Friday, December 16, 2011

ဒါတွေကို သင်သိရဲ့လား - ၇

- အမေရိကန်ပြည်ထောင်စု၊ ပန်ဆယ်ပေးနီးယားပြည်နယ်မှာ Intercourse လို့ အမည်ရတဲ့ မြို့တစ်မြို့ရှိတယ်။ (Map) (Definition of "Intercourse")

- လပ်စ်ဗီးဂတ်စ် ကာဆာနိုနဲ့ ကာဆီနို တော်တော်များများမှာ မတွေ့ရတဲ့ အရာနှစ်ခုက ပြတင်းပေါက်တွေနဲ့ နာရီတွေပါ။ ကစားနေတဲ့သူကို အချိန်တွေ ကုန်မှန်းမသိအောင် လုပ်ထားတာလို့ ဆိုပါတယ်။ (Explanation Source)

- Los Angeles's မြို့ရဲ့ တကယ့် နာမည်အရင်းဟာ "El Pueblo de Nuestra Senora la Reina de los Angeles de Porciuncula" ဖြစ်ပါတယ်တဲ့။ (Source)

- ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်းက Kampang ဆိုတဲ့ ကျောင်းလေးဟာ လိင်ပြောင်းထားသူတွေအတွက် ကမ္ဘာပေါ်မှာ ပထမဆုံး သီးသန့်အိမ်သာ ပြုလုပ်ထားပေးတဲ့ ကျောင်းဖြစ်ပါတယ် (Source)

- မိန်းကလေးတွေရဲ့ အင်္ကျီကြယ်သီးဟာ အမြဲတမ်း ဘယ်ဘက်မှာရှိပြီး၊ ယောက်ျားလေးတွေရဲ့ အင်္ကျီကြယ်သီးကျတော့ ညာဘက်မှာ အမြဲတမ်း ရှိပါတယ်။

ဘာကြောင့်ပါသလဲ?

ဒါကို စာဖတ် ပရိသတ်တွေ အတွက် ပဟေဠိထားခဲ့ ပေးပါတယ်။ ယောက်ျားလေးများ ဒါကို မှန်မမှန် စူးစမ်းချင်ရင် သတိတော့ ထားပါ။ အဝေး သိပ်မမြင်ရသူများ ပါဝါကြီးကြီးတပ်ထားရန် လိုအပ်သည်။ အနီး သွားကြည့်မိရင်တော့ အဟီးးးးးးးးးးးး :D

အဖြေမှန်သူအား ကျွန်တော့်ကို ရေးစေချင်သော ကျွန်တော်ရေးရန် ဖြစ်နိုင်သော စာတစ်ပုဒ်  ရေးပေးခြင်းဖြင့် ဆုချမည်။ (ငါကြင်းဆီနဲ့ ငါကြင်း ပြန်ကြော်တယ်လို့ သဘောမထားနဲ့နော်) ဟီးဟီး

အဖြေများကို အောက်ပါ ကောမက်ဘောက်စ်တွင် ဖြေဆိုပါ။ (၉.၉၉ မှတ်) :D

ဒါတွေကို သင်သိရဲ့လား -၆
ဒါတွေကို သင်သိရဲ့လား -၅
ဒါတွေကို သင်သိရဲ့လား -၎
ဒါတွေကို သင်သိရဲ့လား -၃
ဒါတွေကို သင်သိရဲ့လား -၂
ဒါတွေကို သင်သိရဲ့လား - ၁

7 comments:

  1. အယ် ... ဟုတ်ပ အခုမှ ကြည့်မိတယ် .... မသိဘူး ဗျ .. စိတ်ဝင်စားစရာပဲ နော် ... နောင်တော် အဖြေ ရေတဲ့ နေ့ မှပဲ လာဖတ်တော့မယ် ...

    ReplyDelete
  2. ကိုမောင်သန့်တို့တော့ ခေါင်းစားအောင်လုပ်ပြီ။
    ယောက်ျားလေးတွေရဲ့ အကျီကြယ်သီးကို မိန်းကလေးတပ်ပေးနိုင်အောင် များလား.. မှန်လားဟင်??
    ဗဟုသုတနုံချာတဲ့ ကန်ဒီတယောက်မတိပါဘူးရှန် အဟင့် :(

    ReplyDelete
  3. Women were buttoned by their maids or slaves long time ago coz they put the buttons at the back of the clothes.

    Men button themselves,

    Mg tout

    ReplyDelete
  4. အမှန်အတိုင်းပြောရရင်လုံးဝမသိပါဘူးဗျာ
    တစ်ခါမှလဲမစဉ်းစားခဲ့ပါဘူး
    ဒါကြောင့်အဖြေကိုပဲ စောင့်နေပါ့မယ်ဗျာ

    ReplyDelete
  5. Nobody's certain, but the usual answer given is that men's clothing buttons the left side over the right because that's easier for right-handed people to manage, while women's clothing does the reverse because, in Victorian times, ladies didn't button their own clothes, but had maids to do it. As for the maids, their clothes weren't fancy enough to have buttons.

    An alternative answer is that women nursed on the left side, near their hearts, and reversing the button opening made this easier for them.

    We confess we're more than a little skeptical about these answers, and we're not alone: presents both, and is no more satisfied with them than we are. But they're the best we have to offer.

    (ref : internet) :D

    ReplyDelete
  6. နဂိုကမှ ခေါင်းမှာကြာဆံထွက်ချင်နေပါတယ်ဆိုနေမှ

    ReplyDelete
  7. ကိုအောင်(ပျူနိုင်ငံ)December 17, 2011 at 10:50 PM

    မသိဘူးဗျ၊ အခု လိုက်ဖတ်နေတယ် ...

    ReplyDelete