Saturday, October 29, 2011

စတိဂျော့ပ် (Steve Jobs) ရဲ့ အထုပ္ပတ္တိနှင့် သူ၏ လေးစားဖွယ် စိတ်ဓါတ်လေး တစ်ခု

လွန်ခဲ့တဲ့ အောက်တိုဘာ ၅ရက်နေ့က ကွယ်လွန်သွားခဲ့တဲ့ ကမ္ဘာကို ပြောင်းလဲစေခဲ့တဲ့ သူတစ်ယောက်လို့ တင်စားခံခဲ့ရတဲ့ စတိဂျော့ပ်ကို လူတော်တော်များကပဲ ခုချိန်ထိ သူ့အကြောင်း ပြောမဆုံး ရှိနေဦးမှာပါ။ အခုလိုချိန်မှာပဲ သူကိုယ်တိုင် တရားဝင် ခွင့်ပြုထားတဲ့ သူရဲ့အထုပ္ပတ္တိစာအုပ်ဟာ အောက်တိုဘာလ ၂၄ရက်နေ့က ထွက်ရှိလာပါတယ်။ အစတုန်းက ဒီစာအုပ်ကို ၂၀၁၂မှာမှ ဖြန့်ချိဖို့ ရည်ရွယ်ထားခဲ့ကြပေမယ့် အခုလို မမျှော်လင့်ဘဲ စတိဂျော့ပ် ဆုံးသွားတာကြောင့် စာအုပ်ကို ရှေ့တိုးပြီး ဖြန့်ချီလိုက်တာပါ။ စာအုပ်ရဲ့ အမည်က "Steve Jobs" ပဲ ဖြစ်ပြီး ရေသားသူကတော့ 'အဲဗတ် အိုင်စတိုင်း' (Albert Einstein) အကြောင်းကို ရေးသားဖူးခဲ့သူ 'ဝေါလ်တာ အိုက်စပ်ဆန်' (Walter Isaacson) ပဲ ဖြစ်ပါတယ်။

ဒီစာအုပ်မဖြန့်ချီခင် ရက်အနည်းငယ်အလိုမှာ သတင်းဌါန တော်တော်များများက ဒီစာအုပ်ကို ရရှိလိုက်ကြပြီး စာအုပ်ထဲမှာပါတဲ့ အချက်အလက်တွေကို ကောက်နှုတ်ပြီး သတင်းတွေထဲမှာ ဖော်ပြခဲ့ကြပါတယ်။ အဲဒီထဲမှာ စတိဂျော့ရဲ့ လက်ရှိ ဆီလီကွန်တောင်ကြားက အကြောင်းတွေ၊ အဲဒီက လူတွေနဲ့ ပက်သက်ပြီး သူရဲ့အမြင်တော်တော်များများကို ပွင့်ပွင့်လင်းလင်းပဲ ဝေဖန်ထားတာတွေ ပါရှိပါတယ်။ ဥပမာ ဘီလ်ဂိတ်ကို စိတ်ကူးစိတ်သန်း နည်းပါးသူ၊ ဘာမှ တကယ် မတီထွင်ခဲ့တဲ့သူ... သူများရဲ့ စိတ်ကူးကို အရှက်မဲ့စွာ ကူးချတဲ့သူလို့ ဝေဖန်ထားတာ ပါ ပါတယ်။

အဲဒါတွေထဲမှာမှ မသေခင် သူမြင်သွားချင်၊ လုပ်သွားချင်တဲ့ ထူးခြားတဲ့ သူ့ရဲ့အပြင်းထန်ဆုံး ဆန္ဒတစ်ခုကတော့ ဂူးဂဲလ်ရဲ့ မိုဘိုင်းဖုန်း OS Android ကို ဖျက်ဆီးပစ်ချင်တဲ့ ဆန္ဒပါပဲ... ဂူးဂဲလ်ရဲ့ အန့်ဒရိုက်ဟာလည်း ကော်ပီတစ်ခုပဲလို့ သူကစွပ်စွဲထားပါတယ်။ ဒီကိစ္စနဲ့ ပက်သက်ပြီး သူစိတ်အဆိုးဆုံး လူတစ်ယောက်ကတော့ အရင်က ဂူးဂဲလ်ရဲ့ စီအီးအို၊ အခုလက်ရှိ ဂူးဂဲလ်မှာ ဥက္ကဌနေရာ ယူထားတဲ့ 'အဲရစ် စမစ်တ်' (Eric Schmidt) ပါပဲ... စမစ်တ်ဟာ ၂၀၀၉ခုနှစ်ထိ အက်ပဲလ် (Apple) ကုမ္ပဏီ ဘုတ်အဖွဲ့ထဲမှာ ပါနေတဲ့ လူတစ်ယောက်ပါ။ ဘယ်လောက်ထိ သူစိတ်ဆန္ဒပြင်းထန်သလဲဆို အက်ပဲလ် ကုမ္ပဏီရဲ့ ရှိတဲ့ ဘီလီယံ ၄၀ပိုက်ဆံကိုသုံးပြီးတော့ကိုပဲ အန့်ဒရိုက်ကို ပျက်ဆီးအောင်လုပ်မယ်လို့ ပြောထားပါတယ်။

ဂူးဂဲလ်နဲ့ အက်ပဲလ်ဟာ ဒီပြဿနာမဖြစ်ခင်က တော်တော်လေး ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိခဲ့ဖူးပါတယ်။ အိုင်ဖုန်းပေါ်က ဂူးဂဲလ်ရဲ့ မြေပုံနဲ့ ယူကျု စတာတွေကို အိုင်ဖုန်းသုံးထားပါတယ်။ ပြဿနာစတာကတော့ အိုင်ဖုန်းပေါ်လာပြီး နောင် ၁၀လအကြာ နိုဝင်ဘာ ၂၀၀၇မှာ ဂူးဂဲလ်က အန့်ဒရိုက်ကို ထုတ်မယ့်အကြောင်း စတင်ကြေငြာလိုက်တဲ့အချိန်ပါပဲ... အဲဒီတုန်းက စတိဂျော့ပ်ဟာ ဂူးဂဲလ်ရဲ့ ရုံးခန်းထိ သွားပြီး ကန့်ကွက်ခဲ့ဖူးတယ်လို့ တစ်ချို့ကဆိုပါတယ်။ စတိဂျော့ပ်ဟာ အက်ပဲလ်ဘုတ်အဖွဲ့ထဲမှာ ပါနေတဲ့ 'စမစ်တ်' ကို (အဲဒီတုန်းက ဂူးဂဲရဲ့ စီအီးအိုလည်းဖြစ်) သစ္စာဖောက်တဲ့သူလို့လဲ စွပ်စွဲခဲ့ပါတယ်။ အန့်ဒရိုက်ဟာ အက်ပဲလ်ရဲ့ အိုင်အိုအက်စ် (iOS) ကို ခိုးကူးထားတဲ့ဟာတစ်ခုပဲလို့ စတိဂျော့ပ်က ပြောပါတယ်။ .

အဲဒီနောက်ပိုင်းက စပြီး အက်ပဲလ်ဟာ အန့်ဒရိုက်သုံးထားတဲ့ မိုဘိုင်းဖုန်းကုမ္ပဏီတွေကို တစ်ခုပြီးတစ်ခု စတရားစွဲတော့တာပါပဲ.. ပထမဆုံး ဓားစာခံဖြစ်တဲ့ကုမ္ပဏီကတော့ မော်တော်ရိုလာ (Motorola) ဖြစ်ပြီး၊ နောက် အခုလက်ရှိ အက်ပဲလ်နဲ့ အကြီးအကျယ် တရားရင်ဆိုင်နေတဲ့ ကုမ္ပဏီကတော့ ဆမ်ဆောင်း (Samsung) ပါပဲ။ စတိဂျော့ပ်ရဲ့ အပြင်းထန်ဆုံး ဆန္ဒထဲက စတင်အောင်မြင်မှုတစ်ခုကတော့ ဆမ်ဆောင်းရဲ့ ဂလက်ဆီ တပ် (Galaxy Tab 10.1 Tablet) ကို သြစတေးလျနဲ့ ဂျာမနီမှာ ရောင်းခွင့်ပိတ်ပင်ဖို့ တရားစွဲဆိုမှုမှာ အနိုင်ရလိုက်တာပါပဲ... ဆမ်ဆောင်းကလည်း အိုင်ပတ်ကို တစ်ချို့နိုင်ငံတွေမှာ ရောင်းခွင့်ပိတ်ပင်ဖို့ တန်ပြန် တရားပြန်စွဲထားတာ ရှိပါတယ်။ ဒါပေမယ့် ဒါတွေအားလုံးရဲ့ အဆုံးသတ် အနိုင်အရှုံးတွေကို စတိဂျော့ပ်တစ်ယောက် မြင်ခွင့်ရတော့မှာ မဟုတ်ပါဘူး။

အခုလို စိတ်ကြီးတတ်တဲ့ မဟုတ်မခံတတ်တဲ့ စတိဂျော့ပ်ဟာ တခြားဘက်မှာ အင်မတန်လေးစားစရာ စိတ်ဓါတ်လေးတွေ ရှိနေပါသေးတယ်။ အဲဒါတွေထဲက ကျွန်တော်နှစ်သက်မိတဲ့ အဖြစ်အပျက်တစ်ခုကတော့ ... ဒီနှစ်ထဲမှာ ဂူးဂဲလ် ထိပ်ပိုင်းရထူးတွေ အပြောင်းအလဲဖြစ် အပြီး စီအီးအိုနေရာကို ရောက်လာတဲ့ ဂူးဂဲလ်ကို ပူးတွဲ တည်ထောင်သူ လယ်ရီပေ့ (Larry Page) က စီအီးအိုရာထူးယူအပြီးမှာ စီအီးအိုတစ်ယောက်အနေနဲ့ ကုမ္ပဏီကို အုပ်ချူပ်မှုဆိုင်ရာ အကြံညဏ်တွေတောင်းခံဖို့ စတိဂျော့ပ်ကိုတွေ့ခွင့် တောင်းခဲ့ပါတယ်။ ဒီလိုတောင်းဆိုတာကို သိသိချင်း စတိဂျော့ပ်ဟာ လယ်ရီကို ဂူးဂဲလ်ကို မကြေတဲ့စိတ်နဲ့ ချက်ချင်းပဲ  ငြင်းဆန်ဖို့ အရင်ဆုံးဖြတ်ခဲ့ပါတယ်။ ဒါပေမယ့် သူဟာ သူစပြီးတော့ ကုမ္ပဏီထောင်ခါစတုန်းက ဆီလီကွန်တောင်ကြားက အကြီးပိုင်းတွေဖြစ်တဲ့ HP ကုမ္ပဏီ ပူးတွဲတည်ထောင်သူ '၀ီလီလျံ ဟီးလ်လက်' (William Hewlett) ဆီက အကြံညဏ်တွေ ရယူခဲ့တာကို ပြန်တွေးမိပြီး သူကိုယ်တိုင်လည်း လက်ရှိ အကြီးတစ်ယောက်အနေနဲ့ ဒီလိုမလုပ်သင့်ဘူးတွေးပြီး လယ်ရီကို လက်ခံတွေဆုံမယ်ဆိုပြီး သူ့ဆုံးဖြတ်ချက်ကို ပြန်ပြင်ခဲ့ပါတယ်။ ဒါနဲ့ လယ်ရီဟာ စတိဂျော့ပ်ကို သူရဲ့ ဧည့်ခန်းမှာ သွားရောက်တွေ့ခွင့်ရခဲ့ပြီး စတိဂျော့ပ်ဆီက အကြံညဏ်တွေ သင်ယူခွင့် ရခဲ့ပါတယ်။

စတိဂျော့ပ်က ပေးခဲ့တဲ့ အကြံညဏ်တွေထဲမှာ ဂူးဂဲလ်ရဲ့ ၀န်ဆောင်မှုတွေ ထုတ်ကုန်တွေ တော်တော်များနေတာကို လျှော့ချဖို့နဲ့ တကယ်လုပ်နိုင်တဲ့ ၀န်ဆောင်မှုအနည်းငယ်နဲ့ ထုတ်ကုန်အနည်းငယ်ကိုသာ လုပ်ဖို့ ပြီးတော့ ဒါတွေတစ်ခုချင်းဆီမှာ တသတ်မတ်ထဲ တကယ်အလုပ်လုပ်မယ့် လက်ရွေးစင်အသင်းလေးတွေ ထားရှိဖို့ကို သူ အက်ပဲလ်ကို ပြန်စရောက်ခါစ အက်ပဲလ်ရဲ့ ထုတ်ကုန်ရာကျော်ကို ဆယ်ဂဏန်းထိ လျှော့ချလိုက်ပြီး အောင်မြင်အောင် ပြန်လုပ်ဆောင်နိုင်တာကို ဥပမာပြ ပြောပြပေးခဲ့ပါတယ်။ ဒီလိုမှ မလုပ်ရင် မိုက်ခရိုဆော့တ် (Microsoft) လို ဖြစ်သွားမယ်လို့လဲ ပြောပြခဲ့ပါသေးတယ်။ စတိဂျော့ပ်ရဲ့ အကြံညဏ်တွေဟာ ချက်ချင်းပဲ လယ်ရီကို လွှမ်းမိုးနိုင်ခဲ့လို့ လယ်ရီ စီအီးအိုဖြစ်ပြီး မကြာမီမှာပဲ ဂူးဂဲလ်ဟာ သူ့ရဲ့ Google Wave, Google Health စတဲ့ မှေးမှိန်နေတဲ့ ၀န်ဆောင်မှု အချို့တော်တော်များကို ပိတ်ပစ်ခဲ့တာ တွေ့ရပါတယ်။ အခုလိုမျိုးပဲ စတိဂျော့ပ်ဟာ ဖေ့ဘွတ် (Facebook) တည်ထောင်သူနဲ့ စီအီးအို 'မက်ခ် ဇက်ကာဘတ်' (Mark Zackerberg) ကိုလည်း အကြံညဏ်တွေ ပေးခဲ့ဖူးပါတယ်။

အခုလို ကိုယ်ရဲ့အငယ်တွေက အကူအညီ အကြံညဏ် အကူအညီတွေ တောင်းချိန်တွေ ရန်သူရယ် မိတ်ဆွေရယ် ပြိုင်ဘက် ကုမ္ပဏီရယ် သဘောမထားဘဲ စေတနာအပြည့် စိတ်သဘောထားအပြည့်နဲ့ ကူညီတတ်တဲ့ စတိဂျော့ပ်ရဲ့ စိတ်ထားကို လေးစားရင်း ဒီပိုစ့်လေးနဲ့ ဂုဏ်ပြုလိုက်ရပါတယ်။

Ref:

Thursday, October 27, 2011

ဂျီမေးလ်နှင့် ဂျီတော့ကို (Gmail & Gtalk) မိမိကိုယ်ပိုင်ဒိုမိန်းဖြင့် (Domain) အသုံးပြုခြင်း

ဒီပိုစ့်ကို ရေးရခြင်း ရည်ရွယ်ချက်က ဘလော့ အချို့ တော်တော်များမှာ ကိုယ်ပိုင် ဒိုမိန်းနိမ်းတွေ ရှိကြပါတယ်။ ဒါပေမယ့် အီးမေးလ်လိပ်စာကျတော့ ဂျီမေးလ်ပဲ ဖြစ်နေတာ တွေ့ရလို့ ပိုက်ဆံ တစ်ပြားတစ်ချပ်မှ မကုန်ဘဲ မိမိဒိုမိန်းနိမ်းနဲ့ အီးမေးလ်အကောင့် ပြုလုပ်ပြီး ဂျီးမေးလ်နဲ့ အသုံးပြုလို့ ရတဲ့နည်းကို မျှဝေခြင်း ဖြစ်ပါတယ်။

မိမိကိုယ်ပိုင် ဒိုမိန်းနိမ်းနဲ့ အီးမေးလ်အကောင့်လေးဆိုတော့ ပိုပြီး အထင်ကြီးစရာ တင့်တယ်စရာဖြစ်မှာပေါ့။ ဥပမာ mgthant@mgthant.me ပါ။ သိပြီးသားလူတွေလည်း ရှိမှာပါ။ မသိသေးတဲ့လူတွေအတွက် ရည်ရွယ်ခြင်း ဖြစ်ပါတယ်။

အရာရာတိုင်းနီးပါးကို လူတွေကို အခမဲ့ဝန်ဆောင်မှုပေးနေတဲ့ ဂူးဂဲလ်က (Google) ဒီဆားဗစ် (Service) လေးကို ပေးထားခြင်းဖြစ်ပါတယ်။ ဒါကို Google Apps လို့ခေါ်ပါတယ်... ဒီဆားဗစ်က သာမန်သုံးတဲ့လူတွေအတွက် အခမဲ့ပေးထားသလို စီးပွားရေး လုပ်နေတဲ့လူတွေအတွက် ဒါမှမဟုတ် ဒိုမိန်းတစ်ခုတည်းမှာ အကောင့်ပေါင်းများစွာ ဖွင့်ချင်တဲ့လူတွေအတွက် ချိုသာတဲ့ဈေးနှုန်းနဲ့လည်း ဂူးဂဲလ်ကနေ ၀ယ်ယူအသုံးပြုလို့ ရပါတယ်။ အခမဲ့အတွက်က ဒိုမိန်းတစ်ခုတည်းမှာ အကောင့် ၁၀ခုထိ ဖွင့်လို့ရပါတယ်။

ဒါကို လုပ်ရတာ သိပ်တော့မခက်ပါဘူး... ကိုယ့်ရဲ့ဘလော့လေးကို ကိုယ့်ဒိုမိန်းနဲ့ချိတ်ထားတဲ့လူတွေအတွက် ပိုပြီးလွယ်ကူစေပါတယ်။ အောက်ကအတိုင်း အစဉ်အလိုက်သွားလိုက်ရုံပါပဲ...

