စာရေးဖို့ ကြိုးစားနေပေမယ့် အကြောင်းမျိုးမျိုးကြောင့် မရေးဖြစ်ပါဘူး...
အဲဒါကြောင့် လောလောဆယ် လက်ရှိ နံပါတ်တစ် ဟော့နေတဲ့ ဗြိတိန်အဆိုတော်မလေး အဒါ(Adele) ရဲ့ Rolling in the deep သီချင်းလေးနဲ့ နှစ်သိမ့်ချင်ပါတယ်။ လက်ရှိ ဒီသီချင်းဟာ ကျနော့်ဖုန်းထဲကို နောက်ဆုံး ရောက်လာတဲ့ သီချင်းလေးပါ။ အခုတော့ ဒီတစ်ပုဒ်ထဲကိုပဲ Repeat လုပ်ပြီး နားထောင် နေမိပါတယ်... အဲလောက်တောင် ကြိုက်လားဆို ကိုယ်တိုင် နားထောင် ခံစားကြည့်ကြည့်ပေါ့... သီချင်းစာသားပါ ထည့်ပေးထားပါတယ်။ နာသောတာဆင်ရင်း ဘ၀ အမောပြေနိုင်ကြပါစေ။
Adele - Rolling In The Deep
There's a fire starting in my heart,
Reaching a fever pitch and it's bring me out the dark.
Finally I can see you crystal clear
Go ahead and sell me out and I'll lay your ship bare.
See how I'll leave, with every piece of you
Don't underestimate the things that I will do.
There's a fire starting in my heart,
Reaching a fever pitch and it's bring me out the dark.
The scars of your love, remind me of us.
They keep me thinking that we almost had it all
The scars of your love, they leave me breathless
I can't help feeling
We could have had it all
Rolling in the deep
You had my heart inside your hand
And you played it
To the beat
Baby I have no story to be told
But I've heard one of you and I'm gonna make your head burn,
Think of me in the depths of your despair
Making a home down there as mine sure won't be shared
The scars of your love, remind you of us.
They keep me thinking that we almost had it all
The scars of your love, they leave me breathless
I can't help feeling
We could have had it all
Rolling in the deep
You had my heart inside your hand
And you played it
To the beat
We could have had it all
Rolling in the deep
You had my heart inside your hand
But you played it
With a beating
Throw your soul threw every open door
Count your blessings to find what you look for
Turn my sorrow into treasured gold
You pay me back in kind and reap just what you sow
We could have had it all
We could have had it all
We could have had it all
Rolling in the deep
You had my heart inside your hand
And you played it to the beat
We could have had it all
Rolling in the deep
You had my heart inside your hand
But you played it,
You played it,
You played it
You played it to the beat
"The true value of a human being is determined primarily by the measure and the sense in which he has attained to liberation from the self" ― Albert Einstein
