Thursday, August 25, 2011

Google Plus One ရဲ့ လုပ်ဆောင်ချက် အသစ်




Google’s +1  ဆိုတာ Sharing Tools တစ်ခုအနေနဲ့ Websites တွေ Blogs တွေမှာ တော်တော်များများ သုံးလာကြပါတယ်။ ဒါပေမယ့် သူက Facebook မှာလို Like လုပ်တာနဲ့လည်း မတူ Tweeter လို Tweet လုပ်တာနဲ့လည်း မတူဘဲ သူ့ကို နှိပ်လိုက်ရင်
(you) publicly +1'd this ဆိုပြီးပဲ ပေါ်လာပါတယ်။

တကယ်တမ်း Google ရဲ့ ရည်ရွယ်ချက်က ကိုယ်က +1 တစ်ခါလုပ်တိုင်း ကိုယ်က ဒါကို Google Search မှာ rank တက်အောင် recommend လုပ်တဲ့ သဘောဖြစ်ပြီး တခြားသော Google ရဲ့ Google Ads လို ကြော်ငြာကဏ္ဍမှာလည်း အထောက်အကူပြု အသုံးဝင်အောင် လုပ်ထားတာပါ။

ခု Google က ဒါကို ထပ်ချဲ့ပါတော့မယ်။ အင်တာနက်ပေါ်က ကိုယ်ကြိုက်တာလေးတွေ့လို့  +1 လုပ်ရင် Facebook မှာ Share သလိုမျိုး Google Plus မှာ Share ပါတော့မယ်။ အပေါ်က ပုံမှာ ပြထားသလို Rotten Tomato ဆိုဒ်မှာ +1 နှိပ်ပြီး Google Plus မှာ Share လိုက်တာပါ။
ဒီလိုဆိုရင်တော့ Google Plus ထဲ သွားပြီး လင့်ခ်လေး သွား Share ရတာ မရှိတော့ဘဲ တခါတည်း +1 နှိပ်ပြီး Share ရုံပါပဲ။

+snippets
နောက်တစ်ခုကကျ +1 နှိပ်လိုက်တာနဲ့ အရင်ဆုံး Box လေးတစ်ခုကျလာပြီး Share မယ့် Post ရဲ့ ပုံနဲ့ စာတချို့တ၀က်ပေါ်လာပါမယ် (Facebook မှာလို)။ ဒါကို Google က +snippets လို့ခေါ်ပါတယ်တဲ့။ ပြီးတော့ အဲဒီမှာ +snippets ကို customize (ပုံရယ် post description ရယ်) ကိုယ်ပေါ်ချင်သလို ပေါ်အောင် လုပ်ခွင့်ရပါမယ်တဲ့။ လုပ်ပုံလုပ်နည်းကို Google Webmaster Tool မှာ သွားလေ့လာနိုင်ပါတယ်။

ခုချိန်တော့ site တော်တော်များများမှာ မရသေးပါဘူး တဖြည်းဖြည်းနဲ့မှ Roll Out လုပ်သွားမယ်လို့ Google Official Blog ထဲမှာ ပြောထားပါတယ်ခင်ဗျာ…


New +1 Button Features: Sharing on Google+, and +Snippets 



No comments:

Post a Comment