၁. ဂူးဂဲလ်မှာ အကောင့်မဖွင့်ခင် အရင်ဆုံးကိုယ့်ရဲ့ ဒိုမိန်း Setting ကို အရင်သွားလိုက်ပါ။ ပြီးတော့ ကိုယ့်ရဲ့ ဒိုမိန်း Setting ထဲမှာရှိတဲ့ MX Record ကို ဂူးဂဲလ်နဲ့ချိတ်ဆက်ဖို့ ပြင်ရပါမယ်။ Godaddy အသုံးပြုသူများ အောက်ပါအတိုင်း ပြင်နိုင်ပါတယ်။

တခြား ဆားဗစ်သုံးသူတွေ အောက်က Records အတိုင်း ကိုယ်ရဲ့ MX Records ကို ပြင်နိုင်ပါတယ်။

ဘလော့ကို ဒိုမိန်းချိတ်ရင်လည်း Domain Records တွေ ပြင်ရတာမို့... ဒိုမိန်းနဲ့ ဘလော့ချိတ်ထားတဲ့လူတွေ ဒါကိုလုပ်တတ်မယ်လို့ ထင်ပါတယ်။

၂. ပြီးသွားရင် http://www.google.com/apps/intl/en/group/index.html ဒီနေရာကို သွားလိုက်ပါ။
အဲဒီမှာ စပြီး Get it Started ကို သွားပါ။

၃. ကိုယ့် ဒိုးမိန်းနိမ်းနာမည်ကို ရိုက်ထည့်လိုက်ပါ။ (e.g mgthant.me) www တွေ ထည့်စရာမလိုပါဘူး။ ဒိုမိန်း တစ်ခုတည်းကိုပဲထည့်ပါ။

၎. နောက်ပေါ်လာတဲ့ ပုံစံ (Form) မှာ ဖြည့်ခိုင်းတဲ့ နာမည်၊ အီးမေးလ်(လက်ရှိကိုယ်သုံးနေတဲ့ ဂျီးမေးလ် ဖြည့်လို့ရပါတယ်)၊ ဖုံးနံပါတ်၊ ကိုယ်နေတဲ့ နိုင်ငံအမည် စတာတွေဖြည့်ပါ။ အနီရောင် စတားလေး ပြထားတာတွေအားလုံးဖြည့် ရပါတယ်။ ကျန်တာက မဖြည့်ပဲ ချန်ထားခဲ့လို့ ရပါတယ်။ ပြီးတော့ I understand.......... ဆိုတာလေး အမှန်ခြစ်လေး လုပ်ပေးလိုက်ပါ။ Continue ကိုနှိပ်ပြီးနောက်တဆင့်ကို သွားပါမယ်။

၅. နောက်တဆင့်မှာ User Name (ဒါက ကိုယ့်ဒိုမိန်းနဲ့ သုံးမယ့် User Name ပါ၊ ဥပမာ mgthant@mgthant.me ဆိုရင် mgthant လို့ ဖြည့်ရပါတယ်။ ကိုယ်သုံးမယ့် ပါ့တ်စ်ဝေါ့စ် Password နှစ်ခါပြန် ဖြည့်ပါ။ (ရှည်ရှည် ရှုပ်ရှုပ်လေး ပေးပါနော် ပါတ်စ်ဝေါ့စ်ကို)၊ နောက်ရိုက်ခိုင်းတဲ့ စာလေး ရိုက်ပေးလိုက်ပါ။ အောက်ဆုံးမှာ Automatically ဘာညာဆိုတာလေး အမှန်ခြစ်လေး ခြစ်ပေးလိုက်ပါ။ (ဒါက Gmail အပြင် တခြားအသုံးပြုခွင့်ပေးတဲ့ ဆားဗစ်အားလုံးကို အလိုအလျောက် ဖွင့်ပေးပါဆိုတာ ပြောတာပါ။) ပြီးတော့ I accept. Continue Setup ဆိုတာလေး နှိပ်ပြီး နောက်တဆင့်ကို သွားပါမယ်။

၆. နောက်တဆင့်မှာ setup လုပ်တာတွေ ကိုယ့်ဟာကိုယ်လုပ်မှာလား .. သူ့ဟာသူပဲ လုပ်လိုက်ရမလား မေးပါမယ်။ Express ကိုပဲ နှိပ်ပြီး သူ့ဟာသူ လုပ်ခိုင်းလိုက်ပါ။

၇. နောက်ဆုံးအဆင့်ပါပဲ... နောက် စာမျက်နှာကို ရောက်သွားရင် Next... Next ဆက်သွားလိုက်ပါ။ အဲဒီမှာ ဒိုမိန်းကို ကိုယ်ပိုင်ဟုတ်မဟုတ် verify လုပ်ပေးရပါတယ်... အဲမှာ Recommended Method နဲ့ Alternative Method ဆိုပြီးနှစ်မျိုးရှိပါတယ်။ ဘလော့ကာတွေအတွက် Alternative Method ပဲ အဆင်ပြေပါတယ်။ Recommended Method က ကိုယ်ပိုင် ၀က်ဘ်ဆိုဒ် ရှိသူတွေပဲ လုပ်လို့ရပါတယ်။ Alternative Method ကို သွားလိုက်ရင် နောက်ထပ် ရွေးစရာ သုံးခု ထပ်တွေ့ရပါမယ်။ အဲဒီထဲမှာမှ ဒုတိယဟာဖြစ်တဲ့ "Add a DNS..... " ဆိုတာကို ရွေးပေးပါ။ ပြီးရင် ကိုယ့်ရဲ့ ဒိုမိန်း ၀ယ်ခဲ့တဲ့နေရာကို ရွေးလိုက်ပါ။ ဥပမာ godaddy.com ပေါ့။ အဲဒါပြီးရင် နောက်ထပ် ဘယ်လိုလုပ်ရမယ်ဆိုတာ လမ်းညွှန်ချက် ထွက်လာပါမယ်။ Domain Records မှာ နောက်ထပ် TXT Records လေး တစ်ခုထည့်ပေးရုံပါပဲ... အဲဒီ Records က ခုနက MX Records ရဲ့ အောက်မှာ ရှိတတ်ပါတယ်။ ပြီးရင် Verify ဆိုတာ နှိပ်ပေးရုံပါပဲ။ Google က Verify ဖြစ်ကြောင်း ပြောပါလိမ့်မယ်။ တခါတလေ ချက်ချင်း Records က Active မဖြစ်ပါဘူး... အဲဒါဆိုရင် နောက်တစ်နာရီလောက်စောင့်ပြီး Verify လုပ်ပေးပါ။ အများအားဖြင့် ချက်ချင်း ရတတ်ပါတယ်။

ခုဆိုရင် ကိုယ်ပိုင်ဒိုမိန်းနဲ့ အီးမေးလ်လေးတစ်ခု ရပါပြီး... နောက်ထပ် အီးမေးလ်ကိုးခု ထပ်ဖွင့် လို့ရပါတယ်။ ဒါ့အပြင် တခြားဆားဗစ်တွေဖြစ်တဲ့... Google Reader, Google Docs, Google Calender စတာတွေကို ကိုယ့်ကိုယ်ပိုင် ဒိုမိန်းနဲ့ သုံးလို့ရပါပြီ ခင်ဗျာ။ Gmail ၀င်မယ်ဆိုရင် ပထမဆုံး ဂျီးမေးလ်ကိုသွား ပြီးရင် ကိုယ့်ရဲ့ ဒိုမိန်းနဲ့ အီးမေးလ်အပြည့်အစုံရိုက် (ဥပမာ User Name မှာ mgthant@mgthant.me) ပြီးရင် ပါတ်စ်ဝေါ့စ် (Password) ရိုက်... login ၀င်လိုက်တာနဲ့ ရပါပြီး....  Gtalk ၀င်ရင်လည်း ဒီအတိုင်းပါပဲ...

ဒါနဲ့ ပက်သက်ပြီး မရှင်းတာရှိရင် mgthant@mgthant.me ကို အီးမေးလ် မေးမြန်းဆက်သွယ် စုံစမ်းနိုင်ပါတယ်။ တတ်နိုင်သမျှ ကူညီဖြေရှင်း လုပ်ဆောင်ပေးပါမယ်။ Domain Records ပြင်ရမှာ ပြင်ရမယ့် Records က လွဲရင် ကျန်တာတွေမပြင်ပါနှင့်၊ မဟုတ်ရင် Domain Setting တွေ တလွဲဖြစ်ကုန်ပြီး ဘာမှသုံးမရတာ ဖြစ်သွားပါလိမ့်မယ်။

ကိုယ်ပိုင်ဒိုမိန်းနဲ့ အီးမေးလ်များ ပိုင်ဆိုင် နိုင်ကြပါစေခင်ဗျာ။

Wednesday, October 26, 2011

တိုက်တိုက်ဆိုင်ဆိုင် အမွှာညီအစ်မက တစ်ရက်ထဲကလေးမွေး

(Jenifer and Jessica with their babies)
 (Photo via)

အင်ဒီယားနားက အမွှာညီအစ်မနှစ်ယောက် ဖြစ်တဲ့ Jenifer Patterson နဲ့ Jessica Patterson တို့ဟာ တိုက်တိုက်ဆိုင်ဆိုင်ပဲ တစ်ရက်ထဲမှာ ကလေးပြိုင်တူမွေးဖွားခဲ့ကြပါတယ်။

Jenifer Patterson က သမီးကလေး Adalynn Rose Patterson ကို သဘာဝအတိုင်း မွေးဖွားပြီး နောက်နာရီအနည်းငယ် အကြာမှာပဲ Jessica Patterson က သားလေး Mason Douglas Patterson ကို ဗိုက်ခွဲကာ Bloomington ဆေးရုံတစ်ခုတည်းမှာ မွေးဖွားခဲ့ပါတယ်။ Adalynn Rose Patterson က မွေးဖွားစမှာ အဆုတ်ပြဿနာ ရှိပေမယ့် အခုတော့ အဆင်ပြေနေပါပြီ။

သူမတို့နှစ်ယောက်ဟာ အမွှာဖြစ်ပေမယ့် အများအားဖြင့် အခုလို တူညီတာတွေသိပ်တော့ မရှိပါဘူး....

ကျမတို့နှစ်ယောက် အရုပ်တွေ၊ အစားအသောက်၊ အ၀တ်တွေနဲ့ အရာအားလုံး အတူတူခွဲဝေတာတွေတော့ ရှိခဲ့ပါတယ်။ လွန်ခဲ့တဲ့သုံးနှစ်လောက်က... အိမ်တစ်ခုတည်းကို ပြောင်းရွှေ့ ခဲ့ကြပါတယ်။ ကျမရဲ့ ညာဘက်မျက်လုံးက မကောင်းပြီး၊ သူ့ ဘယ်ဘက်မျက်လုံးက မကောင်းပါဘူးလို့ ဂျနီဖာကပြောပါတယ်။

ဂျက်ဆီကာက သူမ ဘယ်သန်ဖြစ်ပြီး ဂျနီဖာက ညာသန်လို့ ပြောပါတယ်။ ဂျက်ဆီကာက သူမကိုယ်ဝန်ရှိတာ အရင် သိခဲ့ရပြီး တပတ်အကြာမှာတော့ ဂျက်ဆီကာက ကိုယ်ဝန်ရှိတာ သိခဲ့ကြပါတယ်။

မွေးဖွားခါနီးအချိန်မှာ သူမတို့နှစ်ယောက်လုံး ဆေးရုံတစ်ခုတည်းက အခန်းတစ်ခန်းထဲမှာ အတူရှိနေခဲ့ကြတာပါ။ ကလေးတွေနှစ်ယောက်လုံး အတူတူကြီးပျင်းလာဖို့ မျှော်လင့်ပါတယ်... တကယ့်ကို ပျော်စရာကောင်းတဲ့ အိမ်လေးတစ်အိမ်ဖြစ်မှာပဲ... ကျမတို့နှစ်ယောက်ဟာ ခွဲမရတဲ့သူတွေပါလို့ ဂျက်ဆီကာက ပြောပါတယ်။

ဂျက်ဆီကာရော ဂျနီဖာရော ကလေးလေးတွေကို Single Mother အနေနဲ့ မွေးဖွားခဲ့ကြတာပါ။

News Source:
http://www.ksdk.com/news/article/282267/71/Twin-sisters-give-birth-on-same-day
http://www.nydailynews.com/lifestyle/2011/10/24/2011-10-24_identical_twins_give_birth_on_same_day_in_same_hospital_twin_called_coincidence_.html?r=news/national

Friday, October 21, 2011

စင်ကာပူ ပရိုမိုးရှင်းများ - Food & Electronic Expo Sales, Baby Expo Sales, Luxury Handbags Sales & Funiture Sales

Weekend Shopping အတွက် အစဉ်အလာ မပျက် တင်ဆက်


Food & Electronic Show

Venue:    Singapore Expo Hall 4A, 4B
Date: 21 Oct 2011 - 23 Oct 2011
Time: 11am to 9pm


Baby Expo 2011

Venue: Singapore Expo Hall 5B
Date: 21 Oct 2011 - 23 Oct 2011
Time: 11 am to 9pm (Fri & Sat), 11am to 8pm (Sun)


Creative Living Funiture Sales

Venue: Singapore Expo Hall 6
Date: 22 Oct 2011 - 30 Oct 2011
Time: 12 noon to 10pm



Luxury Handbag Sale

Date: 22 Oct 2011 - 22 Oct 2011
Venue: Singapore Expo Conference Hall G, H, J
Time: 11am to 7pm

Disclaimer
The contents providing on this post are just for information purpose only. I am not affiliated with any sales or promotion companies above. The information could be from unreliable sources, incomplete, inaccurate and changed or altered anytime without notice. I will not be responsible on any lost or damages happen to you concerning above information  All logos, posters and graphical contents are copyright of their respective owners and I do not own any.

