Sunday, September 16, 2012

အလွယ်တကူ မှတ်သားဖွယ်ရာ မီးဖိုချောင်တွင်း အသား အသီးအရွက် ပြုတ်နည်း၊ ခုတ်နည်း၊ သိုလှောင်နည်းများ နှင့် အချိန်အဆ၊ ချိန်တွယ်ပုံများ

ဟင်းချက်စရာ ဈေးဝယ်ခြင်း၊ ဟင်းချက်ခြင်း စသည်များ နေ့စဉ် ပုံမှန် ပြုလုပ်နေသူများ၊ အိမ်ရှင်မ၊ အိမ်ရှင်ထီးများနှင့် အိမ်ရှင်မ၊ အိမ်ရှင်ထီး အကူများအတွက် မိမိ နေ့စဉ် ကိုင်တွယ်အသုံးပြု ချက်ပြုတ်ရာတွင်

- လိုအပ်သည့် အချိန်အတွယ် အချိန်အဆ တွေဖြစ်တဲ့ ဂရမ်တွေ အောင်စတွေ လက္ဘရည်ဇွန်း ထမင်းစားဇွန် ရေ မီလီမီတာ ချိန်တွယ်ပုံများ

- ၀က်၊ အမဲ၊ ဆိတ်၊ သိုး စတဲ့ အကောင်တွေရဲ့ မည့်သည့်နေရာက မည်သည့်အသားကို မည်သို့ခေါ်သနည်း၊ မည်သို့ ခုတ်ထစ်သနည်း စသည်များ

- အသား၊ အသီးအရွယ်တို့ကို မည့်မျှပျော့သည့် အတိုင်းအသား လိုချင်လျှင် မည်မျှလောက် မည်သို့ ပြုတ်သင့်ပုံ

- မည့်သည့် အပူချိန်၊ အအေးချိန်တွင့် မည့်သည့်အရာများကို အချိန်မည်မျှလောက် သိမ်းဆည်းထားသင့်ပုံ

စသည်တို့ကို လွယ်ကူစွာ မှတ်သား ပြုလုပ်နိုင်ဖို့အတွက် UK Everest အိမ်ပစ္စည်းရောင်းဝယ် ကုမ္ပဏီက အခုလို ပုံပြကားချပ်လေး တစ်ခုတည်းနှင့် ပြုလုပ်ထားပါတယ်။

လေ့လာမှတ်သား ဗဟုသုတများ တိုးပွားနိုင်ကြပါစေ။


PDF ဖိုင်လေးနှင့် လိုချင်ပါက အောက်ပါ လင့်ခ်များမှာ ဒေါင်းလုတ် လုပ်ယူနိုင်ပါသည်။

Fride & Freezer Storage
Metric Conversion
Cooking Time

Source
http://www.everest.co.uk/PageFiles/4280/kitchencheatsheet.gif

Wednesday, September 12, 2012

အိုင်ဖုန်း ၅ သို့မဟုတ် လာမယ့် အိုင်ဖုန်းအသစ်ကို ပထမဆုံး ထိတွေ့ခွင့်ရမယ့် နိုင်ငံတွေထဲ စင်ကာပူ ပါမလား

အိုင်ဖုန်း (iPhone) အသစ် အသစ်တွေ ထွက်တိုင်း အက်ပဲလ်က (Apple) တကမ္ဘာလုံးကို တခါတည်း ဘယ်တော့မှ ဖြန့်ချီလေ့ မရှိပါဘူး။ အက်ပဲလ်တင် မဟုတ်ပါဘူး တခြားသော ကုမ္ပဏီတွေရဲ့ လူတွေ စိတ်ဝင်စားတတ်တဲ့ တခြားပစ္စည်းတွေ ဖြန့်တာလည်း ဒီအတိုင်းပါပဲ။ ဒါဟာ ဈေးကွက်အနေအထားကို ကစားတာရော ၀ယ်လိုအားကို အချိန်မှီ ဖြည့်ဆည်းနိုင်ဖို့ကို ထိန်းတာရောကြောင့် ပါတယ် ထင်ပါတယ်။

