Friday, November 18, 2011

စင်ကာပူက နှစ်တစ်နှစ်ရဲ့ စတုတ္ထမြောက် အိုင်တီရှိုး (Sitex 2011)နှင့် အခြား ပရိုမိုးရှင်းများ


Date - 24th to 27th November 2011
Time - 11AM to 9PM
Venue - Singapore Expo Hall 4B, 5 & 6
Official Website - http://www.sitex.com.sg/index.html
 For Price & Brochure - http://bootstrike.com/itfairsg/sitex2011/price-list/

စင်ကာပူက နှစ်တစ်နှစ်ရဲ့ စတုတ္ထမြောက် အိုင်တီရှိုးဖြစ်ပြီး Singapore Expo မှာ ကျင်းပတဲ့ တစ်ခုတည်းသော အိုင်တီရှိုးပါ။ ကွန်ပြူတာ၊ လပ်တော့၊ ဖုန်း၊ တီဗွီ၊ Tablet၊ ကင်မရာ စတဲ့ စတဲ့ Gadget တွေ အပြိုင်အဆိုင် ဈေးချ၊ လက်ဆောင်တွေ၊ အပိုပစ္စည်းတွေ အပြိုင်အဆိုင် ပေးမယ့်ပွဲပါ။ ဟဲဟဲ အသားကုန် တန်းစီဖို့လည်း ပြင်ထားပေါ့။

ဒီနေ့ကနေစပြီး ၂၇နိုဝင်ဘာထိ Suntec City မှာ BookFest စာအုပ်ရောင်းပွဲတော် ရှိပါမယ်။ စာအုပ်ဆိုင်ပေါင်းများစွာက စာအုပ်ရောင်းရုံတင် မဟုတ်ဘဲ အနယ်နယ်အရပ်ရပ်က စာရေးဆရာတစ်ချို့လည်း ဟောပြောဖို့ ရှိပါတယ်တဲ့။


Official Website - http://www.bookfestsingapore.com/index.htm

John Little Mega Expo Sales



နောက်ဆုံး အသိပေးချင်တာကတော့ မနက်ဖြန် စနေနေ့က စပြီး စင်ကာပူမှာ ခရစ်စမတ်အတွက် မီးစထွန်းပါတော့မယ်တဲ့၊ Orchard, Marina Bay, Harbourfront and Sentosa တို့မှာပါ။ အောချတ်မှာ Charity အတွက် ၇နာရီခွဲမှာ ဖယောင်းတိုင် (အတု ထင်တယ်) ထွန်းမယ့် အစီအစဉ်ရှိတယ်။ တစ်တိုင်ထွန်းရင် တစ်ဒေါ်လာလှူတာနဲ့ ညီတယ်ဆိုလား သိပ်တော့နားမလည်ပါ။ ပါဝင်ချင်သူများ ဓါတ်ပုံ ရိုက်ချင်သူများ မနက်ဖြစ် ၇နာခွဲ သွားရောက်နိုင်ပါကြောင်း သတင်းကောင်းပါလိုက်ပါတယ်။

 Light Up Beyond the Light-Up

For the first time at the Switch-On Ceremony on Saturday 19 November, Singaporeans and tourists will be able to join in the magical moment through ORBA’s charity initiative "Light Up Beyond the Light-Up". This special effort, held in collaboration with Celebrate Christmas In Singapore (CISS), will see ORBA donating S$1 to Community Chest for every CCIS Candle lit.

Thousands of CCIS Candles lining the street from Ngee Ann City Civic Plaza towards Mandarin Gallery will illuminate Orchard Road and add to the charming Christmas ambience. Members of the public can participate in this momentous occasion by approaching any CCIS volunteer dressed in red for a candle outside Ngee Ann City at 7:30pm. (Ref: http://www.orchardroad.org/beyond_light-up/)

Disclaimer
The contents providing on this post are just for information sharing purpose only. I am not affiliated with any sales or promotion companies above. The information could be from unreliable sources, incomplete, inaccurate and changed or altered anytime without notice. I will not be responsible on any lost or damages happen to you concerning above information  All logos, posters and graphical contents are copyright of their respective owners and I do not own them.

Thursday, November 17, 2011

ကယ်ပါဦး ဆရာ ကျမ ကွန်ပြူတာ မီးလင်းနေတယ်

ကျွန်တော့်ရဲ့ လက်ရှိ အသက်မွေးကြောင်း အလုပ်ကို စလုပ်ချိန်တုန်းက အလုပ်သင် အဖြစ်နဲ့ပေါ့လေ၊ ကျနော့်ကို ဒီပညာတွေ သင်ပေးခဲ့တဲ့ ဆရာဆီမှာ ပြန်အလုပ်လုပ်တာ... ကျတော်တို့ အလုပ်ကတော့ ဆရာ့ သင်တန်းမှာ ၀ိုင်းကူ ပြီးတော့ သင်တန်းနဲ့ တွဲဖွင့်ထားတဲ့ ကွန်ပြူတာ ဆားဗစ်လေးမှာ စီနီယာတွေကို စကူလေးကျပ် ဖုန်လေးသုတ် ၀ိုင်းကူရင် စလုပ်ခဲ့ကြတာပေါ့။

အဲဒီမှာ ကျွန်တော်တို့ဆားဗစ်ပက်သက်ပြီး လုပ်တဲ့အခါမှာ End User လို့ ခေါ်ကြတဲ့ ကွန်ပြူတာကို သာမန်အသုံးပြုတတ်ရုံ အသုံးပြုတတ်သူတွေ အများဆုံး ဆက်ဆံရတာပေါ့ (End User ကို ဒီလိုပဲ အဓိပ္ပါယ်ဖွင့်လိုက်ပါတယ်)။ သူတို့တွေ ကွန်ပြူတာလာပြင်ရင် တခါတလေ ဘာမှမဖြစ်တာ မဟုတ်တာလေးကိုဘဲ ကြီးကြီးကျယ်ကျယ်ထင်ပြီး လာပြင်ကြ၊ ပြီးတော့ အဲလိုပေါ့ ကွန်ပြူတာမှာ ဟိုအရုပ်လေး တင်ပေးပါ... ဒီအရုပ်လေးထည့်ပေးပါ။ သူများစက်မှာတော့ အဲဒါပါလို့ သူ့မှာ မပါလို့ စသည်ဖြင့်ပေါ့ အဲလို ရီစရာလေးတွေ တောင်းဆိုတတ်တာလည်း ကြုံရတယ်။

အဲဒါတွေထဲကမှ မှတ်မှတ်ရရ အဖြစ်အပျက်လေးတစ်ခု ပြောပြချင်တယ်။ တခါ အစိုးရရုံးက အရာရှိ အန်တီတစ်ယောက် သူ့ကွန်ပြူတာ လာပြင်ပါတယ်။ သူ့က စာစီစာရိုက်အတွက်ပဲ ကွန်ပြူတာကို တပတ်ရစ်ကလေး ၀ယ်ထားတာ။ အဲဒီတုန်းက အတိအကျ ဘာဖြစ်လို့ လာပြင်တယ်တော့ မမှတ်မိဘူး... ကျွန်တော်တို့မှာ ထုံးစံက ကွန်ပြူတာက ဘာဖြစ်ပြီးတော့ပဲ လာပြင်ပြင်၊ ဖြစ်တဲ့ဟာအပြင် ကွန်ပြူတာမှာ လိုအပ်သမျှ အကုန်ပြင်ပေးလိုက်တယ်။ ဟာဒ်ဝဲရော၊ ဆော့ဝဲလ်ရော.. အဆုံးစွန်ဆုံးဆို ကွန်ပြူတာထဲက ဖုန်တွေသုတ်၊ ဖုန်တွေစုပ်၊ ပစ္စည်းလေးတွေ နေရာမကျနေတာ ကျအောင်ပြင်ပေး၊ ၀ိုင်ယာတွေလွတ်နေတာ၊ ရှုပ်နေတာ၊ ပြန်တပ် စနစ်တကျ ပြန်စီးပေး၊ နောက်ဆုံး Cleaner အရည်တွေနဲ့ သုတ်ပြီး တောက်ပြောင်သွားအောင် ပေါ့လစ်ပါ တိုက်ပေးလိုက်တယ်ဗျ။ ဆော့ဝဲလ်ပိုင်းမှာဆို ဗိုင်းရပ်စ်တွေရှင်း၊ ပိုနေတဲ့ ဟာတွေရှင်းပေး စက်ကို ပေါ့သွားအောာင် လုပ်ပေးလိုက်တယ်။ အဲဒီတော့ စက်လာပြင်တဲ့ သာမာန်သုံးတဲ့ သူတွေ စက်လာယူတဲ့အခါ စက်အသစ်ရသလို ခံစားရပြီး စိတ်ချမ်းသာသွားကြတာပေါ့၊ ကျွန်တော်တို့ အနေနဲ့ကလည်း ဒီလိုလုပ်ပေးလိုက်မှ စိတ်ချမ်းသာသလို ခံစားရတယ်။ ကွန်ပြူတာပြင်တဲ့လူတွေဆိုတော့ ကွန်ပြူစုတ်နေတာတွေ့ရင် မနေတတ်တာလည်း ပါတာပါ့။ ဒါတွေက ကျွန်တော့်ရဲ့ ကျေးဇူးရှိတဲ့ စီနီယာတစ်ယောက်ကြောင့် ဒီလို ကောင်းတဲ့အကျင့်လေး ရသွားတာ။ ဒါပေမယ့် ဒီအကျင့်က ကောင်းတိုင်းလည်း နေရာတိုင်းအတွက်တော့ မကောင်းဘူးဆိုတာလည်း ဒီဇတ်လမ်း သင်ခန်းစာ ပေးတာပဲ။

စကားကရှည်နေတာနဲ့ လိုရင်းမရောက်ဘူး။ ဒါနဲ့ အဲလိုပေါ့ အဲဒီအန်တီ့စက်ကိုလည်း အဲအတိုင်းပဲ လုပ်ပေးလိုက်တယ်၊ စက်ကိုပြင်ပြီးတော့ သူ့ကိုဖုန်းဆက် စက်ကိုယ်တိုင်လာယူခိုင်း ပြီးတော့ သူ့ကိုစိတ်ကျေနပ်အောင်ထိ စမ်းပြတာပေါ့၊ နောက်ဆုံး အိုကေဆိုပြီး စက်ကိုပြန်ယူသွားတယ်။ အဲနောက်နေ့လည်း ကျရော ဇတ်လမ်းက အဲမှာစတယ်။ အဲဒီအန်တီ ရေကြီးသုတ်ပျာနဲ့  ဖုန်းဆက်လာပါတယ်။ အချိန်က မနက်အစောကြီး အိပ်ရာတောင် မထသေးဘူး၊ (ကျနော်တို့က အဲမှာပဲ အိပ်တာ)  အိပ်ချင်မူးတူးထပြီး ဖုန်းလာကိုင်တော့ အဲဒီအန်တီ စပြောလိုက်တာက

'ကယ်ပါဦးဆရာ ကျမ ကွန်ပြူတာ မီးလင်းနေတယ်'

ဟိုက်... ဟမ်.. ရုတ်တရက် လန့်သွားတယ်... လူကလည်း အိပ်ချင်စိတ်တောင် ပျောက်သွားတယ်။ ရုတ်တရက် မီးလောင်နေတယ်လို့ ပြောတာလားတောင် ထင်သွားတယ်။ ကွန်ပြူတာ မီးလောင်တာ မီးသတ်ကို မခေါ်ဘဲ ငါတို့ကို ခေါ်တာလားပေါ့လေ....