Thursday, October 20, 2011

Christine Chubbuck - တိုက်ရိုက်ရုပ်သံလွှင့်ရင်း မိမိကိုယ်ကို သတ်သေသူ

၁၉၇၄ ဇူလိုင်လ ၁၅ရက်နေ့ Sarasota, Florida က WXLT-TV 40 (ယခု ABC Channel 7) ရဲ့ မနက်ပိုင်း ၉း၃၀မှာ ပုံမှန်ထုတ်လွှင့်နေကျ နာရီဝက်ကြာ စကားပြော ဆွေးနွေးခန်း "Suncoast Digest" အစီအစဉ် ကြည့်ရှုဖို့  ဒီအစီအစဉ်ကို စိတ်ဝင်စားတဲ့ တီဗွီပရိသတ်တွေဟာ ခါတိုင်းနေ့လိုပဲ တီဗွီရှေ့မှာ ထိုင်ပြီး အစီအစဉ်ကို စောင့်မျှော်နေကြပါတယ်။ ဒီအစီအစဉ်ကို ပုံမှန် တင်ဆက်ပေးနေတဲ့သူကတော့ အသက် ၂၉နှစ် အရွယ် တီဗွီသတင်းတင်ဆက်သူ Christine Chubbuck ဆိုတဲ့ အမျိုးသမီးလေးပါ။ ကိုးနာရီခွဲမှာ အဲဒီနေ့အတွက် ထုံးစံအတိုင်း အစီအစဉ် စတင်တော့ အစီအစဉ်အပြောင်းအလဲလေး ဖြစ်နေတာကြောင့် ပရိသတ်တွေ အနည်းငယ် အံ့သြပြီး တွေဝေသွားပါတယ်။ အဲဒါကတော့ ခရစ်စတင်း ဟာ ပုံမှန် စကားဝိုင်း ကုလားထိုင်မှာ ထိုင်မနေဘဲနဲ့ သတင်းကြော်ငြာတဲ့ စားပွဲကို ရောက်ကာ သတင်းတွေ စတင်ကြေငြာဖို့ လုပ်နေတာပါ။ ဆက်ပြီး ခရစ်စတင်းဟာ ဌါနေသတင်းသုံးခုလောက်ကို ကြေငြာပြီး၊ နောက်ထပ်သတင်းပုဒ် အနေနဲ့ စားသောက်ဆိုင်တစ်ခုက ပစ်ခတ်မှုဖြစ်တဲ့အကြောင်း ကြေငြာပါတယ်။ အဲဒီနောက် ပစ်ခတ်မှု ဗွီဒီယိုကို ပြမယ်လို့ ခရစ်စတင်းက ပြောပါတယ်... ဒါပေမယ့် အဲဒီအချိန် ဖလင်ဂျမ်းဖြစ်သွားတဲ့ ဗွီဒီယို မပြသနိုင်တော့ဘဲ ခရစ်စတင်းကပဲ ဆက်ပြီးတော့ သတင်းကြေငြာပါတယ်။ ဒါပေမယ့် အဲဒီမှာ သူမ ဆက်ပြောလိုက်တဲ့ စကားတွေက ပရိသတ်ကို ပိုပြီး ထူးဆန်းစရာ ဖြစ်သွားပါတယ်။ သူမပြောလိုက်တာက

"In keeping with Channel 40's policy of bringing you the latest in blood and guts, and in living color, you are going to see another first—attempted suicide."

"ချန်နယ် ၄၀ရဲ့ ထုံးစံအတိုင်း နောက်ဆုံးရတွေကို ထိတ်လန့်ဖွယ်ရာ သရုပ်မှန်စွာ တင်ဆက်ပေးမည် ဖြစ်သည့်အတွက်, ယခုဆက်လက်ပြီး နောက်ထပ် ပထမဆုံးအကြိမ် ကိုယ့်ကိုယ်ကိုသတ်သေဖို့ ကြံစည်ကြိုးစားမှုတစ်ခုကို မြင်တွေ့ ရပါတော့မယ်"

ထိုသို့ ပြောပြီးနောက် ခရစ်စတင်းဟာ စားပွဲအောက်က ခြောက်လုံးပြူးသေနတ်ကို ဆွဲထုတ်ပြီး သူမရဲ့ ညာဘက် 'နား' ရဲ့ အနောက်ကနေ ကိုယ့်ခေါင်းကို ပစ်ထည့်လိုက်ပါတော့တယ်...

ရုတ်တရက် ကင်မရာမန်းတွေ၊ ရိုက်ကူးရေး တာဝန်ခံတွေ၊ သူမနဲ့ စကားပြောခန်းတင်ဆက်ဖို့ ရောက်ရှိနေကြတဲ့ ဧည့်သည်တွေဟာ ဒါတကယ်ဖြစ်နေတာလား၊ တမင်ထွင်လုံးလားဆိုတာ ဝေခွဲလို့ ချက်ချင်းမရခဲ့ပါဘူး။ ခရစ်စတင်းကတော့ ခုံပေါ်မှာ မျက်နှာမှောက်လျက် သွေးအိုင်ထဲရောက်နေပါပြီး... အားလုံး သတိပြန်လည်တဲ့အချိန် ဒါတကယ်ဖြစ်နေတာပါဆိုတာ သတိရကြတဲ့အချိန်မှာ ကင်မရာမန်းက ကင်မရာကို ချက်ချင်းပိတ် ထုတ်လုပ်ရေး တာဝန်ခံတွေက အစီအစဉ်ကို ချက်ချင်းရပ်ပြီး ရုပ်ရှင်တစ်ကား အမြန်အစားထိုး ပြန်လွှင့်လိုက်ပါတယ်။ အဲဒီအချိန် အစီအစဉ်ကို ကြည့်နေတဲ့ ပရိတ်သတ်တစ်ချို့က ရုံးခန်းကို ဖုန်းခေါ်ပြီး တကယ်ဟုတ်မဟုတ် စုံးစမ်း၊ တစ်ချို့က ရဲစခန်းကို တိုက်ရိုက် ဖုန်းခေါ်ကြပါတယ်။

အဲဒီမှာ သတင်း ရိုက်ကူးရေး ဒါရိုက်တာ မိုက်ခ် (Mike Simmons) က သွေးတွေပေနေတဲ့ ခရစ်စတင်း လက်ထဲက သတင်းစာရွက်ကို ယူကြည့်လိုက်တဲ့အခါမှာ ခရစ်စတင်းကိုယ်တိုင် အောက်ပိုင်းအတိုင်း ရေးထားတာကို တွေ့လိုက်ရပါတယ်။

'TV 40 news personality Christine Chubbuck shot herself in a live broadcast this morning on a Channel 40 talk program. She was rushed to Sarasota Memorial Hospital, where she remains in critical condition.'

"တီဗွီ ၄၀ရဲ့ သတင်း ကြော်ငြာသူ 'ခရစ်စတင်း ချပ်ဘတ်ခ်' ဟာ တိုက်ရိုက်ထုတ်လွှင့်နေတဲ့ ချန်နယ် ၄၀ရဲ့ စကားပြောခန်း အစီအစဉ်အတွင်း သူမကိုယ်ကို သူမ ပစ်ပြီး သေကြောင်းကြံလိုက်ကြောင်း အခု သူမကို 'ဆာရာဆိုတာ အောက်မေ့ဖွယ်ရာ ဆေးရုံ' ဆီကို အမြန်သယ်ဆောင် သွားကြပြီး၊ သူမဟာ စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေပါတယ်"

ဆိုပြီး သူမနေရာကို ၀င်ယူပြီး သတင်းကြောငြာမယ့်သူအတွက် သူမတခါတည်း သတင်းတစ်ပုဒ် ကြိုတင်ရေးထားခဲ့တာတွေ့ရပါတယ်။


ခရစ်စတင်း ချပ်ဘတ်ခ် (Christine Chubbuck)

(Christine Chubbuck)

သူမဟာ ၀ါသနာပါတဲ့ တီဗွီထုတ်လွှင့်တဲ့ အလုပ်ကို ကြိုးစားလုပ်တတ်ပြီး ဘ၀ကိုရိုးရှင်းစွာ ဖြတ်သန်းနေတဲ့ သာမန် မိန်းကလေးတစ်ယောက်ပါ။ သြဂုတ်လ ၂၄ရက်နေ့ ၁၉၄၄ခုနှစ် ဟတ်ဆန်၊ အိုဟိုင်းယိုး (Hudson, Ohio)မှာ မွေးဖွားခဲ့ပြီး အောက်စဖိုစ့်၊ အိုဟိုင်ယိုးက မီယာမီ တက္ကသိုလ်၊ ဘတ်ဗာလီ၊ မတ်ဆာချူးဆက် က အန်ဒီကော့ ကောလိပ်တွေမှာ တက်ခဲ့ပြီး နောက်ဆုံး ဘော့စတွန် တက္ကသိုလ်မှာ ရုပ်သံ ထုတ်လွှင့်မှု ဆိုင်ရာ ဘာသာရပ်နဲ့ ၁၉၆၅မှာ ဘွဲ့ရခဲ့ပါတယ်။

 ခရစ်စတင်းတို့ မိဘတွေဟာ ကွဲနေကြပြီး ယခုဖြစ်ရပ်မတိုင်ခင်နှစ်များမှာ ဖလော်ရီဒါက သူမ အမေနဲ့ မောင်နှမများနဲ့ အတူ ပြောင်းရွှေ့နေထိုင်ခဲ့ပါတယ်။ သူမဟာ မိသားစုနဲ့ နွေးထွေးတဲ့ ဆက်ဆံရေးရှိပြီး သူမ အမေနဲ့ မောင်ငယ် ဂရက်(Greg)တို့ဟာ သူမရဲ့ အရင်းနှီးဆုံး သူငယ်ချင်းတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

သူမ လက်ရှိ အလုပ်လုပ်နေတဲ့ WXLT-TV 40 မှာ အလုပ်မ၀င်ခင် လေးနှစ်ခန့် တခြားနေရာတွေမှာ ရုပ်သံထုတ်လွှင့်မှုနဲ့ ပက်သက်တဲ့ အလုပ်တွေ လုပ်နေခဲ့ပါတယ်။ WXLT-TV ရဲ့ ပိုင်ရှင် ဘော့နဲလ်ဆင် ဟာ ခရစ်စတင်းကို စစချင်း သတင်းတင်ဆက်သူ တစ်ယောက် အနေနဲ့ပဲ ခန့်ခဲ့ပြီး နောက်တော့ သူမရဲ့ လုပ်ရည်ကိုင်ရည်ကြောင့် "Suncoast Digest" ဆိုတဲ့ စကားပြောဆွေးနွေးခန်းလေးကို သူမအတွက် ပြုလုပ်ပေးခဲ့ပါတယ်။ ဒီစကားပြောခန်းရဲ့ ရည်ရွယ်ချက်က ဌါနေရှိလူများအကြောင်း၊ အစည်းအရုံးများ အကြောင်း၊ အရက်၊ မူးယစ်ဆေး ကာကွယ်တာဆီးရေး အကြောင်းတွေ တင်ဆက်ဖို့ ဖြစ်ပါတယ်။ ခရစ်စတင်း ဟာ ဒီအစီအစဉ်ကို ကိုယ်တိုင်နှစ်သက်ပြီး သေချာစွာ လုပ်ကိုင်နေတတ်သူတစ်ယောက်ပါ။

ဒါပေမယ့် ဒီအရာတွေ အားလုံးထဲမှာမှ သူမ မိသားစုကလွဲပြီး လူတိုင်း သတိမထားမိတဲ့ အားနည်းချက်တစ်ခု ခရစ်စတင်းမှာ ရှိနေခဲ့ပါတယ်။ အဲဒါကတော့ သူမရဲ့ လူမှုဆက်ဆံရေး၊ အချစ်ရေးနဲ့ ပက်သက်ပြီး ခရစ်စတင်း တစ်ယောက် စိတ်ဓါတ်ကျတဲ့ ရောဂါခံစားနေရတဲ့ အကြောင်းပါပဲ။ ဒီအကြောင်းကို သူမ အမေက ကောင်းစွာသိပေမယ့် သူမအလုပ်ကို ထိခိုက်မှာ စိုးလို့ ဘယ်သူ့ကိုမှ မပြောပြဖြစ်ခဲ့ပါဘူး။ ယခုဖြစ်မတိုင်မီ ရက်သတ္တပတ်ပေါင်းများစွာ စိတ်ရောဂါကု ဆရာဝန်နဲ့ ပြသနေခဲ့ဖူးတယ်လို့ သူမ မိခင်က နောက်ပိုင်းမှာ ပြန်ပြောပြပါတယ်။ သူမ လုပ်ကိုင်ဖော်ဖက်တွေကို သူမဟာ အသက်သုံးဆယ်ပြည့်မွေးနေ့ကို ကျော်ဖြတ်ခါနီး ဖြစ်ပေမယ့် ယောက်ျားလေးနှစ်ယောက်ထက် ပိုမတွဲဖူးဘဲ အခုချိန်ထိ အပျိုစင်ဖြစ်နေတုန်းပဲ လို့ ပြောပြတတ်ပါတယ်။ သူမရဲ့ မောင်က သူမ သူတို့ဆီ ပြောင်းမလာခင်က ယောက်ျားလေးတစ်ယောက်နဲ့ တွဲနေပေမယ့် ဘာလို့မှန်းမသိဘဲ အဆင်မပြေဖြစ်ခဲ့တယ် ဆိုပါတယ်။ သူမလုပ်ကိုင်ဖော်ဖက်တွေ သူမကို အရမ်းခင်ခင်မင်မင် ဆက်ဆံလာခဲ့ရင် သူမဟာ ဆိုးရွားစွာ ပြန်တုံ့ပြန်တတ်ပြီး၊ သူမကို ချီးမွန်းတာကိုလဲ လုံးဝမခံဘဲ အမြဲတမ်းလိုလို သူမကိုယ် သူမ အပြစ်တင်ပြောဆိုနေတတ်တယ်လို့လဲ သူမ အလုပ်ဖော်တွေက ဆိုပါတယ်။

အဲလိုကြားထဲမှာမှ သူမရဲ့ စိတ်ကျရောဂါကို ပိုပြီး အဆိုးရွားဆုံး အခြေအနေ ရောက်ရှိစေခဲ့တဲ့ အဖြစ်အပျက်တစ်ခု ဖြစ်ခဲ့ပါတယ်။ အဲဒါကတော့ သူမ တဖက်သတ် သဘောကျနေတဲ့ သူမ အလုပ်ဖော် ရွိင်ယန်ရဲ့ မွေးနေ့အတွက် ကိတ်မုန့်လေးဖုတ်ပြီး သူရဲ့ ဂရုစိုက်မှုကို ရဖို့ ကြိုစားခဲ့ချိန်မှာ ရွိင်ယန်ဟာ သူမရဲ့ သူငယ်ချင်း အားကစားသတင်းထုတ်လွှင့်သူ 'ကဒ်ဘီ' နဲ့ ဇတ်လမ်းဖြစ်နေပြီး ဆိုတာ တဆက်တည်း သဘောပေါက်လိုက်တဲ့ အချိန်ပါပဲ....

