Monday, October 17, 2011

ပြည်တွင်း၌ အသစ်ထွက်ရှိသော စာအုပ်များ - ၇

စာအုပ်အမည် ထီးကလေးနဲ့ မနီ (ကလေးကဗျာများ)
စာရေးဆရာ တင်မိုး
စာအုပ်အမျိုးအစား ကလေးကဗျာ
ထုတ်ဝေသည့် စာအုပ်တိုက် စာအုပ်တိုက်အမည် မသဲကွဲသဖြင့် ဖော်ပြနိုင်ခြင်း မရှိ
ထုတ်ဝေသည့် အကြိမ် -
စာအုပ် အကြောင်းအရာ ၁၉၇၈ခုနှစ် အမျိုးသားစာပေဆုရ ကလေးကဗျာစာအုပ်
ဈေးနှုန်း -
ရက်စွဲ ၁၆-၁၀-၂၀၁၁
ဆရာကြီးတင်မိုးရဲ့ ထီးကလေးနဲ့ မနီ ကဗျာစာအုပ်လေး ပြန်ထွက်လာတာ တွေ့ရလို့ ၀မ်းသာပြီး၊ ဆရာကြီး အခုလက်ရှိ အခြေအနေများကို မမြင်တွေ့သွားတာ တွေးမိပြီး ၀မ်းနည်းသွားပါတယ်။ ဒီစာအုပ်လေး ထွက်ရှိကြောင်းကို တင်ပြရင်း ဆရာကြီးကို သတိရ အောက်မေ့ကြောင်း မှတ်တမ်းတင်အပ်ပါသည်။

စာအုပ်အမည် အဖွဲ့အစည်းဝင်တို့ ရှိရမည့် ဂုဏ်ရည် ၁၇ချက်
စာရေးဆရာ ဒေါက်တာ သိန်းလွင်
စာအုပ်အမျိုးအစား ဘာသာပြန်
ထုတ်ဝေသည့် စာအုပ်တိုက် တူဒေးစာအုပ်တိုက်
ထုတ်ဝေသည့် အကြိမ် -
စာအုပ် အကြောင်းအရာ မူရင်း စာရေးဆရာ John C. maxwell ၏ The 17 essential qualities of a Team Player စာအုပ် ဘာသာပြန်ဆိုမှု
ဈေးနှုန်း -
ရက်စွဲ ၀၅-၁၀-၂၀၁၁


စာအုပ်အမည် အချိန်မီ စေ့စပ်သေချာ မန်နေဂျာ
စာရေးဆရာ ဇော်ဝင်းကြူ (ပျဉ်းမနား)
စာအုပ်အမျိုးအစား ဘာသာပြန်
ထုတ်ဝေသည့် စာအုပ်တိုက် တူဒေးစာအုပ်တိုက်
ထုတ်ဝေသည့် အကြိမ် -
စာအုပ် အကြောင်းအရာ မူရင်း စာရေးဆရာများ ဖြစ်သော Ken Blanchard နှင့် Steve Gottry တို့၏ The On-Time, On-Target Manager စာအုပ် ဘာသာပြန်
ဈေးနှုန်း -
ရက်စွဲ ၀၅-၁၀-၂၀၁၁


စာအုပ်အမည် ဒစ်ဂျစ်တယ်ရုပ်သံ ရိုက်ကူးတည်းဖြတ်မှု လက်စွဲစာအုပ်
စာရေးဆရာ ၀င်းဟိန်း
စာအုပ်အမျိုးအစား နည်းပညာ သုတ
ထုတ်ဝေသည့် စာအုပ်တိုက် မဇ္ဇျှိမစာပေ
ထုတ်ဝေသည့် အကြိမ် -
စာအုပ် အကြောင်းအရာ ဒစ်ဂျစ်တယ်ကင်မရာ၊ ကမ်ကော်ဒါတို့နှင့် ကိုယ်တိုင်ရိုက်ကူး မှတ်တမ်းတင်ပြီး စိတ်ကြိုက် ပြန်လည် တည်းဖြတ်နိုင်ဖို့ လမ်းညွှန်
ဈေးနှုန်း -
ရက်စွဲ ၀၅-၁၀-၂၀၁၁