ပြီးမှ သတိပြန်ဝင်ပြီ ဘယ်မီးတုန်း ပြန်မေးမှ

'ကွန်ပြူတာအလယ်နားမှာ ဆရာ မီးစိမ်းတလုံးက တခါတည်းလင်းနေပြီး၊ မီးနီးတလုံးက မှိတ်တုတ်မှိတ်တုတ် ဖြစ်နေတယ် ဆရာ၊ ကွန်ပြူတာ တခုခု ဖြစ်တော့မလား မသိဘူး'

ဆိုပြီး ထိတ်ကာလန့်ကာနဲ့ ပြောလာပါတယ်။ အဲဒီအချိန် ကျွန်တော်လည်း ချက်ချင်းသဘောပေါက်လိုက်ပါတယ်။ အဲဒီမှာ သူပြောတဲ့ မီစိမ်းက ကွန်ပြူတာ ပါဝါမီးဖြစ်ပြီး၊ မီးနီးက စက်အလုပ်ရှုပ်ရင် ရှုပ်သလို (တကယ်တမ်း ဟဒ်ဒစ်) မှိတ်တုတ်မှိတ်တုတ် ပြတဲ့ မီးပါ။ သူ့စက်မှာ အရင်က အဲဒီမီးတွေရဲ့ ကြိုးတွေ ပြုတ်နေပါတယ်။ အဲဒါ ကျွန်တော်တို့က ပြန်တပ်ပေးလိုက်တာပါ။ အဲဒီမှာ စက်စ၀ယ်ကတည်းက မမြင်ဖူးထားဘဲ စက်ပြင်ပြီးတော့မှ အဲလိုဖြစ်တော့ သူ့စိတ်ထဲမှာ ပြင်တာမသေချာလို့ စက်က တစ်ခုခုဖြစ်တော့မှာမို့ မီအချက်ပြတာ ထင်မိသွားပုံရတယ်။ အဲဒါနဲ့ ကျွန်တော်လည်း သေသေချာချာ ပြန်ရှင်းပြလိုက်ရပါတယ်။ အဲဒီတော့မှ သြော်အဲလိုလား ဆိုပြီး မယုံရဲ ယုံရဲနဲ့ ဖုန်းချသွားတယ်။

ဖုန်းချပြီးပြီးချင်း ကျနော်လည်း ပြုံးဖြီးဖြီးနဲ့ ပါးစပ်မပိတ်နိုင်တော့ဘဲ ကျန်တဲ့လူတွေကို နှိုးပြီးတော့

'ကယ်ပါဦးဆရာ ကျမ ကွန်ပြူတာ မီးလင်းနေတယ်'

ဇတ်လမ်းကို ပြောပြလိုက်တာမှာ သူတို့လည်း မရယ်ဘဲ ၀ါးလုံးကွဲလေတော့တယ်။ နောက်ပိုင်း ကျတော်တို့တွေ အဲဒီမီးကြိုးကို တပ်ဖို့ကြုံတိုင်း အချင်းချင်း

'ကယ်ပါဦးဆရာ ကျမ ကွန်ပြူတာ မီးလင်းနေတယ်'

ဆိုပြီး အမြဲတမ်း ပြောဖြစ်နေပါတော့တယ်။

Wednesday, November 16, 2011

ပေ ၂၀မြင့် ကန္တာရဆူးပင်ထိပ်မှာ သုံးရက်ကြာ နေသွားတဲ့ ကြောင်ကလေး

ကြောင်မဲ သေးသေးလေး တစ်ကောင် အာရီဇိုနား ကန္တာရတစ်ခုက ပေ၂၀လောက်မြင့်တဲ့ ကန္တရဆူးပင်ကြီးပေါ်မှာ ၃ရက်ကြာလောက် နေသွားသတဲ့။ နောက်ဆုံး သူ့ကိုလာကြည့်တဲ့ လူတွေများလာပြီး ဟယ်လီကော်ပတာနဲ့ ဘာနဲ့ သူ့အပေါ်မှာ ဗီဒီယိုလာရိုက်တော့မှ အောက်ကို ပြေးဆင်းသွားပါတယ်။ ဒီလောက်မြင့်တဲ့ ဆူးပင်ပေါ် ဘယ်လိုများ တက်သွားလားဆိုတာ တော်တော်ထူးဆန်း နေကြတယ်။ အောက်ကဗီဒီယိုမှာ ကြည့်ကြည့်ကြပါ။ တမင်ပဲ အဲမှာအဲလောက်ကြာနေနေတာလား၊ ဒါမှမဟုတ် တက်ပြီး ပြန်မဆင်းရဲလို့ပဲ မဆင်းတာလားတော့ မသိဘူး။


တခါကကြုံဖူးတယ်။ အိမ် တိုက်အောက်က ကြောင်ဖြူတစ်ကောင် သစ်ပင်ပေါ်တက်သွားပြီး ပြန်မဆင်းတတ်ဘူး။ သူ့ကို အောက်ကနေ အဲဒီအပင် အမြင့်နီးပါးမှာ အကာထားပြီး ခြောက်လှန့် ခုန်ချခိုင်းတာလည်း မဆင်းဘူး၊ သစ်ပင်ပေါ်မှာပဲ ဟိုဘက်လှည့်လိုက် ဒီဘက်လှည့်လိုက်နဲ့ ညောင်ညောင်အော်နေတာ ဘာမှမတတ်နိုင်ဘူး။ နောက်ဆုံး ခြောက်ရတာ မောသွားလို့ ဒုတ်နဲ့လိုက်ထိုးကြည့်တာ ဒုတ်ကို ရှောင်ရင်းနဲ့ အပင်က ရှောကြတာကနေ ကုတ်ကတ်ပြီး ဆင်းလို့ ရသွားတယ်။ အဲတော့မှာ လူတွေလည်း သက်ပြင်းချကြရတော့တယ်။ တော်တော်ဆိုးတဲ့ ကြောင်တွေ....

News Source:
http://www.telegraph.co.uk/news/worldnews/northamerica/usa/8890351/Cat-stuck-on-cactus-for-days.html

Tuesday, November 15, 2011

Facebook, Email, Text Messages, Phone ပေါ်က ချစ်မှုရေးရာ အခြေအနေများ

ယနေ့ခေတ် လူတွေနေ့စဉ်ကြုံတွေ့နေကြ၊ ပြုလုပ်နေကြ အလုပ်တွေအပေါ်မှာ ဖေ့ဘွတ်တို့၊ တွစ်တာတို့ စတဲ့ အွန်လိုင်းလူမှုကွန်ရက်တွေ၊ ဖုန်းပေါ်ကပို့တဲ့ မက်ဆေ့တွေ၊ မိုဘိုင်းဖုန်းပြောတာ စတာတွေဟာ တော်တော်လေး လွှမ်းမိုးလာနေတာ အားလုံးသိကြမှာပါ။ အဲဒီအထဲမှာ ကျွန်တော်တို့ရဲ့ ဘ၀ထဲက အရေးပါတဲ့ ချစ်မှုရေးရာတွေမှာလဲ ဒီခေတ်သစ် ဆက်သွယ်ရေးတွေက တော်တော်လေး နေရာယူလာတာလဲ သတိထားမိကြမယ်ထင်ပါတယ်။

ဥပမာ ဆိုပါစို့.. တစ်ယောက်ကိုတစ်ယောက် စပြီး စိတ်ဝင်စားမိကြရင် အရင်ဆုံး ဖုန်းနံပါတ်တွေ ဖလှယ်ကြတယ်။ စစချင်း ဖုန်းမပြောရဲသေးရင် မက်ဆေ့နဲ့ အချင်းချင်း စကားတွေ ဖလှယ်ကြ၊ နောက်ကြတော့ ဖုန်းတွေခေါ်ပြီး ပြောကြမယ် အဲနောက်ဆင့် အွန်လိုင်းပေါ်မှာ ဂျီတော့တို့ဘာတို့ကနေတဆင့် ပြောကြမယ်။ နောက်ဆုံး ချစ်သူတွေ ဖြစ်သွားရင်၊ လက်ထပ်ပြီးသွားကြရင်၊ ဖေ့ဘွတ်ပေါ်မှာ စတေးတပ်လေးတွေ ပြောင်းကြမယ်။ ပြောနေရင်သာ ကြာဦးမယ်။ တကယ့်လက်တွေ့ကြတော့ ဒီထက် မြန်နေဦးမယ်။

ဒါကတော့ အဆင်ပြေနေရင်ပေါ့။ အဆင်မပြေကြလို့ သမီးရည်းစား ဘ၀မှာ ဖြစ်ဖြစ် ပြတ်စဲကြရင်ကော နှုတ်နဲ့ပြောလို့ အဆင်မပြေရင် ဖုန်းမက်ဆေ့လေးတွေ အီးမေးလ်တွေနဲ့ 'ဒီဘ၀တော့ ဒီမျှ' အဲလေ အဲလို တွေနဲ့ ပြတ်စဲကြရော ကဲဘယ်လောက် လွယ်ကူလိုက်သလဲ။

ဒါပေမယ့်လည်း အွန်လိုင်းဆိုတာက လူတိုင်းလူတိုင်း အချိန်ပြည့်သုံးနိုင်ကြသေးတာ မဟုတ်တော့ တစ်ချို့တွေက ဒီလိုနည်းတွေ သုံးပြီး အလုပ်ဖြစ်ကြပေမယ့် တစ်ချို့တွေကတော့ လမ်းရိုးကြီးအတိုင်းပဲ သွားနေတုန်းပဲပေါ့။

ဒါကို အရှိကို အရှိအတိုင်း မထားဘဲ မနေနိုင် မထိုင်နိုင် lab42 ဆိုတဲ့ မားကက်တင်း အုပ်စုက ဘယ်လိုလူတွေနဲ့ ဘယ်လောက် ရာခိုင်နှုန်းရှိတဲ့ လူတွေက ဒီအွန်လိုင်းလောကမှာ ခရီးတွေ ရောက်နေကြလဲ... ဘယ်လိုလူတွေနဲ့ ဘယ်လောက်ရာခိုင်နှုန်းက လမ်ရိုးကြီးအတိုင်းပဲ လျှောက်နေကြလဲဆိုတာကို အွန်လိုင်းအသုံးပြုသူ ၅၅၀ခန့်ကို မေးမြန်းပြီး စာရင်းပြုစုလိုက်ပါသတဲ့။ ပြီးတော့ အားလုံးကို ခြုံငုံပြီး အချိုးချကြည့်လိုက်တော့ အောက်ဆုံးက ပုံအတိုင်း ထွက်လာပါသတဲ့....