အခု ဒီလာမယ့်ညမှာ ကြော်ငြာနိုင်ချေရှိတဲ့ အိုင်ဖုန်း ၅ (iPhone 5) သို့မဟုတ် ဘာနာမည်ဖြစ်ဖြစ် အိုင်ဖုန်း အသစ်ကို စတင်ပြီးတော့ ပထမဆုံး ဖြန့်ချီမယ့် နိုင်ငံတွေထဲမှာ စင်ကာပူနိုင်ငံက ပါနိုင်တယ်လို့ သတင်းတွေ ထွက်နေပါတယ်။ အရှေ့တောင် အာရှ နိုင်ငံထဲမှာ အမြဲတမ်း ထိပ်ဆုံးက ပါနေကျ နိုင်ငံမို့လို့ သိပ်တော့ မထူးဆန်းပါဘူး။ အရင် မိုဘိုင်းဖုန်း စတင်ဖြန့်ချီတဲ့ သတင်းတွေကိုလည်း အမြဲတမ်း မှန်ကန်အောင် ပေးနိုင်တဲ့ အတင်းရင်းမြစ်တွေရဲ့ အဆိုအရ လာမယ့် စက်တင်ဘာလ ၂၁ရက်နေ့မှာ အိုင်ဖုန်း အသစ်ကို စတင်ဖြန့်ချီမှာ ဖြစ်ပြီး စင်ကာပူ က စတင်ဖြန့်ချီမယ့် နိုင်ငံတွေထဲ ပါဝင်မယ်လို့ စင်ကာပူရဲ့ "Hardware Zone" Forum သတင်းမှာ ဖော်ပြထားပါတယ်။

ကဲ ဟုတ် မဟုတ်တော့ ဒီည စောင့်ကြည့်ကြပါစို့။ စင်ကာပူ အချိန် မနက် ၁နာရီ မြန်မာပြည် အချိန် ၁၁နာရီခွဲမှာ အက်ပဲလ်ရဲ့ မိတ်ဆက်ပွဲ စမယ်။ ကျနော်လည်း သိပ်ညနက်ထိ မတိုင်ခင် ကြေငြာမယ်ဆို စောင့်ကြည့် ဖြစ်မှာပါ။

Corrected the time

Tuesday, September 11, 2012

ယောက်ျားကို ဖောက်ထွင်းသမားနဲ့ မှားပြီး ပစ်သတ်မိတဲ့ မိန်းမရဲ့ အဖြစ်

မိန်းမက ခင်ပွန်းယောက်ျားကို ဖောက်ထွင်းသမားနဲ့ မှားပြီး ပစ်သတ်မိတဲ့ အဖြစ်အပျက်တစ်ခု အမေရိကန် နယူးအော်လင်းမှာ ဖြစ်ပျက်ခဲ့ပါတယ်။

အသက် ၅၃နှစ် ရှိတဲ့ မိန်းမက အသက် ၅၇နှစ် ရှိတဲ့ ယောက်ျားကို တနင်္လာနေ့ မနက် ၁၁နာရီကျော်လောက်မှာ မြို့ရဲ့ (၉)ရပ်ကွက်မှာ ရှိတဲ့ သူတို့ရဲ့ နေအိမ်မှာ ပစ်မိခဲ့တယ်လို့ ရဲတွေက ဆိုပါတယ်။

ပစ်ခံရတဲ့ အမျိုးသားနဲ့ ပစ်တဲ့ အမျိုးသမီး ဘယ်သူ ဘယ်ဝါလဲဆိုတာ ထုတ်ဖော်ပြောဖို့ ဆွေမျိုးတွေဆီက ခွင့်ပြုချက် စောင့်နေတယ်လို့လည်း ရဲတွေက ပြောပါတယ်။ လောလောဆယ်တော့ ဘယ်သူကိုမှ အရေးယူခြင်း မရှိသေးပါဘူး။

ရဲတွေက ဒီအမှုကိစ္စကို ပြန်လည်ကြည့်ရှု စစ်ဆေးဖို့ 'အောလင်းပါရစ်' (Orleans Parish) ခရိုင် တရားရုံးကို လွှဲအပ်မယ်လို့ ပြောပါတယ်။

ဘယ်လိုကနေ ဘယ်လို ဘယ်သေနတ်တွေနဲ့ ပစ်ထည့်လိုက်တယ် စတဲ့ အသေးစိတ်ကိုတော့ သတင်းထဲမှာ မဖော်ပြထားပါဘူး ခင်ဗျာ။

ကိုးကား (Ref)
http://www.sacbee.com/2012/09/10/4807416/police-woman-kills-husband-mistaken.html

Monday, September 10, 2012

၉/၁၁ ကို သီချင်းတစ်ပုဒ်တည်း ၉၁၁ ကြိမ် သီဆိုခြင်းဖြင့် ဂုဏ်ပြုမယ့်သူ

အမေရိကန်နိုင်ငံ ယူတား (Utah) က လူတစ်ယောက်ဟာ အမေရိကန်တို့ရဲ့ ၀မ်းနည်းဖွယ် အကောင်းဆုံးနေ့ ဖြစ်တဲ့ စက်တင်ဘာလ ၁၁ရက်နေ့ နှစ်ပတ်လည်နေ့မှာ "God Bless U.S.A" ဆိုတဲ့ သီချင်းကို အကြိမ်ပေါင်း ၉၁၁ ကြိမ် သီဆိုခြင်းဖြင့် ဂုဏ်ပြုဖို့ လုပ်နေပါတယ်။

