို့ ခေါ်တဲ့ ကိုရီးယား သီချင်းတွေ အတွက် အဆင့် သတ်မှတ်ပြုလုပ်မှုကို သြဂုတ် ၂၅ ရက်နေ့ကနေ စတင်လိုက်ပါတယ်။
'K-pop Billboard ကို စတင်လိုက်ခြင်းဟာ ကိုရီးယား ဂီတလောက အတွက် သမိုင်းမှတ်တိုင် တစ်ခုပါ။ ကိုရီးယား တေးဂီတ လောကနဲ့ ဈေးကွက်အတွက် အသုံးဝင်စေမယ့် သင့်လျော်မှန်ကန်စေမယ့် သီချင်း အဆင့်သတ်မှတ်ချက်များကို ပြုလုပ်သွားမှာပါ' လို့ Billboard ရဲ့ Director Of Charts Silvio Pietroluongo က ဆိုပါတယ်။
သြဂုတ် ၂၅ရက်နေ့ စတင်ထွက်တဲ့ ပထမဆုံး K-pop Billboard Chart ထဲမှာ ပထမဆုံး ထပ်ဆုံးနေရာကို Sisater အဖွဲ့ရဲ့”So Cool” အဖွဲ့က ရရှိပြီး ဒုတိနေရာကိုတော့ Leessang Feat. T, Kwon Jung Yul of 10cm ရဲ့ I turn off TV က ရရှိထားပါတယ်။
Charts အပြည့်အစုံကို http://www.billboard.com/charts#/charts/k-pop-hot-100 ဒီမှာ သွားကြည့်နိုင်ပါတယ်။
ကိုရီးယား  K-pop ဟာ အာရှမှာ ဒုတိယမြောက် International Billboard Charts ဖြစ်ပြီး ပထမကတော့
Japan Hot 100 ပါ။

Source

Sunday, August 28, 2011

အသက်နှစ်ဆယ် ပြည့်ပြီး ဖြစ်တဲ့ Linux (20 Years Old Linux)





လွန်ခဲ့တဲ့ အနှစ် ၂၀က Linus Torvalds ဆိုတဲ့ ပုဂ္ဂိုလ်တစ်ယောက် Andrew S. Tanenbaum က ပညာရပ်ဆိုင် လေ့လာဖို့ ရည်ရွယ်ချက်နဲ့ ဖန်တီးထားတဲ့ MINIX ဆိုတဲ့ Unix ပုံစံ Free Source code OS ပေါ်မှာ အခြေခံပြီး ၀ါသနာအရ နောက်ထပ် Free Source code OS ဖန်တီးကာ MINIX အသုံးပြုသူတွေကို အောက်ပါအတိုင်း ကြေငြာခဲ့ပါတယ်။


Hello everybody out there using minix -

I’m doing a (free) operating system (just a hobby, won’t be big and professional like gnu) for 386(486) AT clones. This has been brewing since april, and is starting to get ready. I’d like any feedback on things people like/dislike in minix, as my OS resembles it somewhat (same physical layout of the file-system (due to practical reasons) among other things).

I’ve currently ported bash(1.08) and gcc(1.40), and things seem to work. This implies that I’ll get something practical within a few months, and I’d like to know what features most people would want. Any suggestions are welcome, but I won’t promise I’ll implement them :-)

Linus (torvalds@kruuna.helsinki.fi)

PS. Yes – it’s free of any minix code, and it has a multi-threaded fs. It is NOT portable (uses 386 task switching etc), and it probably never will support anything other than AT-harddisks, as that’s all I have :-(.
—Linus Torvalds


