Wednesday, January 16, 2013

'မာရီယာရှရာဗိုဗာ' တွစ်ပြီ

ဆယ်လစ်ဘရစ်တီ တော်တော်များ အသုံးပြုနေတာ ကြာပြီ ဖြစ်တဲ့ တွစ်တာခေါ် (Twitter) လူမှုကွန်ယက်ဝဘ်ဆိုဒ်ကို ဆယ်လစ်ဘရစ်တီ တစ်ယောက်လို သတ်မှတ်ခံထားရတဲ့ တင်းနစ်မယ်ချောလေး 'ရှရာဗိုဗာ' ဟာ တနေ့ကစတင်ပြီး အသုံးပြုပါပြီ။ လက်ရှိ သြစတေးလျ အိုပင်း တင်းနစ် ပြိုင်ပွဲမှ ၀င်ရောက် ယှဉ်ပြိုင်နေတဲ့ 'ရှရာဗိုဗာ' ဟာ မဲလ်ဘုန်းမြို့ကနေ 'Your ultimate sugarmama has arrived' ဆိုတဲ့ ပထမဆုံး တွစ်လေးနဲ့ ကမ္ဘာတ၀ှမ်းက တွစ်တာ ချစ်သူတွေကို စတင်မိတ်ဆက်လိုက်ပါတယ်။ နှစ်ရက်သာ ကြာသေး သူမရဲ့ တွစ်တာ အကောင့်ကို အခု Follower လုပ်သူပေါင်း ငါးသောင်းကျော်တောင် ရှိနေပါတယ်။

ဖေ့ဘွတ်ကို အသုံးပြုနေတာ ကြာနေပြီဖြစ်တဲ့ 'ရှရာဗိုဗာ' ဟာ ဖေ့ဘွတ်ပေါ်မှာတော့ FANs ပေါင်း သန်းကျော်တောင် ရှိနေပါတယ်။ အဲထဲမှာ ကျနော်လည်း အပါအ၀င်ပေါ့လေ။ လောလောဆယ်တော့ တွစ်တာကို အသုံးပြုလေ့ သိပ်မရှိတာကြောင့် သူမကို Follower လုပ်ဖို့တော့ စိတ်ကူးမရှိသေးပါဘူး။ ဟဲဟဲ နည်းနည်း မာန်တင်ထားဦးမယ်။ ဒါပေမယ့် သူမကို အားပေးကြမယ့် တွစ်တာ အသုံးပြုသူတွေ အတွက်တော့ သူမရဲ့ တွစ်တာ အကောင့်ကို အောက်ပါအတိုင်း ဖော်ပြပေးလိုက်ပါတယ် ခင်ဗျာ။

Maria-Sharapova-Twitter-Account
https://twitter.com/Sharapova_Maria

No comments:

Post a Comment