ဒီအစီအစဉ်ကို တနဂ်နွေနေ့ မနက်မှ စတင်ပြီး စက်တင်ဘာလ ၁၁ရက် အင်္ဂါနေ့ မနက် ၆နာရီ ၄၆မိနစ်ခန့် အချိန်မှာ အဆုံးသတ်မှာ ဖြစ်ပါတယ်။ သီချင်းကို ၁နာရီ ၁၉ကြိမ်နှုန်း သီဆိုမှာ ဖြစ်ပြီးတော့ တစ်ကြိမ်နဲ့ တစ်ကြိမ်ကြားထဲမှာ ၁၅မိနစ်ခန့် ရပ်နားသွားမှာပါ။

ဒီစိတ်ကူးကို နယူးယောက် (New York) ကျောင်းတစ်ခုက ဒီသီချင်း သင်ကြားမှု အစီအစဉ်ကို ရပ်နားလိုက်တာကို မကျေနပ်ရာကနေ စတင်ရခဲ့တာလို့ သူ က ပြောပါတယ်

သူ သီချင်း သီဆိုမယ့် ရွက်ဖျင်တဲလေး ပတ်ပတ်လည်မှာ အလံပေါင်း ၅၀၀ကို စိုက်ထားမှာ ဖြစ်သလို နေရောင်ခြည် ဓါတ်အား အသုံးပြုမယ့် မီးသီး ၃၄၉၇ ချောင်းကိုလည်း ထွန်းထားမယ်လို့ ဆိုပါတယ်။ ဒီ ၃၄၉၇ အရေအတွက်ကတော့ စက်တင်ဘာ ၁၁ရက်နေ့ တိုက်ခိုက်ခံရမှုမှာ သေဆုံးသွားတဲ့ သူတွေရဲ့ အရေအတွက်ကို ဂုဏ်ပြုထားတာပါ။

ဒါ့အပြင် ပတ်ဝန်းကျင် စတိုးဆိုင်တွေကနေ လှူဒါန်းဖြန့်ဝေပေးမယ့် Apple Pie မုန့်တွေကိုလည်း တနဂ်လာနေ့ကနေ စပြီး လာရောက်နားထောင်မယ့် ဧည့်ပရိသတ်တွေကို တတ်နိုင်သလောက် ဧည့်ခံကျွေးမွေးသွားမယ်လို့ ဆိုပါတယ်။

သီချင်း နောက်ဆုံးအကြိမ် ၉၁၁ကြိမ်မြောက် သီဆိုမယ့် အင်္ဂါနေ့ မနက်ပိုင်းမှာ လူတွေအားလုံး ကိုယ်လုပ်နေတဲ့ အလုပ်တွေကို ခဏရပ်ပြီး သူနဲ့အတူ သီချင်းသီဆိုဖို့လည်း တိုက်တွန်းထားပါတယ်။

ဒီအစီအစဉ်ကို နောက်နှစ်တွေမှာလည်း ဆက်လက်ပြုလုပ်ဖို့လည်း စီစဉ်ထားပါတယ်တဲ့။

၂၀၀၁နှစ် စက်တင်ဘာလ ၁၁ရက်နေ့မှာ အစွန်းရောက် အကြမ်းဖက်သမားတွေက ခရီးသည်တင် လေယာဉ်လေးစင်းကို အပိုင်စီးပြီး အထပ် ၁၁၀ ရှိတဲ့ နယူးယောက် ကုန်သွယ်ရေး အဆောက်အဦး ညီနောင်၊ ပင်တဂွန် စစ်ဌါနချူပ် နဲ့ အိမ်ဖြူတော်တို့ကို တိုက်ခိုက်ဖို့ ကြံစည်ခဲ့ရာမှာ နှစ်စင်းက နယူးယောက် ကုန်သွယ်ညီနောင် အဆောက်အဦးကို ၀င်တိုက်ခဲ့ပြီး တစ်စီးက ပင်တဂွန် စစ်ဌါနချူပ် အနီးမှာ ပျက်ကျခဲ့ကာ နောက်တစီးကတော့ အိမ်ဖြူတော်နားကိုပင် မရောက်ဘဲ လမ်းမှာတင် ပျက်ကျခဲ့တာပါ။ အိမ်ဖြူတော်ကို တိုက်ခိုက်ဖို့ ကြံစည်ခဲ့တဲ့ လေယာဉ်ကို လေယာဉ်ပေါ်ပါတဲ့ ခရီးသည်တွေက စုပေါင်းပြီး အကြမ်းဖက်သမားများကို တုန့်ပြန်ခဲ့ကာ လမ်းမှာတင် ပျက်ကျသွားအောင် လုပ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ဒီတိုက်ခိုက်မှုကို ကြံစည်ခဲ့တဲ့ အယ်ကိုင်ဒါ အကြမ်းဖက်သမား ခေါင်းဆောင် 'အိုစမာ ဘင်လာဒင်' (Osama Bin Ladin) ကိုတော့ အမေရိကန်တွေက တိုက်ခိုက်ခံရအပြီး ၁၀နှစ်ကြာ မနှစ်က မေလ မှာ သူပုန်းခိုနေတဲ့ ပါကစ္စတန်နိုင်ငံ၊ အဘိုဒါဘတ် (Pakistan, Abbottabad) မြို့က အိမ်ကြီးထဲမှာ လျှို့ဝှက် စစ်ဆင်ရေး ဆင်နွှဲပြီး သုတ်သင်နိုင်ခဲ့ပါတယ်။

