Tuesday, September 13, 2011

မက်ဒေါနား သီချင်း အယ်လ်ဘမ်အသစ် ထုတ်ဦးမည်

(Photo: Kevin Mazur/WireImage.com via music-mix.ew.com)
 Madonna

ကမ္ဘာပေါ်မှာ အကျော်ကြားဆုံး ပေါ့ပ်အဆိုတော်လည်းဖြစ် အသက်ကြီးနေပြီးဖြစ်ပေမယ့် ကျော်ကြားနေဆဲ လူကြိုက်များနေဆဲလည်း ဖြစ်တဲ့ မက်ဒေါနား (Madonna) ဟာ နောက်နှစ် နွေဦးမှာ သီချင်းအယ်လ်ဘမ် အသစ်တစ်ခု ထုတ်ဦးမယ်လို့ ဗင်းနစ်ရုပ်ရှင်ပွဲတော်မှာ ရောက်ရှိနေချိန် အီတလီက တီဗွီအင်တာဗျူး တစ်ခုမှာ ထုတ်ဖော် ကြော်ငြာလိုက်ကြောင်း ရိုက်တာသတင်း တစ်ပုဒ်မှာ ဖော်ပြထားပါတယ်

မက်ဒေါနားဟာ လက်ရှိမှာ သူမ ဒါရိုက်တာလုပ် ရိုက်ထားတဲ့ W.E ဆိုတဲ့ရုပ်ရှင်ဇတ်ကားအတွက် ပရိုမိုးရှင်းလုပ်နေပြီး အဲဒါပြီးရင် နယူးယောက်ကိုပြန်ကာ သူမရဲ့ အယ်လ်ဘမ်အသစ်အတွက် ဆက်လုပ်သွားဖို့ ရှိပါတယ်။ ခုချိန်မှာ အယ်လ်ဘမ်အသစ်ဟာ အနည်းငယ်သာ ပြီးသေးပြီး ဒီနှစ်ကုန်ဆုံးတဲ့အထိ အသံသွင်းခြင်းတွေကို ဆက်လက်လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။ သီချင်း အယ်လ်ဘမ်အသစ် ထွက်နိုင်မယ့်အချိန်ဟာ ဖေဖေါ်ဝါရီ သို့မဟုတ် မတ်လ ၂၀၁၂ လောက်မှာ ဖြစ်မယ်လို့ ပြောပါတယ်။ သူမ ၂၀၀၈ခုနှစ်က နောက်ဆုံးထွက်ခဲ့တဲ့ အယ်လ်ဘမ် "Hard Candy" ကတော့ စစထွက်ချင်းမှာတင် ဘီလ်ဘုတ်ဇယား  နံပါတ် ၁နေရာချိတ်ခဲ့ပါတယ်။

မက်ဒေါနားဟာ ယခုလက်ရှိ ဗင်းနစ်ရုပ်ရှင်ပွဲတော်မှာ ပြသနေတဲ့ W.E ရုပ်ရှင်ဇတ်ကားကို ၁၉၉၁က ထွက်ခဲ့တဲ့ သူမရဲ့ True or Dare Documentary ရိုက်ကူးသူ အလက်ကက်စ်ရှီရှရန်း (Alek Keshishian) နဲ့  ပူပေါင်းရေသားထားပြီး  သူမကိုယ်တိုင် ဒါရိုက်တာလုပ် ရိုက်ကူးထားပါတယ်။  ချစ်သူ အတွက် ထီးနန်းစွန့်သွားတဲ့ အက်ဝပ်ဘုရင်နဲ့ သူရဲ့ချစ်သူ Wallis Simpson အကြောင်းကို အခြေခံထားတဲ့ သူမရဲ့ W.E ဇတ်ကားဟာ ဒီဇင်ဘာမှာမှ ရုံတင်ပြသမှာ ဖြစ်ပေမယ့် ဗင်းနစ်ရုပ်ရှင်မှာ ပြသပြီးကတည်း ဇတ်ကားနဲ့ ပက်သက်ပြီး  ရုပ်ရှင် ဝေဖန်သူတို့ရဲ့ ဝေဖန်မှုကို အကြီးအကျယ် ခံနေရပါတယ်။ ဒီဇတ်ကားဟာ သူမရဲ့  ဒုတိယမြောက် ဒါရိုက်တာလုပ်တဲ့ ဇတ်ကားဖြစ်ပြီး ပထမဇတ်ကားက Filth and Wisdom ဆိုတဲ့ အချစ်ဟာသကားပါ။ ဒီဇတ်ကားတုန်းကလည်း အခုလိုပဲ သူမရဲ့ ဒါရိုက်တာ အရည်အသွေးအတွက် ဝေဖန်မှုတွေခံခဲ့ရပါတယ်။ ဇတ်ကားနှစ်ကားလုံးကို သူမရဲ့ ရုပ်ရှင်ထုတ်လုပ်မှု ကုမ္ပဏီ Semtex Films ကနေ ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။

သီချင်းဂီတလောကမှာ အကြီးအကျယ်အောင်မြင်မှုတွေရနေပေမယ့် ရုပ်ရှင်လောကမှာ သရုပ်ဆောင်အနေနဲ့ရော ဒါရိုက်တာအနေနဲ့ပါ အောင်မြင်မှုမရသေးတဲ့ အသက် ၅၃နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ ပေါ့ပ်ဘုရင်မကြီး မက်ဒေါနားရဲ့ တဒါဇင်မြောက် အယ်လ်ဘမ်မှာ အရင် သီချင်းအယ်လ်ဘမ်တွေလိုပဲ အောင်မြင်မှုတွေ ထပ်ရဦးမလားဆိုတာကို စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။

4 comments:

  1. မောင်မျိုးSeptember 14, 2011 at 9:28 AM

    လှတာတော့ တော်တော် လှတုန်းဗျ နော့်

    အကကောင်း အဆိုကောင်းတဲ့ အဖွားကြီးပဲ ကြိုက်တယ်။

    ReplyDelete
  2. ဂါးဒီယန်း သတင်းစာကတော့ သူ့ W.E ရုပ်ရှင်က ၀က်ဝက်ကွဲ ချာတူးလန်ဆိုဘဲ ဟုတ်လားမဟုတ်လားတော့ ကြည့်ကြည့်ဦးမှ..... :)

    ReplyDelete
  3. ချော(အစိမ်းရောင်လွင်ပြင်)September 15, 2011 at 3:53 AM

    သူ့အဆိုအကအလှကို ငယ်ကတည်းက စွဲနေအောင်မြင်ခဲ့ရတော့ ခုချိန်ထိတောင် မြင်ယောင်နေမိတယ်
    အသက်ရလာချိန်ထိ ဂီတနယ်ပယ်မှာ အောင်မြင်မှုရနော မုဒိတာ ပွားရပါတယ်
    ရုပ်ရှင်နယ်မှာ မအောင်မြင်တာတော့ သူ့ကံတရားပေါ့နော်

    ReplyDelete
  4. မောင်မျိုး - လှတာကတော့ သူကိုပြန်ကြည့်ရင် မမှတ်မိဘူး အသက်ကြီးပြီး ပိုလှလာသလားပဲ :P

    AH - ကြည့်ရင် စိတ်ညစ်ရဦးမယ် မကြည့်တော့ဘူး :)

    မချော - သူကလည်း ရုပ်ရှင်မှာ မရမက ဇွတ်ကို လုပ်နေတော့တာပဲ...

    ReplyDelete