ခရစ်စတင်းဟာ သူမကိုယ်ကို မကြံစည်မီ သုံးပတ်အလိုခန့်က သူမရုံးက သတင်းများဆိုင်ရာ ဒါရိုက်တာကို ကိုယ့်ကိုယ်ကို သတ်သေမှုနဲ့ ပက်သက်ပြီး သတင်း အပိုင်းအစလေးတစ်ခု ပြုလုပ်ချင်ကြောင်း အဆိုပြုခဲ့ရာမှာ ဒါရိုက်တာက ဒါကို အတည်ပြုပေးခဲ့ပါတယ်။ အဲဒါနဲ့ သူမဟာ ပထမဆုံး ဌါနေ ရဲစခန်းကို သွားပြီး ရဲအရာရှိတွေကို ကိုယ့်ကိုယ်ကို သတ်သေတဲ့ အကောင်းဆုံးနဲ့ အထိရောက်ဆုံး နည်းလမ်းတွေကို သတင်းပြုလုပ်ဖို့အတွက် ပြောပြီး မေးမြန်းခဲ့ပါတယ်။ အဲဒီမှာ ရဲ အရာရှိတစ်ယောက် ၃၅မမ ခြောက်လုံးပြူးနဲ့ သေနတ်ပစ်ပြိုင်ပွဲနဲ့ သေနတ်ပစ်သင်တန်းတွေမှာ သုံးတဲ့ ထိပ်ပြားကျည်ဆံကို သုံးပြီး နားထင်ကို မဟုတ်ပဲ နားရဲ့အနောက်ဖက် အခြမ်းကို ပစ်တာဟာ အကောင်းဆုံး နည်းလမ်းလို့ ပြောပြခဲ့ပါတယ်။ (ကျေးဇူးပြု၍ ကိုယ်တိုင် မစမ်းသပ်ပါနှင့်) အဲဒီနောက် သူမဟာ အဲဒီ သေနတ်ကို ၀ယ်ခဲ့ပြီး သူမ အလုပ်ဖော် သတင်း အယ်ဒီတာ စမစ်ကို သေနတ် ၀ယ်တဲ့အကြောင်း ပြောပြရင်း တိုက်ရိုက်ရုပ်သံလွှင့်နေချိန်မှာ ကိုယ့်ကိုယ်ကို ပစ်မယ်လို့ စနောက်ခဲ့ပါသေးတယ်။ ဒါဟာ နောက်လို့ကောင်းတဲ့ အရာမဟုတ်ဘူး သူမကိုပြန်ပြောခဲ့ကြောင်း .. နောက်ပိုင်းမှာ စမစ်က ပြန်ပြောပြခဲ့ပါတယ်။

ကြံစည်မှု ပြီးပြီးချင်း ခရစ်စတင်းကို သူမရဲ့ ကြိုတင်ရေးထားတဲ့ သတင်းစာရွက်ထဲကအတိုင်း 'ဆာရာဆိုတာ အောက်မေ့ဖွယ်ရာ ဆေးရုံ' ကို ပို့ဆောင်ခဲ့ပြီး နောက် ၁၄နာရီအကြာမှာ သူမချစ်တဲ့ မိသားစုနဲ့ ရုပ်သံလွှင့်တဲ့ အလုပ်တွေကို ခရစ်စတင်းတစ်ယောက် အပြီးအပိုင် စွန့်ခွာသွားခဲ့ပါတယ်။ သူမ ဆုံးပြီးတဲ့နောက် ရုပ်သံလွှင့်ရုံက ၀န်ထမ်းများဟာ သူမရေးထားတဲ့ သတင်းအတိုင်းပဲ တခြားသော ရုပ်သံလိုင်းတွေကို သတင်းထုတ်ပြန်ပေးခဲ့ပါတယ်။

သူမရဲ့ ကြံစည်မှုကို မှတ်တမ်းတင်လိုက်မိတဲ့ တိတ်ခွေကို မထုတ်လွှင့်၊ မဖြန့်ဖို့ သူမ မိသားစုက တရားရုံးကနေတဆင့် တရားဝင် တားမြစ်မိန့်ထုတ်ခဲ့ပြီး ရဲက တိတ်ခွေကို သိမ်းဆည်းခဲ့ပါတယ်။ အခုချိန်မှာတော့ တိတ်ခွေဟာ ရဲတွေလက်ထဲမှာပဲ ရှိနေသေးလား၊ သူမ မိသားစုဆီကိုပဲ ပြန်အပ်လိုက်သလားဆိုတာ ဘယ်သူမှ အတိအကျ မသိရပါဘူး....

သူမအကြောင်းဟာ လုံးဝတိမ်မြုပ်နေခဲ့ပြီး .. သူမ မိသားစုကလည်း ဒီအကြောင်းတွေကို မီဒီယာတွေကို လုံးဝပြန်အစဖော်မခံခဲ့ဘဲ... ၂၀၀၇ခုနှစ်ကျမှ သူမရဲ့ မောင် 'ဂရက်' က E! Entertainment ရဲ့ လောကဓံကို ခံခဲ့ကြရတဲ့ နာမည်ကြီးသူတွေ အကြောင်း ပြသတဲ့ မှတ်တမ်းရုပ်ရှင် Boulevard of Broken Dreams TV series မှာ သူမ အကြောင်းကို ပြန်အစဖော် ပြောပြခဲ့ကြောင်း...

ကမ္ဘာပေါ်မှာ ပထမဆုံး အထူးခြားဆုံး အဖြစ် မှတ်တမ်းတင်ခံရတဲ့ တိုက်ရိုက် ရုပ်သံလွှင့်ရင်း မိမိကိုယ်ကိုယ် သတ်သေမှု ကြံစည်ခဲ့သူ Christine Chubbuck အကြောင်းကို တင်ပြလိုက်ရပါတယ် ခင်ဗျာ...

Ref:
http://en.wikipedia.org/wiki/Christine_Chubbuck
http://news.google.com/newspapers?id=mT0gAAAAIBAJ&sjid=5mYEAAAAIBAJ&dq=christine%20chubbuck&pg=3508%2C10156

Wednesday, October 19, 2011

သေဒဏ်ချထားခံရတဲ့ခွေး ထွက်ပြေးလွတ်မြောက်

အယ်လ်ဘာနီ၊ အော်ရီဂွန် (Albany, Oregon) က အယ်လ်ဘနီ အိမ်မွေးတိရိစ္ဆာန်ဟိုတယ် (Albany Pet Hotel) မှာ သေဒဏ်ကျပြီး၊ ထိန်းသိမ်းထားခံထားရတဲ့ ဘလူး (Blue) အမည်ရှိ ခွေးတစ်ကောင် လွတ်မြောက်သွားလို့ တာဝန်ရှိရဲတွေက အပူတပြင်း လိုက်ရှာနေပါတယ်။ တစ်ယောက်ယောက်က ကာထားတဲ့နံရံကို ကျော်တက် ပြတင်ပေါက်မှန်ကို ခွဲပြီး ဘလူးကို ကယ်တင်သွားတယ်လို့ ရဲတွေက ဆိုပါတယ်။

ဘလူးဟာ မနှစ်က ကလေးငယ်လေးတစ်ယောက်ကို ကိုက်တဲ့အမှုနဲ့ သေဒဏ်ကျခံထားရတာပါ။ ဒါပေမယ့် သူ့ရဲ့ပိုင်ရှင်က ပြစ်ဒဏ်ကို လျော့ပေါ့ပေးဖို့ အယူခံဝင်ထားဆဲ ဖြစ်လို့ ဘလူးကို အိမ်မွေးတိရိစ္ဆာဟိုတယ်မှာ ထိန်းသိမ်းထားခြင်း ဖြစ်ပါတယ်။

ဘလူးထွက်ပြေးသွားတာ ပြီးခဲ့တဲ့ တနင်္ဂနွေည သို့မဟုတ် တနင်္လာနေ့မနက်ပိုင်းလောက်က ဖြစ်ပြီး.. အဲဒီဟိုတယ်မှာ တခြားဘယ်အရာမှ ပျောက်ရှမှုမရှိဘူးလို့ ရဲတွေက ပြောပါတယ်။

Source:
http://www.sfgate.com/cgi-bin/article.cgi?f=/n/a/2011/10/18/national/a003724D90.DTL

Tuesday, October 18, 2011

သူများအသိုက်ကို ခိုးတဲ့ အချောင်သမား ပင်ဂွင်းလေး

အောက်ကဗွီဒီယိုလေးမှာ ပင်ဂွင်းလေးတစ်ကောင်က တစ်ခြားပင်ဂွင်းလေးတစ်ကောင် အသိုက်ဆောက်ဖို့  ရှာထားတဲ့ကျာက်တုံးတွေကို အလစ်မှာ ၀င်နှိုက်ပြီး သူအသိုက်ထဲ ပြန်ထည့်ဆောက်နေတာပါ။ ရီလည်း ရီစရာ၊ ပြီးတော့ တိရိစ္ဆာန်တွေမှာလည်း ဒီလိုအချောင်သမား ရှိတာပဲလို့ သိလိုက်ရတယ်...

(Criminal Penguin via BBC One Channel)

ဒီဗွီဒီယိုကလစ်လေးကို Frozen Planet လို့ အမည်ပေးထားတဲ့ Documentary ရိုက်ကူးရေးအဖွဲ့က လေးလကြာ အန္တာတိကတိုက်၊ ရော့စ်ကျွန်းကလေးပေါ်မှာ ကိုလိုနီပင်ဂွင်းလေးတွေကို မှတ်တမ်းတင်ရင် တွေ့ရှိရိုက်ကူးခဲ့မိတာပါ။

အဖွဲ့ရဲ့ ဒါရိုက်တာ 'ဂျက်ဖ် ၀ဲလ်ဆင်' (Jeff Wilson) က 'သူတို့အဖွဲ့ဟာ တစ်ချို့ ပင်ဂွင်းတွေ ဒီလို အပြုအမူရှိတတ်မှန်း သိပေမယ့် ဒီလိုလုပ်နေတာကို ကြုံကြိုက်ပြီး ရိုက်ကူးမိဖို့ အင်မတန်မှ စိတ်ရှည်ရပြီး၊ ခက်ခဲတယ်လို့ ဒီ Documentary ကို ထုတ်လွှင့်မယ့် BBC Nature ကို ပြောပါတယ်... ပြီးတော့ ဒီပင်ဂွင်းလေးတွေဟာ အရပ် ၁ပေခွဲသာသာလောက်ပဲ ရှိလို့ ကင်မရာ အယူအဆချိန်ဖို့လည်း တော်တော်လေး ကြိုးစားခဲ့ရတယ်လို့' ဆိုပါတယ်။ နောက်ဆုံး စိတ်ရှည်ပြီး ကြိုးစားမှုက ရလဒ်က ဒီမြင်ကွင်းလေး မှတ်တမ်းတင်လိုက်နိုင်တာပဲ။ ဒီဖြစ်ရပ်ကို ရိုက်ကူးနိုင်ခဲ့တဲ့သူက အဖွဲ့ထဲက ကင်မရာဆရာ 'မတ်ခ် စမစ်' (Mark Smith) လို့ သိရပါတယ်။

ဒီပင်ဂွင်းလေးတွေဟာ သူတို့ ဥလေးတွေ နွေရာသီ ရေခဲတွေ အရည်ပျော်တဲ့အခါ ပျော်သွားတဲ့ ရေတွေနဲ့အတူ ပါမသွားဖို့ ကျောက်တုံးလေးတွေနဲ့ အသိုက်ဆောက်ပြီး ဥလေးတွေကို ကာကွယ်တတ်ကြပါတယ်။ အဲဒီကျောက်တုံးအသိုက်ကောင်းကောင်း ဆောက်နိုင်တဲ့ ပင်ဂွင်းလေး အထီးလေးတွေဟာ ပင်ဂွင်းအမတွေကို ပိုပြီး ဆွဲဆောင်နိုင်မှု ရှိတယ်လို့ သိရပါတယ်။

Ref:
http://www.bbc.co.uk/nature/15305502

Monday, October 17, 2011

ပြည်တွင်း၌ အသစ်ထွက်ရှိသော စာအုပ်များ - ၇

စာအုပ်အမည် ထီးကလေးနဲ့ မနီ (ကလေးကဗျာများ)
စာရေးဆရာ တင်မိုး
စာအုပ်အမျိုးအစား ကလေးကဗျာ
ထုတ်ဝေသည့် စာအုပ်တိုက် စာအုပ်တိုက်အမည် မသဲကွဲသဖြင့် ဖော်ပြနိုင်ခြင်း မရှိ
ထုတ်ဝေသည့် အကြိမ် -
စာအုပ် အကြောင်းအရာ ၁၉၇၈ခုနှစ် အမျိုးသားစာပေဆုရ ကလေးကဗျာစာအုပ်
ဈေးနှုန်း -
ရက်စွဲ ၁၆-၁၀-၂၀၁၁
ဆရာကြီးတင်မိုးရဲ့ ထီးကလေးနဲ့ မနီ ကဗျာစာအုပ်လေး ပြန်ထွက်လာတာ တွေ့ရလို့ ၀မ်းသာပြီး၊ ဆရာကြီး အခုလက်ရှိ အခြေအနေများကို မမြင်တွေ့သွားတာ တွေးမိပြီး ၀မ်းနည်းသွားပါတယ်။ ဒီစာအုပ်လေး ထွက်ရှိကြောင်းကို တင်ပြရင်း ဆရာကြီးကို သတိရ အောက်မေ့ကြောင်း မှတ်တမ်းတင်အပ်ပါသည်။

စာအုပ်အမည် အဖွဲ့အစည်းဝင်တို့ ရှိရမည့် ဂုဏ်ရည် ၁၇ချက်
စာရေးဆရာ ဒေါက်တာ သိန်းလွင်
စာအုပ်အမျိုးအစား ဘာသာပြန်
ထုတ်ဝေသည့် စာအုပ်တိုက် တူဒေးစာအုပ်တိုက်
ထုတ်ဝေသည့် အကြိမ် -
စာအုပ် အကြောင်းအရာ မူရင်း စာရေးဆရာ John C. maxwell ၏ The 17 essential qualities of a Team Player စာအုပ် ဘာသာပြန်ဆိုမှု
ဈေးနှုန်း -
ရက်စွဲ ၀၅-၁၀-၂၀၁၁


စာအုပ်အမည် အချိန်မီ စေ့စပ်သေချာ မန်နေဂျာ
စာရေးဆရာ ဇော်ဝင်းကြူ (ပျဉ်းမနား)
စာအုပ်အမျိုးအစား ဘာသာပြန်
ထုတ်ဝေသည့် စာအုပ်တိုက် တူဒေးစာအုပ်တိုက်
ထုတ်ဝေသည့် အကြိမ် -
စာအုပ် အကြောင်းအရာ မူရင်း စာရေးဆရာများ ဖြစ်သော Ken Blanchard နှင့် Steve Gottry တို့၏ The On-Time, On-Target Manager စာအုပ် ဘာသာပြန်
ဈေးနှုန်း -
ရက်စွဲ ၀၅-၁၀-၂၀၁၁


စာအုပ်အမည် ဒစ်ဂျစ်တယ်ရုပ်သံ ရိုက်ကူးတည်းဖြတ်မှု လက်စွဲစာအုပ်
စာရေးဆရာ ၀င်းဟိန်း
စာအုပ်အမျိုးအစား နည်းပညာ သုတ
ထုတ်ဝေသည့် စာအုပ်တိုက် မဇ္ဇျှိမစာပေ
ထုတ်ဝေသည့် အကြိမ် -
စာအုပ် အကြောင်းအရာ ဒစ်ဂျစ်တယ်ကင်မရာ၊ ကမ်ကော်ဒါတို့နှင့် ကိုယ်တိုင်ရိုက်ကူး မှတ်တမ်းတင်ပြီး စိတ်ကြိုက် ပြန်လည် တည်းဖြတ်နိုင်ဖို့ လမ်းညွှန်
ဈေးနှုန်း -
ရက်စွဲ ၀၅-၁၀-၂၀၁၁