Wednesday, January 18, 2012
Wednesday, January 11, 2012
တစ်နေ့နေ့ နေ့စဉ်နေ့စဉ်
ဒင်း... ဒေါင်.... ဒင်း... ဒေါင်... ဒင်း ဒေါင်
အဆက်မပြတ်ထွက်ပေါ်လာတဲ့ ဒီအသံကို နေ့စဉ် ကြားရသည်ကာ မထူးဆန်းလှချေတော့... ဒါပေမယ့် ထူးသည်ကာ ဒီအသံမှာ နေ့တစ်နေ့၏အစ မနက်တိုင်းမှာ ပထမဆုံး ကြားရသည့် အသံ ဖြစ်နေသည်။ အသံကြားကြားချင်း လက်ညှိုး တစ်ချောင်းထောင်လိုက်သည် ထို့နောက် အနီးရှိ စားပွဲက ဖန်သားပြင်သေးသေးပေါ်ကို အထက်အောက် ထိုလက်ညှိုးဖြင့် ပွတ်သပ်ချလိုက်သည်.... အခုမှ ကမ္ဘာမြေကြီးမှာ ငြိမ်းချမ်းသွားတော့သည်။ အသံတွေ တိတ်ဆိတ်သွားသည်။ ထို့နောက် ပြတင်းပေါက်မှ ၀င်လာသည့် လေအေးအေးလေးကို တ၀ကြီး ရှုလိုက်သည်။ ထိုအချိန်ထိ မျက်လုံးတွေကို မဖွင့်မိသေး ဆက်ကာမှိန်းနေသည်။ ထိုသို့မှိန်းနေချိန်ကာ ခဏလေးသာ ထင်ရပေမယ့် နာရီလက်တံမှာ ၁၀မိနစ်ခန့် ရွေ့သွားသည်။ ဖူးးးး သက်ပြင်းရှည်ကြီးတစ်ခုချကာ မျက်လုံးကိုဖွင့်လိုက်သည်။ စောင်များကို ဖယ်ကာ ကုတင်ပေါ်ကဆင်းလိုက်သည်။
အခန်းတံခါးဖွင့်ကာ ယိုင်တိယိုင်တိုင်ဖြင့် အိမ်ရှေ့ခန်းကို လျှောက်သွားပြီး တိုင်ကပ်နာရီကို ကြည့်လိုက်သည့်အချိန်မှာ မနက် ၈နာရီ ၁၅ခန့် ရှိနေပြီး .... ဖူးးးးး နောက်တခါ သက်ပြင်းချသည်။ ရေခဲသေတ္တာကို ဖွင့်ကာ ရေတွေခဲနေသည့်ကို ဘူးများကို ထုတ်ကာ မီးဖိုနဘေးမှာ တင်လိုက်သည်။ ညကတည်းက ဆေးထားသည့် ထမင်းအိုးကို ယူကာ ဆန်ထည့်သည်။ ထိုဆန်ကို ဆေးသည်။ ထို့နောက် ထမင်းအိုး တည်လိုက်သည်။ ဂက်စ်မီးဖိုကို ဖွင့်လိုက်သည်။ မီဖိုဘေးက အိုးပြားလေး တစ်အိုးကို ယူကာ မီးဖိုပေါ်တင်လိုက်သည်။ ခုနက ရေခဲနေသည့် ဘူးထဲက ကျက်ပြီးသား အသားတစ်ချို့ကို အိုးပေါ်သို့ ဇွန်းဖြင့် ခြစ်ထုတ်ကလော်ချလိုက်သည်။ ဘူးကိုပြန်ပိတ်ကာ ရေခဲသေတ္တာထဲ ပြန်ထည့်လိုက်သည်။ မျက်လုံးကား မပွင့်တပွင့်.... ထို့နောက် ရေအိမ်ဝင်ကာ လေးထားသမျှ ပေါ့ပါးသွားအောင် အပေါ့အပါးသွားလိုက်သည်။
အဲဒီနောက် ဘေစင်ဘက်သွားကာ သွားတိုက်ဆေးထည့် သွားတိုက် မျက်နှာသစ်လိုက်သည်။ အခုမှ မျက်လုံးတွေ သေချာပွင့်တော့သည်။ လောကကြီးကို ကောင်းကောင်းစမြင်ရသည်။ အသံတွေကောင်းကောင်း ကြားရသည်။ ဒီ့နောက် အိမ်မှာ ဘယ်သူမရှိတော့တာ သတိထားမိသည်။ အိုးပေါ်က ရှဲရှဲ... အသံတွေမြည်နေသည်။ မီးဖိုဘက်သွားကာ ဇွန်းဖြင့် အိုးပေါ်က ဟာတွေကို ဟိုလှန်ဒီလှန်လုပ်လိုက်သည်။ အခန်းထဲပြန်ဝင်ကာ မျက်နှာသုတ်လိုက်သည်။ အခန်းထဲက ပြန်ထွက်ကာ နောက်တစ်ခါ အိုးပေါ်ကဟာတွေကို ဟိုလှန်ဒီလှန် နောက်တခါလုပ်ပြီး မီးပိတ်လိုက်သည်။ အိုဗန်(Oven)လေးတစ်ခုရှိရင် ကောင်းမည်ဟု စိတ်ကူးမိသည်။ ထိုသို့ဆိုလျှင် အခုလို သိပ်လုပ်စရာမလို အိုးလည်း ဆေးရသက်သာသွားမည်။ အခုက ပြီးရင် ထိုအိုးကို ဆေးရဦးမည်။ သို့သော် အိမ်ကကျဉ်းသည်မှာ အိုဗန်ဝယ်ပြီးပင် ထားစရာမရှိ... မယုံရင် ပုံပြင်လို့သာမှတ်ချေ...
