Tuesday, August 16, 2011

Warren Buffet signals successor has been chosen

Warren Buffet နေရာကို ဆက်ခံမယ့်လူကို ရွေးချယ်ထား

ကမ္ဘာ့ချမ်းသာဆုံး သူဌေးကြီးတွေထဲက တစ်ယောက် အပါအ၀င်ဖြစ်တဲ့ Warren Buffet က သူအနားယူရင် ဒါမှမဟုတ် သေသွားခဲ့ရင် သူရဲ့ Berkshire Hathaway မှာ သူ့နေရာကို ဆက်ခံမယ့်သူကို သဘောတူ ရွေးချယ်ထားပြီးလို့ ပြောပါတယ်… ဒါပေမယ့် ဘယ်သူလဲဆိုတာတော့ မပြောသေးပါဘူး

သူနေရာကို ဆက်ခံဖို့ အလားလာရှိတဲ့ သူအများကြီးထဲက အဲ့တစ်ယောက်ကိုတော့ သူရဲ့ Borad Of Directors တွေက သဘောတူကြတယ်လို့ Charlie Rose Show မှာ ပြောသွားပါတယ်

Buffet က “တကယ်လို့ ကျနော် ဒီည သို့မဟုတ် မနက်ဖြန် ဖြစ်ဖြစ် သေသွားခဲ့ရင် ကျနော်ရဲ့ ဘုတ်အဖွဲ့က ကျနော်ရဲ့ ဆက်ခံမယ့်သူကို ကြော်ငြာဖို့ တစ်နာရီလောက်တောင် အချိန်ယူမှာ မဟုတ်ပါဘူးလို့” ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာမှာတုန်းကတော့ အသစ်ခန့်အပ်ထားတဲ့ ရင်းနှီးမြှုတ်နှံမှု မန်နေဂျာ Todd Combs ကို သူရဲ့ ဆက်ခံမယ့်သူဖြစ်နိုင်တယ်လို့ Buffet က အရိပ်အမြွက် ပြောကြားဖူးပါတယ်။

သူ့နေရာကို ဆက်ခံမယ့်သူ ဘယ်သူဖြစ်မယ် ဆိုတာ စိတ်ဝင်စားစရာပါ။ Warren Buffet လို ထွန်းပေါက်တဲ့လူဆိုတာ တစ်ခေတ်မှာ တစ်ယောက် ပေါ်ပေါက်ဖို့ ခက်သားကလား…

Reference: http://www.google.com/hostednews/afp/article/ALeqM5hGFybeXKFmJWulMFZZBXabR7Fmrw?docId=CNG.1017c21fe528b374d362951393c074cf.171

No comments:

Post a Comment