သည်တိုက်ခိုက်မှုအတွင်း သေဆုံးခဲ့ရတဲ့ လူတွေကို အောက်မေ့ဘွယ်နဲ့ နယူးယောက် ကုန်သွယ်ညီနောင် အဆောက်အဦး လေယာဉ် ၀င်တိုက်ခံရပြီး မီးလောင်နေတဲ့ အချိန်မှာ လူတွေကို ကယ်ဆယ်ဖို့ ကြိုစားယင်း အသက်စွန့်သွားခဲ့တဲ့ မီးသတ်သမားများကို ဂုဏ်ပြုတဲ့ အခမ်းအနားကို စက်တင်ဘာလ ၁၁ရက်နေ ရောက်တိုင်း အမေရိကန် သမ္မတကိုယ်တိုင် တက်ရောက်ကာ ကျင်းပလေ့ ရှိပါတယ်။ နိုင်းအလဲဗင်း (9/11) လို့ ခေါ်ကြတဲ့ အဲဒီနေ့အဖြစ်အပျက်ဟာ အခုဆိုရင် ၁၁နှစ်တိုင် ရောက်ရှိခဲ့ပြီး ဖြစ်ပါတယ်။

Thanks to "Anonymous" for correction of "Utah" pronunciation in the comment.

ကိုးကား (Ref)
http://hosted2.ap.org/APDEFAULT/Oddities/Article_2012-09-07-Patriotic%20Singer/id-74463089e96b44b2ace413db3a20b5bf

Sunday, September 9, 2012

ဒီမိုကရက် က ရီပါတ်ပလစ်ကန် ကို တွစ်တာမှာ နိုင်

မကြာခင်လေးကတင် အသီးသီး ကျင်းပ ပြီးစီးသွားတဲ့ အမေရိကန်က နိုင်ငံရေး ပါတီကြီး နှစ်ခုဖြစ်တဲ့ ဒီမိုကရက်တစ် (Democratic) နဲ့ ရီပါတ်ပလစ်ကန် (Republican) တို့ရဲ့ DNC 2012 (Democratic National Convention 2012) and RNC 2012 (Republican National Convention 2012) လို့ခေါ်တဲ့ ပါတီ ညီလာခံတွေမှာ လာမယ့် နိုဝင်ဘာလ အမေရိကန် သမ္မတရွေးကောက်ပွဲအတွက် သမ္မတလောင်းတွေနဲ့ ဒုတိယ သမ္မတလောင်းတွေကို အတည်ပြု အဆိုတင်သွင်းခဲ့ကြ၊ ပြီးတော့ သမ္မတလောင်းတွေ၊ သမ္မတလောင်းတွေရဲ့ ဇနီးတွေ အပြင် သူတို့ကို ထောက်ခံသူ နာမည်ကျော်တွေက အပြိုင်အဆိုင် မိန့်ခွန်းတွေ ပြောခဲ့ကြပါတယ်။

တကယ်တမ်း ဒီညီလာခံကြီးနှစ်ခု ကျင်းပတာကို အမေရိကန်တွင်မက အမေရိကန်ပြင်ပက ကမ္ဘာ့နိုင်ငံရေး စိတ်ဝင်စားတဲ့ သူတွေပါ စိတ်ဝင်တစား ကြည့်ရှုခဲ့ကြတာပါ။ ပြီးတော့ ဒီညီလာခံမှာ ပရိသတ်တွေရဲ့ အားပေးမှုနှုန်း ထောက်ခံမှုနှုန်းတွေကို ကြည့်ပြီးလည်း လာမယ့် ရွေးကောက်ပွဲမှာ ဘယ်သူ အနိုင်ရနိုင်မလဲဆိုတာလည်း ခန့်မှန်းတတ်ကြပါတယ်။

လောလောဆယ်ကတော့ အဲလို ခန့်မှန်းဖို့ကို အထောက်အကူပြုတဲ့ အချက်အလက်အများကြီးထဲက နည်းပညာ ဆက်သွယ်ရေးခေတ်မှာ အရေးပါဆုံး လူမှုဆက်သွယ်ရေး (Social Network) တစ်ခုဖြစ်တဲ့  တွစ်တာ (Twitter) မှာ ဒီညီလာခံကြီး နှစ်ခုအကြောင်းကို လူတွေ ဘယ်လောက် ပြောဆိုနေကြလဲ ဆိုတဲ့ အချက်အလက်ပေါ်မှာ မူတည်ပြီး ခန့်မှန်းနိုင်ပါပြီ။

