Friday, September 2, 2011

မြန်မာနိုင်ငံ တနိုင်ငံလုံးအနှံ့ တစ်နှစ်အတွင်း GSMလိုင်း ၄သန်း တို့ချဲ့ရန် စတင်ဆောင်ရွက်ပြီ


 (Photo via NLM)
GSM Mobile လိုင်းတိုးချဲ့ရေးအတွက် စာချူပ်ချူပ်နေစဉ် 
 (Photo Via Myanmarisp)
ဟဲလို ဟဲလို ကြားလား ကြားလား

မြန်မာနိုင်ငံတနိုင်ငံလုံးအနှံ့  ၅နှစ်အတွင်း GSMလိုင်း သန်း ၃၀တိုးချဲ့ရေး စီမံကိန်းအရ ပထမနှစ်အတွင်း လိုင်း ၄သန်း စတင်တိုးချဲ့ရန်အတွက်  သြဂုတ်လ ၂၆ရက်နေ့က မြန်မာ့ဆက်သွယ်ရေးနဲ့ ပြည်တွင်းကုမ္ပဏီ ၁၁ခု လက်မှတ်ရေးထိုးခဲ့တယ်လို့ GSMလိုင်း တိုးချဲ့ရေး စီမံကိန်း မန်နေဂျာ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အထွေထွေမန်နေဂျာ ဦးသိန်းဦးက ပြောကြားကြောင်း သြဂုတ် ၃၁ရက်နေ့ထုတ် မြန်မာ့အလင်းနဲ့ ကြေးမုံသတင်းစာတို့မှာ ဖော်ပြထားပါတယ်။ အဲဒီ ငါးနှစ်စီမံကိန်းအတွင်း ပထမနှစ်မှာ လိုင်း ၄သန်း၊ ဒုတိယနှစ်မှာ လိုင်း ၅သန်း၊ တတိယနှစ်မှာ လိုင်း ၆သန်း၊ စတုတ္ထနှစ်မှာ လိုင်း ၇သန်း၊ နောက်ဆုံးနှစ်မှာ လိုင်း ၈သန်း တို့ချဲ့ဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။ တိုးချဲ့လုပ်ငန်းတွေကို ဇူလိုင်လ ၂၇ရက်နေ့ ကတည်းက စတင်ခဲ့ပြီး ပထမနှစ် စီမံကိန်းအရ တိုးချဲ့လုပ်ငန်း စတင်တဲ့ နေ့ကစပြီး တစ်နှစ်အတွင်း 

နေပြည်တော် ၂၀၄၃၆၅လိုင်း
ကချင်ပြည်နယ် ၅၂၃၀၇လိုင်း
ကယားပြည်နယ် ၈၃၇၄လိုင်း
ကရင်ပြည်နယ် ၇၄၃၅၂လိုင်း
ချင်းပြည်နယ် ၁၂၃၂၀လိုင်း
စစ်ကိုင်းတိုင်း ဒေသကြီး ၄၀၀၈၄၂လိုင်း
တနင်္သာရီတိုင်း ဒေသကြီး ၈၆၀၁၉လိုင်း
ပဲခူးတိုင်း ဒေသကြီး ၃၉၀၁၂၉လိုင်း
မကွေးတိုင်း ဒေသကြီး ၄၀၃၂၄၀လိုင်း
မန္တလေးတိုင်း ဒေသကြီး ၅၅၅၅၈၀လိုင်း
မွန်ပြည်နယ် ၂၀၃၄၀၅လိုင်း
ရခိုင်ပြည်နယ် ၁၄၂၅၇၂လိုင်း
ရန်ကုန်တိုင်း ဒေသကြီး ၇၉၇၇၆၆လိုင်း
ရှမ်းပြည်နယ် ၁၇၃၉၂၉လိုင်း
ဧရာဝတီတိုင်း ဒေသကြီး ၄၉၄၇၂၉လိုင်း

စုစုပေါင်း ၄၀၀၀၁၀၉လိုင်း တပ်ဆင်သွားပေးမည့်အပြင် CDMA 800 နှင့် 450 လိုင်းများကိုလည်း ပထမနှစ်မှာ လိုင်း ၁သိန်းစီ တပ်ဆင်သွားပေးပြီး ငါးနှစ်အတွင်း လိုင်းပေါင်း ၁၈၇၀၀၀စီ တပ်ဆင်သွားပေမယ်လို့ အဆိုပါ သတင်းမှာ ဖော်ပြထားပါတယ်။ လိုင်းတွေကို ဈေးနှုန်းသက်သာစွာနဲ့ တပ်ဆင်သွားပေးမှာ ဖြစ်ပြီး ဈေးနှုန်း အတိအကျကိုတော့ မသိရသေးပါဘူးတဲ့….

ပြည်နယ်နဲ့ တိုင်းဒေသကြီး လိုင်းတွေကို ပေါင်းလိုက်တော့ စုစုပေါင်းလိုင်းကို မပြည့်ဘူးဗျ။ ၁၈၀လိုနေတယ်။ နှစ်ခါလောက် ပေါင်းကြည့်ပါတယ် (အရေအတွက်ပေါင်းက မှန်နေရင်တော့ ပေါင်းစမ်းကြည့်တဲ့ ကျနော့်အမှားပါ)။ ထားပါတော့ သတင်းစာထဲကအတိုင်းပဲ ဖော်ပြထားလိုက်တယ်။ အင်ဖိုမော်ရှင်း အနေနဲ့ပေါ့ဗျာ……….. ဖြစ်လာဖို့တော့ မျှော်လင့်ရတာပဲ…

No comments:

Post a Comment