Tuesday, August 30, 2011

ဘီယွန်းဆေး ပထမဆုံး ကိုယ်ဝန် ရှိပြီး နဲ့ တွစ်တာ ၊ ဘင်လာဒင် နဲ့ Royal Wedding

R&B, POP အဆိုကျော် ဘီယွန်းဆေး တစ်ယောက် သူရဲ့ ပထမဆုံး ကိုယ်ဝန်ကို လွယ်ထားပြီးလို့ သြဂုတ် ၂၈ရက်နေ့ ကျင်းပခဲ့တဲ့ MTV Video Music Award မှာ ကြော်ငြာခဲ့ပြီး သူ့ရဲ့ပရိတ်သတ်တွေကို ရှော့ဖြစ်စေခဲ့ပါတယ်။ ဘီယွန်ဆေးဟာ Rapper Jay-Z နဲ့ ၂၀၀၈ ဧပြီမှာ လက်ထပ်ခဲ့တာပါ။
ဒီအကြောင်းကတော့ လူတိုင်းသိပြီးလောက်မှာပါ။ အဓိက ပြောချင်တာ ဒီအကြောင်းမဟုတ်ပါဘူး….
အခုခေတ်မှာ ကမ္ဘာမှာ စိတ်ဝင်စားစရာ အကြောင်းအရာ တစ်ခုဖြစ်တိုင်း ရေပန်းစားဆုံးနေရာကတော့ Social Media Network လို့ ခေါ်တဲ့ လူမှုကွန်ရက် နေရာတွေဖြစ်တဲ့ ဖေ့ဘွတ် တွစ်တာ စတဲ့နေရာမှာပါ။
ဒီနေရာမှာ တချို့အကြောင်းအရာများဟာ စံချိန်တင်တဲ့ အရေအတွက်နဲ့ လူမှုကွန်ရက်တွေမှာ လူပြောအများဆုံး ဖြစ်ခဲ့ပါတယ်
အခုလည်း ဘီယွန်းဆေးရဲ့ ဒီသတင်းဟာ အခြားခြား အရပ်ရပ်သော ဖြစ်ရပ်များထက် တွစ်တာမှာ လူပြောအများဆုံး နေရာကို ဆွတ်ခူးခဲ့ပါတယ်… တွစ်တာမှာ ဘယ်လောက် ပြောလဲဆိုရင် တစ်စက္ကန့်ကို တွစ်ပေါင်း ၈,၈၆၈ ရှိပါတယ်တဲ့ (8868 TPS (Tweet per second))
ဒီမတိုင်ခင်က ဘယ်ဖြစ်ရပ်က ချန်ပီယံဆုရထားတာလည်း ဆိုတာကြည့်ရင် ၂၀၁၁ ဇူလိုင်က ကျင်းပခဲ့တဲ့ အမျိုးသမီး ကမ္ဘာဖလားပြိုင်ပွဲမှာ ဂျပန် - အမေရိကန်၊ ပါရာဂွေး - ဘရာဇီး ကန်တဲ့ပွဲတွေ အကြောင်းတွေကို တွစ်တာမှာ ပြောကြတာ တစ်စက္ကန့်ကို တွစ်ပေါင်း ၇,၁၉၆ ဆို အများဆုံး တွေ့ရပြီး၊ ဒုတိယနေရာကတော့ တစ်စက္ကန့်ကို ၅,၀၀၀ ကျော် ပြောကြတဲ့ ၂၀၁၁ မတ်လက ဖြစ်ပျက်ခဲ့တဲ့ ဂျပန်ဆူနာမီ အကြောင်းပဲ ဖြစ်ပါတယ်။
နောက်ကျရင် ဘယ်အကြောင်းက နာမည်အကြီးဆုံးလည်း ဆိုတာ TPS နဲ့ တိုင်းတာ ရမယ့်ပုံပါပဲ… ဒါနဲ့ အောက်မှာ ထူးထူးခြားခြား မရှေးမနှောင်း ဖြစ်ခဲ့ကြတဲ့ လုံးဝကွဲပြားတဲ့ ဖြစ်ရပ်နှစ်ခုအကြောင်း လူမှုကွန်ရက်တွေမှာ လူပြောများတဲ့ အရေအတွက်ကို နှိုင်းယှဉ်ထားကတော့ စိတ်ဝင်စားစရာ ဗဟုသုတရစရာ သံဝေဂ ရစရာပါပဲ။ ရှုစားကြပါခင်ဗျာ။

 Infographic via logotalks.com

No comments:

Post a Comment