Monday, August 29, 2011

ကိုရီးယား K-pop ကိုသွားမယ့် Billboard Chart


 Sisater (Photo via Billboard)

ကိုရီးယား ရုပ်ရှင်၊ ကိုရီးယား သီချင်းတွေဟာ အခု ကမ္ဘာပေါ်မှာ တော်တော်လေး လွှမ်းမိုးလာတာ သိသာပါတယ်။ အခုလည်း ကိုရီးယား သီချင်းတွေ လွှမ်းမိုးလာမှုကို အသိအမှတ်ပြုတဲ့ မှတ်တိုင် တစ်ခုအနေနဲ့ သီချင်းတွေကို လူတွေနားထောင်မှု အများဆုံးအလိုက် အဆင့် သတ်မှတ်ချက်ပြုလုပ်ပေးတဲ့ အဖွဲ့အစည်းဖြစ်တဲ့ Billboard ဟာ K-pop လို့ ခေါ်တဲ့ ကိုရီးယား သီချင်းတွေ အတွက် အဆင့် သတ်မှတ်ပြုလုပ်မှုကို သြဂုတ် ၂၅ ရက်နေ့ကနေ စတင်လိုက်ပါတယ်။
'K-pop Billboard ကို စတင်လိုက်ခြင်းဟာ ကိုရီးယား ဂီတလောက အတွက် သမိုင်းမှတ်တိုင် တစ်ခုပါ။ ကိုရီးယား တေးဂီတ လောကနဲ့ ဈေးကွက်အတွက် အသုံးဝင်စေမယ့် သင့်လျော်မှန်ကန်စေမယ့် သီချင်း အဆင့်သတ်မှတ်ချက်များကို ပြုလုပ်သွားမှာပါ' လို့ Billboard ရဲ့ Director Of Charts Silvio Pietroluongo က ဆိုပါတယ်။
သြဂုတ် ၂၅ရက်နေ့ စတင်ထွက်တဲ့ ပထမဆုံး K-pop Billboard Chart ထဲမှာ ပထမဆုံး ထပ်ဆုံးနေရာကို Sisater အဖွဲ့ရဲ့”So Cool” အဖွဲ့က ရရှိပြီး ဒုတိနေရာကိုတော့ Leessang Feat. T, Kwon Jung Yul of 10cm ရဲ့ I turn off TV က ရရှိထားပါတယ်။
Charts အပြည့်အစုံကို http://www.billboard.com/charts#/charts/k-pop-hot-100 ဒီမှာ သွားကြည့်နိုင်ပါတယ်။
ကိုရီးယား  K-pop ဟာ အာရှမှာ ဒုတိယမြောက် International Billboard Charts ဖြစ်ပြီး ပထမကတော့
Japan Hot 100 ပါ။

Source

No comments:

Post a Comment