စာအုပ်အမည် မှန်အောင်နှင့် မြန်အောင် ပေါင်းနည်း စိတ်တွက် သင်္ချာ - ၂
စာရေးဆရာ မောင်မြင့်ကြွယ် (B.Sc, B.E, D.M.A)
စာအုပ်အမျိုးအစား သင်္ချာ သုတ
ထုတ်ဝေသည့် စာအုပ်တိုက် မဇ္ဇျှိမစာပေ
ထုတ်ဝေသည့် အကြိမ် -
စာအုပ် အကြောင်းအရာ ဂဏန်းပေါင်းစက်နှိပ်ရန်မလို၊ ပေသီးခေါက်ရန်မလိုဘဲ သင်္ချာပုစ္ဆာများကို ဦးနှောက်စွမ်းအင် သက်သက်ဖြင့် တွက်ချက်နိုင်သည့် သင်္ချာလက်ရေးတို နည်းစနစ်များ အကြောင်း
ဈေးနှုန်း -
ရက်စွဲ ၀၉-၁၀-၂၀၁၁


စာအုပ်အမည် ကမ္ဘာ့နိုင်ငံရေး အပြောင်းအလဲနှင့် ရှုထောင့်စုံ (၁)
စာရေးဆရာ ဦးကိုကိုလှိုင် တည်းဖြတ်သည်။
စာအုပ်အမျိုးအစား ဆွေးနွေးချက် စုစည်းမှု
ထုတ်ဝေသည့် စာအုပ်တိုက် မြ၀တီစာပေတိုက်
ထုတ်ဝေသည့် အကြိမ် -
စာအုပ် အကြောင်းအရာ ၂၀၀၈ သြဂုတ်မှစ၍ MRTV 4 တွင် အပတ်စဉ် ထုတ်လွှင့်ပေးလျှက် ရှိသော Global Panorama အစီအစဉ်၌ ဦးကိုကိုလှိုင်နှင့် ဦးမျိုးမြတ်သူ တို့၏ဆွေးနွေးချက်များ စုစည်းထုတ်ဝေးမှု
ဈေးနှုန်း -
ရက်စွဲ ၀၉-၁၀-၂၀၁၁


စာအုပ်အမည် ဓည၀တီ အလွမ်း
စာရေးဆရာ သန်းဆွေသစ်
စာအုပ်အမျိုးအစား သမိုင်း
ထုတ်ဝေသည့် စာအုပ်တိုက် မိုးကျော်စာပေ
ထုတ်ဝေသည့် အကြိမ် -
စာအုပ် အကြောင်းအရာ ကမ္ဘာပေါ်မှာ တစ်ဆူတည်းရှိသော မြတ်စွားဘုရားကိုယ်တော်တိုင် ရင်ငွေ့တော်ပေး၍ ဗျာဒိတ်ပေးကာ သွန်းလုပ်တော်မူခဲ့သော မဟာမုနိ စက်ရုပ်ရှင်တော်မြတ် သွန်းလုပ်တော်မူပုံနှင့် မာရယုမင်း ဓည၀တီကို တည်ထောင်တော်မူခြင်း အကြောင်း
ဈေးနှုန်း -
ရက်စွဲ ၀၉-၁၀-၂၀၁၁


စာအုပ်အမည် မြန်မာ့ရိုးရာ ဇတ်ညွှန်း အနုပညာနှင့် သဘင်လုပ်ငန်း အခေါ်အဝေါ်များ
စာရေးဆရာ မအေးချမ်း (မြန်မာစာ)
စာအုပ်အမျိုးအစား မြန်မာ့ရိုးရာ ယဉ်ကျေးမှုနှင့် အနုပညာဆိုင်ရာ စာပေဘာသာရပ် ပထမဆုရ
ထုတ်ဝေသည့် စာအုပ်တိုက် စာပေဗိမာန် စာအုပ်အသင်း
ထုတ်ဝေသည့် အကြိမ် -
စာအုပ် အကြောင်းအရာ စာပေဗိမာန် စာအုပ်အသင်း၏ ၇၆အုပ်မြောက် စာအုပ်၊ စာပေဗိမာန် စာအုပ် အသင်းဝင်များသို့ ဖြန့်ချီ၊
ဈေးနှုန်း -
ရက်စွဲ ၀၉-၁၀-၂၀၁၁


စာအုပ်အမည် သေနင်္ဂဗျူဟာ စစ်အတတ်ပညာ
စာရေးဆရာ ချစ်နိုင် (စိတ်ပညာ)
စာအုပ်အမျိုးအစား ဘာသာပြန်
ထုတ်ဝေသည့် စာအုပ်တိုက် နိုင်စာပေ
ထုတ်ဝေသည့် အကြိမ် တတိယအကြိမ်
စာအုပ် အကြောင်းအရာ Sun Tzu's "The Art Of War" (Chinese Military Classic) စာအုပ် ဘာသာပြန်ဆိုမှု
ဈေးနှုန်း -
ရက်စွဲ ၁၁-၁၀-၂၀၁၁


စာအုပ်အမည် ခေါင်းဆောင်ဟောင်းများမှ ခေါင်းဆောင်လောင်းများသို့
စာရေးဆရာ မောင်ကြည်သန့်
စာအုပ်အမျိုးအစား ဘာသာပြန်
ထုတ်ဝေသည့် စာအုပ်တိုက် စာပေလောက စာအုပ်တိုက်
ထုတ်ဝေသည့် အကြိမ် -
စာအုပ် အကြောင်းအရာ ကမ္ဘာ့သြဇာအလွှမ်းဆုံးသော အမေရိကန် သမ္မတကြီးများ၊ ရုရှား သမ္မတကြီးများ၊ စင်ကာပူ ၀န်ကြီးချူပ်၊ မလေးရှား ၀န်ကြီးချူပ်၊ ထိုင်းဘုရင်မင်းမြတ်၊ ဂျော်ဒန် ဘုရင်မင်းမြတ်၊ ဘုန်းတော်ကြီး ဒလိုင်းလားမား၊ ဆိုဗီယက် သမ္မတ၊ ကိုရီးယား သမ္မတနှင့် ကမ္ဘာ့ကုမ္ပဏီကြီးများ၏ စီအီးအိုများ၊ စွန့်ဦးတီထွင်သူများ စသည့် ကမ္ဘာကြီးကို ကိုင်လှုပ်စေခဲ့သော ကမ္ဘာ့သြဇာအလွှမ်းဆုံးသော ပုဂ္ဂိုလ်ကြီးများထံမှ နက်ဖြန်ခေါင်းဆောင်များ အတွက် ပုဂ္ဂိုလ်ရေး အကြံပြုချက်များနှင့် ကမ္ဘာတွင် အရေးပါလှသော ပုဂ္ဂိုလ်ကျော် ၈၀၏ ပေးစာများ
ဈေးနှုန်း -
ရက်စွဲ ၁၁-၁၀-၂၀၁၁


စာအုပ်အမည် အနန္တစကြာဝဠာ
စာရေးဆရာ သိပ္ပံမှုးတင်
စာအုပ်အမျိုးအစား ဘာသာပြန် သိပ္ပံ
ထုတ်ဝေသည့် စာအုပ်တိုက် နန်းဒေ၀ီစာပေ
ထုတ်ဝေသည့် အကြိမ် -
စာအုပ် အကြောင်းအရာ ဘာသာပြန် အာကာသအချက်အလက် ၁၀၀၀ ၊ သိပ္ပံပညာရှင်များ၏ ရှာဖွေတွေ့ရှိချက်များ
ဈေးနှုန်း ၂၀၀၀ကျပ်
ရက်စွဲ ၁၁-၁၀-၂၀၁၁


စာအုပ်အမည် Pivot Table Excel စာအုပ်
စာရေးဆရာ Mr Excel
စာအုပ်အမျိုးအစား နည်းပညာ လမ်းညွှန်
ထုတ်ဝေသည့် စာအုပ်တိုက် မဇ္ဇျိမစာပေ
ထုတ်ဝေသည့် အကြိမ် -
စာအုပ် အကြောင်းအရာ Excel Pivot Table အသုံးပြုပုံ Excel 2003 နှင့် 2007 တွင်အသုံးချနိုင်
ဈေးနှုန်း
ရက်စွဲ ၁၃-၁၀-၂၀၁၁


စာအုပ်အမည် ဘဲငါးရာတောင်ပေါ်က ရတနာသိုက်
စာရေးဆရာ -
စာအုပ်အမျိုးအစား ရာဇ၀င်အခြေခံ ၀တ္ထု
ထုတ်ဝေသည့် စာအုပ်တိုက် မိုးကျော်စာပေ
ထုတ်ဝေသည့် အကြိမ် -
စာအုပ် အကြောင်းအရာ သက်တိုင်းရင်းသားတို့၏ မထင်မရှားပျောက်ကွယ်နေသော ရာဇ၀င်တစ်ပိုင်းတစ်စကို အကြောင်းပြု၍ ဖြစ်ပေါ်လာသော ရှားပါးဝတ္ထုတစ်ပုဒ်
ဈေးနှုန်း
ရက်စွဲ ၁၃-၁၀-၂၀၁၁


စာအုပ်အမည် နိုင်ငံ့ရတနာ ဆုံးမစာများ
စာရေးဆရာ ဇဗ္ဗူရတနာမြတ်မဂ်လာအဖွဲ့၏ ပဓာနနာယကဆရာတော် အရှင်သြဘာသ
စာအုပ်အမျိုးအစား ဘာသာရေး၊ လောကနီတိ၊ ဆုံးမစာ
ထုတ်ဝေသည့် စာအုပ်တိုက် ဦးချိုအေး ထုတ်ဝေ၊ ဇဗ္ဗူရတနာမြတ်မဂ်လာအဖွဲ့(ဖုန်း - ၀၉၅၉၇၇၇၇၊ ၂၅၂၇၇၇ တို့ ဆက်သွယ် ၀ယ်ယူနိုင်)
ထုတ်ဝေသည့် အကြိမ် -
စာအုပ် အကြောင်းအရာ မြန်မာ့လူ့အဖွဲ့အစည်း၏ ယဉ်ကျေးသော လူနေမှုပုံစံများ၊ လူအချင်းချင်း တစ်ဦးနှင့်တစ်ဦး စုရုံးပေါင်းသင်နေထိုင် ဆက်ဆံရာတွင် သိသင့်သိထိုက်သော ကိစ္စများ၊ ပြည်သူ့နီတိ၊ လောကနီတိတို့အပြင် ရှေးပညာရှိကြီးများ၏ မှတ်သားဖွယ်ရာ ဆုံးမစာများ စုစည်းမှု
ဈေးနှုန်း ၄၀၀ ကျပ်
ရက်စွဲ ၁၃-၁၀-၂၀၁၁


စာအုပ်အမည် စာပေစာနယ်ဇင်းဘ၀ ကြုံရသမျှ
စာရေးဆရာ တက္ကသိုလ်မြတ်သူ
စာအုပ်အမျိုးအစား ဆောင်းပါး အတွေ့အကြုံ
ထုတ်ဝေသည့် စာအုပ်တိုက် စာပေဗိမာန် စာအုပ်
ထုတ်ဝေသည့် အကြိမ် -
စာအုပ် အကြောင်းအရာ စာရေးသူ၏ စာပေသမားဘ၀၊ သတင်းသမားဘ၀ ကိုယ်တိုင်ဖြတ်သန်း ကြုံတွေ့ခဲ့ရသည့် အတွေ့အကြုံများကို ဆောင်းပါး ၆၅ပုဒ်ဖြင့် စုစည်းဖော်ပြထား
ဈေးနှုန်း ၁၅၀၀ကျပ်
ရက်စွဲ ၁၅-၁၀-၂၀၁၁


စာအုပ်အမည် A.S.O လား၊ လေးဖက်နာလားနှင့် အခြား ကျန်းမာရေး ဆောင်းပါးများ
စာရေးဆရာ ပါမောက္ခနေ၀င်း (ဆေးပညာ)
စာအုပ်အမျိုးအစား ဆေးပညာ သုတ
ထုတ်ဝေသည့် စာအုပ်တိုက် အာရုဏ်သစ်စာပေ
ထုတ်ဝေသည့် အကြိမ် -
စာအုပ် အကြောင်းအရာ ပါမောက္ခနေ၀င်း (ဆေးပညာ)၏ တတိယမြောက် စာအုပ် ကျန်းမာရေးအသိနှင့် ကျန်းမာရေးစနစ် ဆောင်းပါး ၁၉ပုဒ် စုစည်းထားမှု
ဈေးနှုန်း -
ရက်စွဲ ၁၅-၁၀-၂၀၁၁

ပြည်တွင်း၌ ထုတ်ဝေသည့် စာအုပ်သစ်များကို အချက်အလက်များ ရနိုင်သမျှ တတ်နိုင်သမျှ စုစည်း တင်ပြထားခြင်း ဖြစ်ပါသည်။ ရက်စွဲများမှာ စာအုပ်ကြော်ငြာသည့် ရက်စွဲများ ဖြစ်သည်။ စာအုပ်အမျိုးအစားမှာ မိမိကိုယ်ပိုင် သတ်မှတ်ချက် ဖြစ်ပြီး လွဲမှားနိုင်ပါသည်။

Thursday, October 13, 2011

ဒါတွေကို သင်သိရဲ့လား - ၆

- လူတိုင်း သတိမထားမိတဲ့ အချက်တစ်ခုက နေဆိုတာလည်း ကြယ်တစ်လုံးပါပဲ

- အလင်းနှစ်ရဲ့ တစက္ကန့်ဟာ အကွာအဝေးမိုင်ပေါင်း ၁၈၆၂၈၂ ကို ကိုယ်စားပြုပါတယ်။ အလင်းနှစ် တစ်နှစ်လို့ ပြောရင်တော့ 5,878,625,373,183.608 miles (မိုင်ပေါင်း ၆ထရီလီယံခန့် ရှိပါတယ်)။ အာကာသမှာ ကြယ်တွေ၊ ဂြိုလ်တွေဟာ တစ်ခုနဲ့ တစ်ခု အလွန့် အလွန်ဝေးကွာတဲ့အတွက် အလင်းနှစ်နဲ့ တိုင်းတာပြီး ပြောကြပါတယ်။

- အာကာသထဲမှာ အသံကို ကြာနိုင်ဖို့ မရှိပါဘူး... အသံဟာ ကြားခံတုန်ခါမှု တစ်ခုခု ရှိမှ အသံ ခရီးသွားတာပါ။ အနည်းဆုံး ကမ္ဘာမြေမှာ အသံကို သယ်ဆောင်နိုင်တဲ့ 'လေ' ရှိပါတယ်။ တခြားသော ကြားခံအမြားအပြားလည်း ရှိပါတယ်..