ဟင်းတော့ နွှေးပြီးပေမယ့် ထမင်းတော့ မကျက်သေး... ဟင်းက စနေ့ တနဂ်နွေပိတ်ရက်မှ ချက်ထားပြီး ဗူးထဲထည့်ကာ ရေခဲသေတ္တာထဲ ထည့်ထားခြင်းဖြစ်သည်။ အခုလို လုပ်နေရသည်မှာ ရုံးမှာ နေ့လည်စာအတွက် ထမင်းချိုင့်ထည့်ဖို့ ပြင်ဆင်နေတာ ဖြစ်သည်။ တချိန်တည်းမှာ မြန်မာပြည်က အမေပြင်ထားပေးတတ်သည့် နှစ်ဆင့်ချိုင့် ထမင်းဘူးလေးကို တခါတလေ သတိရမိတတ်သည်။ အမြဲတမ်းတော့မဟုတ်... အဲဒီနောက် ပန်းကန်တစ်ချပ်၊ ဇွန်းတစ်ချောင်းယူကာ ပေါင်မုန့်ထည့်သည်။ ရေခဲသေတ္တာထဲက စတော်ဘဲရီ ဂျမ်ဘူးကို ထုတ်သည်။ ရေနွေးအိုး တည်သည်။ ပေါင်မုန့်ကို ဂျမ်သုတ်ကာ ပန်းကန်ထဲထည့်ထားသည်။
အခန်းထဲ ပြန်ဝင်ကာ ရေလဲလုံချည်လဲလိုက်ပြီး ရေချိုးခန်းထဲဝင် ရေချိုးသည်။ ရေချိုးခန်းထဲက ပြန်ထွက်လာသည့် အချိန် ဖူးးးး ဟု သက်ပြင်းချမိပြန်သည်။ လူကပိုကြည်လင်လာလေ အလုပ်သွားရမည် အလုပ်လုပ်ရမည် လုပ်ရမည့် အလုပ်တွေ ခေါင်းထဲရောက်လာပြီး တွေးမိကာ သက်ပြင်းချမိခြင်းဖြစ်သည်။ ထို့နောက် အတိုချုံးပြောရလျှင် အလုပ်သွားဖို့ အ၀တ်အစားလဲ ပြင်ဆင်ဖီးသသည်။ အမြဲတမ်းဆောင်ယူသည့် ဖုန်း၊ ပိုက်ဆံအိတ်၊ အိမ်သော့၊ စာတိုက်ပုံးသော့ စတာတွေကို ဘောင်းဘီအိတ် အရှေ့အနောက် သူ့နေရာသူ ထည့်လိုက်သည်။ ခြေအိတ်ကိုယူကာ အခန်းထဲထွက်လိုက်သည်။ ခြေအိတ်ကို အိမ်တံခါးပေါက်နား ချကာ အထဲပြန်ဝင် လက်ဆေးလိုက်သည်။
ထို့နောက် ကော်ဖီခွက်ကိုယူ ကော်ဖီမစ်ထုတ်ကို ဖောက်ထည့် ခုနက တည်ထားသည့် ရေနွေးအိုးထဲက ရေပူပူကို ထည့်ကာ ကော်ဖီဖျော်လိုက်သည်။ ထို့နောက် ပေါင်မုန့်ပန်းကန်နှင့်အတူ အိမ်ရှေ့ဧည့်ခန်းမှာ နေရာယူကာ တီဗွီကိုဖွင့်သည်။ သတင်းချန်နယ်ကို ပြောင်းဖွင့်လိုက်သည်။ ထို့နောက် ကော်ဖီသောက်ယင်း ပေါင်မုန့်စားယင်း ကမ္ဘာပေါ်က ဖြစ်သမျှအကြောင်း သူနဲ့ဆိုင်သလို ထင်တဲ့ အမေရိကန် သမ္မတလို စုတ်တသပ်သပ်လုပ်လုပ်ရင်း သတင်းတွေကို ကြည့်သည်။ ထိုအချိန်တွင်တော့ နှာခေါင်းမှာ မုန့်ဟင်းခါးအနံ့၊ ကျစိမ့်လက္ဘရည် အနံ့တွေရတတ်သည်။ လက္ဘရည်ဆိုင်ထိုင်ရင်း ဖတ်တတ်သည့် အလဲဗင်းဂျာနယ်ကိုလည်း သတိရတတ်သည်။ စားနေသည့် မုန့်ကော်ဖီကုန်တော့ ကျက်နေပြီ ဖြစ်တဲ့ ထမင်းနဲ့ ခုနင်က နွှေးထားတဲ့ ဟင်းနဲ့ အတူ ထမင်းဘူးထည့်သည်။ ရေဆေးစရာရှိတာဆေး ရေစိမ်စရာရှိတာ စိမ်ထားသည်။ ထို့နောက် ရေအိမ်ထဲဝင်ကာ အပေါ့အပါးသွားသည်။ တခါတလေ အလေးအထူပါ သွားသည်။
