Saturday, September 10, 2011

စားသောက်ဆိုင်ကို နေရာမှားထည့်လို့ လမ်းညွှန်စာအုပ်ကုမ္ပဏီ တရားစွဲခံရ

အမေရိကန်နိုင်ငံ မွန်းတားနားမှ Bar 3 Bar-B-Q လို့အမည်ရှိသည့် စားသောက်ဆိုင်က ပိုင်ရှင် ဟန်တာ လပ်စေ(Hunter Lacey) တစ်ယောက် သူရဲ့ စားသောက်ဆိုင်လမ်းညွှန်ကို တိရိစ္ဆာန်အသေကောင်များ(အကြွင်းအကျန်များ) ဖယ်ရှားသည့်လုပ်ငန်းများ စာရင်းအောက်မှာ မှားထည့်မိတဲ့ လမ်းညွှန်စာအုပ်ကုမ္ပဏီ Dex Media Inc ကို ဒီလို လွဲမှားတဲ့ လမ်းညွှန်ကြောင့် သူ့လုပ်ငန်း ဆုံးရှုံးမှုတွေ ဖြစ်ရတဲ့အတွက် တရားစွဲလိုက်ပါတယ်။

ဒီလိုမှားထည့်ခဲ့မိတာ ၂၀၀၉ ခုနှစ်ကထုတ်တဲ့ လမ်းညွှန်စာအုပ်မှာကတည်းဖြစ်ပြီး ၂၀၁၀၊ ၂၀၁၁ ခုနှစ်ထုတ်တဲ့ စာအုပ်တွေလည်း ဒီအတိုင်းပဲ ထပ်ပြီးပါဝင်ပြီး အွန်လိုင်းလမ်းညွှန်မှာလည်း ဒီအတိုင်းပဲဆက်ပြီး ပါဝင်ခဲ့ပါတယ်။

စာသောက်ဆိုင်ပိုင်ရှင်ဟာ သူ့ဆိုင်လမ်းညွှန်အခုလို နေရာလွဲနေတာကို ဖုန်းတွေ အများအပြားဝင်လာပြီး လူတွေကတလွဲ လာစုံစမ်းနေတော့မှ စတင်သဘောပေါက်သွားပါတယ်။ ဒီတလွဲလမ်းညွှန်လေးကို လှောင်ထားတဲ့ဟာတွေ အင်တာနက်မှာ ဖော်ဝပ်လုပ်တဲ့မေးလ်တွေမှာ ပျံ့နှံ့နေပြီး နောက်ဆုံး စားသောက်ဆိုင်ရဲ့ ဖေ့ဘွတ်စာမျက်နှာမှာ လူတွေ လာတင်တဲ့အထိ ဖြစ်ခဲ့ပါတယ်။ ဒါ့ပြင် ဂျေလန်နွန်ရဲ့ Tonight Show မှာလည်း ဂျေလန်နွန်က .... Bar 3 Bar-B-Q နာမည်နဲ့ တိရိစ္ဆာန်အကြွင်းအကျန်ဖယ်ရှားတဲ့ လုပ်ငန်း ဆိုပြီး လှောင်ပြောင်ခဲ့ပါသေးတယ်။

လပ်စေကတော့ ဒီပြဿနာဟာ သူ အဲဒီလမ်းညွှန်ကုမ္ပဏီဆီကနေ ကြော်ငြာထည့်သွင်းဖို့ မ၀ယ်တာကြောင့် ကြော်ငြာလာရောင်းတဲ့ ကုမ္ပဏီဝန်ထမ်းက တမင်လုပ်တာလို့စွပ်စွဲပါတယ်... လပ်စေရဲ့ရှေ့နေကတော့ လမ်းညွှန်ကုမ္ပဏီကို တရားတဘောင် မဖြစ်စေပဲ လျော်ကြေးငွေ ဒေါ်လာ ၄၁၇၀၀၀နဲ့ ကျေအေးစေဖို့ ကမ်းလှမ်းခဲ့ပြီး ပထမမှာ လမ်းညွှန်ကုမ္ပဏီဘက် စိတ်ဝင်စားဟန်ပြပေမယ့် နောက်ဆုံးမှာ ဘာအကြောင်းမှ မပြန်တာကြောင့်  ကုမ္ပဏီကိုလည်း နမော်နမဲ့လုပ်တဲ့အမှု၊ သရေဖျက်တဲ့အမှု စတာတွေနဲ့ တရားစွဲလိုက်ခြင်း ဖြစ်တယ်လို့ ပြောပါတယ်။

လမ်းညွှန်ကုမ္ပဏီဘက်ကလည်း ဒီလိုအမှားဖြစ်ရတာကို ၀မ်းနည်းပါကြောင်းနဲ့ နောက်ထပ်ထုတ်မယ့် စာအုပ်တွေမှာ အခုလိုထပ်မပါအောင် ဂရုစိုက်မှာဖြစ်ကြောင်း တောင်းပန်ထားပါတယ်။ ဒါပေမယ့် လမ်းညွှန်ကုမ္ပဏီက အခုလိုကိစ္စမှာ သူတို့မှာပဲ တာဝန်လုံးလုံးရှိတာကိုငြင်းဆိုထားပြီး လုပ်ငန်းများ ဆက်သွယ်ရန်နေရာကို လမ်းညွှန်စာအုပ်ထဲမှာ ဖော်ပြခွင့်ပေးလိုက်ကတည်း အဲဒီလုပ်ငန်းရှင်တွေဟာ အခုလို အမှားဖြစ်နိုင်ချေတွေရှိတာကို လက်ခံနိုင်ပါမည်ကို သဘောတူထားပြီးသား ဖြစ်ကြောင်း ပြောဆိုပါတယ်။

လပ်စေဟာ သူ့စားသောက်ဆိုင်မှာ တယ်လီဖုန်း စတင်တပ်ဆင်လိုက်ကတည်းက ဆိုင်ရဲ့ဖုန်းနံပါတ်ကို လမ်းညွှန်စာအုပ်ထဲထည့်ဖို့ သဘောတူထားခြင်း ဖြစ်ပါတယ်။

သူတို့ဆီက ကြံကြံဖန်ဖန်တွေပေါ့။ :D

Source

No comments:

Post a Comment