- ဂျူပီတာဂြိုလ်ဟာ ကျန်တဲ့ နေစကြာဝဠာထဲက ဂြိုလ်ကြီး ၇လုံး ပေါင်းထက် ကြီးပါတယ်။

- ဗီးနပ်ဂြိုလ်ဟာ တခြားဂြိုလ်တွေနဲ့ မတူဘဲ နာရီလက်တံ အတိုင်း လည်နေပါတယ်... ကမ္ဘာအပါအ၀င် တခြားဂြိုလ်တွေက နာရီလက်တံ ပြောင်းပြန် လည်နေတာပါ။ ဒါကြောင့် ဗီးနပ်ဂြိုလ်မှာ နေဟာ ကမ္ဘာက အရပ်မျက်နှာနဲ့ ပြောရင် အနောက်က နေထွက်ပြီး အရှေ့က နေ၀င်ပါတယ်။

ဒါတွေကို သင်သိရဲ့လား -၅
ဒါတွေကို သင်သိရဲ့လား -၎
ဒါတွေကို သင်သိရဲ့လား -၃
ဒါတွေကို သင်သိရဲ့လား -၂
ဒါတွေကို သင်သိရဲ့လား - ၁

Tuesday, October 11, 2011

ဟောလီးဝုဒ် ရိုက်ကွင်းပေါ်မှ ကြေကွဲဖွယ်ရာ ဖြစ်ရပ်များ - ၎

 Top Gun (1986)
 (Poster via )

ဒါရိုက်တာ တိုနီစကော့ (Tony Scott) ရိုက်ကူးပြီး ဟောလီးဝုဒ်ရဲ့ နာမည်ကြီး မင်းသား တွန်ခရုစ် (Tom Cruise) သရုပ်ဆောင်ထားတဲ့ အမေရိကန် ရေတပ်နဲ့ တိုက်လေယာဉ် သင်တန်းကျောင်း အခြေခံ ရုပ်ရှင်ဇတ်ကား Top Gun ကို တော်တော်များများ ကြည့်ဖူးကြမယ်ထင်ပါတယ်... ဒီဇတ်ကားက ၁၉၈၆ခုနှစ်က ထွက်ရှိခဲ့တာဖြစ်ပြီး အဲဒီအချိန်တုန်းက တော်တော်အောင်မြင်ခဲ့တဲ့ ဇတ်ကားလည်း ဖြစ်ပါတယ်...

ဒီဇတ်ကားဟာ Top Gun ဆိုတဲ့ ရေတပ်သင်တန်းကျောင်းနဲ့ အဲဒီသင်တန်းကျောင်းမှာ သင်ကြားနေတဲ့ သရုပ်ပြဆရာတွေနဲ့ အဲဒီမှာ တက်နေကြတဲ့ လေယာဉ်တင် သင်္ဘောပေါ်က တိုက်လေယာဉ်မှုးတွေ အကြောင်း အခြေခံထားတာပါ။ Top Gun သင်တန်းကျောင်းဟာ တကယ့်အပြင်က သင်တန်းကျောင်းတစ်ခုဖြစ်ပြီး ကယ်လီဖိုးနီးယားက Naval Air Station Miramar မှာ ရှိပါတယ်...

ဒီ ဇတ်ကားကို ရိုက်ကူးရာမှာ တကယ့် လေယာဉ်တင် သင်္ဘောတွေ၊ တိုက်လေယာဉ်တွေ အသုံးပြု ရိုက်ကူးခဲ့ပြီး အမေရိကန် လေယာဉ်တင် သဘောင်္တွေဖြစ်တဲ့ USS Enterprise (CVN-65)၊ USS Ranger (CV-61)၊ တိုက်လေယာဉ်တွေ ဖြစ်တဲ့ F-14 စတာတွေကို အသုံးပြုခဲ့ပါတယ် ဒီလို ရိုက်ကူးနိုင်ဖို့ ဒီဇတ်ကားကို ထုတ်လုပ်တဲ့ ပါရာမောင့် (Paramount) ရုပ်ရှင် ကုမ္ပဏီက အမေရိကန်ရေတပ်ကို ကုန်ကျစရိတ်တွေအများအပြား ပေးခဲ့ရပါတယ်... ဒါ့အပြင် ဒီတိုက်လေယာဉ်တွေ မောင်းနှင်တဲ့ တကယ့် လေယာဉ်မှုးအများအပြား ကိုလည်း ခေါ်သုံးခဲ့ပါတယ်...

 အဲဒီထဲမှာ နာမည်ကြီး လေယာဉ် အလှပြ သရုပ်ပြ ပျံသန်းသူ၊ နည်းပြဆရာ၊ သင်တန်းဆရာ 'အတ်ရှိုးလ်' (Art Scholl) တစ်ယောက်လည်း ပါဝင်ခဲ့ပါတယ်... ဟောလီးဝုဒ် ရုပ်ရှင်တွေရဲ့ ထုံးစံအတိုင်း တကယ့်အပြင်နဲ့ တူအောင် လေယာဉ် အတက်အဆင်းတွေ၊ လေယာဉ် လေပေါ် ပျံသန်းတာတွေ မစ်ဇင်းပစ်တာတွေကို မြေပြင်က ကင်မရာတွေနဲ့ရော လေယာဉ်ပေါ်တပ် ကင်မရာတွေနဲ့ရော အပြင်ကနဲ့ တူအောင် ရိုက်ကူးခဲ့ကြပါတယ်...

အဲလို ရိုက်ကူးကြတဲ့ ရိုက်ကွင်း တစ်ခုမှာတော့ 'အတ်ရှိုးလ်ဟာ' ဝေဟင်ပေါ်ရိုက်ကူးရေးတစ်ခုကို ပြုလုပ်ဖို့ ဒါရိုက်တာ စေခိုင်းတာခံခဲ့ရပါတယ်... လုပ်ရမှာကတော့ ကင်မရာတပ်ထားတဲ့ လေယာဉ်ကို အတည့်အတိုင်း ပတ်လည်လှည့်ပြီး (Flat Spin) ပြန်ပြီးတော့ ပြန်တက်ဖို့လုပ်နိုင်တဲ့ အမြင့်ထိ ဆင်းချဖို့ပါပဲ... (မျက်စိထဲ မြင်ဖို့ ဒီလင့်ခ်မှာ ဥပမာ အဖြစ်ကြည့်နိုင်ပါတယ်)။ အဲဒီမှာ 'အတ်ရှိုးလ်' အတွက် ကြေကွဲဖွယ်ရာ မတော်တဆမှု ဖြစ်ခဲ့ရတာပါပဲ... လေယာဉ်အဲလို လှည့်ပြီး ဆင်းရင် 'အတ်ရှိုးလ်' ဟာ ပြန်တက်ဖို့
ကြိုးစားတဲ့ အချိန်မှာ "I have a problem... I have a real problem" လို့ ဆက်သွယ်ရေး ရေဒီယိုကတဆင့် ပြောပြီး မကြာခင်ပဲ လေယာဉ်ဟာ ပစိဖိတ် သမုဒ္ဒရာထဲကို ထိုးကျသွားခဲ့ပါတယ်။ ၀မ်းနည်းစရာအကောင်းဆုံးကတော့ 'အတ်ရှိုးလ်' ရုပ်အလောင်းကိုရော သူရဲ့  Pitts S-2 လေယာဉ်ကိုပါ လုံးဝ ကို ရှာမတွေ့တော့တာပါပဲ...

အခုလို အသက်စွန့် သွားခဲ့ရတဲ့ 'အတ်ရှိုးလ်' ကို ဂုဏ်ပြုတဲ့အနေနဲ့ ဒီဇတ်ကားရဲ့ အဆုံးပိုင်းမှာ "This movie is dedicated to the memory of Art Scholl." ဆိုပြီး စာတန်းလေး ထိုးခဲ့ပါတယ်... နာမည် အပြည့်အစုံ (Arthur Everett Scholl) လို့ ခေါ်တဲ့ 'အတ်ရှိုးလ်' ဟာ 24 December 1931 မှာ မွေးပြီး  သူဟာ တော်တဲ့ လေယာဉ် သရုပ်ပြ မောင်းနှင်သူ တစ်ယာက်ပါ။ လေယာဉ်ထုတ်လုပ်မှုဆိုင်ရာ စီမံခန့်ခွဲမှု (Aviation Management) ပါရဂူဘွဲ့လည်း ရရှိထားသူ ဖြစ်ပါတယ်။ အမေရိကန် နိုင်ငံတ၀ှမ်းက လေယာဉ်ပြပွဲတွေမှာ သရုပ်ပြမောင်းနှင်နေခဲ့သူ ဖြစ်သည့်အပြင် The Right Stuff, The Great Waldo Pepper, Blue Thunder, The A-Team, CHiPS စတဲ့ ရုပ်ရှင်နဲ့ တီဗွီဇတ်လမ်းတွဲတွေမှာလည်း သရုပ်ပြ လေယာဉ်မှုး အနေနဲ့ ပါဝင်ခဲ့ဖူးပါတယ်... သူကိုယ်ပိုင် ၀ယ်ယူပြီး ပြန်ပြင်ကာ Two Super Chipmunks လို့ နာမည်ပေးထားတဲ့ လေယာဉ်နှစ်စီးဟာ သူ့လက်စွဲတော် လေယာဉ်တွေဖြစ်ပါတယ်.. ထူးခြားပြီး သူ့ကို ပရိသတ်တွေ အားပေးနှစ်ခြိုက်တာကတော့ သူရဲ့ ခွေးလေး "Aileron" ကို Super Chipmunks လေယာဉ်နောက် ခုံထဲကိုထည့်ပြီး သရုပ်ပြ ပျံသန်းပြတာပဲ ဖြစ်ပါတယ်...

"Art Scholl in his Super Chipmunk N13Y at a 1984 California airshow"
(Photo via Wiki)

ဒီမတော်တဆမှု ဖြစ်ခဲ့တာ 16 September 1985 နေ့ ဖြစ်ပြီး အသက် ၅၄နှစ်မှာ 'အတ်ရှိုးလ်' ကွယ်လွန်ခဲ့တာ ဖြစ်ပါတယ်.. ထူးခြားတာ တစ်ခုအနေနဲ့ ဒီရုပ်ရှင်ဇတ်ကားပြသပြီး နောက်ပိုင်းမှာ အမေရိကန် ရေတပ်ကို ၀င်ဖို့ စာရင်းပေးသွင်းတဲ့ လူငယ်တွေဟာ အဆ ငါးရာကျော်ထိ အရေအတွက် တက်သွားခဲ့တာပါပဲ...

အခုလို အလွန်တော် လူတစ်ယောက် ဟောလီးဝုဒ်ရိုက်ကွင်းထဲမှာ အသက်ဆုံးရှုံး သွားခဲ့တာ ၀မ်းနည်းကြေကွဲဖို့ ကောင်းတာကြောင့် ဒီအကြောင်းအရာကို ဟောလီးဝုဒ် ရိုက်ကွင်းပေါ်မှ ကြေကွဲဖွယ်ရာ ဖြစ်ရပ်များထဲက တစ်ခုအနေဖြစ် တင်ပြလိုက်ရပါတယ် ခင်ဗျာ...

ဟောလီးဝုဒ် ရိုက်ကွင်းပေါ်မှ ကြေကွဲဖွယ်ရာ ဖြစ်ရပ်များ
ဟောလီးဝုဒ် ရိုက်ကွင်းပေါ်မှ ကြေကွဲဖွယ်ရာ ဖြစ်ရပ်များ - ၂
ဟောလီးဝုဒ် ရိုက်ကွင်းပေါ်မှ ကြေကွဲဖွယ်ရာ ဖြစ်ရပ်များ - ၃

Thanks to Musiz for correcting pronunciation of 'Art Scholl' name.

Ref: 
http://en.wikipedia.org/wiki/Top_Gun
http://en.wikipedia.org/wiki/Art_Scholl

၃၉ပတ် ကိုယ်ဝန်ဆောင်ထားပေမယ့် မာရသွန်ပန်းဝင်အောင်ပြေး ပြီးတော့ ကလေးမွေး

 
 Amber Miller
(Photo via Chicago Tribune)

ချီကာဂိုက မာရသွန်ပြိုင်ပွဲဝင် 'အမ်ဘာ မီလ်လာ' (Amber Miller) တစ်ယောက် ပြီးခဲ့တဲ့ တနင်္ဂနွေက ပြုလုပ်တဲ့ ချီကာဂိုမာရသွန်အပြေးပြိုင်ပွဲ တာကနေ စထွက်ချိန်မှာ သူမရဲ့ ဒုတိယကလေးကို ကိုယ်ဝန်ဆောင်ထားတာ ၃၉ပတ်ခန့် ရှိပြီး မွေးခါနီး  အချိန်ကို ရောက်နေပါပြီး...

ဒါပေမယ့် သူမကတော့ အပြေးလမ်းမှာ ဗိုက်တချက်ချက်နာတာကို အံတုရင်း ပြေးလိုက် လမ်းလျှောက်လိုက်နဲ့ နောက်ဆုံး ၆နာရီ ၂၅မိနစ် စက္ကန့် ၅၀ အကြာမှာ ပန်းဝင်ခဲ့ပါတယ်... ပန်းဝင်ပြီးပြီးချင်းပဲ ဆမ်းဝှစ် တလုပ်ကိုက်ကာ ဆေးရုံကို ဆက်တိုက် သွားခဲ့ရပါတယ်။ ပြီးတော့ အဲဒီည ၁၀နာရီ ၂၉မိနစ် မှာပဲ ၇ပေါင် ၁၃အောင်စ ရှိတဲ့ သမီးလေး ဇွန်ကို အေးအေးဆေးဆေးပဲ မွေးဖွားခဲ့ပါတယ်...

'ကျမကို ဆရာဝန်က တ၀က်လောက်တော့ ပြေးလို့ အိုကေတယ်လို့ ပြောပါတယ်... ဒါနဲ့ ကျမ တ၀က်ပြေး တ၀က်လက်လျှောက်နဲ့ ပြိုင်ပွဲ ၀င်ခဲ့တာပါ။ ကျမ အမျိုးသားက ဘေးကနေ အတူလိုက်ပြေးပြီး ကျမကို အားပေး ကူညီခဲ့ပါတယ်လို့' ... သူမတက်နေတဲ့ ဒူပေ့ စင်တာ ဆေးရုံ (Center Du Page Hospital) ပေါ်မှာ  WGN-Channel 9 ကို ပြောပြခဲ့ပါတယ်...

ဆက်ပြီးတော့... 'ကျမပြေးနေတာကို လူတိုင်းက ၀ိုင်းကြည့်နေကြတာပါပဲ.. တကယ်တော့ ကျမ ကိုယ်ဝန်ဆောင်ချိန် တောက်လျှောက်လုံး ပြေးနေခဲ့တာပါ။ အခုအခြေအနေရောက်တဲ့ အထိပါပဲ... ကျမအတွက် မထူးဆန်းပဲ.. ပြေးတာနဲ့က ဘယ်အခြေအနေမှာ မဆို အသားကျနေပြီးသားပါ'

'ကျမ ပန်းဝင်ခဲ့တာ အကောင်းဆုံး စံချိန်နဲ့တော့ မဟုတ်ပါဘူး.. ဒါပေမယ့် ကျမယောက်ျားထက်တော့ ပိုစောပြီး ပန်းဝင်နိုင်ခဲ့ပါတယ် သူက အလေ့အကျင့် မရှိတဲ့ အတွက် ကျမထက် နည်းနည်း နောက်ကျ ကျန်ရစ်ခဲ့ပါတယ်။ ကျမပြေးနေတဲ့ အချိန်မှာ တချက် ချက်တော့ ဗိုက်နာပါတယ်.. ဒါကတော့ ကိုယ်ဝန်ရင့်နေတဲ့အချိန် ဖြစ်တတ်ပါတယ်... ပန်းဝင်ပြီးတော့ ငါးမိနစ် တခါလောက် နာလာပါတယ်... ဒါတောင် တကယ် မွေးခါနီး ဗိုက်နာတာ ဟုတ်မဟုတ် ၁နာရီလောက် သေချာစောင့်ပြီးမှာ ဆေးရုံကို သွားခဲ့တာပါ' လို့ သူမက ပြောပြပါတယ်...

သူမ မွေးပြီးနောက်နေ့မှာ သတင်းထောက်က ဒီနေ့ အလုပ်သွားဦး မှာလားလို့ မေးတော့.. သူမကရီပြီး .. 'မသွားသေးပါဘူး... ဒီနေ့တော့ အေးဆေးပဲ နေလိုက်ပါဦးမယ်' လို့ ပြန်ဖြေပါတယ်....