ဒီလို သူရဲ့ ၀ါသနာ အလျှောက် ဖန်တီးခဲ့တဲ့ OS ဟာ ကမ္ဘာမှာ အကြီးအကျယ် အောင်မြင်လျှက်ရှိတဲ့ Linux OS ဖြစ်လာပါတယ်။
Linux Foundation က Linux အနှစ် ၂၀ ပြည့် အထိမ်းအမှတ် အနေနဲ့ ကမ္ဘာပေါ်က Linux OS သုံးစွဲနေတဲ့ စာရင်းဇယားတွေနဲ့ Linux ရဲ့ သမိုင်းမှတ်တိုင် တွေကို Infographics, Video တွေနဲ့ အောက်ပါအတိုင်း ထုတ်ပြန်ခဲ့ပါတယ်။




Saturday, August 27, 2011

Fabio Cannavaro will be appearance in Bugis Junction Singapore Tommorow

Via AsiaOne

သတင်းပေးတာ နည်းနည်းနောက်ကျ နေပြီထင်ပါတယ်။
မနက်ဖြန် ညနေ ၃နာရီမှာ အီတလီ အသင်းခေါင်းဆောင်ဟောင်း နဲ့ ရီးရဲမက်ဒရစ် ကစားသမားဟောင်း Fabio Cannavaro Bugis Junction က ရေပန်းနားမှာ ပရိသတ်တွေနဲ့ တွေ့ဆုံပွဲ ရှိပါတယ်။
ကမ္ဘာကျော် ဘော်လုံးသမားနဲ့ တွေ့ဆုံလိုသူ စင်ကာပူမှ ၀ါသနာရှင်များကို လက်တို့လိုက်ပါတယ်။

Cannavaro ဟာ လက်ရှိမှာ သူနောက်ဆုံး ကစားခဲ့တဲ့ UAE က Al Ahli ကလပ်မှာ နည်းစနစ် အကြံပေးနဲ့ အသင်းရဲ့ ကမ္ဘာလုံးဆိုင်ရာ သံတမန် အဖြစ် တာဝန်ထမ်းဆောင်နေပါတယ်။

Friday, August 26, 2011

ပြည်တွင်း၌ အသစ်ထွက်ရှိသော စာအုပ်များ - ၂


စာအုပ်အမည် - ကြာတောမိုးနှင့် ဇတ်ကြီးဆယ်ဘွဲ့ ကဗျာ
စာရေးဆရာ - ပျဉ်းမနားမောင်နီသင်း
စာအုပ်အမျိုးအစား - ဘာသာရေး၊ စကားပြေ၊ ကဗျာ
ထုတ်ဝေသည့် စာအုပ်တိုက် - ပန်းဝတ်ရည် စာပေ
ဈေးနှုန်း - ၁၈၀၀ကျပ်
ရက်စွဲ - ၂၆.၀၈.၂၀၁၁

စာအုပ်အမည် - သိပ္ပံနည်းကျ ကျန်းမာအသက်ရှည်အောင် နေနည်း (တတိယတွဲ).
ထုတ်ဝေသည့် အကြိမ် - ဒုတိယအကြိမ်
စာရေးဆရာ - တက္ကသိုလ် မင်းသူ
စာအုပ်အမျိုးအစား - သုတ၊ လမ်းညွှန်
ထုတ်ဝေသည့် စာအုပ်တိုက် - မိုးကျော်သူ စာပေ
ဈေးနှုန်း - ၃၀၀၀ကျပ်
ရက်စွဲ - ၂၆.၀၈.၂၀၁၁

ပြည်တွင်း၌ ထုတ်ဝေသည့် စာအုပ်သစ်များကို အချက်အလက်များ ရနိုင်သမျှ တတ်နိုင်သမျှ စုစည်း တင်ပြပေးပါမည်။ ရက်စွဲများမှာ စာအုပ်ကြော်ငြာသည့် ရက်စွဲများ ဖြစ်ပါသည်။ စာအုပ်အမျိုးအစားမှာ မိမိကိုယ်ပိုင် သတ်မှတ်ချက် ဖြစ်ပြီး လွဲမှားနိုင်ပါသည်။

