Thursday, December 8, 2011

ဒေါ်လာနှစ်ထောင်တန် ထီပေါက်ဖို့ ခွေးချေးကောက်ကြစို့

ထိုင်ဝမ်နိုင်ငံ မြောက်ပိုင်းက တာဝန်ရှိသူတွေဟာ လမ်းတွေသန့်ရှင်းဖို့အတွက် ဆန်းသစ်တဲ့ စိတ်ကူးတစ်ခုကို တီထွင်လိုက်ပါတယ်။ အဲဒါကတော့ မြို့တော်တခွင် ခွေးချေးတွေ ကောက်ပြီး အထုပ်နဲ့ထုပ်ကာ လာရောက်အပ်နှံတဲ့သူတိုင်းကို တန်ဖိုးကြီး ဆုချီးမြှင့်မယ့် ကံစမ်းမဲ ထီလက်မှတ်တွေ ပြန်လည်ပေးအပ်ခြင်း ဖြစ်ပါတယ်။

ဒီစိတ်ကူးလေးဟာ လက်ရှိ အင်မတန်မှ အောင်မြင်နေပြီး သြဂုတ်လ အစောပိုင်းကတည်းက ဒီအစီအစဉ်ကို စတင်ခဲ့ရာမှာ လူပေါင်း ၄၀၀၀ခန့်က ပါဝင်ဖို့ စာရင်းပေးထားပြီး ခွေးချေးအိတ်ပေါင်း ၁၄၀၀၀ခန့် စုဆောင်းမိနေပြီးလို့ ဆိုပါတယ်။

'ဒီအစီအစဉ်ရဲ့ အောင်မြင်မှုရလဒ်က မျှော်လင့်ထားတဲ့တာထက် ပိုပါတယ်' လို့ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆိုင်ရာ အရာရှိ Lai Lien-chueh က AFP သတင်းဌါနကို ပြောပါတယ်။

ဒီအစီအစဉ်မှာ ပါဝင်သူတိုင်းကို ခွေးချေးအထုပ်တစ်ထုပ်လာအပ်နှံတိုင်း ထီလက်မှတ်တွေ တစ်စောင်စီပေးနေပြီး အမြင့်ဆုံးဆုကတော့ အမေရိကန်ဒေါ်လာ နှစ်ထောင်တန် (ထိုင်ဝမ် ဒေါ်လာ ၆သောင်း)တန်ရှိတဲ့ ရွှေတစ်တုံးတစ်တုံး ပေးမှာ ဖြစ်ပါတယ်။

ကဲ စိတ်ဝင်စားသူတိုင် ထိုင်ဝမ်သွားပြီး ခွေးချေးကောက်နိုင်ပါတယ်။ :P

News source:
http://news.xin.msn.com/en/weird/article.aspx?cp-documentid=5631122

(မောင်သန့် တစ်ယောက် ၃ပတ်လောက် ဘလော့ပေါ်ကနေ ပျောက်နေတာ စားမေးပွဲ ဖြေနေလို့ပါ ခင်ဗျာ၊ မနေ့ကပဲ စာမေးပွဲပြီးလို့ အခု စာတွေ ပြန်ရေးပါတော့မယ်။ လာရောက်အားပေးတဲ့ သူတိုင်းကို အထူးပဲ ကျေးဇူးတင်ပါတယ် ခင်ဗျ၊ မကြာမှီ မျက်စိနောက်လောက်အောင် စာတွေ တင်ပါတော့မယ် :P)

4 comments:

  1. အော်......အဲ့သာကြောင့် ဆြာသန့်တစ်ယောက်ငြိမ်ချက်သားကောင်းနေတာကိုး၊
    တိပါဘူးဗျာ...၊ထိုင်ဝမ်များသွားနေသလားလို့.......:D

    ReplyDelete
  2. စာမေးပွဲပြီးသွားတာနဲ့ အတော်ပဲ ကျွန်တော် မနက်ဖြန် စင်ကာပူ ရောက်မယ် ကိုမောင်သန့်ရေ... :)

    ReplyDelete
  3. ဟ တကယ်ကြီးလားဗျ... ကျနော် ဖုန်းနံပါတ် ဖဘမှာ မတ်စိ ပို့ထားမယ်။ ဆက်ဆက်တွေ့ရအောင်...

    ReplyDelete
  4. နှစ်ကယ်ကြီးပါခင်ဗျာ.. တွေ့ကြမယ်လေ... ခုထဲက Cheers! ကြိုလုပ်ထားပြီ။ ဟဲ ဟဲ ဟဲ

    ReplyDelete