ဟင်းးးးးးးးးးးးးးးးးးးး

Source & Video

http://www.chicagotribune.com/sports/chicagomarathon/chi-photo-finish-woman-gives-birth-after-running-and-walking-marathon-20111010,0,2092495.story


Monday, October 10, 2011

မှတ်သားစရာ ထူးခြားဆန်းပြား ကြောက်တတ်တဲ့ ရောဂါများ (Phobias) - ၂

Ablutophobia - Fear of washing or bathing

ဆေးကြောခြင်း၊ သန့်ရှင်းခြင်း၊ ရေချိုးခြင်း စတာတွေ ကြောက်တတ်တဲ့ ရောဂါတဲ... ရောဂါနာမည်က "Ablutere" ဆေးကြောခြင်းလို့ အဓိပ္ပါယ်ရတဲ့ လက်တင်ဘာသာစကားကနေ ဆင်းသက်လာတာပါ။ ဒီရောဂါဟာ ကလေးငယ်တွေမှာ ရှိတတ်ပြီး... လူကြီးပိုင်းမှာတော့ အမျိုးသမီးများဟာ အမျိုးသားများထက် ဒီရောဂါ ပိုရှိတတ်ပါတယ်၊ 


ဖြစ်ရတဲ့ အကြောင်းရင်းတွေကတော့ အတိတ်က အဲလို ကိုယ်လက် ဆေးကြောခြင်းကြောင့် ထိခိုက်နာကျင်စရာ တစ်ခုခု ဖြစ်ခဲ့လို့ပဲ ဖြစ်ဖြစ် (သို့မဟုတ်) ထိတ်လန့်စရာ ရုပ်ရှင်တွေထဲမှာ အဲလို ပြကွက်တွေ ကြည့်ခဲ့မိလို့ပဲ ဖြစ်ဖြစ် ဒီရောဂါဟာ ကိုယ့်မှာ မသိမသာ စွဲကပ်လာတတ်ပါတယ်...
Ref: 
http://en.wikipedia.org/wiki/Ablutophobia
http://phobias.about.com/od/phobiaslist/a/ablutophobia.htm 


Aerophobia, Aviatophobia, Aviophobia or Pteromechanophobia - Fear Of Flying

အမြင့်ပျံတာ ကြောက်တတ်တဲ့ ရောဂါပါ။ အထူးသဖြင့် လေယာဉ်စီးရမှာကို ကြောက်တတ်တဲ့ ရောဂါ ဖြစ်ပါတယ်။ ထုံးစံအတိုင်း ဒီရောဂါကလည်း အတိတ်က ဒါနဲ့ ပက်သက်ပြီး တစ်ခုခု ဖြစ်ခဲ့လို့ ဒီအကြောက်ရောဂါ ဖြစ်တတ်တာ ရှိပါတယ်...

ဒီလိုရောဂါရှိတဲ့ ထင်ရှားတဲ့ သူနှစ်ဦးကတော့...

အာဆင်နယ်နှင့် နယ်သာလန် အသင်းသားဟောင်း ကမ္ဘာကျော် ဘော်လုံးသမား ဒင်းနင့်ဘားကမ့် (Dennis Bergkamp) နဲ့ မြောက်ကိုးရီးယားတို့ရဲ့ ချစ်လှစွာသော ခေါင်းဆောင်ကြီး ကင်ဂျူံအီပဲ ဖြစ်ပါတယ်။


ဒင်းနစ်ဘားကမ့်ဟာ ၁၉၉၄ခုနှစ် ကမ္ဘာ့ဖလားပွဲအတွင်း နယ်သာလန်နိုင်ငံအသင်းနဲ့အတူ လေယာဉ်နဲ့ ခရီးသွားနေစဉ်မှာ လေယာဉ် အင်ဂျင်ရုတ်တရက် ပြတ်တောက်မှု ဖြစ်သွားခဲ့ပြီး... ဒါကို သူတို့နဲ့ အတူပါလာတဲ့ ဂျာနယ်လစ်က သူအိတ်ထဲမှာ ဗုံးရှိလို့ ဆိုပြီး နောက်ပြောင်ခဲ့ရာမှာ ဘားကမ့်က ဒါကို တကယ်ကြောက်သွားပြီး... နောက်ဘယ်တော့မှ လေယာဉ် မစီးတော့ဖို့ ဖြစ်သွားစေပါတယ်... ဒီလို အကြောက်လွန်ရောဂါ ဖြစ်သွားတာကြောင့် ဘားကမ့်အတွက် အာဆင်နယ် အသင်းနဲ့ရော ဒတ်ခ်ျ အသင်းနဲ့ပါ အဝေးကွင်းပွဲတွေ သွားကစားတဲ့အခါမှာ အခက်အခဲ ကြုံရပါတယ်... သူဟာ ဥရောပတခွင် အဝေးကွင်းပွဲတွေကို တခါတလေ အသင်းနဲ့အတူ လေယာဉ်စီးပြီး မသွားပဲ သူ့ဘာသာသူ ကားတတန် ရထားတတန်နဲ့ သွားတတ်ပါတယ်... ဥရောပပြင်ပ ကုန်းလမ်းနဲ့ သွားဖို့ မဖြစ်နိုင်တဲ့ ဒါမဟုတ် ကုန်းလမ်းနဲ့ သွားဖို့ အချိန်အရမ်းကြာတဲ့ နေရာတွေမှာ ကစားတဲ့ပွဲတွေကိုတော့ ဘားကမ့်ဟာ သွားရောက်မကစားနိုင်ပဲ အများအားဖြင့် အဲဒီပွဲတွေကို လွဲချော်လေ့ ရှိပါတယ်။
Ref:
http://en.wikipedia.org/wiki/Dennis_Bergkamp#Aerophobia

မြောက်ကိုရီးယားတိုရဲ့ ချစ်လှစွာသော ခေါင်းဆောင်ကြီး ကင်ဂျူံအီကတော့ သူရဲ့ တရုတ်ပြည် ရုရှားပြည် တို့ကို သွားတဲ့ ခရီးရှည်ကြီး တွေကို လက်နက်အပြည့်အစုံဖြင့် အထူးစီမံထားတဲ့ ရထားနဲ့ သွားလေ့ရှိတာကို ကြည့်ရင် သူရဲ့ လေယာဉ်စီးဖို့ ကြောက်တတ်တဲ့ ရောဂါကို သတိပြုနိုင်ပါတယ်.. သူအခုလို လေယာဉ်စီးဖို့ ကြောက်သွားတာက ၁၉၇၆နှစ်ကုန်ခါနီးက ပြည်တွင်းလှည့်လည်တဲ့ ခရီးစဉ်တစ်ခုမှာ သူစီးတဲ့ ဟယ်လီကော်ပတာ ပျက်ကြမှု ဖြစ်ခဲ့တာကြောင့်လို့ ခေါင်းဆောင်ကြီး ကင်ကျူံအီနဲ့ အခါများစွာ နီးနီးကပ်ကပ် ဆက်ဆံခဲ့ဖူးသူ မြောက်ကိုရီးယားမြို့တော် ပြုံးယွမ်မှာ ဆွီဒစ်သံတမန်အဖြစ် အမှုထမ်းခဲ့ဖူးတဲ့ "အင်ဂေါ့ဖ် ကိဗ်ဆိုး" (Ingolf Kiesow) က သူရဲ့သူငယ်ချင်း ဂျပန် သံအမတ်နဲ့ စာရေးဆရာ "မာဆာယူကိ ကိုအိကဲ" (Masayuki Koike) ကို အင်တာဗျူးမှာ ထုတ်ဖော်ပြောကြားခဲ့ဖူးပါတယ်...
Ref: http://www.smh.com.au/articles/2003/06/16/1055615736319.html

ကင်ဂျူံအီဟာ ပြီးခဲ့ သြဂုတ်လကဘဲ ရုရှား သမ္မတနဲ့ တွေ့ဖို့ မိုင်ပေါင်း ၁၈၀၀ကျော်ကို ရက်ပေါင်းများစွာ ရထားစီးပြီး သွားခဲ့ပါသေးတယ်... 

မှတ်သားစရာ ထူးခြားဆန်းပြား ကြောက်တတ်တဲ့ ရောဂါများ (Phobias)

Ref: 
http://www.youtube.com/watch?v=0TUVUbijJ3k
http://www.independent.co.uk/news/world/europe/mystery-tour-for-kim-jongil--train-in-russia-2341680.html

Saturday, October 8, 2011

ဖေ့ဘွတ်မှာ Like မလုပ်လို့ ယောက်ျားက မိန်းမကို ပါးဆွဲရိုက်

တက်ဆက်က ကိုယ်တော်တစ်ယောက် မူးပြီး စိတ်ဆိုးမာန်ဆိုးနဲ့ သူ့မိန်းမကို ပါးဆွဲရိုက်ပါတယ်တဲ့ အကြောင်းအရင်းက သူ့မိန်းမက သူ့ရဲ့ သူအမေ နှစ်ပတ်လည်အတွက် တင်ထားတဲ့ ဖေ့ဘွတ်ပေါ် သူရဲ့စတေးတပ်စ်ကို ကောမက်လည်းမပေး လိုက်ခ်လည်း မလုပ်တဲ့ အတွက်ကြောင့်လို့ သူတို့အမှုကို စစ်တဲ့ရဲက ပြောပါတယ်.... သူဟာ တကယ့်ကိုစိတ်ဖိစီးမှု ရပါတယ်လို့ ယောက်ျားဖြစ်တဲ့ ဘန်နီတို အပိုလီနာ (Benito Apolina) က ပြောပါတယ်....

ဒါတော့်တော့်ကို အံ့သြစရာကောင်းတယ်... ကျနော့်စတေးတပ်ကို တခြားလူတွေက ကောမက်ပေး လိုက်ခ် လုပ်ပေမယ့် သူမကတော့ ဘာအကြောင်းမှမပြန်ပါဘူး... အမှန်မှာဆိုရင် သူ့မက အရင်ဆုံး လိုက်ခ်လုပ် ကောမက်ပေးတဲ့သူ ဖြစ်ရမှာပါလို့ သူက ဆိုပါတယ်....

သူတို့နှစ်ယောက်ဟာ ကွဲနေပြီး သူ့မိန်းမက ကလေးတွေကို သူတို့နေအိမ် ပက်စ်ကော့၊ တက်ဆက် (Pecos, Texas)ကနေ နယ်ခြား ကားစ်ဘတ်၊ နယူးမက္ကစီကို  (Carlsbad, New Mexico) ကို ပြောင်းနေနေတာပါ။ ဘန်နီတိုက သူတို့နောက်ကို လိုက်ပြီး သူတို့ရဲ့ မိသားစု မပျက်ရအောင် ကာကွယ်ဖို့ ကြိုးစားနေတာပါ။

အဲဒီနေ့က မိန်းမနေအိမ်ရဲ့ အိမ်တံခါးကို သွားခေါက်ပြီး ဖေ့ဘွတ်မှာ အကြောင်းမပြန်ရတဲ့ အကြောင်းကို ရှင်းလင်းချက် သွားတောင်းခဲ့ပါတယ်။ သူမိန်းမက အိမ်ထဲအ၀င်မခံပေမယ့် သူကအတင်းဝင်ပြီး မိန်းမကို ဆံပင်ဆွဲကာ ပါးကိုလက်သီးနဲ့ ထိုးခဲ့ပါတယ်... သူ့မိန်းမက သူ့ကို အရင် ဖုန်းနဲ့ ပေါက်တယ်လို့လည်း ပြောပါတယ်။ ဒါပေမယ့် သူတို့နှစ်ယောက်လုံး ဒဏ်ရာကိုယ်စီ ရထားကြတယ်လို့ ရဲကပြောပြီး အပိုလီနာ တစ်ယောက်ထဲကိုပဲ ဖမ်းလိုက်ပါတယ်....

သူ့ကို ရဲက ကိုယ်ထိလက်ရောက် ကျူးလွန်မှုနဲ့ စွဲချက်တင်ပေမယ့် သူ့အပြစ်ကိုတော့ ၀န်မခံခဲ့ပါဘူးတဲ့....


Source
http://www.dailymail.co.uk/news/article-2046404/Drunk-husband-beats-wife-commenting-Facebook-update.html

Friday, October 7, 2011

စင်ကာပူ ပရိုမိုးရှင်းများ - L'Oreal 2nd Item 2$, Harvey Norman Expo Sale and Luxury City Branded Handbags Sale

Weekend မှာ Shopping ထွက်ကြမယ်...

ပုံအကြီး ကြည့်ရန် ပုံပေါ်မှာ ကလစ်နှိပ်ပါ။
******************************
ပုံအကြီး ကြည့်ရန် ပုံပေါ်မှာ ကလစ်နှိပ်ပါ။
 Harvey Norman Expo Sales
Date - 7 to 9 October
Time - 10AM to 9PM
Venue - Expo Hall 5B
***********************
Coach, Kate Spade, Gucci Branded အိတ်တွေ ကြိုက်သူများအတွက်
Date: Oct. 6- Oct. 9 (Thursday-Sunday)
Time: 11am-8pm
Address: Anchor Point level 1 atrium, (370 Alexandra Road
Singapore 159953, OPP of IKEA)
Check their Facebook for detail information

Thursday, October 6, 2011

လူလောကကို နှုတ်ဆက်သွားပြီ ဖြစ်တဲ့ စတိပ်ဂျော့ (Steve Jobs)

ကမ္ဘာ့တန်ဖိုးအရှိဆုံး (Apple) ကုမ္ပဏီကိုတည်ထောင်ခဲ့သူ၊ ဦးဆောင် ဦးရွက်ပြုခဲ့သူ၊ လူအများ နှစ်ကြိုက်ကြတဲ့ ချစ်ဖွယ် ရုပ်လုံးကြွ ကာတွန်း ရုပ်ရှင်များကို ထုတ်လုပ်တဲ့ ကုမ္ပဏီ (Pixer) ကိုလည်း စတင်ခဲ့သူ.. လူတွေရဲ့ နေ့စဉ်ဘ၀ကို ပိုလွယ်ကူအောင် ဆန်းသစ်သော နည်းပညာ (iPod, iPhone & iPad) တို့ဖြင့် ပြောင်းလဲစေခဲ့သူ အသက် ၅၆နှစ်အရွယ် စတိပ်ဂျော့ဟာ ဒီနေ့ မနက်မှာပဲ ကွယ်လွန်ကြောင်း သိရသောကြောင့်... သူ၏မိသားစုနဲ့ အတူ ထပ်တူထပ်မျှ ကြေကွဲရကြောင်း မှတ်တမ်းတင်အပ်ပါသည်။


Wednesday, October 5, 2011

Apple iPhone 5 Event Live တင်ဆက်ကြည့်ခြင်း

iPhone 4S Spec အပြည့်အစုံ http://www.apple.com/sg/iphone/

Oct 5 2011 2:40 am SGT
iPhone 4S အောက်တိုဘာ ၁၄ရက်နေ့ ယူအက်စ်၊ ယူကေ၊ ပြင်သစ်၊ ဂျာမနီ၊ ဂျပန်၊ သြစတေးလျမှာ စဖြန့်မယ်... နှစ်ကုန်ပိုင်းလောက်မှာ နိုင်ငံ ၇၀ကျော်ကို ဖြန့်မယ်...

Oct 5 2011 2:35 am SGT

Siri က အချက်အလက် တော်တော်များများ အမေးအဖြေလုပ်နိုင်တဲ့ Wolfram Alpha နဲ့ ချိတ်ဆက်ထားပါတယ်တဲ့....

