Sunday, September 11, 2011

ဒါတွေကို သင်သိရဲ့လား - ၎

- The duration record for a face-slapping contest was set in Kiev, USSR, in 1931 when a draw was declared between Bezbordny and Goniusch after 30 hours.

၁၉၃၁ခုနှစ် ဆိုဗီယက်ယူနီယံ ကိဗ်မြို့ မှာ ကျင်းပခဲ့တဲ့ ပါးရိုက်ပြိုင်ပွဲမှာ ဘက်ဇ်ဗော့ဒနီ နဲ့ ဂိုနီယက်ဇ်တို့ နှစ်ဦးဟာ နာရီသုံးဆယ်ကြာ အကြိတ်အနယ် ပါးရိုက် ယှဉ်ပြိုင်ခဲ့ရာမှာတော့ နောက်ဆုံး ဘယ်သူ့ဘယ်သူမှ ဂိုးမသွင်းနိုင်ကြဘဲ ...  အဲလေ.. :P အနိုင်မရရှိကြဘဲ သရေပွဲ အဖြစ်ပြီးဆုံးသွားခဲ့ပြီး အရှည်ကြာဆုံး ပါးရိုက်နိုင်သူ နှစ်ဦးအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

- Bernard Clemmens of London managed to sustain a fart for an officially recorded time of 2 minutes 42 seconds

လန်ဒန်က ဘားနက် ကလန်းမန်း ဆိုတဲ့သူဟာ ၂ မိနစ်နဲ့ ၄၂စက္ကန့်ကြာ အီး ကိုဆွဲပေါက် နိုင်အဖြစ် တရားဝင် မှတ်တမ်းဝင်ထားပါတယ်။

The longest bout of sneezing recorded was by Donna Griffith. It began in January 1981 and continued until September 1983. It lasted for 978 days, and 4,687,514 gesundheits.

 အဂ်လန်က အသက် ၁၂နှစ် အရွယ် ဒိုနာဂရစ်ဖစ် ဆိုတဲ့သူဟာ ၁၉၈၁ ဇန်န၀ါရီ ကနေ ၁၉၈၃ စက်တင်ဘာထိ ၉၇၈ရက် တိုင်တိုင် ၅မိနစ်တစ်ကြိမ်ခန့်လောက် နှာချေနေခဲ့လို့ အရှည်ကြာဆုံး နှာချေတဲ့လူအဖြစ် မှတ်တမ်းဝင်ထားပြီး Gesundheits ပေါင်း လေးသန်း ခြောက်သိန်း ရှစ်သောင်း ခုနှစ်ထောင် ငါးရာ တစ်ဆယ့်လေး ခါ ရခဲ့ပါတယ်။
(ဂျာမနီမှာ တစ်ယောက်ယောက်က နှာချေရင် Gesundheit လို့ ပြောကြတယ်။ အဓိပ္ပါယ်က ကျန်းမာပါစေတဲ့ မသေချာရင် မရှင်လေး ကို မေးကြည့်လို့ရတယ်။ :P )

Bonus: အောက်က ဗွီဒီယိုကလစ်လေး ကြည့်ကြည့်ပါ။ ကြည့်သူပေါင်း ၁၁၆သန်းကျော် ရှိတယ်။ မရီရရင် အသေသတ်..  :D



ဒါတွေကို သင်သိရဲ့လား -၃
ဒါတွေကို သင်သိရဲ့လား -၂
ဒါတွေကို သင်သိရဲ့လား - ၁

No comments:

Post a Comment