ကဲ တွစ်တာက ပေးတဲ့ အချက်အလက်တွေ အရ ဘယ်ပါတီက အနိုင်ရသွားလဲဆိုတာ ဆက်လက် ကြည့်ရှုပါဦး။

ဒီမိုကရက်တစ်ပါတီ ကိုယ်စားပြု သမ္မတလောင်း (လက်ရှိ သမ္မတလည်း ဖြစ်တဲ့) 'ဘားရက် အိုဘာမား' (Barack Obama) ရဲ့ မိန့်ခွန်းပြောကြားမှုကို တွစ်တာမှာ တစ်မိနစ်ကို ၅၂၇၅၇ တွစ် ကြတယ် (52,757 Tweets Per Minute)

ရီပါတ်ပလစ်ကန်ပါတီ ကိုယ်စားပြု သမ္မတလောင်း 'မစ်ရွန်နေ' (Mitt Romney) ရဲ့ မိန့်ခွန်းပြောကြားမှုကို တွစ်တာမှာ တစ်မိနစ်ကို ၁၄၂၈၉  တွစ် ကြတယ် (14,289 Tweets Per Minute)

သမ္မတ အိုဘာမားကို ထောက်ခံပြီး မိန့်ခွန်းပြောကြားပေးတဲ့ ဒီမိုကရက်တစ်ပါတီဝင် သမ္မတဟောင်း 'ဘီ ကလင်တန်' (Bill Clinton) ရဲ့ မိန့်ခွန်းပြောကြားမှုကို တွစ်တာမှာ တစ်မိနစ်ကို ၂၂၀၈၇  တွစ် ကြတယ် (22,087 Tweets Per Minute) 


ရီပါတ်ပလစ်ကန်ပါတီ ကိုယ်စားပြု ဒု-သမ္မတလောင်း 'ပေါလ် ရွိင်ရယ်' (Paul Ryan) ရဲ့ မိန့်ခွန်းပြောကြားမှုက တွစ်တာမှာ တစ်မိနစ်ကို ၆၆၆၉ တွစ် ကြတယ် (6,669 Tweets Per Minute)

သမ္မတ အိုဘာမားကို ထောက်ခံပြီး မိန့်ခွန်းပြောကြားပေးတဲ့ သူ့ရဲ့ ချစ်ဇနီး 'မစ်ချယ် အိုဘာမား' (Michelle Obama) ရဲ့ မိန့်ခွန်းပြောကြားမှုက တွစ်တာမှာ တစ်မိနစ်ကို ၂၈၀၀၀  တွစ် ကြတယ် (28,000 Tweets Per Minute)

ရီပါတ်ပလစ်ကန် သမ္မတလောင်း 'မစ် ရွန်နီ' ကို ထောက်ခံပြီး မိန့်ခွန်းပြောကြားပေးတဲ့ သူရဲ့ ချစ်ဇနီး 'အန် ရွန်နီ' (Ann Romney) ရဲ့ မိန့်ခွန်းပြောကြားမှုက တွစ်တာမှာ တစ်မိနစ်ကို ၆၁၉၅  တွစ် ကြတယ် (6195 Tweets Per Minute) 

RNC 2012 (Republication National Convention 2012) ရီပါတ်ပလစ်ကန်ပါတီ ညီလာခံကြီး အကြောင်းကိုတော့ တွစ်တာမှာ တစ်မိနစ်ကို ၃သန်း တွစ်ကြတယ် (9 Millions Tweets Per Minute)

And The Winner is DNC 2012 (Republication National Convention 2012) 
ဒီမိုကရက်တစ်ပါတီ ညီလာခံကြီး အကြောင်းကိုတော့ တွစ်တာမှာ တစ်မိနစ်ကို ၉သန်းခွဲ တွစ်ကြပြီး ဒီမိုကရက်တစ်က တွစ်တာမှာ အနိုင်ရ ဗိုလ်စွဲသွားပါတယ်ခင်ဗျာ (9.5 Millions Tweets Per Minute)

ကဲ ကျနော်တို့ဆီမှာရော ၂၀၁၅ရောက်ရင် အဲလိုတွစ်နိုင်ကြမလား ဆိုတာ ငွေရောင် ပိတ်ကားပေါ်မှာ အဲလေ လိမ်ဖယ် လိမ်ဖယ်နဲ့ စောင့်မျှော်ကြည့်ရှု ကြစို့လား....

