Friday, September 9, 2011

အိုင်ဖုန်းသုံးတဲ့ ဘလော့ကာတွေ အတွက် Google ရဲ့ Blogger App လာပါပြီ

 Photo via googlemobile.blogspot.com

အိုင်ဖုန်း (iPhone), အိုင်ပတ် (iPad), အိုင်ပေါ့တ် (iPod) တွေ သုံးနေတဲ့ ဘလော့ဂါအတွက် ဘာလော့ကာ ဆော့ဝဲလ်ကို (Blogger App) ကို Apple Store မှာ ရနိုင်ပြီး ဖြစ်ကြောင်း ဂူးဂဲလ်ရဲ့ မိုဘိုင်း ဘလော့ထဲမှာ မနေ့က ကြော်ငြာသွားပါတယ်။

ဒီဆော့ဝဲလ်လေးနဲ့ အိုင်ပေါင်းစုံကနေ ရထားစီးရင်း၊ ကားစီးရင်း၊ လမ်းလျှောက်ရင်း ပိုစ့်အသစ်တွေ တင်လို့ရတော့မယ်။ ရေးရုံရေးပြီး မတင်သေးလဲ ခါတိုင်းလို Draft ထဲမှာ သိမ်းထားလို့ရတယ်။ အရင်တုန်းက ကွန်ပြူတာနဲ့ တင်ထားတဲ့ ပိုစ့်တွေအားလုံး ပုံတွေအားလုံးလဲ အဲထဲကနေ မြင်နိုင်ပြီး ပြန်လည်ပြုပြင် တည်းဖြတ်နိုင်အောင်လည်း ဆော့ဝဲလ်က ပံ့ပိုးပေးပါတယ်။ အထူးခြားဆုံးက ဓါတ်ပုံကို ဖုန်းကင်မရာနဲ့ ချက်ချင်းရိုက်ပြီး တင်နိုင်တာပဲ ဖြစ်ပါတယ်။ ဒါမှမဟုတ်လည်း ရှိပြီးသားပုံတွေကို Gallery ထဲကနေ ရွေးပြီးတင်နိုင်ပါတယ်။

ဒီဆော့ဝဲလေးကို သုံးဖို့အတွက်တော့ Apple iOS 3.2 နဲ့ အထက် သုံးထားတဲ့ အိုင်ဖုန်း၊ အိုင်ပတ်၊ အိုင်ပေါ့ တွေရှိရပါမယ် ဖြစ်ကြောင်း သတင်းကောင်း ပါးလိုက်ရပါတယ်။

Ref: http://googlemobile.blogspot.com/2011/09/announcing-blogger-app-for-ios.html

ဒါနဲ့ ကျနော်က Android သုံးတဲ့လူပါ။ Android အတွက် Blogger App က ထွက်တာ ဒီနှစ်စကတည်းပါ။ ကျနော် Android ဖုန်းစသုံးတာ မနှစ် ဒီဇင်ဘာကပါ။ ဒါပေမယ့် ကျနော့်ရဲ့ ဖြစ်အင်ကို ကြည့်ပါဦး...
အဟင့်... ရင်နာစရာ မကောင်းဘူးလား... (အောက်က ပုံတွင် ရှုပါ)



ဘာကြောင့်မှန်းလဲတော့ မသိပါဘူး ခင်ဗျာ...

No comments:

Post a Comment