Friday, August 26, 2011

အလံငယ် စုဆောင်းတာ ၀ါသနာပါတဲ့ ရှဥ့်ကလေး

(AP Photo/Toledo Blade)

အမေရိကန်၊ အိုဟိုင်းရိုး ရဲစခန်းတစ်ခုက ရဲတွေဟာ ရဲစခန်းရဲ့ အောက်မေ့ဖွယ်ရာ အထိမ်းအမှတ်အနေနဲ့ ဆိုက်ထားတဲ့ အလံငယ်လေးတွေ ယူ ယူဆောင် သွားတဲ့ အလံ သူခိုးလေးကို တွေ့ရှိလိုက်တဲ့အခါ အံ့သြသွားကြပါတယ်။ အလံငယ်လေးတွေ ယူသွားတဲ့သူက ရှဥ့်ကလေး တစ်ကောင် ဖြစ်နေလို့ပါပဲ…
မြေပေါ်မှာ စိုက်ထား အလံငယ်လေးကို လှစ်ကနဲ ဆွဲယူပြီး သစ်ပင်ပေါ်ပြေးတက်သွားတဲ့ ရှဥ့်ကလေးကို ရဲအရာရှိနှစ်ယောက်က တွေ့တွေ့ချင်း ဖမ်းဖို့ ကြိုးစားပေမယ့် ဒီကောင်က ဖမ်းမိဖို့ အရမ်းမြန်လွန်းတယ်လို့ ဆိုပါတယ်။
နောက်မှာတော့ ရဲတွေ ရဲစခန်း သုံးထပ်မြောက် ပြတင်းပေါက်ရှေ့က သစ်ပင်ကြီးပေါ်မှာ သစ်ရွက်တွေ သစ်ကိုင်းတွေနဲ့ ဆောက်ထားတဲ့ ရှဥ့်ကလေးရဲ့ အသိုက်ကို သတိထားမိသွားပါတယ်။ အဲဒီမှာ အနည်းဆုံး အလံငယ်လေး နှစ်ခု ရှိနေတာကိုလည်း တွေ့သွားပါတယ်။

(AP Photo/Toledo Blade)

ပြီးခဲ့တဲ့ရက်တွေက အလံငယ်လေး ၃ခုလောက် ပျောက်ဆုံးနေတာလည်း ဒီကောင်ရဲ့ လက်ချက်ပဲ ဖြစ်မလားဆိုတာတော့ ရဲတွေက မပြောနိုင်ဘူး ပြောပါတယ်။
အလံငယ် စုဆောင်းတာ ၀ါသနာပါတဲ့ ရှဥ့်ကလေးပေါ့


Source

No comments:

Post a Comment