အဲဒီနောက် ကျောပိုးအိတ်ထဲ ထမင်းချိုင့်ထည့် အိမ်မှာဖွင့်ထားသမျှ မီးများကို စစ်ဆေးပိတ်ရှုသည်။ ဘုရားရှိခိုးသည်။ စိုက်တုန်းက စိုက်ပြီး စိုက်သည့် ပိုင်ရှင်က ပြန်လှည့်ကြည့်ခြင်း မခံရသည့် ပန်းအိုးလေးကို ရေလောင်းရေဖျန်းပေးသည်။ (အတင်းတုတ်ခံရသည့် အပင်ပိုင်ရှင် မကျေနပ် ပဒတ် :D ) ခြေအိတ်ဝတ်ဖိနပ်ဝတ်ပြီး အခန်းတံခါးသော့ပိတ်လိုက်သည်။ ဖူး သက်ပျင်းချပြန်သည်... ဓါတ်လှေကား ခေါ်လိုက်သည်။ ဓါတ်လှေခါး စောင့်နေရင်း.... ဘောင်းဘီအိတ်ထဲက ဖုန်းကို ထုတ်ကာ နာရီကို ကြည့်လိုက်သည်...
ဆက်လက်ရေးသား ပါဦးမည် :D

Friday, January 6, 2012
စင်ကာပူ ပရိုမိုးရှင်းများ - John Little Mega Expo Sales, Mordern Living Funiture Sales, Flea Market Sales, Crocodile Warehouse Sales, Tefal Warehouse Sales, Branded Warehouse Sales, Disney Baby & Children Apparel Warehouse Sales
Date - 5th to 15th January 2012
Time - 10:30AM to 10PM
Venue - Singapore Expo Hall 4
Venue - Singapore Expo Hall 4
Sales - Retail
Date - 31st December 2011 to 8th January 2012
Time - 12:00PM to 8:00PM
Venue - Singapore Expo Hall 6
Venue - Singapore Expo Hall 6
Sales - Furniture
Date - 6th to 8th January 2012
Time - 12:00AM to 10PM(6th Jan)
Time - 10:00AM to 10PM(7th & 8th Jan)
Venue - Singapore Expo Hall 6B
Venue - Singapore Expo Hall 6B
Sales - Fashion and Lifestyle
Warehouse Sales
Disney Baby & Children Apparel Warehouse Sales
[No Image Available]
Date - 6th to 11th January 2012
Time - 10:00AM to 7:00PM
Venue - BLK 203 Henderson Road #05-10 (Henderson Industrial Park Wing A)

Disclaimer
The contents providing on this post are just
for information sharing purpose only. I am not affiliated with any sales or
promotion companies above. The information could be from unreliable sources, incomplete, inaccurate and changed or altered anytime without notice.
