Wednesday, November 2, 2011

ဗိုက်နာနေစဉ် ကားမောင်းလိုင်စင် အောင်အောင်ဖြေ ပြီးပြီးချင်း ဆေးရုံကိုကားမောင်းကာ ကလေးမွေးဖွားခဲ့သူ

အမေရိကန် ပြည်ထောင်စု၊ လစ်ပင်းစတန်၊ အနောက် လိုသီရန်မှာနေတဲ့ အသက် ၂၀အရွယ် အမ်မာဖရန့်စ်(Emma French) ဆိုတဲ့ ကောင်မလေး တစ်ယောက် မတ်လတုန်းက သူမ ပထမဆုံး ကားမောင်လိုင်စင် ဖြေတဲ့အချိန်မှာ မအောင်ခဲ့တာ့ အခုတစ်ခါ သြဂုတ်လ ၃၀ မနက် ၈နာရီ ၄၀မှာ ထပ်ဖြေဖို့ ချိန်းထားတဲ့အချိန် သွားတဲ့ အခါမှာ သူမဟာ မကြာမီ ကလေးမွေးဖွားရတော့မဲ့ အခြေအနေမှာ ရောက်ရှိနေပါတယ်။ အဲဒီနေ့ မနက် ၄နာရီမှာလောက်ကတည်းက သူမနိုးလာချိန်မှာ ရေမွှာအိတ်ပေါက်သွားပြီးဆိုတာကိုလည်း သူမသတိထားမိပါတယ်။ ဒါပေမယ့်  သူမရဲ့ ကားမောင်းကျွမ်းကျင်မှု စစ်ဆေးသူကို သူမကို အခုတစ်ခေါက် မဖြေခိုင်းမှာစိုးလို့ ဒါတွေကို မပြောဘဲ ဇွဲကောင်းကောင်းနဲ့ ဖြေလိုက်တဲ့ အချိန်မှာတော့ ကားမောင်းကျွမ်းကျင်မှုစစ်ဆေးတာ အောင်မြင်သွားပြီး လိုင်စင်ပါ တခါတည်း ရသွားပါတယ်။

လိုင်စင်ရရခြင်းမှာပဲ သူမဟာ ဆေးရုံကို တခါတည်း ကိုယ်တိုင်ကားမောင်းကာ ပြေးရပါတော့တယ်။ အဲဒီနောက် ည ၇နာရီခွဲမှာတော့ သူမရဲ့သမီးလေး Eva MacFarlane သဘာဝအတိုင်းပဲ အောင်မြင်စွာ မွေးဖွားနိုင်ခဲ့ပါတယ်။ သူမကလေးမွေးတဲ့ ဆေးရုံကနပ်စ်တွေက သူမကလေးမွေးဖွားတဲ့အတွက်ရော ကားမောင်းလိုင်စင်ရတဲ့အတွက်ရော ဂုဏ်ပြုကတ်လေးတွ လူတွေက ပို့နေကြလို့ နားမလည်နိုင်အောင် ဖြစ်နေကြစဉ်... အမ်မာက ဖြစ်ကြောင်းကုန်စင်ကို ပြောပြလိုက်တော့ နပ်စ်မတွေ အံ့သြတုန်လှုပ်ကုန်ကြပါတယ်။

လူတိုင်းက ကျမကို လိုင်စင်သွားဖြေမဲ့အစား ဆေးရုံကိုပဲ သွားဖို့တွန်းအားပေးခဲ့ကြပါတယ်။ ဒါပေမယ့် လိုင်စင် နောက်တစ်ခါပြန်ဖြေဖို့ကို စောင့်ခဲ့ရတာကြပါပြီး၊ ဒါအတွက်နဲ့ လိုင်စင်ဖြေတာကို မပျက်ချင်လို့ မဖြစ်ဖြစ်အောင် လုပ်ဖို့ ဆုံးဖြတ်ခဲ့တာပါ။ ကျွမ်းကျင်မှုစစ်ဆေးသူကိုလည် ကျမ အခြေအနေကို မပြောရဲပါဘူး၊ ပြောလိုက်မှ သူက ဖြေခွင့် မပေးမှာ စိုးလို့ပါပဲ... ကျမမှာ ဒီလိုအကျင့်ရှိပါတယ် လုပ်မယ်လို့ ဆုံးဖြတ်ပြီးသားကို တော်ရုံနဲ့ မရပ်ပစ်တတ်ပါဘူး။ လူတိုင်းက ကျမကို ရူးနေတယ်လို့ ထင်ချင်ထင်မှာပါ။ တကယ်တမ်း အရာအားလုံးက မျှော်လင့်ထားတဲ့အတိုင်း ဖြစ်သွားတာပါပဲ...လို့ အမ်မာက ပြောပါတယ်။