စာအုပ်အမည် မှန်အောင်နှင့် မြန်အောင် ပေါင်းနည်း စိတ်တွက် သင်္ချာ - ၂
စာရေးဆရာ မောင်မြင့်ကြွယ် (B.Sc, B.E, D.M.A)
စာအုပ်အမျိုးအစား သင်္ချာ သုတ
ထုတ်ဝေသည့် စာအုပ်တိုက် မဇ္ဇျှိမစာပေ
ထုတ်ဝေသည့် အကြိမ် -
စာအုပ် အကြောင်းအရာ ဂဏန်းပေါင်းစက်နှိပ်ရန်မလို၊ ပေသီးခေါက်ရန်မလိုဘဲ သင်္ချာပုစ္ဆာများကို ဦးနှောက်စွမ်းအင် သက်သက်ဖြင့် တွက်ချက်နိုင်သည့် သင်္ချာလက်ရေးတို နည်းစနစ်များ အကြောင်း
ဈေးနှုန်း -
ရက်စွဲ ၀၉-၁၀-၂၀၁၁


စာအုပ်အမည် ကမ္ဘာ့နိုင်ငံရေး အပြောင်းအလဲနှင့် ရှုထောင့်စုံ (၁)
စာရေးဆရာ ဦးကိုကိုလှိုင် တည်းဖြတ်သည်။
စာအုပ်အမျိုးအစား ဆွေးနွေးချက် စုစည်းမှု
ထုတ်ဝေသည့် စာအုပ်တိုက် မြ၀တီစာပေတိုက်
ထုတ်ဝေသည့် အကြိမ် -
စာအုပ် အကြောင်းအရာ ၂၀၀၈ သြဂုတ်မှစ၍ MRTV 4 တွင် အပတ်စဉ် ထုတ်လွှင့်ပေးလျှက် ရှိသော Global Panorama အစီအစဉ်၌ ဦးကိုကိုလှိုင်နှင့် ဦးမျိုးမြတ်သူ တို့၏ဆွေးနွေးချက်များ စုစည်းထုတ်ဝေးမှု
ဈေးနှုန်း -
ရက်စွဲ ၀၉-၁၀-၂၀၁၁


စာအုပ်အမည် ဓည၀တီ အလွမ်း
စာရေးဆရာ သန်းဆွေသစ်
စာအုပ်အမျိုးအစား သမိုင်း
ထုတ်ဝေသည့် စာအုပ်တိုက် မိုးကျော်စာပေ
ထုတ်ဝေသည့် အကြိမ် -
စာအုပ် အကြောင်းအရာ ကမ္ဘာပေါ်မှာ တစ်ဆူတည်းရှိသော မြတ်စွားဘုရားကိုယ်တော်တိုင် ရင်ငွေ့တော်ပေး၍ ဗျာဒိတ်ပေးကာ သွန်းလုပ်တော်မူခဲ့သော မဟာမုနိ စက်ရုပ်ရှင်တော်မြတ် သွန်းလုပ်တော်မူပုံနှင့် မာရယုမင်း ဓည၀တီကို တည်ထောင်တော်မူခြင်း အကြောင်း
ဈေးနှုန်း -
ရက်စွဲ ၀၉-၁၀-၂၀၁၁


စာအုပ်အမည် မြန်မာ့ရိုးရာ ဇတ်ညွှန်း အနုပညာနှင့် သဘင်လုပ်ငန်း အခေါ်အဝေါ်များ
စာရေးဆရာ မအေးချမ်း (မြန်မာစာ)
စာအုပ်အမျိုးအစား မြန်မာ့ရိုးရာ ယဉ်ကျေးမှုနှင့် အနုပညာဆိုင်ရာ စာပေဘာသာရပ် ပထမဆုရ
ထုတ်ဝေသည့် စာအုပ်တိုက် စာပေဗိမာန် စာအုပ်အသင်း
ထုတ်ဝေသည့် အကြိမ် -
စာအုပ် အကြောင်းအရာ စာပေဗိမာန် စာအုပ်အသင်း၏ ၇၆အုပ်မြောက် စာအုပ်၊ စာပေဗိမာန် စာအုပ် အသင်းဝင်များသို့ ဖြန့်ချီ၊
ဈေးနှုန်း -
ရက်စွဲ ၀၉-၁၀-၂၀၁၁


စာအုပ်အမည် သေနင်္ဂဗျူဟာ စစ်အတတ်ပညာ
စာရေးဆရာ ချစ်နိုင် (စိတ်ပညာ)
စာအုပ်အမျိုးအစား ဘာသာပြန်
ထုတ်ဝေသည့် စာအုပ်တိုက် နိုင်စာပေ
ထုတ်ဝေသည့် အကြိမ် တတိယအကြိမ်
စာအုပ် အကြောင်းအရာ Sun Tzu's "The Art Of War" (Chinese Military Classic) စာအုပ် ဘာသာပြန်ဆိုမှု
ဈေးနှုန်း -
ရက်စွဲ ၁၁-၁၀-၂၀၁၁