I will not be responsible on any lost or damages happen to you
concerning above information All logos, posters and graphical contents
are copyright of their respective owners and I do not own any of them.
Thursday, January 5, 2012
မျိုးဆက်လေးဆက်တိုင် မွေးနေ့တစ်ရက်တည်းဖြစ်နေတဲ့ မိသားစု
မနေ့က ဇန်န၀ါရီလ ၄ရက်နေ့ဆိုတာ ကျွန်တော်တို့ ချစ်လှစွာတဲ့ မြန်မာနိုင်ငံတော်ကြီးရဲ့ လွတ်လပ်ရေးနေ့ဖြစ်တဲ့အတွက် မြန်မာပြည်သူ ပြည်သားတွေအတွက် ထူးခြားတဲ့နေတစ်နေ့ပါ။
ဒီလိုပဲ ဒီဇန်န၀ါရီလ ၄ရက်နေ့ဟာ အမေရိကန်၊ အိုးဟိုင်းရိုးက မိသားစုတစ်စု အတွက်လည်း ထူးခြားတဲ့ နေ့တစ်နေ့ ဖြစ်နေပါတယ်။
ရစ်ချတ်စတစ်ဖ်(Richard Stiff)ဟာ ဇန်န၀ါရီလ ၄ရက်နေ့က အသက် ၆၅နှစ် ပြည့်ခဲ့ပါတယ်။ ထို့အတူ သူရဲ့သမီး ဂျူလီယာ ဂွန်ညာ(Julia Gonyer) ကလည်း ဇန်န၀ါရီလ ၄ရက်နေ့မှာပဲ အသက် ၃၄ပြည့်ခဲ့ပါတယ်။ ဒါတင်မကသေးပါဘူး ရစ်ချတ်ရဲ့ မြေး၊ ဂျူလီယာရဲ့ သမီးလေး ကော့တနေ(Kourtney)က ဒီဇန်န၀ါရီလ ၄ရက်နေ့မှာ သူမရဲ့ ပထမဆုံး တစ်နှစ်မြောက်မွေးနေ့ကို ဆင်နွှဲခဲ့ပါတယ်။ ဒီမှာတင် ပြီးပြီးလားဆို မဟုတ်သေးပါဘူး ရစ်ချတ်ရဲ့ အဖေ၊ ဂျူလီယာရဲ့ အဖိုး၊ ကော့တနေရဲ့ အဘိုးဟာလဲ ဇန်န၀ါရီလ ၄ရက် ၁၉၂၄မှာ မွေးဖွားခဲ့တဲ့အတွက် သူတို့ မိသားစုဟာ မျိုးဆက် ၄ဆက်ထိ မွေးတစ်ရက်တည်းတိုက်နေတဲ့ ထူးခြားတဲ့ မိသားစု ဖြစ်နေပါတယ်။
ရစ်ချတ်ရဲ့အဖေကတော့ ၂၀၀၀ခုနှစ်ကတည်းက သေဆုံးသွားခဲ့ပါပြီး။ ရစ်ချတ်ကို ၁၉၄၇၊ ဂျူလီယာကို ၁၉၇၈နဲ့ အငယ်လေး ကော့တနေကတော့ မနှစ် ၂၀၁၁ တို့မှာ အသီးသီးမွေးဖွားခဲ့ကြပြီး သူတို့အားလုံး ဒီနေ့ ဒီရက်မွေးစေဆိုပြီး ကြိုတင် တွက်ချက် ကြံရွယ်ထားခြင်းမရှိဘဲ အားလုံး သဘာဝအတိုင်း မွေးဖွားခဲ့ကြတာပါ။ ကော့တနေကို မွေးတုန်းက ဇန်န၀ါရီ ၃ရက်မှာ မွေးမယ်လို့ မှန်းထားပေမယ့် တစ်ရက်နောက်ကျပြီး ၄ရက်နေ့မှ မွေးဖြစ်သွားပြီး ဂျူလီယာကတော့ ဒီဇင်ဘာ ၂၁ရက်နေ့မှာ မွေးမယ်လို့ မှန်းထားပြီးမှ ၂ပတ်နောက်ကျကာ မွေးဖြစ်ခဲ့ခြင်းဖြစ်ပါတယ်။ ဒါတင်မကသေးဘဲ ရစ်ချတ်၊ ဂျူလီယာနဲ့ ကော့တနေတို့ဟာ သူတို့မောင်နှမထဲမှာ အဦးဆုံး မွေးခဲ့သူတွေ ဖြစ်နေပြန်ပါတယ်။