ကဲ... သူတို့တွေရဲ့ မေမြန်းစုံစမ်းပြီး စာရင်းပြုစုထားတာ တစ်ချို့ကို လေ့လာကြည့်မယ်ဆိုရင်

Text Message, Email, Phone ပေါ်ကနေ ပြတ်စဲခဲ့ကြဖူးသလား ဆိုတာကို ၃၃ရာခိုင်နှုန်းက ပြတ်စဲဖူးကြပြီး ၆၇ရာခိုင်နှုန်းက မပြတ်ဖူးပါဘူးတဲ့။ ဒီလိုနည်းနဲ့ ပြတ်စဲကြဖို့ကော အစီအစဉ်ရှိလားဆိုတာကို ၄၀ရာခိုင်နှုန်းက ရှိတယ်တဲ့ ၆၀ရာခိုင်နှုန်းက မရှိဘူးတဲ့... ဒါကြည့်မယ်ဆိုရင် မော်ဒန်နည်းတွေ သုံးတာရာခိုင်နှုန်း နည်းနေသေးတာပေါ့။ ဟဲဟဲ ဆက်ရေးနေရင် လက်ညောင်း အဲလေ စာရှည်သွားမယ်။ ပြည့်ပြည့်စုံစုံကို အောက်ကပုံမှာပဲ ကြည့်တော့နော်။ ပြီး အဲထဲမှာ ငါရောပါလားဆိုပြီး ကိုယ့်ကိုယ်ကို ပြန်မေးကြည့်ပေါ့။ :)

Infographic via

Monday, November 14, 2011

စင်ကာပူက သန်းကြွယ်သူဌေး မိသားစုလိုက် အာကာသခရီးအတွက် ဒေါ်လာတစ်သန်းဖြင့် ဘွတ်ကင်လုပ်

စင်ကာပူက သန်းကြွယ်သူဌေး စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဟာ သူ့ဇနီး၊ သူ့ကလေးနှစ်ယောက်နဲ့ အတူ လူလေးယောက်စာ အာကာသခရီးအတွက် အမေရိကန်ဒေါ်လာ တစ်သန်းဖြင့် ပထမဆုံး အာကာသခရီးသွား ကုမ္ပဏီဖြစ်မယ့် ဗာဂျင်း ဂလပ်စ်တစ်(Virgin Galactic)မှ ဘွတ်ကင်လုပ်လိုက်ကြောင်း ထိုအာကာသခရီးသွား ကုမ္ပဏီက ကြေငြာလိုက်ပါတယ်။

ပထမ စီးပွားဖြစ် အာကာသခရီးသွား ကုမ္ပဏီ ဗာဂျင်းဂလပ်စ်တစ်က ဒါရိုက်တာ Stephen Attenborough က မနေ့က ထိုသူဌေးနဲ့ နေ့လည်စာစားရင်း ဘွတ်ကင်လုပ်တဲ့ စာချူပ်ကိုလက်မှတ်ထိုးခဲ့ကြတယ်လို့ ဆိုပါတယ်။ သူတို့ ဘွတ်ကင်လုပ်တာ တစ်ခုံစာတင် မဟုတ်ဘဲ လေယာဉ်တစ်ခုလုံးစာ ဘွတ်ကင်လုပ်လိုက်တယ်လို့လည်း သူကပြောပါတယ်။

သူဌေးက သူ့ဇနီးကို ဒီအကြောင်း မပြောပြရသေးလို့ မီဒီယာတွေကို သူ့နာမည် ထုတ်မပြောခိုင်းသေးပါဘူး။ သူတို့ဟာ အာရှမှာ ပထမဆုံး အာကာသခရီးသွားမယ့် မိသားစုဖြစ်လာနိုင်ကြောင်း စတီဗင်က ပြောပြပါတယ်။

ဗားဂျင်းဂလာတစ် ကုမ္ပဏီဟာ ၂၀၀၅ခုနှစ်ကတည်း ဒီလို စီးပွားဖြစ် အာကာသခရီးစဉ်များအတွက် လက်မှတ်များကို ထိုင်ခုံတစ်ခုံကို အမေရိကန်ဒေါ်လာ နှစ်သိန်းဖြင့် စတင်ရောင်းချလာခဲ့တာပါ။ ၂၀၀၄ခုနှစ်က ကုမ္ပဏီကို စတင်တည်ထောင်သူ ဘရန်ဆန်(Branson)ဟာ စီးပွားဖြစ် အာကာသခရီးစဉ်နဲ့ ပက်သက်ပြီး နောင်သုံးနှစ်အခန့်မှာ ခရီးစဉ်များ စတင်နိုင်မည်ဟု ကြော်ငြာခဲ့သော်လည်း အကြောင်းကြောင်းကြောင့် မစတင်ဖြစ်ခဲ့ဘဲ အခု ၂၀၁၃မှာ စတင်မည်ဟု ရည်မှန်းထားခဲ့ပါတယ်။

ဒီစင်ကာပူ မိသားစုဟာ သူတို့ မိသားစု သီးသန့် အနေဖြင့် ထိုင်ခုံ ၆ခုံပါတဲ့ Aircraft SpaceShipTwo ဆိုတဲ့ အာကာသယဉ် တစ်စင်းလုံး ငှားပြီး အာကာသကို ခရီးဆန့်မှာ ဖြစ်ပါတယ်။ သူတို့ဟာ ခရီးစဉ်တွေ စတင်တဲ့ ပထမဆုံး နှစ်ထဲမှာ သွားနိုင်ဖို့ အခွင့်အရေး ရှိပါတယ်လို့ ကုမ္ပဏီက ဆိုပါတယ်။

Aircraft SpaceShipTwo အာကာသယဉ်ဟာ ယာဉ်မှုးနှစ်ယောက် မောင်းနှင်ရပြီး၊  ကမ္ဘာမြေကနေထွက်ဖို့ White KnightTwo လို့ ခေါ်တဲ့ လေယာဉ်နဲ့ပံ့ပိုးပေးတဲ့ နည်းနဲ့ ဒီဇိုင်းပြုလုပ်ထားပြီး ကမ္ဘာမြေထဲကို ပြန်ဝင်တဲ့ အချိန်မှာတော့ သူ့မှာပါတဲ့ ရော့ဂတ်မော်တာနဲ့ မောင်းနှင်ပြီး ပြန်ဝင်ဖို့ ပုံစံ လုပ်ထားပါတယ်။ ခါတိုင်း အာကာသယာဉ်တွေနဲ့ ကွာတာက ရော့ကတ်နဲ့ လွှတ်တင်ခြင်းမဟုတ်ဘဲ အထူးပြုလုပ်ထားတဲ့ White KnightTwo လေယာဉ်နဲ့ လွှတ်တင်ခြင်းပါပဲ...

Virgin Galactic Space Ship Two
(Photo via)

(Photo via)

ဗာဂျင်းဂလပ်စ်တစ်ကုမ္ပဏီရဲ့  လက်ရှိ ရောင်းထားပြီးတဲ့ လက်မှတ် ၅၀၀ထဲမှာ စင်ကာပူက လက်မှတ် ၉စောင် ၀ယ်ထားပြီးပြီလို့ ဆိုပါတယ်။ လက်မှတ်အရောင်းရဲ့ ၃၅ ကနေ ၄၀ရာခိုင်နှုန်းခန့်ဟာ အမေရိကန်က ဖြစ်ပြီး ၁၅ရာခိုင်နှုန်းခန့်ဟာ ဗြိတိန်က ဖြစ်ပါတယ်။ အားလုံးပေါင်း နိုင်ငံအနေနဲ့ ၄၆နိုင်ငံက လူတွေဟာ ဒီအာကာသခရီးစဉ်အတွက် လက်မှတ်တွေ ၀ယ်ယူထားကြပြီး၊ သူတို့တွေဟာ သူတို့နိုင်ငံမှာဆိုရင် ပထမဆုံး အာကာသခရီးသွားတွေ ဖြစ်ကြတော့မှာပါ။ တရုတ်နိုင်ငံမှာတော့ ဒီလက်မှတ်ရောင်းခွင့် ပိတ်ထားပါတယ်။ အဲဒီအတွက် တရုတ်နိုင်ငံသားတွေတော့ ပါနိုင်ကြမှာ မဟုတ်ပါဘူး။ အရာအားလုံး အဆင်ပြေပြေနဲ့ဖြစ်ခဲ့ရင် ၂၀၁၃မှာ ဒီလူတွေ စတင်ပြီး အာကာသကို ခရီးသွားခွင့်တွေ ရတော့မှာပါလို့ ထိုကုမ္ပဏီက ဆိုပါတယ် ခင်ဗျာ။

ဒီအာကာသယာဉ် ဘယ်လိုပျံ?


News Source:
http://www.relax.com.sg/relax/news/817808/Singapore_family_books_1m_Virgin_space_flight.html

Virgin Galactic Company Website
http://www.virgingalactic.com/

Sunday, November 13, 2011

စင်ကာပူ ပရိုမိုးရှင်းများ - Uniqlo Treat-in Store This Week Only From 9.90$

I love Uniqlo so I share it :P


Uniqlo မှာ တခါတခါ တော်တော်တန်တန်ရာရာလေးတွေ ရတတ်တယ်။ ပြီးခဲ့တဲ့ တစ်ပတ်က ၄၉ ကျပ်လောက် ရှိတဲ့ အင်္ကျီကို ၂၉ ကျပ်နဲ့ ဟိုးတစ်ခါက ဂျင်းဘောင်းဘီ တစ်ထည်ကို ၁၉ ကျပ်နဲ့ ရဖူးတယ်။ စိတ်ဝင်စားတယ်ဆိုရင်ပေါ့...

Disclaimer
The contents providing on this post are just for information sharing purpose only. I am not affiliated with any sales or promotion companies above. The information could be from unreliable sources, incomplete, inaccurate and changed or altered anytime without notice. I will not be responsible on any lost or damages happen to you concerning above information  All logos, posters and graphical contents are copyright of their respective owners and I do not own them.

Friday, November 11, 2011

၁၁.၁၁.၁၁ နေ့မှာ ၁၁နှစ်မြောက်မွေးနေ့ ကျင်းပမည့် အမြွှာညီအစ်မ

(Photo via)

အမေရိကန်ပြည်ထောင်စု မတ်ဒီဆန်၊ ၀စ်စဂွန်စင်(Madison, Wisconsin)မှာ နေထိုင်တဲ့ ဘက်ဆီနဲ့ ကေသီ (Betsy and Katie) ဆိုတဲ့ အမွှာညီအစ်မ နှစ်ယောက်ရဲ့ ၁၁နှစ်မြောက်မွေးနေ့ဟာ ထူးထူးခြားခြား ၁ခြောက်လုံးစုံတဲ့ နေ့ရက်ဖြစ်တဲ့ ၁၁ရက် ၁၁လ ၂၀၁၁ခုနှစ်(၁၁.၁၁.၁၁)မှာ ကျရောက်နေတဲ့အတွက် သူတို့ မိသားစုဟာ ထူးထူးခြားခြား မွေးနေ့ပွဲလေးတစ်ခု ပြုလုပ်ဖို့ စီစဉ်နေပါတယ်တဲ့...

သူတို့နှစ်ယောက် စဉ်းစားနေတာကတော့ ဒီနေ့(အမေရိကန်မှာတော့ မနက်ဖြန်ပေါ့) သောကြာနေ့မှာ ကျောင်းကိုသွားပြီး ၁၁မိနစ်လောက်နေဖို့၊ ဒါမှမဟုတ် တခြား အပေါင်းအဖော်တွေနဲ့ ၁၁နာရီ ၁၁မိနစ်ရောက်တာကို ရေတွက်ကြ စတာတွေလုပ်ဖို့ လို့ဆိုပါတယ်။

သူတို့ရဲ့ အဒေါ်တစ်ယောက်ကတော့ လက်ဆောင်လေးတွေ ၁၁ခုစီပါတဲ့ လက်ဆောင်အိတ် ၁၁ခုကို လက်ဆောင်အနေနဲ့ ပေးပြီးပါပြီးတဲ့...