စာအုပ်အမည် ခေါင်းဆောင်ဟောင်းများမှ ခေါင်းဆောင်လောင်းများသို့
စာရေးဆရာ မောင်ကြည်သန့်
စာအုပ်အမျိုးအစား ဘာသာပြန်
ထုတ်ဝေသည့် စာအုပ်တိုက် စာပေလောက စာအုပ်တိုက်
ထုတ်ဝေသည့် အကြိမ် -
စာအုပ် အကြောင်းအရာ ကမ္ဘာ့သြဇာအလွှမ်းဆုံးသော အမေရိကန် သမ္မတကြီးများ၊ ရုရှား သမ္မတကြီးများ၊ စင်ကာပူ ၀န်ကြီးချူပ်၊ မလေးရှား ၀န်ကြီးချူပ်၊ ထိုင်းဘုရင်မင်းမြတ်၊ ဂျော်ဒန် ဘုရင်မင်းမြတ်၊ ဘုန်းတော်ကြီး ဒလိုင်းလားမား၊ ဆိုဗီယက် သမ္မတ၊ ကိုရီးယား သမ္မတနှင့် ကမ္ဘာ့ကုမ္ပဏီကြီးများ၏ စီအီးအိုများ၊ စွန့်ဦးတီထွင်သူများ စသည့် ကမ္ဘာကြီးကို ကိုင်လှုပ်စေခဲ့သော ကမ္ဘာ့သြဇာအလွှမ်းဆုံးသော ပုဂ္ဂိုလ်ကြီးများထံမှ နက်ဖြန်ခေါင်းဆောင်များ အတွက် ပုဂ္ဂိုလ်ရေး အကြံပြုချက်များနှင့် ကမ္ဘာတွင် အရေးပါလှသော ပုဂ္ဂိုလ်ကျော် ၈၀၏ ပေးစာများ
ဈေးနှုန်း -
ရက်စွဲ ၁၁-၁၀-၂၀၁၁


စာအုပ်အမည် အနန္တစကြာဝဠာ
စာရေးဆရာ သိပ္ပံမှုးတင်
စာအုပ်အမျိုးအစား ဘာသာပြန် သိပ္ပံ
ထုတ်ဝေသည့် စာအုပ်တိုက် နန်းဒေ၀ီစာပေ
ထုတ်ဝေသည့် အကြိမ် -
စာအုပ် အကြောင်းအရာ ဘာသာပြန် အာကာသအချက်အလက် ၁၀၀၀ ၊ သိပ္ပံပညာရှင်များ၏ ရှာဖွေတွေ့ရှိချက်များ
ဈေးနှုန်း ၂၀၀၀ကျပ်
ရက်စွဲ ၁၁-၁၀-၂၀၁၁


စာအုပ်အမည် Pivot Table Excel စာအုပ်
စာရေးဆရာ Mr Excel
စာအုပ်အမျိုးအစား နည်းပညာ လမ်းညွှန်
ထုတ်ဝေသည့် စာအုပ်တိုက် မဇ္ဇျိမစာပေ
ထုတ်ဝေသည့် အကြိမ် -
စာအုပ် အကြောင်းအရာ Excel Pivot Table အသုံးပြုပုံ Excel 2003 နှင့် 2007 တွင်အသုံးချနိုင်
ဈေးနှုန်း
ရက်စွဲ ၁၃-၁၀-၂၀၁၁


စာအုပ်အမည် ဘဲငါးရာတောင်ပေါ်က ရတနာသိုက်
စာရေးဆရာ -
စာအုပ်အမျိုးအစား ရာဇ၀င်အခြေခံ ၀တ္ထု
ထုတ်ဝေသည့် စာအုပ်တိုက် မိုးကျော်စာပေ
ထုတ်ဝေသည့် အကြိမ် -
စာအုပ် အကြောင်းအရာ သက်တိုင်းရင်းသားတို့၏ မထင်မရှားပျောက်ကွယ်နေသော ရာဇ၀င်တစ်ပိုင်းတစ်စကို အကြောင်းပြု၍ ဖြစ်ပေါ်လာသော ရှားပါးဝတ္ထုတစ်ပုဒ်
ဈေးနှုန်း
ရက်စွဲ ၁၃-၁၀-၂၀၁၁