ဒီလို ထူးခြားတိုက်ဆိုင်တဲ့ သူတို့ မိသားစုလေးရဲ့ မွေးနေ့ပွဲလေးကတော့ ရိုးရိုးရှင်းရှင်းပဲ ကိတ်မုန့်တစ်လုံး၊ Happy Birthday သီချင်းတစ်ပုဒ်တည်းနဲ့ပဲ ကျင်းပဖြစ်ခဲ့ကြပါတယ်။
Ref;
http://www.dailymail.co.uk/news/article-2082425/January-4-birthdays-running-Ohio-family-generations.html
ဒီလိုပဲ ဒီဇန်န၀ါရီလ ၄ရက်နေ့ဟာ အမေရိကန်၊ အိုးဟိုင်းရိုးက မိသားစုတစ်စု အတွက်လည်း ထူးခြားတဲ့ နေ့တစ်နေ့ ဖြစ်နေပါတယ်။
(January 4 Birthday Family)
(Photo via)
ရစ်ချတ်ရဲ့အဖေကတော့ ၂၀၀၀ခုနှစ်ကတည်းက သေဆုံးသွားခဲ့ပါပြီး။ ရစ်ချတ်ကို ၁၉၄၇၊ ဂျူလီယာကို ၁၉၇၈နဲ့ အငယ်လေး ကော့တနေကတော့ မနှစ် ၂၀၁၁ တို့မှာ အသီးသီးမွေးဖွားခဲ့ကြပြီး သူတို့အားလုံး ဒီနေ့ ဒီရက်မွေးစေဆိုပြီး ကြိုတင် တွက်ချက် ကြံရွယ်ထားခြင်းမရှိဘဲ အားလုံး သဘာဝအတိုင်း မွေးဖွားခဲ့ကြတာပါ။ ကော့တနေကို မွေးတုန်းက ဇန်န၀ါရီ ၃ရက်မှာ မွေးမယ်လို့ မှန်းထားပေမယ့် တစ်ရက်နောက်ကျပြီး ၄ရက်နေ့မှ မွေးဖြစ်သွားပြီး ဂျူလီယာကတော့ ဒီဇင်ဘာ ၂၁ရက်နေ့မှာ မွေးမယ်လို့ မှန်းထားပြီးမှ ၂ပတ်နောက်ကျကာ မွေးဖြစ်ခဲ့ခြင်းဖြစ်ပါတယ်။ ဒါတင်မကသေးဘဲ ရစ်ချတ်၊ ဂျူလီယာနဲ့ ကော့တနေတို့ဟာ သူတို့မောင်နှမထဲမှာ အဦးဆုံး မွေးခဲ့သူတွေ ဖြစ်နေပြန်ပါတယ်။
ဒီလို ထူးခြားတိုက်ဆိုင်တဲ့ သူတို့ မိသားစုလေးရဲ့ မွေးနေ့ပွဲလေးကတော့ ရိုးရိုးရှင်းရှင်းပဲ ကိတ်မုန့်တစ်လုံး၊ Happy Birthday သီချင်းတစ်ပုဒ်တည်းနဲ့ပဲ ကျင်းပဖြစ်ခဲ့ကြပါတယ်။
Ref;
http://www.dailymail.co.uk/news/article-2082425/January-4-birthdays-running-Ohio-family-generations.html
Tuesday, January 3, 2012
လမ်းကူးခြင်း အနုပညာ
