Friday, August 19, 2011

Jessica Alba delivered second baby girl

ဒီသတင်းက နည်းနည်းလေး နောက်ကျနေပါပြီ…
Fantastic Four ရဲ့ မင်းသမီးချောလေး Jessica Alba က သူရဲ့ Facebook မှာ သြဂုတ်လ ၁၄ရက်နေ့က အောက်ပါအတိုင်း ရေးထားပါတယ်။

"Cash and I are so excited to announce the birth of our daughter, Haven Garner Warren. She was born on Saturday, weighed 7lbs, and was 19 inches long. Healthy and happy! Big Sister Honor couldn't be more excited about the new addition to our family."

Jessica Alba နဲ့ Producer “Cash Warren” တို့ ၂၀၀၅ ခုနှစ် က Fantastic Four ရိုက်ကွင်းမှာ တွေ့ဆုံခဲ့ပြီး မေလ ၂၀၀၈ တုန်းကတည်းက လက်ထပ်ခဲ့တာပါ။ သူတိုရဲ့ ပထမဆုံး Baby လေးကလည်း မိန်းကလေးပဲ ဖြစ်ပြီး ဇွန်လ ၂၀၀၈မှာ မွေးတာပါ။ နာမည်က Honor Marie Warren ပါတဲ့။

Jessica Alba မွေးနေ့က ၂၈ ဧပရယ် ၁၉၈၁။ အခုဆိုရင် အသက် ၃၀ရှိပြီး။ အခုရုံတင် တော့မယ် Spy Kid 4 မှာ သူပါဝင် သရုပ်ဆောင်ထားတယ်။ ထင်ရှားတဲ့ သူ့ရုပ်ရှင်တွေကတော့ Honey, Sin City နဲ့ Fantastic Four တို့ ဖြစ်ပြီး တီဗွီဇတ်လမ်းတွဲ Dark Angel ကလည်း ထင်ရှားလှပါတယ်။

No comments:

Post a Comment