Wednesday, August 31, 2011

စင်ကာပူက နှစ်တစ်နှစ်ရဲ့ တတိယမြောက် အိုင်တီရှိုး Comex 2011


စင်ကာပူမှာ တစ်နှစ်ကို အိုင်တီပြပွဲ လေးကြိမ်ကျင်းပပါတယ်။ မတ်လမှာ တစ်ကြိမ်၊ ဇွန်လမှာ တစ်ကြိမ်၊ ယခု စက်တင်ဘာလမှာ တစ်ကြိမ်၊ နောက် နိုဝင်ဘာလကုန် တစ်ကြိမ် စုစုပေါင်း လေးကြိမ် ကျင်းပပြီး ရှိုးပွဲ နာမည်တွေကိုလည်း IT Show, PC Show, Comex Show နဲ့ Sitex Show ဆိုပြီး အမျိုးမျိုးပေးထားပါတယ်။ နှစ်တစ်နှစ်ရဲ့ ပထမသုံးကြိမ်ကို စင်ကာပူ မြို့လယ်လောက်မှာ ရှိတဲ့ Suntec City Exhibition Center မှာ ကျင်းပပြီး စတုတ္ထအကြိမ် နောက်ဆုံးအကြိမ်ဖြစ်တဲ့ Sitex Show ကိုတော့ စင်ကာပူ ချန်ဂီလေဆိပ်နားက Singapore EXPO မှာ ကျင်းပပါတယ်။
အခုလာမယ့် Comex Show 2011 ကို မနက်ဖြန် စက်တင်ဘာ ၁ရက်နေ့ကနေ စက်တင်ဘာ ၄ရက်ထိ နေ့လည် ၁၂နာရီကနေ ည ၉နာရီထိ ကျင်းပသွားမှာပါ။
အသေးစိတ်ကိုတော့ ဒီမှာ မဖော်ပြတော့ပါဘူး။ သူရဲ့ OfficialWebsite မှာပဲ သွားရောက်ကြည့်ရှုလိုက်ပါ ခင်ဗျာ။ အဲဒီမှာ နောက်ဆုံးရ ဒစ်စကောင့် သတင်းများကို လည်း ဖော်ပြထားပါတယ်။
အောက်လင့်ခ်တွေမှာလည်း ဈေးနှုန်း ဘရောက်ချာတွေ၊ ရောင်းချမယ့် ပစ္စည်း ဘရောက်ချာတွေကို တစုတစည်းတည်း ကြည့်ရှုနိုင်ပါတယ်။

http://vr-zone.com/comex/pricelists/
http://bootstrike.com/itfairsg/comex2011/

2 comments:

  1. အစ်ကိုမောင်သန့်ရေ ရှင်းပြလို့ကျေးဇူးပါ ခင်ဗျာ။
    ကျွန်တော်ကလာတဲ့ IT Show မှန်သမျှအလွတ်မပေးပဲသွားနေကျပါ။ ဒါပေမယ့် အစ်ကိုပြောတာတွေမသိဘူး။ :) ကောင်းသောနေ့လေးဖြစ်ပါစေ ခင်ဗျာ။

    ReplyDelete
  2. ကျနော့်ပိုစ့်လေး အခုလို ဗဟုသုတ တိုးစေတာ သိရတဲ့အတွက် ၀မ်းသာပါတယ်။ လာလည်တဲ့အတွက်လည်း ကျေးဇူး အထူးတင်ပါတယ်ခင်ဗျာ

    ReplyDelete