Friday, September 16, 2011

မှတ်သားစရာ ထူးခြားဆန်းပြား ကြောက်တတ်တဲ့ ရောဂါများ (Phobias)

Soceraphobia - Fear in Parent-in-Laws

ယောက္ခမကိုကြောက်တဲ့ရောဂါပါတဲ့... ဒါပေမယ့် အချို့နေရာတွေမှာတော့... ယောက္ခမအပါအ၀င် ဘယ် in-laws ကိုမဆို ကြောက်တတ်တဲ့ရောဂါလို့လဲ ပြောတတ်ကြပါတယ်။
ဒီရောဂါနဲ့ ရုပ်ရှင်ဇတ်ကားတောင် ရှိပါတယ်။ ဇတ်ကားနာမည်က Conquering Soceraphobia ပါတဲ့
၂၀၀၇မှာ ထွက်ထားတဲ့ ဇတ်ကားဖြစ်ပါတယ်။

Novercaphobia - Fear of step-mother

ဒါကတော့ အပေါ်ကနဲ့ ခပ်ဆင်ဆင်ပဲ... မိထွေးကိုကြောက်တဲ့ရောဂါတဲ့... အင်း မိထွေးကတော့ လူတော်တော် များများ ကြုံနေရတဲ့ အကြောက်ရောဂါတမျိုးပါပဲ။ မိထွေးတော် ဂေါတမီတို့လို မိထွေးမျိုးဆိုရင်တောင်လဲ ကြောက်နေဦးမှာပဲလို့ ထင်ပါတယ်။ ဒါပေမယ့် သိပ်စိတ်ပူစရာ မလိုတော့ဘူး.. ဒီရောဂါကုပေးတဲ့ဟာ တွေ့ထားတယ်။ ဒီမှာသွားကြည့်လိုက် ကြော်ငြာထားအတိုင်းဆို သေချာကို ရေလည်ကုပေးမယ့် ပုံပဲ...

Didaskaleinophobia - Fear of going to school

ကျနော်တောင် ငယ်ငယ်ဘ၀ပြန်သွားပြီး ဒီရောဂါမျိုးကူး ယူချင်လိုက်တာ... ကျောင်းသွားရမှာ ကြောက်တဲ့ရောဂါဆိုပဲ... ကျောင်းသွားရပြီးဆို ရောဂါထပြီး ဒန် ဒန့် ဒန်... ဒီရောဂါကိုလည်း အပေါ်ကပြောထားတဲ့ နေရာမှာ ကုပေးတာရှိတယ်...

Hippopotomonstrosesquipedaliophobia - Fear of long words

ဘာပြောရမှန်းတောင်မသိဘူး... ဒီရောဂါကို တမင်နောက်ပြီး ဒီလိုပေးထားသလား အောက်မေ့ရတယ်။ စာလုံး အရှည်တွေကြောက်တတ်တဲ့ရောဂါတဲ့... ဒါပေမယ့် ရောဂါနာမည်ကိုက အင်မတန် ရှည်နေတယ်။ ရောဂါနာမည် လူနာကိုသွားပြောလို့ကတော့ သေပြီသာမှတ်.... အဲ ဒီရောဂါ ကိုယ့်မှာ ဖြစ်နေပြီးဆိုရင် ပူစရာမလိုပါဘူး ပျောက်ကင်းအောင် ကုသဖို့ ဒီမှာ အကြံညဏ်တွေ ရယူနိုင်ပါတတယ်။

Paraskavedekatriaphobia - Fear of Friday the 13th

ဒါကတော့ ရှင်းတယ်... ၁၃ သောကြာကို ကြောက်တတ်တဲ့ရောဂါ... အနောက်နိုင်ငံတွေမှာ အများဆုံးတွေ့ရတဲ့ ရောဂါပေါ့... သူတို့က ၁၃ ဂဏန်းဆို ကြောက်တတ်တဲ့ သူများတယ်။ ဥပါဒ်ဒန် ဖြစ်နေကြတာပေါ့.... ဒီဟာရဲ့ အပေါ်ကပြောထားတဲ့ နေရာမှာပဲ သွားကုလို့ရပါတယ်။

ဆက်လက်ဖော်ပြပါဦးမည်။

6 comments:

  1. မိန်းမကြောက်တဲ့ရောဂါတို့ ဘာတို့ရော မရှိဘူးလား အကို :)

    ReplyDelete
  2. အကို AH က မိန်းမကျောက်ရလယ်ပေါ့ ယေ. ... အဟက် အဟက် ....မကြောက်ပါနဲ့ မောင်သန့်က ဇာတ်သိမ်းပိုင်းကျရင် ပြောပြမယ်လဲ့

    ReplyDelete
  3. ယောက်ခမများယောင်လို့တောင်မကြောက်ဘူး
    သူများတို့ကရိုသေမှာ
    ယောက်ခမရိုသေအသက်ရှည်တဲ့ ....ဟီးးးဟီးးး..

    ReplyDelete
  4. မဖြူရေ - ကျွန်တော်က မိန်းမကို "နိုင်"တာပါ ခင်ဗျာ့။ ကျွန်တော့ မိန်းမက ခပ်ပိန်ပိန်ရယ်။ အဲ့ဒီတော့ ချီလည်း ချီ"နိုင်"တယ်၊ ဂျွန်စောလိုမျိုး အွန်စောကို ကုန်းပိုးသလို ကုန်းလည်းပိုး"နိုင်"တယ်။ သုံးသပ်လိုက်ရင် ကျွန်တော် မိန်းမ "နိုင်" ပါတယ်... :)

    ReplyDelete
  5. ဟီးဟီး ကို AH တို့ အကြပ်ခံနေရပါလား... PhyuT တွေ့လား ကို AH က မိန်းမ 'နိုင်' တယ်တဲ့။

    Blackroze တို့ကတော့ ပိုင်တယ်ဗျာ... ရိုသေတာ ပြောပါတယ် :P

    ReplyDelete
  6. တိုးတိုးလေးပြောခဲ့မယ် သိလား AH / phyuT အကြောက်ဆုံးက့  ချစ်တူရရင် တကောင်ကြွက် တမျက်နှာ ဆွေမရှိ မျိုးမရှိ ဦးလေးမရှိ အဒေါ်မရှိ တကိုယ်တည်း အထီးကျန်သမားလေးမဖြစ်မှာပဲ ကြောက်တာ ငှဲငှဲ နာကွ ၁၀၀ ပေးတာ ၁၀၁ ရလယ်

    ReplyDelete