ကေသီကတော့ ပူးကလေးနှစ်ကောင်လောက် လက်ဆောင်အဖြစ် လိုချင်နေပြီးတော့၊ ဘက်ဆီကတော့ အမေဇုံ ကင်တယ် (Amazon Kindle) စာဖတ်တဲ့(Reader) လေး လိုချင်နေပါတယ်တဲ့။ ဒါတွေအတွက် သူတို့ဟာ မင်နီဆိုးတာ (Minnesota) မှာ ရှိတဲ့ Mall Of America ကို သွားပြီး ဈေးဝယ်ကြဖို့လည်း အစီအစဉ်လုပ်ထားပါတယ်။

သူတို့ အမြွှာညီအစ်မနှစ်ယောက်ကို ၁၁ရက် ၁၁လ ၂၀၀၀ခုနှစ် စနေနေ့မှာ ဟာရစ်ဆန်ဘတ်, ဗာဂျီးနီးယား (Harrisonburg, Virginia)က ဆေးရုံတစ်ခုမှာ မိခင် 'ဂျူလိုင် အိုဗာမန်း'(Julie Overman)မှ ၁၇မိနစ်ခြား မွှေးဖွားခဲ့ပြီး၊ သူတို့မှာ ၁၃နှစ်အရွယ် အစ်စဘယ်(Isabel) ဆိုတဲ့ အမတစ်ယောက် ရှိပါတယ်တဲ့။

News Source:
http://www.stuff.co.nz/oddstuff/5943304/Twins-to-celebrate-11th-birthday-on-11-11-11
http://host.madison.com/wsj/news/local/these-kids-go-to-twin-sisters-to-celebrate-birthdays-on/article_1148c9f8-0a65-11e1-84b8-001cc4c002e0.html

Thursday, November 10, 2011

Bigger ကြိုက်တဲ့ တက္ကစီဆရာ

စင်ကာပူမှာပေါ့ တက္ကစီစီးဖူးတဲ့ လူတိုင်း စင်ကာပူ တက္ကစီတွေ တက္ကစီဆရာတွေနဲ့ ပက်သက်ပြီး ထူးခြားတဲ့ အတွေ့အကြုံတွေ ရှိဖူးမှာပါ။ ကျွန်တော်ကတော့ ထူးထူးခြားခြားကြီတော့ မဟုတ်ပေမယ့် အမှတ်ရနေတဲ့ အကြောင်းအရာတစ်ခု သတိရလို့ ပြောပြချင်တယ်။

(Photo - Mg Thant)

စင်ကာပူ တက္ကစီတွေမှာ သူ့ဓလေ့နဲ့ သူရှိတယ်။ ပုံမှန်အချိန်ဆိုရင် စင်ကာပူက တက္ကစီတွေဟာ အမောက်စိမ်းစိမ်းလေးတွေနဲ့ Available ဆိုပြီး တော်တော်များ လမ်းပေါ်မှာ သွားနေကြတာ စင်ကာပူမှာ တက္ကစီတော်တော်ပေါပြီး လိုချင်တဲ့အချိန် လမ်းပေါ်ထွက်တားလိုက်ရုံနဲ့ ရတယ်လို့ ထင်ရင် မှားလိမ့်မယ်။ စင်ကာပူက တက္ကစီတွေဟာ ပုံမှန်မှာသာ အခုလို လမ်းပေါ်ရောက်နေပြီး ဥပမာ မနက်ရုံးသွားချိန်မှာ မိုးရွာလို့ ဘတ်စ်ကားနဲ့ ရထားနဲ့ သွားဖို့ ခက်ခဲနေရင် လမ်းပေါ်ထွက်တားတောင် အမောက်နီနီနဲ့ Busy ပြနေတဲ့ တက္ကစီတွေပဲ တွေ့ရလိမ့်မယ်။ ဒါနဲ့ On Call လို့ ခေါ်တဲ့ သူတို့ တက္ကစီကုမ္ပဏီကို ဖုန်းခေါ်ပြီး အော်ဒါလုပ်လိုက်ရင်တော့ ကိုယ့်ရှေ့ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာတတ်တယ်။ On Call ခတော့ ၂ကျပ်ခွဲကနေ ၃ကျပ်ခွဲထိတော့ အပိုပေးလိုက်ရပြီးပဲ... ဒါမျိုးကိုစောင့်နေကြတာပေါ့... ဒီလိုပဲ ည ၁၁နာရီ ၁၁နာရီခွဲလောက် အချိန်မျိုးဆိုရင်လည်း သူတို့တွေ လမ်းပေါ်မှာ မရှိလောက်အောင် ကြက်ပျောက် ငှက်ပျောက် ဖြစ်သွားတတ်တယ်။ ညနက်ရောက်သွားလို့ တက္ကစီ ရှားသွားတယ် မထင်ပါနဲ့ ည ၁၂နာရီကျော်ရင်တော့ တက္ကစီတွေ ပြန်ပြီး လမ်းသလားနေတာတွေ့ရလိမ့်မယ်။ အဲဒီအချိန် စီးမိရင်တော့ စီးမိသလောက် မီတာကုန်ကျစရိတ်အပြင် အပိုထပ်ဆောင်း ၅၀ရာခိုင်နှုန်း ညနက် ပြေးဆွဲခအဖြစ် ပေးရတာပဲ.. ဒါကတော့ တက္ကစီတွေ လမ်းပေါ်မှာလုပ်စားတတ်တဲ့ ဓလေ့ပေါ့လေ...

နောက်ထပ် တက္ကစီဆရာမျိုးစုံရဲ့ ဓလေ့တွေလည်းရှိတယ်။ များသောအားဖြင့် စင်ကာပူက တက္ကစီဆရာတွေက စိတ်ချရပါတယ်။ ဥပမာ လမ်းတွေ ပတ်မောင်းတာမျိုး လူကို အန္တရယ်ပြုတာမျိုး ရာခိုင်နှုန်းနည်းပါတယ်။ ပစ္စည်းကျန်ခဲ့တာမျိုးကတော့ ပြန်ရဖို့ကတော့ ငါးဆယ် ငါးဆယ်ပေါ့... အဲ တက္ကစီစီးကြပြီး ဆိုရင် တခါတလေ တစ်ယောက်လည်း စီးဖြစ်ရင် စီးဖြစ်မယ်။ အများနဲ့လည်း စီးဖြစ်ရင် စီးဖြစ်မယ်။ အထူးသဖြင့် တစ်ယောက်တည်း စီးမိတယ် အခါမျိုးဆိုရင် တက္ကစီဆရာတွေက အလ္လာပ သလ္လာပတွေ ပြောလေ့ရှိပါတယ်။ အထူးသဖြင့် ကိုယ်တွေကို မြန်မာတွေမှန်း သိတာနဲ့ အများအားဖြင့် နိုင်ငံရေးနဲပက်သက်တာ မေးကြပြောကြတာများပါတယ်။ မြန်မာနိုင်ငံရေး အကြောင်းပြောရင်း သူတို့နိုင်ငံရေး အကြောင်း ဝေဖန်တာမျိုးက ရိုးနေတဲ့ ဇတ်လမ်းတပုဒ်လိုပါပဲ... အများဆုံး အမေးခံရတာကတော့ ကျွန်တော်တို့နိုင်ငံရဲ့ ဂုဏ်ဆောင် The Lady လို့ သူတို့ခေါ်ကြတဲ့ ဒေါ်အောင်ဆန်းစုကြည် အကြောင်းပေါ့။ တခါ ကျွန်တော့် အဖေနဲ့ အမေလာလည်တော့ တက္ကစီတခါစီးတိုင်း တက္ကစီဆရာတွေက ဒေါ်အောင်ဆန်းစုကြည် အကြောင်းပဲမေးနေတော့ ကျွန်တော့်အဖေတောင် သြချသွားပါတယ်။ ပြည်တွင်းမှာတောင် အရင်က သူ့နာမည်ကို ဒီလောက်မကြားရဘူးကိုး...

အဲဒီလိုပြောလို့ တက္ကစီဆရာတိုင်း လေကြွယ်တယ် မထင်ပါနဲ့ အချို့တက္ကစီဆရာဆိုရင် ကိုယ်ပြောလိုက်တဲ့ နေရာ သူတို့တန်းသိတယ်ဆိုရင် တက္ကစီပေါ်ကနေ ဆင်းသာသွားမယ် စကားတခွန်းမဟတာလဲ ကြုံဖူးတယ်။ ကဲလာပါပြီး... စင်ကာပူမှာ တက္ကစီစီးတဲ့အခါ ကသိကအောက် အဖြစ်ဆုံး အနေအထားကတော့ တက္ကစီဆရာက အဂ်လိပ်လို မပြောတတ်တဲ့အခါ ဒါမှမဟုတ် ကိုယ်ပြောတဲ့ အဂ်လိပ်ကို သူတို့ နားမလည်တဲ့အခါပါပဲ... တခါတလေများ ကိုယ်တခွန်းပြော သူတို့နားမလည် သူတခွန်းပြော ကိုယ်ကနားမလည်နဲ့ တလမ်းလုံးတောင် စကားများသွားရတယ်။ အဆုံးစွန်ဆုံး ကိုယ်ပြောတာ သူနားမလည်လို့ တက္ကစီပေါ်ကနေတောင် ဆင်းသွားရတဲ့အခါရှိတယ်။ အဆိုးဆုံးကတော့ သူတို့ အဂ်လိပ်လို လည်လည်ဝယ်ဝယ် မပြောနိုင် ကိုယ်ပြောတာကို သူတို့နားမလည်နိုင်တာကို သူတို့ရဲ့ အားနည်းချက် သူတို့ရဲ့ လိုအပ်ချက်လည်းပါတယ်လို့ မယူဆဘဲ သူတို့ကပဲမှန်တယ် သူပြောတာ နားမလည်ရင် ဂျောင်း ကိုယ်ပြောတာ သူနားမလည်ရင် ကိုယ့်ကို ပြန်ဟောက်တာမျိုး ကြုံဖူးကြမယ် ထင်ပါတယ်။

လာပါပြီး.. နိဒန်းကို အရှည်ချီပြီး ဇတ်လမ်းကို စမယ်... ကန့်လန့်ကာဖွင့်... :P

တရက်ကပေါ့ မြန်မာပြန်ကို အလည်ပြန်ပြီး ပြန်လာတဲ့ ညီမလေးတစ်ယောက်ကို ချန်ဂီလေဆိပ်မှာ သွားကြိုပါတယ်။ အပြန်တော့ အထုတ်အပိုးတွေနဲ့ဆိုတော့ ရထားမစီးတော့ဘဲ တက္ကစီနဲ့ ပြန်တာပေါ့။ အဲဒီအချိန် စင်ကာပူမှာ ရာသီဥတုကလည် အရမ်းပူနေတဲ့အချိန်... လေဆိပ်မှာကျတော့ တက္ကစီငှားချင်တဲ့အခါ သတ်မှတ်ထားတဲ့နေရာမှာ တန်းစီပြီးတော့ စီးရတာ... အလှည့်ရောက်တော့ တက်လိုက်ပါပြီး တက္ကစီတစ်စီး တက္ကစီပေါ်တက်လိုက်တာနဲ့ ကိုယ့်သွားမယ့်နေရာကို ပြောလိုက်တယ်။ ပြီးတော့ တက္ကစီဆရာမျက်နှာကို အနောက်ကနေ အကဲခတ်လိုက်တယ် သူနေရာကို သိလားပေါ့... ဒါပေမယ့် သူ့မျက်နှာက သိတယ်လည်း မဆို... မသိဘူးလည်း မဆိုဘဲ မှုန်ကုတ်ကုတ်နဲ့ ဒါနဲ့ ကိုယ်လည်း ဘာမှဆက်မပြောဘဲ သူမောင်းတာ လမ်းမှားမှ ပြန်တည့်ပေးလိုက်မယ်ဆိုပြီး... ကိုယ့်အချင်းချင်းပဲ စကားပြောနေလိုက်တယ်... ဒါနဲ့ တက္ကစီက အဝေးပြေး လမ်းမပေါ်ရောက်တော့ တစ်ခုခုခံစားလိုက်ရတယ်... အရမ်းပူတာပဲ... အပြင်က အရမ်းပူနေလို့ ကားထဲက အဲကွန်းကပဲ မနိုင်တာလားဆို... ကားဒက်စ်ဘုတ်ဆီကို ကြည့်လိုက်တယ်... မဟုတ်ပါဘူး.. တက္ကစီဆရာက အဲကွန်းကို လျှော့ထားတာ တွေ့ရတယ်။ အဲဒါနဲ့ သူ့ကို လှမ်းပြောလိုက်တယ်

Hi, can you please increase the aircon? we feel hot.

