Saturday, September 3, 2011

ကျွန်တော်နဲ့ များတို့ ရဲ့ ဇတ်လမ်း


ကျနော်ဟာ များတို့နဲ့ပက်သက်ပြီး အလွန့်ကိုမှ လန့်တတ်တဲ့ သဘောရှိပါတယ်။ ဒီလိုပြောတာ များတို့ကို လူချင်းချင်း ခွဲခြားတဲ့စိတ်နဲ့ ပြောတာမဟုတ်ပါဘူး။ အခု ပြောပြမယ့် နောက်ကွယ်က ဇတ်လမ်းလေးကို ဖတ်ပြီးရင် သဘောပေါက်သွားမှာပါ။ များတို့လို့ သုံးထားတဲ့ နာမ်စားဟာ ဘယ်သူတွေကို ရည်ညွှန်းလဲဆိုတာကို အားလုံးသိကြမှာပါ။
 
ကျနော်အခုအလုပ်လုပ်တဲ့ နေရာဟာ ဒီမြို့သေးသေးလေးထဲက မဟူရာအသားရောင်နဲ့ မဇ္ဇျိမသားတွေ ကျင်လည်ရာ အရပ်ရဲ့အလယ်ခေါင်တည့်တည့်မှာ ရှိတာပါ။ အဲဒီအရပ်မှာ ရန်ကုန်မြို့လယ်က လမ်း၃၀တို့လို စည်ကားလှတဲ့ လမ်းသွယ်လေးတွေရှိပါတယ်။ အဲလမ်းသွယ်တွေထဲက လမ်းသွယ်လေးတစ်ခုဟာ များတို့ရဲ့ကျင်လည်ရာ နေရာတစ်ခုအနေနဲ့ ထင်ရှားလှပါတယ်။ ကျနော်ဟာ အဲဒီလမ်းသွယ်လေးတွေကြား ဖြတ်ပြီးတော့ နေ့စဉ် ရုံးတက်ရုံးဆင်း ဘတ်စ်ကားမှတ်တိုင်ကို သွားရပါတယ်။ အဲဒီတော့ ကျနော်ဟာ များတို့နဲ့ နေ့စဉ်လိုလို ဆုံဆုံတတ်ပါတယ်။ အဲဒီလို ဆုံတိုင်း ကျနော်ဟာ ခေါင်းကိုငိုက်ငိုက်စိုက်ချ သူတို့မမြင်ရာ အရပ်ဖက်ကနေ ရှောင်ပြီးလျှောက်တတ်ပါတယ်။ ကျနော့်မှာ အဲလို စိတ္တဇအသေးစားနဲ့ ၀ဋ်ဒုက္ခကြီးမားနေရပါတယ်။ တစ်ခြားလူတွေ ကျနော့်လုပ်ရပ်ကို ဘေးကမြင်တဲ့ အခါတိုင်း ကျနော့်ကို ထူးထူးဆန်းဆန်းနဲ့ ပြုံးစိစိကြည့်တာလည်း မကြာမကြာ ခံရတတ်ပါတယ်။
ကဲ ဒီလောက်တောင်မှ ဖြစ်ရလား…

ဇတ်လမ်း ၁

ကျနော်ဟာ ရန်ကုန်မြို့ပေါ်မှာ ဘ၀ကိုတိုးတက်ရာ တိုးတက်ကြောင်း ရှာဖွေနေစဉ်အခါက ရန်ကုန်မြို့က တိုးတိုးကျပ်ကျပ်ဘတ်စ်ကားများကို ကိုယ်ပိုင်ကားလို သဘောထားပြီး နေ့စဉ်နဲ့အမျှ စီးခဲ့ရပါတယ်။ တစ်နေ့သောအခါ နေသာတဲ့အချိန်မှာပေါ့…. မြို့ထဲကိုသွားမယ့် ဘတ်စ်ကားတစ်စီးကို တက်စီးလာခဲ့ပါတယ်။ ကားပေါ်တက်ပြီးပြီးချင်း စပယ်ယာ အဟောက်မခံရအောင် ကားနောက်ဘက်ကို တိုးသွားဖို့ လူကကြပ်နေတာကြောင့် ကားရှေ့ခန်းဘက်ကို တိုးဝင်သွားလိုက်ပြီး မှီရာလက်ကိုင်တစ်ခုကို ကိုင်ကာ အပြင်ကိုငေးကြည့်ရင်း အတွေးနဲ့မျောကာ လိုက်ပါလာတယ်။ ဘတ်စ်ကားစစီးပြီး သိပ်မကြာခင်မှာပဲ လူတွေရဲ့ အသံပေါင်းစုံ ကြားကနေ… ‘ဟယ်’ ဆိုတဲ့ အသံတစ်သံကို အတွေးတွေ ရပ်လောက်အောင် ပီပီသသကြီး ကြားလိုက်ရပါတယ်။ အဲဒီတော့မှ အသံလာရာကို ကြည့်လိုက်တဲ့အခါ များတစ်ယောက်ရဲ့ အရှေ့တည့်တည့်မှာ ရပ်နေမိမှန်း သတိထားမိပါတော့တယ်။ အသံကလည်း သူ့ဆီက လာတာပါ။ ဘတ်စ်ကားရဲ့ ထိုင်ခုံကလည်း ကားအရှေ့ဘက်ကို မျက်နှာမူတဲ့ နှစ်ယောက် ထိုင်ခုံမဟုတ်ပဲ ဓါတ်ငွေ့အိုးပေါ်မှာ ခင်းထားတဲ့ ဘေးတိုက်ထိုင်ခုံပါ။ ပထမတော့ ဘာမှန်းမသိလို့ သူ့ကိုတောင် ပြုံးပြလိုက်မိပါတယ်။ သူကတော့ ကိုယ့်ကိုသေချာကြည့်ပြီး ပြုံးစိစိနဲ့ လက်ညှိုးလေးကိုတောင် ကိုက်နေပါသေးတယ်။ ကိုယ်ကတော့ သူတို့က အမြဲတမ်း ဒီလိုပဲဆိုပြီး အရေးမကြီးသလို ကိုယ်အရှေ့ ပြတင်းပေါက်ကိုပဲ ပြန်ငေးနေလိုက်ပါတယ်။ ခဏနေတော့ 