စာအုပ်အမည် နိုင်ငံ့ရတနာ ဆုံးမစာများ
စာရေးဆရာ ဇဗ္ဗူရတနာမြတ်မဂ်လာအဖွဲ့၏ ပဓာနနာယကဆရာတော် အရှင်သြဘာသ
စာအုပ်အမျိုးအစား ဘာသာရေး၊ လောကနီတိ၊ ဆုံးမစာ
ထုတ်ဝေသည့် စာအုပ်တိုက် ဦးချိုအေး ထုတ်ဝေ၊ ဇဗ္ဗူရတနာမြတ်မဂ်လာအဖွဲ့(ဖုန်း - ၀၉၅၉၇၇၇၇၊ ၂၅၂၇၇၇ တို့ ဆက်သွယ် ၀ယ်ယူနိုင်)
ထုတ်ဝေသည့် အကြိမ် -
စာအုပ် အကြောင်းအရာ မြန်မာ့လူ့အဖွဲ့အစည်း၏ ယဉ်ကျေးသော လူနေမှုပုံစံများ၊ လူအချင်းချင်း တစ်ဦးနှင့်တစ်ဦး စုရုံးပေါင်းသင်နေထိုင် ဆက်ဆံရာတွင် သိသင့်သိထိုက်သော ကိစ္စများ၊ ပြည်သူ့နီတိ၊ လောကနီတိတို့အပြင် ရှေးပညာရှိကြီးများ၏ မှတ်သားဖွယ်ရာ ဆုံးမစာများ စုစည်းမှု
ဈေးနှုန်း ၄၀၀ ကျပ်
ရက်စွဲ ၁၃-၁၀-၂၀၁၁


စာအုပ်အမည် စာပေစာနယ်ဇင်းဘ၀ ကြုံရသမျှ
စာရေးဆရာ တက္ကသိုလ်မြတ်သူ
စာအုပ်အမျိုးအစား ဆောင်းပါး အတွေ့အကြုံ
ထုတ်ဝေသည့် စာအုပ်တိုက် စာပေဗိမာန် စာအုပ်
ထုတ်ဝေသည့် အကြိမ် -
စာအုပ် အကြောင်းအရာ စာရေးသူ၏ စာပေသမားဘ၀၊ သတင်းသမားဘ၀ ကိုယ်တိုင်ဖြတ်သန်း ကြုံတွေ့ခဲ့ရသည့် အတွေ့အကြုံများကို ဆောင်းပါး ၆၅ပုဒ်ဖြင့် စုစည်းဖော်ပြထား
ဈေးနှုန်း ၁၅၀၀ကျပ်
ရက်စွဲ ၁၅-၁၀-၂၀၁၁


စာအုပ်အမည် A.S.O လား၊ လေးဖက်နာလားနှင့် အခြား ကျန်းမာရေး ဆောင်းပါးများ
စာရေးဆရာ ပါမောက္ခနေ၀င်း (ဆေးပညာ)
စာအုပ်အမျိုးအစား ဆေးပညာ သုတ
ထုတ်ဝေသည့် စာအုပ်တိုက် အာရုဏ်သစ်စာပေ
ထုတ်ဝေသည့် အကြိမ် -
စာအုပ် အကြောင်းအရာ ပါမောက္ခနေ၀င်း (ဆေးပညာ)၏ တတိယမြောက် စာအုပ် ကျန်းမာရေးအသိနှင့် ကျန်းမာရေးစနစ် ဆောင်းပါး ၁၉ပုဒ် စုစည်းထားမှု
ဈေးနှုန်း -
ရက်စွဲ ၁၅-၁၀-၂၀၁၁

ပြည်တွင်း၌ ထုတ်ဝေသည့် စာအုပ်သစ်များကို အချက်အလက်များ ရနိုင်သမျှ တတ်နိုင်သမျှ စုစည်း တင်ပြထားခြင်း ဖြစ်ပါသည်။ ရက်စွဲများမှာ စာအုပ်ကြော်ငြာသည့် ရက်စွဲများ ဖြစ်သည်။ စာအုပ်အမျိုးအစားမှာ မိမိကိုယ်ပိုင် သတ်မှတ်ချက် ဖြစ်ပြီး လွဲမှားနိုင်ပါသည်။

No comments:

Post a Comment