ဆိုပြီး တခါတည်း နားလည်အောင် ခပ်လွယ်လွယ်ပဲ ပြောလိုက်တယ်။ ဒါပေမယ့် ဆရာသမားက တုတ်တုတ်မျှ မလှုပ်၊ မကြားတာဘဲလား ဆိုပြီး နည်းနည်း ထပ်ကျယ်ကျယ် ပြောလိုက်တယ်။ ဒီတစ်ခါတော့ နောက်ကြည့်မှန်ကနေ ကိုယ့်ကို ဘုပြန်ရှိုးတာ တွေ့လိုက်သည်။ ဟိုက် အဲလိုချည်းလားဆိုပြီး ထပ်မပြောတော့ဘဲ ငြိမ်နေလိုက်တော့သည်။ ဘာကြောင့် မှန်းကိုမသိ... နားမလည်တာလား.. တမင် မလုပ်ပေးချင်တာလား .. ဒါပေမယ့် ပါလာတဲ့ ညီမလေးကိုယ်တိုင်က လေယာဉ်စီးလာလို့ ညီစီစီ ဖြစ်နေချိန် ကြာလာတော့ သူတော်တော်မွန်းလာတာကြောင့် ကျွန်တော့်ကို ထပ်တောင်းဆိုဖို့ ပြောသည်။ ကျွန်တော်လည်း ကီသွင်းကာ ရှေ့ကိုနည်းနည်းတိုးပြီး...

Uncle, can you pleaseee increase the aircon? aircon aircon... increase increase...

ဆိုပြီး aircon ခလုတ်ကို လက်ညိုးလည်းထိုး လက်ညှိုးနဲ့ လက်မနဲ့ လှည့်သလိုလဲ လုပ်ပြ... သို့သော် ဆရာသမားက မျက်လုံးလေး ထောင့်ကပ်ပြီး ကြည့်ရုံကြည့်ပြီး ကားကိုပဲ မဲမောင်းနေသည်။ တော်တော်လေသွားပြီး ငါတို့နှယ် ကံဆိုးလေစွဟုသာ သက်ပြင်းချမိသည်။ နောက်ပြန်ထိုင်ချကာ မမူးစေရန် ညီမလေးကို စကားမပြောခိုင်းတော့ဘဲ အပြင်ဘက်ကိုပဲ အာရုံလွှဲ ကြည့်ခိုင်းဖို့ ပြောရသည်။ ကျွန်တော်ကိုယ်တိုင်လည်း အပြင်ဘက်ကို သက်ပြင်းချရင်း ငေးနေရတော့သည်။ မှန်ကလည်း ဖွင့်လို့မရတော့... လေဆိပ်နဲ့ အိမ်မှာလည်း အနည်းငယ် ဝေးသောကြောင့် တော်တော် သည်းခံရဦးမည်။ သို့သော် ငါးမိနစ်ပင် မကြာလိုက် ကားထဲမှာ အေးလာသလို ခံစားရသည်။ လေကောင်းကောင်း ရှူရသလို ခံစားလာရသည်။ ဒါနဲ့ ရှေ့ကို ပြန်ကြည့်တော့ ကားဆရာမှာ အဲကွန်းကို မြှင့်နေတာ တွေ့ရသည်။ ၀မ်းသာလိုက်သည် ဖြစ်ခြင်း.. ချက်ချင်းဆိုသလိုပင် သူ့ကို

Thanks you ... Oh Thanks you very much.. That's what I meant .. increase the aircon increase the airon

ဆိုပြီး ၀မ်းသားအားရ ပြောလိုက်မိသည်။ အဲဒီမှာ တက္ကစီဆရာက ကျတော့ဘက် လှည့်လာပြီး...

What meant increase... what increase aircon... BIGGER lah.. BIGGER the aircon... BIGGER.. BIGGER.. YOU.. AHH... Aiyo.. walah

ဘာညာ ဆိုပြီး ကျတော့ကို  ကုန်းအော်လေတော့သည်။ ကျတော်လည်း ရုတ်တရက် ကြောင်သွားသည်.. နောက်တော့ သူဘာဆိုလိုချင်မှန်း သဘောပေါက်သွားသည်။ သူ့မှာ ကျနော် ပြောတဲ့ increase the aircon ကို နားမလည်ပါ။ ဒါပေမယ့် ကျတော်တို့ ဘာဖြစ်နေမှန်း ဘာလိုချင်နေမှန်းတော့ သဘောပေါက်ပုံတော့ရသည်။ သူ့စိတ်ထဲမှာ increase the aircon က ပြောပုံမှားနေပြီး bigger the aircon ကမှ အမှန်... ကျတောတို့ အမှန်မပြောနိုင်တော့ သူကမာနနဲ့ မလုပ်ပေးချင်တာလို့ ထင်သည်။ ကျနော်လည်း ဘာမှထွေထွေထူး မပြောနေဘဲ

Yes Sir.. Yes Sir..  Anyway Thanks you so much

လို့သာ ပြောလိုက်တော့သည်။ သြော် bigger the aircon တဲ့လား... အဲကွန်းကို ပိုကြီးအောင် လုပ်လိုက်ရင် ပိုအေးသွားတာပေါ့နော်... မှတ်သားလောက်ပါတယ်.. ဒါနဲ့ပဲ ညီမလေးဘက်လှည့်ပြီး ညီမလေး အဲကွန်း ဘစ်ကား လုပ်ပေးလိုက်ပြီးတဲ့နော် အခု အဆင်ပြေသွားပြီ မမူးတော့ဘူး မဟုတ်လား မေးရာ ညီမလေးက အင်း ဘစ်ကားလုပ်လိုက်တော့ မမူးတော့ဘူး အဆင်သွားပြီး ပြန်ပြောတော့ ကျွန်တော် နှစ်ယောက်လုံး အိမ်ရောက်တဲ့အထိ ရီလို့ မဆုံးတော့ပေ........

(ဒါလေး ပြောပြဖို့ နိဒါန်းအရှည်ကြီးချီတာ ခွှင့်လွှတ်ပါ။ ဒီက တက္ကစီအကြောင်း သိစေချင်လို့ပါ ခင်ဗျာ)

Updated
အောက်မှာ အနောနီးမတ်စ်က "Increase the Aircon" ဆိုတာရော မှန်ရဲ့လားလို့ မေးထားပါတယ်။ စင်ကာပူက မဟုတ်ဘူးလို့ ယူဆရပါတယ်။ စင်ကာပူကဆိုရင် ဒီလိုဘာကြောင့် ပြောတာနားလည်မှာပါ။ ဒီလင့်ခ်မှာ သွားဖတ်ကြည့်စေချင်တယ်။ ရီလည်း ရီရသလို ဒီကလူတွေရဲ့ ဓလေ့ကို သဘောပေါက်သွားမယ် ထင်ပါတယ်။

Wednesday, November 9, 2011

ကိုယ်ဝန်လွယ်ထားပြီး လက်ထပ်ခါနီးစုံတွဲ မိဘချင်းပေးတွေ့မှ မောင်နှမဖြစ်နေမှန်း သိလိုက်ရ

လောကကြီးဟာ ဆန်းကြယ်လွန်းတယ်... မရည်ရွယ်ပေမယ့်လည်း လူသားတွေကို အပြစ်တွေကျူးလွန်မိစေတယ်။ တိုက်ဆိုင်မှုတွေကလည်း တခါတလေမှာ ထူးဆန်းလွန်းလှပါတယ်။

ဒီဖြစ်ရပ်မှာ ပါဝင်တဲ့ စုံတွဲဟာ တခြား သာမန် လူတွေလိုပါပဲ... တက္ကသိုလ်မှာ ကျောင်းတက်ရင်း နှစ်ဦးသားတွေ့ခဲ့ရာကနေ ချစ်ကြိုက်မိပြီး ငါးနှစ်ကြာ အတူနေထိုင်ခဲ့ပါတယ်။ ကောင်မလေးက ကိုယ်ဝန်လွယ်ထားတာ နောက်လထဲ မွေးဖွားရတော့မယ့် အခြေအနေမှာ သူတို့နှစ်ယောက်ဟာ လက်ထပ်ဖို့ ဆုံးဖြတ်လိုက်ကြပြီး သူတို့ဆီက ထုံးစံအတိုင်း မိဘချင်းပေးတွေ့ပြီး လက်ထပ်ကိစ္စစီစဉ်ဖို့ လုပ်ခဲ့ကြပါတယ်။ အဲဒီမှာပဲ သူတို့နှစ်ယောက်ဟာ နှစ်ပေါင်းများစွာ ကွဲကွာနေခဲ့ကြတဲ့ မောင်နှမတွေမှန်း သိခဲ့ကြရပါတယ်။

သူတို့နှစ်ဦးစလုံးကို ယခုချိန်ထိ မိဘတစ်ဦးစီက ကျွေးမွေးစောင့်ရှောက်ခဲ့ကြပြီး ကောင်လေးက သူ့တို့အဖေနဲ့ ကောင်မလေးက သူတို့အမေနဲ့ ကြီးပြင်းခဲ့ကြတာပါ။ သူတို့ အဖေနဲ့ အမေဟာ ကောင်လေး အသက် ၂နှစ်ခန့်အရွယ်၊ ကောင်မလေး အသက် ၈လအရွယ်ခန့်မှာ အငြင်းပွားဖွယ် လင်မယားကွဲကွာခဲ့ကြပြီး အဲဒီတုန်းက အဖေဖြစ်သူက အမေဖြစ်သူကို သူ့အပေါ်လိမ်ညာနေတယ်လို့ ပြောပြီး ၁၉၈၃ခုနှစ်ကတည်းက သူမကိုစွန့်ခဲ့တယ်လို့ ဆိုပါတယ်။ ကောင်လေးနဲ့ ကောင်မလေးနှစ်ယောက်လုံး သူတို့မှာ မောင်နှမရှိခဲ့ကြမှန်း လုံးဝ မသိခဲ့ပါဘူး...