‘ဟဲ့’ 

ဆိုပြီး ပီပီသသကြီး ကျနော်ကို လှမ်းခေါ်လိုက်သံ ထပ်ကြားရပါတယ်။ ပြီးတော့ 

‘ဟီးဟီး’ တဲ့

ကျနော်ကတော့ ဇတ်လမ်းက စပြီးလို့ထင်လိုက်ပါတယ်။ ဒါပေမယ့် ထင်လိုက်တာပဲ ရှိပါသေးတယ်။ ပြီးတော့ သူက ပီပီသသကြီး ဆက်ပြောလိုက်တဲ့ စကားက ကျနော့်ကို ကြက်သေ သေသွားစေတာပဲ။

‘နင့် ဘောင်းဘီ ဇစ်ပြုတ်နေတယ်' .... 

'ခွိခွိ’

ဟမ်… ဘုရား ဘုရား ဘုရား တရား မလို့ ငါ့ကိုပြောတာမှ ဟုတ်ရဲ့လား… အမှန်က ကိုယ့်ကိုယ် တမင် သံသယတွေ ယောင်ယမ်းပြီး ဖြစ်လိုက်တာပါ…. သိပြီးသားပါ… ဒီဘောင်းဘီ မကြာမကြာ လမ်းလျှောက်ရင်း ဇစ်ပြုတ်တတ်တယ်ဆိုတာ အခုနက ဘတ်စ်ကားကို အမှီပြေးလိုက်ရင်း ဇစ်ပြုတ်သွားတာ သတိလက်လွတ်ဖြစ်ပြီး မကြည့်မိတာပါ… ဒါတောင် ရှပ်အင်္ကျီအရှည်လေး ၀တ်လာတာ အင်္ကျီကိုလေတိုးတုန်း ကြားကနေ မြင်လိုက်တာပဲ ဖြစ်မယ် ဘယ်အချိန်ကတည်းက ချောင်းနေမှန်းမှ မသိတာ 

အားလုံးနောက်ကျကုန်ပါပြီး ကျန်တော်လည်း ချက်ချင်းရိပ်မိလို့ ကိုယ့်အောက် ကိုယ်တောင် ပြန်ငုံ့မကြည့်ပဲ ဘေးဘီဝဲယာကို ကြည့်လိုက်တာမှာ ဘတ်စ်ကားရှေ့ခြမ်းမှာ ထိုင်နေတဲ့သူ အားလုံးနီးပါး ကျနော့်မျက်နှာကိုတောင် တည့်တည့်မကြည့်ပဲ ကျနော့်ကို လေးစားစွာနဲ့ ဦးညွတ် အလေးပြုနေကြပါပြီး… 

photo via ihatemedia 
နင့် ဘောင်းဘီ ဇစ်ပြုတ်နေတယ်

ကျနော်မှာ ချက်ချင်းပဲ ရေပန်းနဲ့ အဖျန်းခံရသလို ဇောချွေးတွေ ချက်ချင်းကို ထွက်လာကုန်ပါတယ်။ ဦးနှောက်ထဲမှာလည်း အလေးပြုနေတဲ့ လူတွေကြား ဘယ်လို ရှောင်ထွက်ရမလဲ ဆိုတာကို အလျင်အမြန်ပဲ စဉ်းစားခန်းဝင်နေရပါတယ်… နောက်ဆုံးတော့ အထွေအထူးကို စဉ်းစား မနေတော့ဘဲ 