သူမကိုတားခဲ့ကြတဲ့အထဲ သူမ ရည်းစားနဲ့ သူမရဲ့ အကိုတို့လည်းပါဝင်ပြီး ၄၅မိနစ်ကြာမယ့် စစ်ဆေးမှုကို ဖျက်လိုက်ဖို့နဲ့ ဆေးရုံကိုသာသွားဖို့ကို ခေါင်းမာတဲ့ အမ်မာကို တွန်းအားပေးခဲ့ကြ ပါသေးတယ်။

သူမလိုင်စင်ရရခြင်း သူမအဘိုးအဘွားအိမ်ကို သူမလိုင်စင်ရပြီးဖြစ်ကြောင်းနဲ့ မွေးခါနီးအခြေအနေမှာ ရှိနေကြောင်း သတင်းပို့ခဲ့သေးပြီး၊ လိုင်စင်အသစ်စက်စက်လေးကို အသုံးပြုကာ ဆေးရုံကို ကိုယ်တိုင် ကားမောင်းသွားခြင်းဖြစ်ပါတယ်။

(Emma French and Daughter Eva, Photo Via )

အမေတစ်ယောက်ဖြစ်ရတာ ကျမဂုဏ်ယူရဆုံးထဲမှာပါပါတယ်။ အမေတစ်ယောက်လုပ်ရတာ ကမ္ဘာပေါ်အကောင်းဆုံး အလုပ်ပါပဲ... အခုလို ပြောင်မြောက်တဲ့ စွန့်စားခန်းအကြောင်းကို သမီးလေးကြီးလာတဲ့အချိန်မှာ ပြောပြဖို့ ကျမတကယ် မစောင့်နိုင်တော့ပါဘူး... ပြီးတော့ မြေးတွေကိုရောပေါ့... အခုလို စစ်ဆေးမှုဖြေတဲ့နေ့မျိုးမှာ မွေးခါနီးဗိုက်နာနေတာ တစ်ခုတော့ ကောင်းတယ်.. ဘာလို့ဆိုတော့ ဗိုက်ကနာနေတော့ ဖြေခါနီး စိတ်လှုပ်ရှားတာကို တခါတည်း သတ်ပြီးသား ဖြစ်သွားလို့ပါပဲ လို့... အမ်မာ ဆက်ပြောကြောင်း... ဇွဲကောင်း၊ ခေါင်းမာပြီး၊ လုပ်ချင်ရာ လုပ်လိုက်ရလို့ ကျေနပ်သွားတဲ့ ထူးခြားတဲ့ အမ်မာဖရန့်စ်ရဲ့ အကြောင်းလေးကို တင်ပြလိုက်ရပါတယ်ခင်ဗျာ။

News Source:
http://www.mirror.co.uk/news/top-stories/2011/11/01/mum-passed-driving-test-while-in-labour-then-drove-herself-to-hospital-to-give-birth-115875-23528848/

4 comments:

  1. သူတို့နိုင်ငံမှာတော့ ဟုတ်မှာပေါ့နော် ကိုမောင်သန့်.... ကျွန်တော်တို့ဆီမှာ ဆိုရင်တော့ ကလေး နာမည်ပေး ကင်ပွန်းတွေ ပါတွေ တပ်ပြီးလောက်တော့မှ လိုင်စင်ရမယ့် သဘောရှိတယ် :)

    ReplyDelete
  2.ှQt တို့ကတော့ ၁၀ တန်း စာမေးပွဲဖြေချိန်လေးတောင် လက်ညိုးလေးထောင်ပြီး ချာမ အကျင် ထဏ ကျောပြီး ထွက်တာ တုံးခါ :D

    ReplyDelete
  3. အော်..ဒါလည်းဇွဲကောင်းခြင်းတမျိုးဘဲပေါ့ကွယ်..

    ReplyDelete
  4. အခုတော့ ကောင်းတယ်ပြောရမှာပေါ့လေ... တကယ်ဆိုရင်တော့ မလုပ်သင့်ဘူး.. အသက် ၂ ချောင်းရယ်....း))

    ခင်မင်လျက်
    နေ၀သန်

    ReplyDelete