Tuesday, August 30, 2011

မြန်မာနိုင်ငံ ကွန်ပြူတာအသင်းချုပ် နှင့် ဂျပန်နိုင်ငံ CIESF တို့ ပူပေါင်းကျင်းပမည့် IT Business Plan Contest ပြိုင်ပွဲ

မြန်မာနိုင်ငံ ကွန်ပြူတာအသင်းချုပ် နှင့် ဂျပန်နိုင်ငံ CIESF တို့ ပူပေါင်းပြီး IT Business Plan Contest ပြိုင်ပွဲ ကျင်းပမယ်လို့ သိရပါတယ်။
ပြိုင်ပွဲ အမျိုးအစားကတော့ Mobile Application Project ဖြစ်ပြီး အောက်ပါ ခေါင်းစဉ်များနဲ့ ပါဝင်ယှဉ်ပြိုင်နိုင်ပါတယ်တဲ့။

Tele - Medicine
Tele - Education
Tele - Social Network

အသေးစိတ်သိရှိလိုပါလျှင် ရန်ကုန်မြို့၊ လှိုင်မြို့နယ်၊ မြန်မာအင်ဖိုတက်ခ်၊ အဆောင် (၁) ဖုန်းနံပါတ် - ၆၅၂၃၀၇ သို့ ဆက်သွယ်မေးမြန်းနိုင်ပြီး ပြိုင်ပွဲဝင်မည့် Project များကို အသင်းချုပ်ရုံးခန်းသို့ ၂၀၁၁ ခုနှစ်စက်တင်ဘာလ (၃) ရက်နေ့နောက်ဆုံးထား၍ ရုံးချိန်အတွင်းပေးပို့ရပါမည်။

ပြိုင်ပွဲ အမျိုးအစား (၃) ခုမှ မိမိနှစ်သက်ရာ မည်သည့်ခေါင်းစဉ် စာလုံးရေ (၂၅၀) ထက်မပိုသော Project ပြင်ဆင်ပြီး မဆို ၀င်ရောက်ယှဉ်ပြိုင်နိုင်မှာ ဖြစ်ပါတယ်။ ပထမအဆင့် ရွေးချယ်ခံရသူ (၁၀) ဦးဟာ ဂျပန်နိုင်ငံမှ လာရောက်ပို့ချတဲ့ Mobile Application ဆိုင်ရာ Daily Course ကို (၁) ပတ်တက်ရောက်ခွင့်ရရှိမှာဖြစ်ပြီး သင်တန်းပြီးဆုံးပါက မိမိ Project ကို ပိုမိုကောင်းမွန်အောင် ပြင်ဆင်၍ပြိုင်ပွဲသို့ ပြန်လည်တင်သွင်းခွင့်များရရှိမှာဖြစ်ပါတယ်။ ထိုသို့ ပြင်ဆင်ပြီးသောပြိုင်ပွဲဝင် Project များကို နောက်ဆုံးအဆင့် ရွေးချယ်ကာ အမေရိကန် ဒေါ်လာ (၃၀၀၀) နှင့် ညီမျှသော မြန်မာငွေကို ချီးမြှင့် သွားပါမယ်တဲ့
ပြိုင်ပွဲကို မြန်မာနိုင်ငံသား မည်သူမဆို ၀င်ရောက်ယှဉ်ပြိုင်နိုင်ပါတယ်ခင်ဗျာ။

အသေးစိတ်ကို http://www.myanmarictawards.org/ မှာ သွားရောက် ကြည့်ရှုနိုင်ပါတယ်။

No comments:

Post a Comment