သူတို့နှစ်ယောက်လုံး အခုချိန်ထိ အံ့သြပြီး ရှော့ခ်ဖြစ်နေတဲ့ အနေအထားမှာ ရှိနေတုန်းပါပဲ... ကောင်မလေးက ရှင်းပြရာမှာ ကျွန်မတို့နှစ်ယောက် မြင်မြင်ချင်း ချစ်ကြိုက်ခဲ့တာပါ။ အဲအချိန်ကစပြီး ကျွန်မတို့ ရှေ့ရေးအတွက်ပဲ စဉ်းစားခဲ့ကြပြီး ဘယ်တော့မှ နောက်ပြန်ဆုတ်ဖို့ မစဉ်းစားခဲ့ကြပါဘူး.. ကျွန်မတို့ ကလေးတွေ အများကြီးယူပြီး ပျော်ရွှင်စရာ မိသားစုလေးတစ်ခုကို ဖန်တီးဖို့ ရိုးရိုးလေးပဲ စိတ်ကူးယဉ်ခဲ့ကြပါတယ်။ အခုဒါကို သိလိုက်ရတဲ့အချိန်မှာ ဘာပြောလို့ ဘာလုပ်ရမှန်းတောင် မသိတော့လောက်အောင် ခံစားရပါတယ်။ ကောင်လေးကတော့ ကွဲကွာနေတဲ့ မိသားစုနှစ်ခုနဲ့ ဒီပြဿနာကို ဖြည်းဖြည်းချင်း ဖြေရှင်းသွားမယ်လို့ ဆိုပါတယ်။ လောလောဆယ်တော့ လက်ထပ်ဖို့ကိစ္စကို လုံးဝ ဖျက်ပစ်လိုက်ကြပါပြီး...

သူတို့လူမှုအဖွဲ့အစည်းမှာတော့ သွေးနီးချင်း နှီးနှောတာကို လုံးဝလက်မခံတတ်ပါဘူး... ဒါဟာ စဉ်းတောင်မစဉ်းစားသင့်တဲ့ ကိစ္စလို့ ယုံကြည်ထားတဲ့ လူတွေဖြစ်ပါတယ်။ ဗြိတိန်က ဆေးဂျာနယ်ရဲ့ သုတသနမှာတော့ ဒီလိုကိစ္စဟာ မောင်နှမအရင်း၊ တစ်ဝမ်း နှစ်ဝမ်းကွဲမောင်နှမတွေ တစ်ယောက်နဲ့ တစ်ယောက် မသိကြဘဲ ကြီးလာမှ ပြန်တွေ့ကြတဲ့အခါ ကာမရာဂနဲ့ ချစ်ကြိုက်မိတဲ့ စိတ်တွေ ဖြစ်ပေါ်တတ်ကြတယ်လို့ ဆိုပါတယ်။ ဒီလို မောင်နှမနဲ့ ၀မ်းကွဲအချင်းချင်း အတူကြီးပြင်းခဲ့ရင်တော့ ဒီစိတ်တွေဟာ သွေးချင်းနှီးနှောလို့ မသင့်တော်ဘူးဆိုတဲ့ အသိစိတ်နဲ့ ကာမရာဂစိတ်တွေကို တွန်းလှန်ပြီးသား ဖြစ်သွားတယ်လို့ ဒီသုတေသနက ဆိုပါတယ်။

ဒီကိစ္စနဲ့ ပက်သက်ပြီး ဒါကို သူတို့က Genetic Sexual Attraction (GSA) လို့ အမည်ပေးထားပါတယ်။ အောက်မှ အသေးစိတ် ရှင်းပြထားပါတယ်။ ဘာသာတော့ မပြန်တော့ဘူး... သတင်းဖတ်ပြီး ကိုယ်တိုင်လည်း အင်မတန်မှ ရှော့ခ်ရပြီး ကြောက်စရာကောင်းတယ်လို့ မြင်ပါတယ်။ ကိုယ်တွေ ဗုဒ္ဓဘာသာအမြင်နဲ့ဆိုရင် ၀ဋ်ကြွေးလို့ပဲ ပြောရမလားပါပဲ။

THE POWER OF GENETIC SEXUAL ATTRACTION

Genetic Sexual Attraction (GSA) is a term that describes the phenomenon of sexual attraction between close relatives, such as siblings, first and second cousins or a parent and offspring who first meet as adults.

It is not the same as incest, though this is what it is called if a sexual relationship is then entered into.

The term GSA was coined 30 years ago by American Barbara Gonyo. She wrote a book about the lust she felt for the adult son she had given up for adoption 26 years earlier.

She never acted on her feelings.

GSA is rare between people raised together in early childhood due to a reverse sexual imprinting known as the Westermarck effect, which desensitizes them from sexual attraction.

Experts believe that this effect evolved to prevent inbreeding.


News Source:
http://www.dailymail.co.uk/news/article-2057081/Engaged-couple-discover-brother-sister-parents-meet-days-wedding.html

Tuesday, November 8, 2011

ယာဉ်ရပ်နားချိန်ပို ဒဏ်ကြေး ဒေါ်လာ ၁၀ပြားကို ၅၇နှစ်အကြာမှာ ရဲစခန်းကို လာရောက်ပေးအပ်

နိုဝင်ဘာ ၁ရက်နေ့တုန်းက ယောက်ခ်(York) ရဲစခန်းမှုးကြီး ဒွန်ကလတ်(Don Klug)တစ်ယောက် သူ့စားပွဲပေါ်မှာ ယောက်ရဲဌါနက ထုတ်တဲ့ ဇူလိုင် ၁၃၊ ၁၉၅၄ခုနှစ် ညနေ ၃နာရီ ၂၀ရက်စွဲပါ ယာဉ်ရပ်နားချိန်ပို ဒဏ်ကြေး လက်မှတ်လေးနဲ့ ပေးဆောင်ရမယ့် ဒဏ်ကြေး ၁၀ပြားစေ့ကို တွေ့လိုက်ရတဲ့အချိန်မှာ တော်တော် အံ့သြသွားပါတယ်။ အမည်မသိ လူတစ်ယောက်က ဘောင်ခတ်ထားတဲ့ ဖြတ်ပိုင်းလေးနဲ့ ပိုက်ဆံကို လာရောက်ပေးသွားခြင်းဖြစ်ပါတယ်။ နာမည်ပင် ချန်မသွားတဲ့ လာရောက်ပေးသွားတဲ့လူက ဒီဒဏ်ကြေးဖြတ်ပိုင်းကို သူ့အမေကျန်ရစ်ခဲ့တဲ့ ပစ္စည်းတွေကြားမှာ အိမ်ရှင်းရင် တွေ့ရှိခဲ့တာဖြစ်ပြီး သူ့အမေက ယောက်ခ်(York)ကို လွန်ခဲ့တဲ့နှစ်များစွာက လည်ပတ်ခဲ့ကြောင်းနဲ့ ဒီဖြတ်ပိုင်းကို ပေးဖို့မေ့ခဲ့တာ ဖြစ်နိုင်ပြီး... အခုလို ပြန်ပေးရှာတွေ့အခါ ပေးဖို့ အကောင်းဆုံး ဖြစ်ကြောင်း ပြောပြီး လှည့်ပြန်သွားခဲ့တာပါ။

ရဲမှုးကြီး ကလပ်က 'အခုလို ၅၇နှစ်ကြာတင်ရှိနေတဲ့ ဒဏ်ကြေးအကြွေးကို အခုလို လာရောက်ပေးတာ.. ဒါဟာ တကယ့် ဖြစ်ရိုးဖြစ်စဉ်မဟုတ်တဲ့ ဖြစ်ရပ်တစ်ခုပါပဲ... နောက်ပြီး တခြားလူရဲ့ ပိုင်ဆိုင်မှုကနေတဆင့် ရှာတွေ့ပြီးလာပေးတာက ပိုပြီး ထူးခြားပါတယ်... အဲနောက်တစ်ခု စိတ်ဝင်စားစရာ ကောင်းတာကတော့ ဒဏ်ကြေးပေးဆောင်ဖို့ ဖြတ်ပိုင်းပေါ်မှာ ရေးထားတဲ့ စာတိုလေးပါပဲ' လို့ ပြောပါတယ်။

(Photo via )

ဒဏ်ကြေးပေးဆောင်ဖို့ ဖြတ်ပိုင်းပေါ်မှာ ရေးထားတဲ့စာတိုလေးဟာ ရိုးရှင်းပြီး အင်မတန်မှ ယဉ်ကျေးတဲ့ စကားလုံးတွေသုံးထားပါတယ်။ ဖြတ်ပိုင်းပေါ်မှာ ရေးထားတာကတော့

"We are sorry... to have to leave this tag. However, our parking space is so limited we have to divide it up. A charge of 10 cents is made for your extra time. You may enclose a dime in this envelope and deposit it in the red box located on the corner. We hope you understand our parking problem.Help us solve it, won't you?

Thanks! Come again!
"

"အခုလို ဒီဖြတ်ပိုင်းလေး ချန်ခဲ့ပေးရတာ အထူးပဲ တောင်းပန်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ယဉ်ရပ်နားတဲ့နေရာတွေက တကယ့်ကို အကန့်အသတ်ဖြစ်နေလို့ ဒါကို အားလုံးအဆင်ပြေစေဖို့ အချိန်ခွဲသုံးဖို့ လိုအပ်နေပါတယ်။ အဲဒါကြောင့် အချိန်ပို ရပ်နားမိချိန် ၁၀ပြားကို ကျွန်တော်တို့ ကောက်ခံရပါမယ်။ ဒီဆယ်ပြားကို အခုပါတဲ့စာအိတ်လေးထဲထည့်ပြီး လမ်းထောင့်က ပုံးနီနီလေးထဲကို ထည့်သွားခဲ့လို့ရပါတယ်။ ကျွန်တော်တို့ရဲ့ ယာဉ်ရပ်နားမှု ပြဿနာ အခက်အခဲကို နားလည်ပေးမယ်လို့ မျှော်လင့်ပြီး ကူညီဖြေရှင်းမယ်လို့ ထင်ပါတယ်..