All Photos Credit to CBS News, AP, Reuter

ကိုးကား (Ref)
http://www.buzzfeed.com/h2/pulse/andrewkaczynski/the-democratic-and-republican-conventions-by-the-t

Wednesday, September 5, 2012

အတိတ်နိမိတ်တွေနဲ့ ဖိတ်လိုက်တဲ့ အက်ပဲလ်ရဲ့ အိုင်ဖုန်း ၅ (iPhone 5) မိတ်ဆက်ပွဲလား

 

ချဲဂဏန်းပေးတာလိုလို ဘာလိုလိုနဲ့ ဖြစ်နေတဲ့ အပေါ်ကပုံက လူတိုင်းရဲ့ အသည်းကို ကိုင်လှုပ်နေတဲ့ ကမ္ဘာကျော် နည်းပညာ ကုမ္ပဏီ အက်ပဲလ်(Apple) ရဲ့ အခမ်းအနားတစ်ခုအတွက် မီဒီယာတွေကို ဖိတ်တဲ့ ဖိတ်စာတစ်ခုဆိုရင် အားလုံး အံ့သြနေမလား။ အက်ပဲလ်ကတော့ သူရဲ့ထုံးစံအတိုင်း လျှို့ဝှက် စိတ်လှုပ်ရှားဖွယ်ရာနဲ့ လူတိုင်းကို ရင်ခုန်အောင် လုပ်လိုက်ပြန်ပါပြီ။

စက်တင်ဘာ ၁၂ရက်နေ့ ဆန်ဖရန်စစ္စကိုမှာ လုပ်မယ့် ဒီပွဲဟာ ဘာအတွက် လုပ်မယ့်ပွဲလည်းဆိုတာ ဖိတ်စာထဲမှာ ထည့်မရေးထားပေးမယ့် အားလုံးကတော့ အိုင်ဖုန်း ၅ (iPhone 5) ကို ကြေငြာမယ့်ပွဲလို့ အသေအချာပဲ ခန့်မှန်းနေကြပါတယ်။ ဘာလို့ အသေအချာ ခန့်မှန်းနေသလဲဆိုတော့ ဖိတ်စာထဲမှာ ထည့်ထားတဲ့ လျှိုဝှက်သင်္ကေတလေးကြောင့်ပါ။ အပေါ်ကပုံကို သေချာ ပြန်ကြည့်မယ်ဆိုရင် စက်တင်ဘာ ၁၂ကို ရည်ရွယ်တဲ့ ၁၂ ဂဏန်းရဲ့ အရိပ်ဟာ ထူးထူးခြားခြား ၅ ဂဏန်းပုံစံ ဖြစ်နေလို့ပါပဲ။ ပြီးတော့ "It's almost here" တဲ့။ ဒါကလည်း အားလုံး မျှော်လင့်နေကြတဲ့အတိုင်း ရောက်လာတော့မည်ပေါ့။ ကောလဟလတွေ အမျိုးအမျိုးထွက် အိုင်ဖုန်း ၅ လို့ ယူဆရတဲ့ ပုံတွေ အမျိုးအမျိုးထွက်ပြီး ထင်ကြေးပေးခံနေရတဲ့ အဲဒီ အိုင်ဖုန်း ၅ က မကြာမှီရောက်လာတော့မည် ဆိုတဲ့သဘောလား ဆိုပြီး လူတွေက အတိတ်နိမိတ် ကောက်နေကြပါတယ်။

အိုင်ဖုန်း ၅ လို့ပဲ ခေါ်ခေါ် ဟိုတခါလို အိုင်ဖုန်း ၅ ထင်ပြီးတော့မှ အိုင်ဖုန်း ၄အက်စ် (iPhone 4S) ဆိုတဲ့ နာမည်နဲ့ ထွက်လာလာ သေချာတာကတော့ နောက်ထွက်လာမယ့် အိုင်ဖုန်း၊ အက်ပဲလ်က သေချာပေါက် ကြေငြာမယ်လို့ ယုံကြတဲ့ အိုင်ဖုန်းဟာ မျက်နှာပြင် ကြီးကြီး ဖြစ်မယ်၊ ပိုမြန်တဲ့ ပရိုဆက်စာ (Processor) ဖြစ်မယ်၊ ပိုခံတဲ့ ဘက်ထရီ ပါလာမယ်၊ 4G ကွန်ယက်ချိတ်ဆက်နိုင်မယ့် စနစ်ပါမယ်၊ မကြာသေးခင်ကမှ ထုတ်လိုက်တဲ့ iOS6 နဲ့ လာမယ်၊ မသေချာ ပေမယ့် ဖြစ်နိုင်ချေ ရှိလာနိုင်မယ့် ဖုန်းနဲ့ ငွေချေလို့ ရတဲ့ NFC (Near Field Communication) စနစ် စတာတွေ ပါလာနိုင်တယ်လို့ ပညာရှင်တွေ ခန့်မှန်းနေပါတယ်။