ဘလော့ စာဖတ်ပရိတ်သတ်များ နှစ်သစ်ကူးမှာ တစ်မနေဘဲ အသစ်တွေပဲပိုင်ဆိုင်နိုင်ကြပါစေလို့ ဦးစွာပထမ နုတ်ခွန်း ဆက်သလိုက်ပါတယ်။
ကျွန်တော်တို့ စင်ကာပူရောက်တာ မကြာသေးတဲ့ကာလတုန်းကပေါ့... အိမ်မှာစုနေတဲ့သူတွေ ဒီလိုပဲ အလုပ်ကပြန်လာ စားပြီးသောက်ပြီး ထုံးစံအတိုင်း တီဗွီရှေ့ထိုင်ကာ စကားပြောတတ်ကြတယ်။
တစ်ရက်ကြတော့ အသစ်ရောက်လာတဲ့တစ်ယောက်ကို စင်ကာပူက နေရာတွေအကြောင်းပြောပြရင်းနဲ့ စင်ကာပူမှာ အဖြူကြားရှိတဲ့လမ်းဆို ကားလာလာ မလာလာ လမ်းကူးလို့ရကြောင်း ကားက လူကိုဦးစားပေးရတဲ့အကြောင်း ပြောပြဖြစ်တယ်။
အဲလို ပြောပြောခြင်း တစ်ယောက်က ထပြောတယ် 'ဟမ်... အဖြူကြားဆိုတာ ရှိသေးလား' တဲ့
ဒါနဲ့ အသစ်တစ်ယောက်က လွဲရင် အိမ်ကလူတွေက မရှေးမနှောင်း ဒီရောက်ကြတဲ့လူတွေပါ။ နည်းနည်းတော့ ၀ါရင့်တွေပေါ့။ ဒါနဲ့ သူကအဲလိုပြောတော့
'အင်းလေ... လူတွေ လမ်းမဘက်ကနေ ပလက်ဖောင်းဘက်ကို ကူးတဲ့နေရာ လမ်းဆုံမှာ မီးပွိုင့်စောင့်စရာမလိုဘဲ ကားကွေ့လို့ရတဲ့နေရာမှာ အဖြူကြားတွေ လုပ်ထားပေးတဲ့နေရာတွေလေ..' လို့ပြောလိုက်တော့...
'ဟုတ်လား... ငါက အဲဒါမသိဘူး ငါမှတ်ထားတာက ဟိုတိုင်နှစ်တိုင်က မီးလေးမှိတ်တုတ်မှိတ်တုတ် ပြနေတာဆိုရင် ကူးလို့ရတာပဲ မှတ်ထားတာ' တဲ့ ဟမ်
အဲဒီအချိန် နောက်တစ်ယောက်ကလည်း အားကျမခံ
'ငါကတော့ အ၀ါအနက်အကြား တိုင်နှစ်တိုင် မြင်ရင် ကူးလိုက်တာပဲ' ဟင် သူလည်း မှန်တာပဲ
သြော်... တယ်လည်း အမှတ်အသားကောင်းကြတယ်လို့ ချီးကျူးမလို့ကြံနေတုန်း... နောက်တစ်ယောက်က ဆက်ပြောလိုက်တာမှာ မောင်သန့်လည်း ကိုယ့်နဖူးကိုပဲ အကြိမ်ကြိမ် ရိုက်နေမိတော့သည်။ သူပြောလိုက်သည်က
'ငါကတော့ သူများကူးရင် လိုက်ကူးလိုက်တာပဲ အဲဒါတွေ ဘာမှမသိဘူး' ဟုပင် ဖြစ်ပါတော့သည်။
(သက်ဆိုင်သူများ ဖတ်မိပါက ဗွေမယူပါနဲ့... ပျော်စေပျက်စေ ကလက်စေပါနော်) :D

(စင်ကာပူက ကားကလူကို ဦးစားပေးရတဲ့ အဖြူကြား)
(Photo via Google StreetView)

Subscribe to:
Posts (Atom)