ကျေးဇူးတင်ပါတယ်။ နောက်လဲ လာလည်ပါဦး'

ရဲမှုးကြီး ကလက်က သူတို့ဆီမှာ ဒီလို ယာဉ်ရပ်နားချိန်ပို ဒဏ်ကြေး ကောက်ခံတဲ့ အစဉ်အလာမျိုး တကယ်ရှိခဲ့တာ မှန်တယ်လို့ပြောပြီး... ဒီ ၅၇နှစ် သက်တမ်းရှိတဲ့ ဖြတ်ပိုင်းလေးကို ဘောင်ခတ်ထားတဲ့အတိုင်းပဲ ဒီရုံးခန်းထဲမှာ ချိတ်ထားမယ်လို့ ဆိုပါတယ်။

News Source:
http://yorknewstimes.com/articles/2011/11/03/news/doc4eb2949534f54650865388.txt
http://consumerist.com/2011/11/man-pays-moms-10-parking-ticket-57-years-after-it-was-issued.html

Thursday, November 3, 2011

UNDP က ထုတ်ပြန်လိုက်တဲ့ ၂၀၁၁၏ လူမှုဖွံ့ဖြိုးမှု ညွန်းကိန်း သို့မဟုတ် လူနေမှုဘ၀ အမြင့်ဆုံး နိုင်ငံများစာရင်း


Human Development Index (HDI) - 2011 Rankings





Very High
Human Development
High Human Development Medium Human Development Low Human Development




1. Norway 48. Uruguay 95. Jordan 142. Solomon Islands
2. Australia 49. Palau 96. Algeria 143. Kenya
3. Netherlands 50. Romania 97. Sri Lanka 144. São Tomé and Príncipe
4. United States 51. Cuba 98. Dominican Republic 145. Pakistan
5. New Zealand 52. Seychelles 99. Samoa 146. Bangladesh
6. Canada 53. Bahamas 100. Fiji 147. Timor-Leste
7. Ireland 54. Montenegro 101. China 148. Angola
8. Liechtenstein 55. Bulgaria 102. Turkmenistan 149. Myanmar
9. Germany 56. Saudi Arabia 103. Thailand 150. Cameroon
10. Sweden 57. Mexico 104. Suriname 151. Madagascar
11. Switzerland 58. Panama 105. El Salvador 152. Tanzania
12. Japan 59. Serbia 106. Gabon 153. Papua New Guinea
13. Hong Kong 60. Antigua and Barbuda 107. Paraguay 154. Yemen
14. Iceland 61. Malaysia 108. Bolivia 155. Senegal
15. Korea (Republic of) 62. Trinidad and Tobago 109. Maldives 156. Nigeria
16. Denmark 63. Kuwait 110. Mongolia 157. Nepal
17. Israel 64. Libya 111. Moldova 158. Haiti
18. Belgium 65. Belarus 112. Philippines 159. Mauritania
19. Austria 66. Russian Federation 113. Egypt 160. Lesotho
20. France 67. Grenada 114. Palestinian Territory 161. Uganda
21. Slovenia 68. Kazakhstan 115. Uzbekistan 162. Togo
22. Finland 69. Costa Rica 116. Micronesia 163. Comoros
23. Spain 70. Albania 117. Guyana 164. Zambia
24. Italy 71. Lebanon 118. Botswana 165. Djibouti
25. Luxembourg 72. Saint Kitts and Nevis 119. Syria 166. Rwanda
26. Singapore 73. Venezuela 120. Namibia 167. Benin
27. Czech Republic 74. Bosnia and Herzegovina 121. Honduras 168. Gambia
28. United Kingdom 75. Georgia 122. Kiribati 169. Sudan
29. Greece 76. Ukraine 123. South Africa 170. Côte d'Ivoire
30. UAE 77. Mauritius 124. Indonesia 171. Malawi
31. Cyprus 78. Macedonia 125. Vanuatu 172. Afghanistan
32. Andorra 79. Jamaica 126. Kyrgyzstan 173. Zimbabwe
33. Brunei Darussalam 80. Peru 127. Tajikistan 174. Ethiopia
34. Estonia 81. Dominica 128. Viet Nam 175. Mali
35. Slovakia 82. Saint Lucia 129. Nicaragua 176. Guinea-Bissau
36. Malta 83. Ecuador 130. Morocco 177. Eritrea
37. Qatar 84. Brazil 131. Guatemala 178. Guinea
38. Hungary 85. Saint Vincent and
the Grenadines
132. Iraq 179. Central African
39. Poland 86. Armenia 133. Cape Verde 180. Sierra Leone
40. Lithuania 87. Colombia 134. India 181. Burkina Faso
41. Portugal 88. Iran (Islamic Republic of) 135. Ghana 182. Liberia
42. Bahrain 89. Oman 136. Equatorial Guinea 183. Chad
43. Latvia 90. Tonga 137. Congo 184. Mozambique
44. Chile 91. Azerbaijan 138. Lao 185. Burundi
45. Argentina 92. Turkey 139. Cambodia 186. Niger
46. Croatia 93. Belize 140. Swaziland 187. Congo
47. Barbados 94. Tunisia 141. Bhutan

၂၀၁၁ရဲ့ လူမှုဖွံ့ဖြိုးမှု ညွန်းကိန်း သို့မဟုတ် လူနေမှုဘ၀ အမြင့်ဆုံး နိုင်ငံများစာရင်းကို UNDP က မနေ့ နိုဝင်ဘာလ ၂ရက်နေ့က ထုတ်ပြန်လိုက်တာပါ။ ဒီစာရင်းက ကမ္ဘာ့အပျော်ရွှင်ဆုံးနိုင်ငံ(Happy Planet Index) နဲ့ မတူပါဘူး၊ ဒါက လူမှုဘ၀၊ လူတွေရဲ့ နေထိုင်မှု၊ လူတွေရဲ့ အခွင့်အရေး၊ လူတွေရဲ့ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးကို အကောင်းဆုံး၊ အလယ်အလတ်နဲ့ အနည်းဆုံး စသည်ဖြင့် ပံ့ပိုးပေးနိုင်ငံတွေရဲ့ အစဉ်အလိုက် ပြဇယားပါ။
ထိပ်ဆုံးနေရာမှာ ဗိုလ်စွဲတဲ့နိုင်ငံကတော့ ဒီနှစ်မှာ လူအစုလိုက် အပြုံလိုက် ပစ်ခတ်သတ်ဖြတ်မှု ဖြစ်ခဲ့တဲ့ နော်ဝေးနိုင်ငံပဲ ဖြစ်ပါတယ်၊ မနှစ်ကလည်း ထိပ်ဆုံးက နော်ဝေးပါပဲ။ နော်ဝေးဟာ လူအခွင့်အရေး အလွန်လေးစားလိုက်နာတဲ့ နိုင်ငံလို့ နာမည်ကြီးတဲ့အတွက်လည်း ထိပ်ဆုံးကဗိုလ်စွဲလေ့ရှိတာ ဖြစ်ပါမယ်။

တခြားနိုင်ငံတွေအကြောင်း မပြောတော့ပါဘူး။ ကျနော်တို့ အနီးစပ်ဆုံး အာဆီယံ နိုင်ငံတွေကို ကြည့်ကြရအောင်... အမြင့်ဆုံးနိုင်ငံတွေထဲမှာ ပါတဲ့နိုင်ငံရှိပါသလား... ရှိပါတယ်... စင်ကာပူနဲ့ ဘရူးနိုင်းပါ။ နှစ်နိုင်ငံလုံး လူနေမှုအဆင့်အတန်း မြင့်တဲ့နိုင်ငံပါ။ စင်ကာပူ လူ့အခွင့်အရေးနဲ့ ကျန်းမာရေးစောင့်ရှောက်မှု၊ သက်ကြီးရွယ်အို စောင့်ရှောက်မှု ဒါလေးတွေ အနည်းငယ်လိုတာကလွဲရင် ပညာရေး၊ လူနေမှုအဆင့်အတန်း စတာတွေ အငြင်းပွားစရာမရှိပါဘူး။ အဆင့် ၂၆ကတော့ သင့်တင့်တယ်ထင်ပါတယ်... မနှစ်က ၂၇ပါ၊ တစ်ဆင့်တိုးလာပါတယ်။ ဘရူးနိုင်းနိုင်ငံကတော့ ပြောစရာမလိုပါဘူး အေးချမ်းသာယာတဲ့ ဘုရင့်နိုင်ငံငယ်လေးပါ။ မနှစ်က အဆင့် ၃၇ကနေ ၃၄ထိတောင် တက်လာတဲ့ နိုင်ငံလေးပါပဲ။

မြင့်တဲ့နိုင်ငံထဲ အုပ်စုထဲမှာတော့ အာဆီယံထဲက တစ်နိုင်ငံတည်းပါပါတယ်။ မလေးရှားပါ... မလေးရှားနိုင်ငံအကြောင်း သိပ်တော့မသိပါ။ လူနေမှုအဆင့်အတန်း အဆင်ပြေပါတယ်လို့ မြင်ပါတယ်။ ပညာရေး ကျန်းမာရေး စောင့်ရှောက်မှု စတာတွေတော့ မသိပါဘူး...

အလယ်အလတ်ရှိတဲ့ အုပ်စုမှာ... အများကြီးပါပါတယ်။ ထိုင်း၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ လာအို၊ ကမ္ဗောဒီယား.. အနည်းငယ်တော့ အံ့သြမိပါတယ်။ ထိုင်းက မြင့်တဲ့နိုင်ငံ အုပ်စုထဲကနေ ပြုတ်ကျသွားတာပါ။ အဆင့် ၆၆ကနေ အဆင့် ၁၀၃ထိ ကျသွားပါတယ်။ နောက် လာအို၊ ကမ္ဗောဒီးယားကလဲ အလယ်အလတ်ရှိတဲ့ နိုင်ငံထဲပါနေတာပါပဲ... ဒါပေမယ့် ကိုယ်ကလည်း သူတို့ ဘယ်လောက်ထိ တိုးတက်နေပြီးဆိုတာ သိပ်မသိတော့ ဖြစ်နိုင်ပါတယ်။

ကဲ အာဆီယံနိုင်ငံထဲ တစ်နိုင်ငံတည်း ကျန်ပါတော့တယ်။ အုပ်စုကလည်း တစ်စုတည်း ကျန်ပါတော့တယ်။ ပရိသတ်ကြီးရေ... ဘယ်နိုင်ငံပါလိမ့်...ဘယ်အုပ်စုပဲ ကျန်ပါလိမ့်... ရင်ခုန်စရာကို မလိုအောင်ဘဲနော်.. နောက်ဆုံးအုပ်စု တိုးတက်မှုအနည်းဆုံးအုပ်စု... အာဆီယံမှာ နောက်အကျဆုံးနိုင်ငံ.. အားလုံး သိတော်မူသည့်အတိုင်း ကျတော်တို့ရဲ့ ချစ်လှစွာသော မြန်မာနိုင်ငံတော် ပါပဲ... ဘာကြောင့်လဲ ပြောစရာမလိုတော့ပါ မြန်မာနိုင်ငံသူ မြန်မာနိုင်ငံသား အားလုံးအသိ။ စိတ်ဓါတ်တော့ မကျသေးပါ။ အနောက်မှာ နိုင်ငံ သုံးဆယ်ကျော် ကျန်ပါသေးတယ်။ ဘယ်သူပြောလဲ နောက်ဆုံးကနေရေရင် ထိပ်ဆုံးကနေပါ ပါတယ်လို့။ ဒီစာရင်းထဲ အမြင့်ဆုံးထဲမှာ မပါပေမယ့်... ပျော်ရွှင်ဆုံး နိုင်ငံစာရင်းမှာရော ဘူတန်နိုင်ငံလို့ ထိပ်ဆုံးကပါလားဆိုတော့လည်....

သို့ပေမယ့်လည်း ဘာပဲဖြစ်ဖြစ် ဘာပဲပြောပြော လူသန်းပေါင်း ၅၀ကျော်ဟာ အဲဒီနိုင်ငံလေးကို ချစ်ဆဲ၊ ချစ်မြဲ၊ ဆက်ချစ်နေဦးမှာပဲဆိုတာတော့...