‘ပါတယ်ဗျို့’ လို့ 

တစ်လုံးတည်း အော်ပြီး အလျင်အမြန်ပဲ ကားအပေါက်ဝကို တိုးထွက်လိုက်ပါတော့တယ်။ ကျနော့်နောက်မှာတော့ အတင်းထိုးထွက်လို့ အတိုက်ခံရ အနင်းခံရသူတွေရဲ့ ‘ဟင်’ ‘ဟာကွာ’ အော်ငေါက် ဆူပူသံတွေ အလေးပြုကြတဲ့ သူတွေဆီက ‘ခီးခီး ဟီးဟီး’ အသံတွေ တရစပ်ကို လိုက်လာပါတယ်။ ကျနော်လည်း ဒါတွေကို ဂရုမစိုက်နိုင်အားပဲ ကားရပ်တာနဲ့ အလျင်အမြန်ပဲ ပြေးဆင်းလိုက်ပါတော့တယ်။
ဆင်းပြီးပြီးချင်း ကားဘက်ကိုတောင် ပြန်မလှည့်ကြည့်တော့ပဲ အနီးအနား ဓါတ်တိုင်နောက်ကို အမြန်ပြေးဝင် အကာအကွယ်ယူကာ ဘောင်းဘီဇစ်ကို အလျင်အမြန်ပဲ ပြန်ဆွဲတင်လိုက်ရပါတယ်။ အဲဒီတော့မှ ရင်ထဲက အလုံးကြီးလဲ ကျပြီး နီမြန်းထူပိန်းနေတဲ့ မျက်နှာကြီးက ပြန်ပြီး ဖြူကာ ပါးရေတွေ ပြန်လျော့သွားပါတယ်။

ဒါပေမယ့် ကားပေါ်က ‘နင့် ဘောင်းဘီဇစ်ပြုတ်နေတယ်’ ဆိုတဲ့ အသံရယ် ကျနော့်ကို ညီညွတ်စွာ အလေးပြုပြီး ခီးခီး ဟီးဟီး လုပ်နေတဲ့ လူတွေရဲ့ မြင်ကွင်းရယ်တွေကို ပြန်မြင်ပြီး ကြားယောင်ကာ စိတ်တွေ ကယောက်ကယက် ဆက်ဖြစ်နေတာမို့ အနီးအနား လက္ဘရည်ဆိုင်ကိုဝင်ပြီး အအေးတစ်လုံး မှာသောက် စိတ်ကိုငြိမ်အောင် ပြန်ထား ခဏကြာနားပြီးမှပဲ လိုရာခရီးကို ဆက်သွားနိုင်ပါတော့တယ် ခင်ဗျာ။

အဲဒီနောက် ကျနော့် အတွေးထဲမှာတော့ သူသာ အရှိကို အရှိအတိုင်း တစ်ယောက်တည်း မြင်ပြီး လူသိရှင်ကြား ‘နင့် ဘောင်းဘီ ဇစ်ပြုတ်နေတယ်လို့’ မအော်ပဲ နေလိုက်သည်ရှိသော် များတို့နဲ့ ကျနော့်ရဲ့ ဇတ်လမ်းဟာ အပေါ်ကပြောသလို့ ပဋိပက္ခ ဖြစ်လာစရာ အကြောင်းမရှိဘူးလို့ ဆက်ပြီးတွေးတော နေမိပါတော့တယ်။

ဒါနဲ့ ဒီလောက်လေးနဲ့ ဒီလောက်ကြီး ဖြစ်စရာလားဆိုပြီး ပြောစရာ ရှိနိုင်ပါတယ်။ တကယ်က ဒီလောက်ကြီးဖြစ်ရအောင် နောက်ထပ် ဇတ်လမ်းတစ်ပုဒ် ရှိပါသေးတယ်။

အကြောင်းအရာက ဘာမှ သိပ်မဟုတ်ပေမယ့် ရေးလိုက်တာ ပို့စ်ကရှည်သွားပြီးမို့ (မရှည်လဲ ရှည်တယ် :D ) ဇတ်လမ်း ၂ကို နောက်တစ်ပို့နဲ့ ဆက်ပါရစေခင်ဗျာ….