Oct 5 2011 2:25 am SGT

အံ့သြမကုန်နိုင်စရာပဲ... ငါ့ကို မနက်ဖြန် ၆နာရီမှာ နှိုးပါ... ငါ့ကို ဂရိစားသောက်ဆိုင် ရှာပေးပါ... အသံနဲ့ အမိန့်ပေးလို့ ရတာလဲ ပါတယ်တဲ့... (ငပိအသံနဲ့ဆို သိပါ့မလားနော်)

Oct 5 2011 2:20 am SGT

အဲ နောက်တစ်ခု Siri တဲ့... အခု ရာသီဥတု ဘယ်လိုရှိတယ်... နောင် ဘယ်လိုရှိမယ်... အခု စင်ကာပူမှာ ဘယ်အချိန်ရှိလဲ... စတာတွေ အသံနဲ့မေးပြီး အမျိုးသမီး အသံနဲ့ ပြန်ဖြေတယ် ဆိုပဲ...
(မှတ်ချက် - ဒီပွဲမှာ Tim Cook တစ်ယောက်တည်း မဟုတ်ပဲ ... တခြား အကူတွေပါ... ၀င်ရောက် အမေး အဖြေလေးတွေနဲ့ ကြားဖြတ် Presentation လုပ်နေကြတာပါ.. သူတို့ နာမည်တွေကို အသေးစိတ်မဖော်ပြတော့ပါဘူး)

Oct 5 2011 2:15 am SGT

ဆက်ပြီးတော့ Video 1080P Full HD ရမယ်, နောက်ပြီးတော့ AirPlay တဲ့ ဖုန်းထဲရှိတဲ့ သီချင်းကို တီဗွီဆီ လွှင့်နိုင်တယ်ဆိုပဲ။ ဘာလဲတော့ သေချာ မသိသေး

Oct 5 2011 2:00 am SGT

iPhone 4S မှာ  
A5 CPU, 2x Faster, 7x Graphics better
Battery life now 8 hours talk time on 3G - 14 hours 2G Talktime, 6 hours 3G browsing, 9 hours Wi-Fi browsing.
8MP, f2.4, Face Detection Camera

GSM ရော ပထမဆုံး CDMA ရော ရပြီး

Oct 5 2011 2:00 am SGT

လာပြီး ... iPhone 5 မဟုတ်ဘူး.... A5 Chip နဲ့ iPhone 4S တဲ့
 
Oct 5 2011 1:55 am SGT

iOS 5, iCloud and iMessage တိုနဲ့ လာမယ့် iPod Nano နဲ့ iPod Touch အသစ်တွေကို မိတ်ဆက်
ဈေးနှုန်းများ
iPod Nano  - 8GB USD $129, 16GB USD $169
iPod Touch - 8GB USD $199, 32GB USD $299, 64GB USD  $399

Oct 5 2011 1:50am SGT

Google Latitude လို ဆော့ဝဲလ်အသစ် "Find My Friends" အကြောင်း ပြောနေပါတယ်။ မိမိ မိသားစုဝင်တွေ သူငယ်ချင်းတွေ ဘယ်မှာ ရှိလဲဆိုတာကို မြေပုံပေါ်မှာ ခရမ်းရောင် ပူစီပေါင်းလေးနဲ့ ပြပေးမယ့် ဆော့ဝဲလ်ပါ။

Oct 5 2011 1:43am SGT

ခုတော့ iTune နဲ့ iCloud အကြောင်းပြောနေပါတယ်...

Oct 5 2011 1:40am SGT

iOS 5 အောက်တိုဘာ ၁၂ရက်နေ့မှာ ထွက်မယ်....

Oct 5 2011 1:30am SGT

APPLE CEO အသစ်, Tim Cook မှ APPLE ထုတ်ကုန် iPhone, iPad, MAC Laptop & Desktop စတာတွေရဲ့ တိုးတက်လာတဲ့ရောင်းအား... ဈေးကွက်ကို လွှမ်းမိုးလာနိုင်မှု... APPLE Apps Store ရဲ့ ဆော့ဝဲလ်များ ရောင်းချနိုင်မှု ... နောင်ထွက်မယ့် iOS 5 ရဲ့ အရေးပါတဲ့ ဆောင်ရွက်ချက်များ စတာတွေကို ရှင်းလင်း ပြောကြားနေပါတယ်။

Tuesday, October 4, 2011

Facebook မှာ အနေကြာဆုံး စံချိန်တင်တဲ့ စင်ကာပူကလူများ

အွန်လိုင်းသုံးစွဲမှုတွေကို ခြေရာခံပြီး လေ့လာနေတဲ့ Experian Hitwise လို့ခေါ်တဲ့ အဖွဲ့အစည်းရဲ့ ထုတ်ပြန်ချက်အရ... Facebook အပေါ်မှာ အချိန်ကြာဆုံး နေထိုင်တဲ့သူတွေအဖြစ် စင်ကာပူက Facebook သုံးစွဲသူများက တခါဝင်လျှင် ပျမ်းမျှ ၃၈မိနစ်နှင့် ၄၆ စက္ကန့် ကြာ အသုံးပြုသူများအဖြစ် ကမ္ဘာ့နိုင်ငံ အသီးသီးက ဖေ့ဘွတ်သူစွဲသူ အားလုံးကို ကျော်ဖြတ်ပြီး ပထမ ဗိုလ်စွဲပါတယ်တဲ့... ဒါက လွန်ခဲ့တဲ့ သြဂုတ်မှာ လေ့လာခဲ့တဲ့ မှတ်တမ်းလို့ ဆိုပါတယ်... စင်ကာပူရဲ့နောက်မှာတော့ နယူးဇီလန်က ဒုတိယနဲ့ သြစတေးလျက တတိယလိုက်ပြီး... Facebook ကို ဖန်တီးခဲ့တဲ့ အမေရိကန်ကတော့ ပဉ္စမနေရာမှာ ချိတ်ပါတယ်...

အမေရိကန်မှာ Facebook ဟာ လည်ပတ်သူအများဆုံး လူမှုကွန်ရက်ဆိုဒ်ဖြစ်ပြီး Twitter ကတော့ ဒုတိယနဲ့ ဆန်ဖရန်စစ်စကိုမှာ အခြေဆိုက်တဲ့ tagged.com ကတော့ တတိယနေရာလိုက်ပါတယ်... tagged.com ဟာ အရင်တုန်းက အသက် ၁၈အောက် ကလေးများကိုသာ ရည်ရွယ်ပြီး ၀င်ခွင့်ပေးထားပေမယ့် အခုတော့ အသုံးပြုသူအားလုံးကို ဖွင့်ပေးလိုက်တာပါ။

အောက်မှာ ဖေ့ဘွတ်မှာ အနေကြာဆုံး ထပ်ဆုံး ၈နိုင်ငံနဲ့ တခါဝင်လျှင် လည်ပတ်တဲ့ အချိန်ပမာဏ စာရင်းဖြစ်ပါတယ်။

                    Average time spent on Facebook in August 2011 per session
Singapore          38 mins 46 sec
New Zealand     30 mins 31 sec
Australia            26 mins 27 sec
UK                    25 mins 33 sec
US                    20 mins 46 sec
France               21 mins 53 sec
India                  20 mins 21 sec
Brazil                18 mins 19 sec

ကိုးကား
http://news.cnet.com/8301-1023_3-20114170-93/facebook-time-is-tops-abroad-with-singapore-no-1/

Monday, October 3, 2011

ပြည်တွင်း၌ အသစ်ထွက်ရှိသော စာအုပ်များ - ၆

စာအုပ်အမည်                        - ရှင်နေမင်းလို့ ပုဂ္ဂိုလ်များနှင့် အခြားဆောင်ပါးများ

စာရေးဆရာ                           - သခင်အောင်ဖေ

စာအုပ်အမျိုးအစား                 - ဆောင်းပါးများ

ထုတ်ဝေသည့် စာအုပ်တိုက်   - နယူးတိုက်ဂါးစာပေ

ထုတ်ဝေသည့် အကြိမ်           -

စာအုပ် အကြောင်းအရာ         - ရှင်နေမင်းလို ထင်ရှားကျော်ကြားသည့် ဆရာတော်ကြီးငါးပါးအကြောင်း
                                                အပါအ၀င် လက်ရွေးစင် ဆောင်းပါး အပုဒ် ၂၀

ဈေးနှုန်း                                  -

ရက်စွဲ                                     -  ၀၂.၁၀.၂၀၁၁

************************************************************

စာအုပ်အမည်                        - မြန်မာနိုင်ငံ ခေတ်အဆက်ဆက် ရှေးဟောင်းလက်နက်များ
                                                (သမိုင်းမတင်မှီခေတ်မှ ပုဂံခေတ်အထိ)

စာရေးဆရာ                           - မင်းဘူး အောင်ကြိုင်

စာအုပ်အမျိုးအစား                 - သုတေသန၊ ဗဟုသုတ

ထုတ်ဝေသည့် စာအုပ်တိုက်   - စာပေဗိမာန်

ထုတ်ဝေသည့် အကြိမ်           -

စာအုပ် အကြောင်းအရာ         -

ဈေးနှုန်း                                  -

ရက်စွဲ                                     -  ၂၉.၀၉.၂၀၁၁

************************************************************

စာအုပ်အမည်                        - မြန်မာ့သမိုင်းဝင် အထင်ကရ ကြေငြာချက်များ

စာရေးဆရာ                           - ဦးကျော်ဇေယျ

စာအုပ်အမျိုးအစား                 - သမိုင်း

ထုတ်ဝေသည့် စာအုပ်တိုက်   - စကားပြောနေသူများစာပေ

ထုတ်ဝေသည့် အကြိမ်           -

စာအုပ် အကြောင်းအရာ         - မြန်မာ့သမိုင်းဝင် ထင်ရှားသော သီပေါမင်းတရားကြီး၏ စစ်ကြေငြာချက်မှ
                                                အစပြု ဖက်ဆစ်တော်လှန်ရေးကြေငြာချက်၊ လွတ်လပ်ရေး ကြေငြာစာတမ်းအထိ သမိုင်းတလျှောက် ထင်ရှားသော ကြေငြာစာတမ်းများ စုစည်းမှု

ဈေးနှုန်း                                  -

ရက်စွဲ                                     -  ၂၉ .၀၉.၂၀၁၁

************************************************************


စာအုပ်အမည်                        - ကမ္ဘာ့ဗုဒ္ဓ

စာရေးဆရာ                           - ကောင်းဈာန်သိမ်း

စာအုပ်အမျိုးအစား                 - ဘာသာရေး

ထုတ်ဝေသည့် စာအုပ်တိုက်   - ရွှေလက်ဆောင်စာပေဖြန့်ချီရေး၊ မေတ္တာမွန်စာပေ


ထုတ်ဝေသည့် အကြိမ်           - ဒုတိယအကြိမ်

စာအုပ် အကြောင်းအရာ         - မြတ်စွာဘုရား၏ ဓာတ်တော် မွေတော်များ၊ ဗုဒ္ဓဘာသာဆိုင်ရာ
                                                အဆောက်အအုံများ၊ ကမ္ဘာတ၀န်းရှိ ဒေသအသီးသီးတွင် မပျောက်မပျက် ကြွင်းကျရစ်လျက်ရှိသည်ကို ရောင်စုံ အဖြူအမည်း ဓါတ်ပုံများစွာ စုစည်းတင်ပြမှု၊ ဘာသာခြား ဒေသခြား ဝေးလံသောနေရာများမှ ဗုဒ္ဓ၏ပုံရိပ်တော်များ စုစည်းတင်ပြမှု

ဈေးနှုန်း                                  -

ရက်စွဲ                                     -  ၂၅.၀၉.၂၀၁၁

************************************************************

စာအုပ်အမည်                        - ရခိုင်မြန်မာ ဆီလွတ် ဟင်းချက်နည်း

စာရေးဆရာ                           - မဦးခင်စော (အိုအေစစ်)

စာအုပ်အမျိုးအစား                 - ဘာသာရေး


ထုတ်ဝေသည့် စာအုပ်တိုက်   - ရွှေလက်ဆောင်စာပေဖြန့်ချီရေး၊ မေတ္တာမွန်စာပေ


ထုတ်ဝေသည့် အကြိမ်           -


စာအုပ် အကြောင်းအရာ         -

ဈေးနှုန်း                                  - ၁၇၀၀ကျပ်

ရက်စွဲ                                     -  ၂၅.၀၉.၂၀၁၁

************************************************************

စာအုပ်အမည်                        - မြန်မာ့စွယ်စုံကျမ်း အတွဲ ၈

စာရေးဆရာ                           - 

စာအုပ်အမျိုးအစား                 - စွယ်စုံကျမ်း၊ ဗဟုသုတ


ထုတ်ဝေသည့် စာအုပ်တိုက်   - စာပေဗိမာန်

ထုတ်ဝေသည့် အကြိမ်           - တတိယအကြိမ်


စာအုပ် အကြောင်းအရာ         -

ဈေးနှုန်း                                  - ၃၅၀၀ကျပ်

ရက်စွဲ                                     -  ၂၅.၀၉.၂၀၁၁

************************************************************


ပြည်တွင်း၌ ထုတ်ဝေသည့် စာအုပ်သစ်များကို အချက်အလက်များ ရနိုင်သမျှ တတ်နိုင်သမျှ စုစည်း တင်ပြထားခြင်း ဖြစ်ပါသည်။ ရက်စွဲများမှာ စာအုပ်ကြော်ငြာသည့် ရက်စွဲများ ဖြစ်သည်။ စာအုပ်အမျိုးအစားမှာ မိမိကိုယ်ပိုင် သတ်မှတ်ချက် ဖြစ်ပြီး လွဲမှားနိုင်ပါသည်။

Sunday, October 2, 2011

တကယ်ဆိုရင် စိတ်ကူးကောင်းဖို့ပဲ လိုတယ်...

စလုံးမှာ လူတွေကို ကျန်းမာရေးကောင်း စေဖို့ လှေကားတက်ကြစို့ဆိုပြီး လှေကားတွေပေါ်မှာ စာလုံးကြီးတွေနဲ့ရေး ... အရုပ်ကြီးတွေရေးပြီး လှုံ့ဆော်ရေး အစီအစဉ်တွေလုပ်နေတာ... ဘယ်သူမှ မတက်ကြဘူး (ကျွန်တော် အပါအ၀င် ဟီးဟီး) အဲဒါကြောင့် အောက်က ဗွီဒီယို ကလစ်လေးကို အတုယူ သင့်တယ်...

အဲအတိုင်းဆိုရင် တစ်နေ့ ဆယ်ခေါက်လောက် တက်လိုက်ဆင်းလိုက် လုပ်နေမယ်....

ဆွီဒင်နိုင်ငံမှာပါ။ ရှုစားကြပါဦးစို့


Saturday, October 1, 2011

ကွတ်ကီးလေး တစ်ကိုက် ကိုက်လိုက်တာနဲ့ တစ်ပုံကြီးပါလာတယ်

ဟဲဟဲ... ဂျေလို ခေါ် ဂျနီဖာလိုပက်ဇ် (Jenifer Lopez) ရဲ့ အမ်တီဗွီ (MTV) သီချင်းသစ်လေးပါ။
အမ်တီဗွီက ရီရတယ်... ဒါပေမယ့် ဂျေလို ၀တ်ထားတာကို ဒီထဲမှာ မကြိုက်ပါ။

ကတာလည်း အဲဒီဝတ်စုံနဲ့ဆိုတော့ နည်းနည်းလေးတော့ ဒီထက်ဆန်းသင့်တယ် ထင်တာပဲ... ဟီးဟီး....

ဒါပေမယ့်လည်း Scence နဲ့ လိုက်ဖက်တဲ့ ၀တ်စုံမို့လို့လည်း ဖြစ်နိုင်ပါတယ်... ခွှင့်လွှတ်လိုက်တယ် :D

ရှုစားအားပေး ကြပါဦး ခင်ဗျာ...

Jenifer Lopez - Papi