Thursday, August 18, 2011

Google: 11 Years of Acquisitions (Infographic)

Google: 11 Years of Acquisitions (Infographic):

Source : http://woorkup.com/2011/08/16/google-11-years-of-acquisitions-infographic/
နည်းပညာ ဘီလူးကြီး Google က နည်းပညာ အကောင်ငယ် လေးတွေကို ဘယ်နေ့ ဘယ်အချိန်မှာ ဘယ်လို ဘယ်လောက်ပေးပြီး ၀ါးစားထားလည်း ဆိုပြီး ပြတဲ့ ဇယားလေးပါ။
ပုံကို နှိပ်ပြီး မူရင်း Blog မှာ သွားကြည့်နိုင်ပါတယ်။
ဒီတလောလေးက မှ Google က Motorola Mobility ကို 12.5 Billions နဲ့ ၀ယ်လိုက်တယ်လို့ သတင်းတွေက ဆိုနေကြပါတယ်။ တကယ်တော့ Google က ကုမ်ပဏီ (စားလုံးပေါင်း သည်းခံပေးပါ) ကို ၀ယ်တာ မဟုတ်ဘူး၊ အဲဒီ ကုမ်ပဏီက ပိုင်ဆိုင်တဲ့ patents ၁၇၀၀၀လောက်ကို ၀ယ်လိုက်တာပါ။ ရည်ရွယ်ချက်ကတော့ ခုတလော နည်းပညာကုမ်ပဏီတွေ အပြန်အလှန် တရားစွဲဆို ရင်ဆိုင်နေကြရတဲ့ patents ပြသနာကို လျှော့ချနိုင်ဖို့နဲ့ တဟုန်ထိုးကို လူသုံးများလာနေတဲ့ Google က ထုတ်တဲ့ Android Mobile OS ကို အဓိက ကာကွယ်ချင်လို့ပါပဲ။ Google က တခြားနည်းပညာ ကုမ်ပဏီတွေနဲ့ ယှဉ်ရင် သက်တမ်းအရမ်းနုနေသေးတော့ သူတကယ် ပိုင်ဆိုင်တဲ့ patents တကယ့်နည်းနည်းလေးပဲ ရှိတာပါ။ ဟိုးတလောကလည်း ဒေ၀ါလီခံသွား တဲ့ Nortel Networks ဆိုတဲ့ ကနေဒါ ဆက်သွယ်ရေး နည်းပညာ ကုမ်ပဏီကနေလည်း patents တချို့တွေ လေလံစွဲပြီး ၀ယ်စားထားပါသေးတယ်  

No comments:

Post a Comment