ကြို့ပင်ကောက်မှ အရှည် ၆ပေ ၈လက်မ အဖီး ၁၅၀ခန့် ရှိသည့် ငှက်ပျောခိုင်


ပဲခူးတိုင်းဒေသကြီး ကြို့ပင်ကောက်မြို့နယ် နွယ်ခွေရပ်ကွက် ဗားကရာကျောင်းတိုက်တွင် အရှည် ၆ပေ ၈လက်မခန့် ရှိပြီး အဖီး ၁၅၀ခန့် ရှိသည့် ငှက်ပျောခိုင်တစ်ခိုင်ကို သြဂုတ် ၁၄ရက် ထူးထူးခြားတွေ့လိုက်ရသည်။
အဆိုပါငှက်ပျောခိုင်သည် ဧပြီ ၅ရက်တွင် အဖူးစတင်ထွက်လာသည်ဟု သိရှိရပြီး အပင်စိုက်ပျိုးသူမှာ နွယ်ခွေရပ်ကွက် ပျဉ်တောင်တွင်းကမ်းမှ ဦးသန်းထွန်း(ကြိမ်ဆိုင်) ဖြစ်ကြောင်း သိရှိရသည်။

ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာ စာ၆ မှ ကူးယူဖော်ပြပါသည်။


အလံငယ် စုဆောင်းတာ ၀ါသနာပါတဲ့ ရှဥ့်ကလေး

(AP Photo/Toledo Blade)

အမေရိကန်၊ အိုဟိုင်းရိုး ရဲစခန်းတစ်ခုက ရဲတွေဟာ ရဲစခန်းရဲ့ အောက်မေ့ဖွယ်ရာ အထိမ်းအမှတ်အနေနဲ့ ဆိုက်ထားတဲ့ အလံငယ်လေးတွေ ယူ ယူဆောင် သွားတဲ့ အလံ သူခိုးလေးကို တွေ့ရှိလိုက်တဲ့အခါ အံ့သြသွားကြပါတယ်။ အလံငယ်လေးတွေ ယူသွားတဲ့သူက ရှဥ့်ကလေး တစ်ကောင် ဖြစ်နေလို့ပါပဲ…
မြေပေါ်မှာ စိုက်ထား အလံငယ်လေးကို လှစ်ကနဲ ဆွဲယူပြီး သစ်ပင်ပေါ်ပြေးတက်သွားတဲ့ ရှဥ့်ကလေးကို ရဲအရာရှိနှစ်ယောက်က တွေ့တွေ့ချင်း ဖမ်းဖို့ ကြိုးစားပေမယ့် ဒီကောင်က ဖမ်းမိဖို့ အရမ်းမြန်လွန်းတယ်လို့ ဆိုပါတယ်။
နောက်မှာတော့ ရဲတွေ ရဲစခန်း သုံးထပ်မြောက် ပြတင်းပေါက်ရှေ့က သစ်ပင်ကြီးပေါ်မှာ သစ်ရွက်တွေ သစ်ကိုင်းတွေနဲ့ ဆောက်ထားတဲ့ ရှဥ့်ကလေးရဲ့ အသိုက်ကို သတိထားမိသွားပါတယ်။ အဲဒီမှာ အနည်းဆုံး အလံငယ်လေး နှစ်ခု ရှိနေတာကိုလည်း တွေ့သွားပါတယ်။

(AP Photo/Toledo Blade)

ပြီးခဲ့တဲ့ရက်တွေက အလံငယ်လေး ၃ခုလောက် ပျောက်ဆုံးနေတာလည်း ဒီကောင်ရဲ့ လက်ချက်ပဲ ဖြစ်မလားဆိုတာတော့ ရဲတွေက မပြောနိုင်ဘူး ပြောပါတယ်။
အလံငယ် စုဆောင်းတာ ၀ါသနာပါတဲ့ ရှဥ့်ကလေးပေါ့


Source