နောက်တစ်ခုကတော့ အခုလက်ရှိ လူတွေ အ၀ယ်လိုက်နေကြတဲ့ Google Nexus 7 လို ၇လက်မ မျက်နှာပြင် ရှိတဲ့ တက်ဘလက်(Tablet) တွေကို ယှဉ်ဖို့ အိုင်ပက်ကို အရွယ်လျှော့ထားတဲ့၊ ၇လက်မ ၀န်းကျင်လောက်ရှိတဲ့ iPad mini ဆိုတာလည်း ထွက်လာနိုင်တယ်လို့ ခန့်မှန်း နေကြပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် အိုင် ချစ်သူတွေ တခြမ်းပဲ့ ပန်းသီး ပရိသတ်တွေ အတွက်ကတော့ စက်တင်ဘာ ၁၂ရက် အမေရိကန် ပစိဖိတ် စံတော်ချိန် မနက် ၁၀နာရီ၊ ကျနော်တို့ရဲ့ မြန်မာ စံတော်ချိန် ည ၈နာရီခွဲ၊ စင်ကာပူ စံတော်ချိန် ည ၁၀နာရီမှာ စပြီး ရင်ခုန် ကြရတော့မှာ ဖြစ်ပါတယ်။

ကျနော်လည်း အကြီးအကျယ် ရင်တုန် အဲလေ ရင်ခုန် ရပါမယ်။ ဘာလို့ဆို ရှိရှိသမျှ အိုင်တွေ၊ မက်စ်တွေ၊ ပန်းသီးတခြမ်းပဲ့ ကုမ္ပဏီက ထုတ်သမျှ စားသုံးနေတဲ့ စားသုံးသူကြီး တစ်ယောက် ရှိနေလို့ပါပဲ။ သက်ပြင်းအနည်းငယ်ချ အဲလေ နည်းနည်း ရင်ခုန်နှုန်းလျော့စေတဲ့ အချက်ကတော့ သူမရဲ့ ဖုန်း စာချူပ် နှစ်ပြည့်တော့မှာ မို့လို့ နောက်ထွက်မယ့် အိုင်ဖုန်းကို ဈေးသက်သာစွာနဲ့ ၀ယ်နိုင်မှာမို့ တော်သေးတယ်လို့ပဲ... အဲငှယ်....

ထင်ရှားကျော်ကြား ဂုတ်ကြား တို့ရဲ့ အမ်တီဗွီ သီချင်းများ

အခု ဖော်ပြပေးမယ့် အမ်တီဗွီ ကာရာအိုကေ သီချင်းလေးတွေကတော့ ပရိသတ်ကြီးများ နားထောင်ဖူးပြီးသား ထင်ရှားကျော်ကြားတဲ့ ပေါ့ပ်သီချင်းလေးများကို ဂုတ်ကြား တို့က ထူးခြားစွာနဲ့ ပြန်လည် ကိုယ်တိုင် ရေးစပ် ကော်ပီ သီဆို သရုပ်ဆောင်ကာ ရိုက်ကူးထားတာ ဖြစ်ပါတယ်။

ဒီအမ်တီဗွီတွေကို The Pet Collective လို့ ခေါ်တဲ့ ယူကျု(YouTube) ပေါ်က လူကြိုက်များ ချန်နယ်(Channel) တစ်ခုက ရိုက်ကူးထုတ်လုပ်ထားတာ ဖြစ်ပါတယ်။

တင်ဆက်ပေးမယ့် သီချင်းလေးတွေကတော့

၁. Adele - Rolling in the Deep ကို ပြန်လည် ခံစားထားတဲ့
    Pawdele - Digging in the Deep - Petody
 
 
၂. Katy Perry - California Gurls ကို ပြန်လည် ခံစားထားတဲ့
Katy Puppy - California Grrrs
 

၃. Gotye - Somebody That I Used To Know (Feat. Kimbra)  ကို ပြန်လည် ခံစားထားတဲ့
Dogotye - Some Doggy That I Used To Know *Feat. Katra*
 
 
၎. One Direction - One Thing ကို ပြန်လည် ခံစားထားတဲ့
 Pup Direction - One Bark
 
၅. ယူကျုမှာ ၀င်ရောက်ကြည့်ရှုတဲ့ အကြိမ်ရေ သန်း ၂၀၀ ကျော် ရှိနေပြီဖြစ်သော
Carly Rae Jepsen - Call Me Maybe ကို ပြန်လည်ခံစားထားတဲ့
Corgi Rae Jepsen - Collar Me Maybe
ခံစားကြည့်ရှုတဲ့ ပရိသတ် အပေါင်းလည်း စိတ်ကြည်နူး ချမ်းမြေ့ကြပါစေ။
မူရင်း သီချင်းများကို ခံစားချင်ရင် ဒီကို သွားပြီ ညာဘက်စွန်း အလယ်နေရာမှာ ရှာကြည့်လိုက်ပါ ခင်ဗျာ။