14 comments:

  1. ကိုသန့်မှာ ကိုယ်တွေ့ဇာတ်လမ်းတွေ ရှိတယ်ဆိုတာသိထားတယ်နော်။ မြန်မြန်တင်ပါဗျို့။

    ReplyDelete
  2. ဟားဟားဟား.. Gay Land ဆိုလား ဘာဆိုလား.. သေချာတော့ မသိဘူး.. အဲ့ဒီ နားမှာလုပ်တာလား.. ကန်ဒီ့သူငယ်ချင်းယောကျာ်းလေးတွေလည်း ကြောက်ကြတယ်.. အဲ့နေရာကို... :D

    ReplyDelete
  3. ဟားဟား အပေါ်က အနောနီးမတ်စ်ကို ကြောက်နေရပါလား... လာအားပေးတာ ကျေးဇူးတင်ပါတယ်....

    ကန်ဒီရေ ဂေလမ်းတော့ မဟုတ်သေးဘူး ၂၄နာရီ ဖွင့်တဲ့ မောကြီး ရှိတဲ့နားမှာ :D

    ReplyDelete
  4. ကိုမောင်သန့် ရေ...
    နောက်လမ်းသွားရင် သတိထားဗျို့ ...
    ကျွန်တော်လဲ ဒါမျိုး မကြာမကြာ ဖြစ်တတ်လို့ လမ်းသွားရင် လက်ကလေးနဲ့ စမ်းစမ်းသွားဖြစ်တယ်။ ဒါကို ဘေးလူမြင်တော့ ကိုယ့်ကို တမျိုးထင်ပြန်ရော...
    လူတွေ လူတွေ ခက်ပါ့...
    နောက်တင်မဲ့ ပိုစ့်လေးကိုလဲ စောင့်ဖတ်နေမယ်ဗျို့ ...
    ဘလော့ဂ်ဂါ အသစ်ချင်း အားပေးရတာပေါ့...
    ကြာတယ် လင့်ပါ တခါတည်း ယူသွားလိုက်ပြီ... ဘိုင့်

    ReplyDelete
  5. လင့်ခ်ယူသွားတဲ့အတွက် ကျေးဇူးဗျာ... ကိုညီရဲ... နောင်ကျဉ်သွားလို့ နောက်ပိုင်း ကျပ်ကျပ်ကို သတိထားတော့တာပဲ ဟားဟား

    ReplyDelete
  6. happened twice so far .. once in ygn .. once in sg ( I wear boxer so nobody see anything horrible. ) My response is .. Thanks for reminding and zip up. That's it.

    ReplyDelete
  7. အော်...ဖြစ်ရလေ..မောင်သန့်ရယ်..
    များနဲ့မှတွေ့တတ်ပလေတယ်...

    ReplyDelete
  8. များနဲ့တွေ့တာ ကိုယ်ကျမှ အကျိုးနဲတာ ဘလက်ရိုစ့်ရေ...

    အနောနီးမတ်စ် ရီတာများ လန့်တာ

    ReplyDelete
  9. ရန်ကုန်က မြေအောက်အိမ်သာတွေဆို သားသားကြောက်ကြောက်... ဘယ်တော့မှ တယောက်ထဲမသွားရဲဘူး။ ဘော်ဒါတယောက် များတို့နဲ့ကြုံဖူးတယ်တဲ့..လိုက်ကြည့်တယ်ဆိုပါလား။

    ReplyDelete
  10. ရန်ကုန်မှာ မြေအောက် အိမ်သာ ရှိလားဗျ .. မှတ်သားစရာပဲ..
    လာလည်တဲ့ ကျေးဇူးပါခင်ဗျ....

    ReplyDelete
  11. ဟယ်..အမွှေတော့..
    စေတနာနဲ့လည်း ဇစ်ပြုတ်နေတယ်လို့ သတိပေးရသေးတယ်.. အပြစ်လည်း ပြောသေးတယ်....
    တကယ်လို့ ဘယ်သူ့ကိုမှ မပြောဘဲ အသာလက်လေးတို့ပြီး ပြလိုက်ပြန်ရင်လည်း များ တို့ကို တမျိုးပြောဦးမယ်..
    အသာ တစ်ယောက်တည်း သွားရေ တမျှားမျှားနဲ့ ကြည့်နေပြန်ရင်လည်း နှာဗူးမ လို့ပြောခံရမယ်..
    အို........များတို့ ဘဝက ဘယ်လိုပဲဖြစ်ဖြစ် အပြောအဆိုခံဘဝကကို မလွတ်ပါဘူးရှင်......
    အဟင့်ဟင့်
    :P

    ReplyDelete
  12. ရဲ ရယ် ကျေးဇူးတင်လို့ကို မဆုံးပါဘူးကွယ် :D

    ReplyDelete
  13. အွန်...၂၄နာရီ ဖွင့်တဲ့ မောကြီးနား ဆိုတော့ Farrer Park နား ကို ပြောတာလား...
    များတို့နဲ့မှ မဟုတ်ပါဘူး...ဒီလိုမျိုးမှာ သတိ က ပိုတယ်ဆိုတာ မရှိပါဘူး...
    =P
    -m

    ReplyDelete