(မှတ်ချက် - UNDP က နိုင်ငံတွေကို အဆင့်သတ်မှတ်ရာမှာ ဒီနှစ်ကစပြီး ပုံသေနည်း အသစ်ပြောင်းထားပါတယ်.. ပြီးတော့ မနှစ်က အဆင့်သတ်မှတ်ချက်မှာ အကြောင်းအမျိုးမျိုးကြောင့် ကျန်ရစ်ခဲ့တဲ့ နိုင်ငံအချို့ကိုလည်း ဒီနှစ်မှာ ထည့်ထားပါတယ်။ ဒါကြောင့် မနှစ်ကအဆင့်နဲ့ ဒီနှစ်အဆင့် ယှဉ်ရာမှာတော့ တသတ်မတ်တည်း မှတ်ယူလို့ မရနိုင်ကြောင်းပါ။ အသေးစိတ်ကို အောက်က ကိုးကားစာရင်းထဲမှာ သွားကြည့်နိုင်ပါတယ်။ သုံးသပ်မှုတွေအားလုံး ကျတော့် ကိုယ်ပိုင်အမြင်သက်သက်သာ ဖြစ်ပါသည်။)

Ref:
http://en.wikipedia.org/wiki/Human_Development_Index
http://hdr.undp.org/en/statistics/

Wednesday, November 2, 2011

ဗိုက်နာနေစဉ် ကားမောင်းလိုင်စင် အောင်အောင်ဖြေ ပြီးပြီးချင်း ဆေးရုံကိုကားမောင်းကာ ကလေးမွေးဖွားခဲ့သူ

အမေရိကန် ပြည်ထောင်စု၊ လစ်ပင်းစတန်၊ အနောက် လိုသီရန်မှာနေတဲ့ အသက် ၂၀အရွယ် အမ်မာဖရန့်စ်(Emma French) ဆိုတဲ့ ကောင်မလေး တစ်ယောက် မတ်လတုန်းက သူမ ပထမဆုံး ကားမောင်လိုင်စင် ဖြေတဲ့အချိန်မှာ မအောင်ခဲ့တာ့ အခုတစ်ခါ သြဂုတ်လ ၃၀ မနက် ၈နာရီ ၄၀မှာ ထပ်ဖြေဖို့ ချိန်းထားတဲ့အချိန် သွားတဲ့ အခါမှာ သူမဟာ မကြာမီ ကလေးမွေးဖွားရတော့မဲ့ အခြေအနေမှာ ရောက်ရှိနေပါတယ်။ အဲဒီနေ့ မနက် ၄နာရီမှာလောက်ကတည်းက သူမနိုးလာချိန်မှာ ရေမွှာအိတ်ပေါက်သွားပြီးဆိုတာကိုလည်း သူမသတိထားမိပါတယ်။ ဒါပေမယ့်  သူမရဲ့ ကားမောင်းကျွမ်းကျင်မှု စစ်ဆေးသူကို သူမကို အခုတစ်ခေါက် မဖြေခိုင်းမှာစိုးလို့ ဒါတွေကို မပြောဘဲ ဇွဲကောင်းကောင်းနဲ့ ဖြေလိုက်တဲ့ အချိန်မှာတော့ ကားမောင်းကျွမ်းကျင်မှုစစ်ဆေးတာ အောင်မြင်သွားပြီး လိုင်စင်ပါ တခါတည်း ရသွားပါတယ်။

လိုင်စင်ရရခြင်းမှာပဲ သူမဟာ ဆေးရုံကို တခါတည်း ကိုယ်တိုင်ကားမောင်းကာ ပြေးရပါတော့တယ်။ အဲဒီနောက် ည ၇နာရီခွဲမှာတော့ သူမရဲ့သမီးလေး Eva MacFarlane သဘာဝအတိုင်းပဲ အောင်မြင်စွာ မွေးဖွားနိုင်ခဲ့ပါတယ်။ သူမကလေးမွေးတဲ့ ဆေးရုံကနပ်စ်တွေက သူမကလေးမွေးဖွားတဲ့အတွက်ရော ကားမောင်းလိုင်စင်ရတဲ့အတွက်ရော ဂုဏ်ပြုကတ်လေးတွ လူတွေက ပို့နေကြလို့ နားမလည်နိုင်အောင် ဖြစ်နေကြစဉ်... အမ်မာက ဖြစ်ကြောင်းကုန်စင်ကို ပြောပြလိုက်တော့ နပ်စ်မတွေ အံ့သြတုန်လှုပ်ကုန်ကြပါတယ်။

လူတိုင်းက ကျမကို လိုင်စင်သွားဖြေမဲ့အစား ဆေးရုံကိုပဲ သွားဖို့တွန်းအားပေးခဲ့ကြပါတယ်။ ဒါပေမယ့် လိုင်စင် နောက်တစ်ခါပြန်ဖြေဖို့ကို စောင့်ခဲ့ရတာကြပါပြီး၊ ဒါအတွက်နဲ့ လိုင်စင်ဖြေတာကို မပျက်ချင်လို့ မဖြစ်ဖြစ်အောင် လုပ်ဖို့ ဆုံးဖြတ်ခဲ့တာပါ။ ကျွမ်းကျင်မှုစစ်ဆေးသူကိုလည် ကျမ အခြေအနေကို မပြောရဲပါဘူး၊ ပြောလိုက်မှ သူက ဖြေခွင့် မပေးမှာ စိုးလို့ပါပဲ... ကျမမှာ ဒီလိုအကျင့်ရှိပါတယ် လုပ်မယ်လို့ ဆုံးဖြတ်ပြီးသားကို တော်ရုံနဲ့ မရပ်ပစ်တတ်ပါဘူး။ လူတိုင်းက ကျမကို ရူးနေတယ်လို့ ထင်ချင်ထင်မှာပါ။ တကယ်တမ်း အရာအားလုံးက မျှော်လင့်ထားတဲ့အတိုင်း ဖြစ်သွားတာပါပဲ...လို့ အမ်မာက ပြောပါတယ်။

သူမကိုတားခဲ့ကြတဲ့အထဲ သူမ ရည်းစားနဲ့ သူမရဲ့ အကိုတို့လည်းပါဝင်ပြီး ၄၅မိနစ်ကြာမယ့် စစ်ဆေးမှုကို ဖျက်လိုက်ဖို့နဲ့ ဆေးရုံကိုသာသွားဖို့ကို ခေါင်းမာတဲ့ အမ်မာကို တွန်းအားပေးခဲ့ကြ ပါသေးတယ်။

သူမလိုင်စင်ရရခြင်း သူမအဘိုးအဘွားအိမ်ကို သူမလိုင်စင်ရပြီးဖြစ်ကြောင်းနဲ့ မွေးခါနီးအခြေအနေမှာ ရှိနေကြောင်း သတင်းပို့ခဲ့သေးပြီး၊ လိုင်စင်အသစ်စက်စက်လေးကို အသုံးပြုကာ ဆေးရုံကို ကိုယ်တိုင် ကားမောင်းသွားခြင်းဖြစ်ပါတယ်။

(Emma French and Daughter Eva, Photo Via )

အမေတစ်ယောက်ဖြစ်ရတာ ကျမဂုဏ်ယူရဆုံးထဲမှာပါပါတယ်။ အမေတစ်ယောက်လုပ်ရတာ ကမ္ဘာပေါ်အကောင်းဆုံး အလုပ်ပါပဲ... အခုလို ပြောင်မြောက်တဲ့ စွန့်စားခန်းအကြောင်းကို သမီးလေးကြီးလာတဲ့အချိန်မှာ ပြောပြဖို့ ကျမတကယ် မစောင့်နိုင်တော့ပါဘူး... ပြီးတော့ မြေးတွေကိုရောပေါ့... အခုလို စစ်ဆေးမှုဖြေတဲ့နေ့မျိုးမှာ မွေးခါနီးဗိုက်နာနေတာ တစ်ခုတော့ ကောင်းတယ်.. ဘာလို့ဆိုတော့ ဗိုက်ကနာနေတော့ ဖြေခါနီး စိတ်လှုပ်ရှားတာကို တခါတည်း သတ်ပြီးသား ဖြစ်သွားလို့ပါပဲ လို့... အမ်မာ ဆက်ပြောကြောင်း... ဇွဲကောင်း၊ ခေါင်းမာပြီး၊ လုပ်ချင်ရာ လုပ်လိုက်ရလို့ ကျေနပ်သွားတဲ့ ထူးခြားတဲ့ အမ်မာဖရန့်စ်ရဲ့ အကြောင်းလေးကို တင်ပြလိုက်ရပါတယ်ခင်ဗျာ။

News Source:
http://www.mirror.co.uk/news/top-stories/2011/11/01/mum-passed-driving-test-while-in-labour-then-drove-herself-to-hospital-to-give-birth-115875-23528848/

Tuesday, November 1, 2011

ဂူးဂဲလ်(Google)မှာ အလုပ်ရဖို့ သိထားသင့်တဲ့ အချက်အလက်တွေ

ကမ္ဘာကျော် နည်းပညာ ကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ ဂူးဂဲလ်(Google)မှာ အလုပ်လုပ်ဖို့ဆိုတာ လူတိုင်းမက်ချင်နေတဲ့ အိပ်မက် တစ်ခုပါ။ ကမ္ဘာပေါ်မှာ လစာအများဆုံးပေးတဲ့အထဲ ပါသလို လုပ်ငန်းခွင်မှာလည် ကိုယ့်အိမ်မှာလိုပဲ... ကလေးခေါ်ခွင့်၊ အိမ်မွေးတိရိစ္ဆာခေါ်ခွင့်နဲ့ အခမဲ့အစားအသောက် စတာတွေထားပေးပါတယ်။ အဲဒါအပြင် လုပ်ငန်းခွင် ပတ်ဝန်းကျင်ကိုလည်း အပန်းဖြေစရာများ၊ ဆော့စရာများ၊ ကျန်းမာရေး ထောက်ကူပြုပစ္စည်းတွေ၊ အားကစား ပစ္စည်းတွေကိုလည်း ထားရှိထားပေးပါတယ်။

ဒီလိုနေရာမျိုးမှာ လူတိုင်းလိုလိုက အလုပ်လုပ်ချင်တယ် ဆိုတဲ့အတိုင်း ဂူးဂဲဟာ တစ်နှစ်ကို အလုပ်လျှောက်လွှာပေါင်း တစ်သန်းခန့် လက်ခံရရှိပြီး အဲဒီအထဲကမှာ ၀.၀၁ မှ ၀.၀၄ ရာခိုင်နှုန်း သို့မဟုတ် ၄၀၀၀ နဲ့ ၆၀၀၀ ကြားကိုသာ ခေါ်ယူ ခန့်အပ်ပါတယ်တဲ့... ဂူးဂဲလ်မှာ အလုပ်ရဖို့ အိပ်မက် မက်မိရင် ၀.၀၄ရာခိုင်နှုန်းထဲမှာဖို့ ဆိုတာ အင်မတန်မှ တော်ပြီး ကံကောင်းတဲ့ သူတွေဖြစ်မှပါပဲ...

အိပ်မက် မက်မိပြီး ဆိုပါတော့ ၀.၀၄ရာခိုင်နှုန်းထဲ ပါဖို့အတွက် ဖြတ်သန်းရမယ့် တံတိုင်း အဆင့်ဆင့်ကို JobVine ဆိုတဲ့ အဖရိက က အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီက "What does it take to get a job at Google" ဆိုပြီး အောက်ပါအတိုင်း အင်ဖိုဂရပ်ဖစ်(Infographic) လေးနဲ့ စိတ်ဝင်စားစရာ ဖော်ပြထားပါတယ်။ အဲဒီထဲမှာ တစ်ချို့ ဖြေရတဲ့ အင်တာဗျူး မေးခွန်းလေးတွေက ထူးခြားပါတယ်။ ဥပမာ ကားတစ်စီးထဲမှာ ဂေါက်သီး ဘယ်နှစ်လုံး ဆန့်လဲတဲ့..  ဘယ်လိုဖြေမလဲ စဉ်းစားကြပါဦး... ကဲ အိပ်မက် မမက်ဘူးဆိုလည်း ဗဟုသုတ အနေနဲ့ လေ့လာကြတာပေါ့...


What does it take to get a job at Google
Infographic by Jobvine Job Search