Monday, September 3, 2012

ပြည့်တန်ဆာက ကြေး တိုးတောင်းလို့ ရဲ ကို ခေါ်တဲ့သူ

အမေရိကန်၊ မစ်ချီဂန်၊ အမ်အာဘော် (Ann Arbor, Michigan) က အသက် ၄၅နှစ် အရွယ် လူတစ်ယောက် ည ၁၀နာရီခွဲခန့်မှာ ရဲစခန်းကို ခေါ်ပြီး သူ လုယက်ခံနေရကြောင်း ရဲ ကိုတိုင်ကြားပါတယ်။ ရဲတွေ သူ့အိမ်ကို ရောက်လာတဲ့အခါမှာတော့ သူဘယ်လို လုယက်ခံနေရလဲဆိုတယ် တွေ့လိုက်ရတော့ ရီရခက် ငိုရခက် ဖြစ်သွားပါတဲ့

ဖြစ်ပုံ အသက် ၄၅နှစ် ရှိပေမယ့် ပျော်ပျော်နေချင်သေးတဲ့ ကိုယ်တော်က အွန်လိုင်း ၀က်ဘ်ဆိုဒ်တစ်ခုပေါ်ကနေ အသက် ၁၉နှစ်အရွယ် အိုဟိုင်းရိုးက ကောင်မလေးတစ်ယောက်နဲ့ ကြေးတစ်ခုသတ်မှတ် ချိတ်ဆက်ပြီး သူ့အိမ်မှာ နှစ်ပါးခွင် ကကြပါသတဲ့။ ကလည်း ပြီးလို့ ကောင်မလေးကို ကျသမျှ ပိုက်ဆံပေးတဲ့အခါမှာတော့ ကောင်မလေးက ပိုတောင်းပါတယ်။ ကောင်မလေးပြောတာက ကုန်ဈေးနှုန်းက ရုတ်တရက်တက်သွားလို့ပါသတဲ့။

အဘိုးကြီးခမျာ တော်တော် အကျပ်ရိုက်သွားတော့ နောက်ဆုံး ရဲကို ခေါ်ဖို့ ဆုံးဖြတ်လိုက်သတဲ့လေ။ အဲ အခုတော့ ရဲတွေက ကုန်ဈေးနှုန်းကြီးအောင်လုပ်တဲ့ ကောင်မလေးကို ဖမ်းထားလိုက်ပါတယ်။ အဘိုးကြီးကိုရော ဖမ်းဖို့ မဖမ်းဖို့ကတော့ အစိုးရ တရားလိုတွေ အပေါ်မှာ မူတည်တယ်လို့ ရဲက ပြောပါတယ်။

ဝမ်းနည်းစရာကတော့ အဲလေ ရဲတွေကတော့ ကောင်မလေးကို ပေးဖို့ သဘောတူထားတဲ့ကြေးနဲ့ ကောင်မလေးကို ဆက်သွယ်လိုက်တဲ့ ၀က်ဘ်ဆိုဒ်ကို ထုတ်ဖော်ပြောခြင်း အလျင်းမရှိကြောင်း... ပါ။

ကိုးကား (Ref)
http://www.annarbor.com/news/crime/ann-arbor-police-john-calls-police-after-prostitute-took-his-money-and-raised-her-price/#.UETBX5ZqCSq


Sunday, September 2, 2012

ကော်ဖီ သောက်ခြင်း ဋီကာ

ကော်ဖီဟာ လူအများစုရဲ့ နေ့စဉ် ဘ၀ထဲမှာ အရေးပါ အရာတစ်ခုပါ။

- လူတွေဟာ တစ်နေ့ကို ၃.၁ခွက် ကော်ဖီကို သောက်သုံးတတ်ကြပြီး တစ်နှစ်ကို ၆၆ဘီလီလျံခွက်တောင် သောက်သုံးတတ်ကြပါတဲ့။

- အမျိုးသမီးတွေထက် အမျိုးသားတွေ ကော်ဖီကို ပိုသောက်သုံးတတ်ကြတယ်

- များသောအားဖြင့် အလုပ်ချိန်မှာ သောက်သုံး တတ်ကြပါတယ်။

- ဒီလို အလုပ်ချိန်မှာ သောက်သုံးတတ်ကြလို့ ကော်ဖီဖျော်ဖို့၊ ပြင်ဆင်ဖို့၊ သောက်သုံးဖို့အတွက် အသုံးပြုတဲ့အချိန်တွေဟာ အလုပ်လုပ်ချိန်ထိခိုက်ပြီး အလုပ်ရှင်တွေအတွက်က တစ်နှစ်မှာ အလုပ်သမားတစ်ယောက်စာ ဒေါ်လာ ၄၀၀ခန့် ဆုံးရှုံး ကုန်ကျနေရပါသတဲ့။

စတဲ့ စတဲ့ အချက်အလက်တွေကို Hamilton Beach Coffee က အောက်ကလို လိုရင်းတိုရှင်း ပုံပြအချက်အလက် (Infographic) အနေနဲ့ ပြုစုထားပါကြောင်း ဗဟုသုအနေနဲ့ တင်ပြလိုက်ရပါတယ်