Friday, August 19, 2011

Google provide weather information on Google Maps.












Google က Google Maps ပေါ်မှာ မိုးလေ၀သ အခြေအနေ တိမ်ထူထပ်တဲ့ အခြေအနေတွေကို ကြည့်လို့ ရအောင် လုပ်ပေးလိုက်ပြန်ပါပြီ….
Google Maps ပေါ်က မိုးလေ၀သ အချက်အလက်တွေ ကြည့်ချင်ရင်
-         အရင်ဆုံး maps.google.com ကိုသွားပါ။
-         ပြီးရင် ညာဘက်ထောင့်မှာ ပေါ်နေတဲ့ Satellite ပေါ်ကို ကလစ်ထောက်လိုက်ပါ။
-         အဲဒီမှာ အောက်ကလိုမျိုး ဘောက်စ်လေး ကျလာပြီး weather ကို ရွေးလိုက်ရုံပါပဲ






















မြန်မာပြည် မြေပုံ ရှိတဲ့ နေရာဆီ ရွှေ့သွားလို့ ရှိရင် မြန်မာပြည်မှာ ရှိတဲ့ မြို့တွေရဲ့ မိုးလေ၀သအခြေအနေ၊ လေတိုက်နှုန်း နဲ့ မိုးတိမ်ထူထပ်မှု အခြေအနေကိုပါ ဘယ်ဘက်ခြမ်းနေရာမှာ ကြည့်ရှုနိုင်ပါတယ်။ မိုးတိမ် အခြေအနေကို မကြည့်ချင်ရင်လည်း Hide Cloud ကို နှိပ်လိုက်ရုံပါပဲ။
တဆက်တည်း Google Maps ရဲ့ ထူခြားတဲ့ လုပ်ဆောင်ချက်တချို့တွေကို ညဘက်က ကလစ်ထောက်ရင် ကျလာတဲ့ ဘောက်စ်မှာ တွေ့နိုင်ပါတယ်။ 


တဆက်တည်းပြောရရင် အဲဒီထဲကမှ Live Traffic လုပ်ဆောင်ချက်ကတော့ တော်တော်လေး ထူးခြားပါတယ်။ (More ကို နှိပ်လိုက်ရင် Traffic ဆိုတာ တွေ့ပါမယ်) ။ အချိန်နဲ့ အမျှ လမ်းတွေရဲ့ Traffic (ယာဉ်ကြောပိတ်ဆို့မှု အခြေအနေ) ကို ဖော်ပြပေးနေတာပါ။
အောက်က ပုံကိုကြည့်ပါ။ စင်ကာပူရဲ့ Live Traffic ပါ။ ချဲ့ကြည့်ရင် အသေးစိတ်ပိုမြင် ရပါမယ်။ လမ်းပိတ်ဆို့မှု အနည်းအများလိုက် အရောင်နဲ့ ခွဲပြီး ပြထားတယ်။ အစိမ်းဆိုရင် မြန်မြန်သွားလို့ရတယ်။ ၀ါ နဲ့ ညို ဆိုရင် သာမာန်ပေါ့။ နီ ဆိုရင်တော့ သွားပြီး လမ်းပိတ်နေပြီး… ဒါဆို အဲဒီ လမ်းကို ရှောင်မောင်း သင့်ပြီးပေါ့။



















တစ်ခုတော့ မေးစရာရှိမယ် ကားပေါ်မှာ Google Maps ကို ဘယ်လို Access လုပ်မလဲ၊ အခုခေတ်လို အင်တာနက် သုံးလို့ရတဲ့ Mobile တွေ၊ Tablet တွေ ပေါနေတဲ့အချိန်မှာတော့ ဒါကလွယ်လွယ်လေးပေါ့။ ဒါပေမယ့် စိတ်မကောင်းစွာ မြန်မာပြည်မှာတော့ မရသေးဘူးပေါ့။
နောက်ပြီး မြန်မာပြည်မြေပုံပေါ်မှာ သွားထောက်လည်း Traffic ကို နှိပ်လို့မရပါဘူး။ မြန်မာပြည်တင် မဟုတ်ပါဘူး နိုင်ငံတော်တော်များများလဲ အဲဒီဟာ မရသေးပါဘူး။
နောက်တော့မှ ဒီလုပ်ဆောင်ချက် ရတဲ့ နိုင်ငံတွေ စာရင်း ဖော်ပြပါဦးမယ်။
ဒီပိုစ့်မှာပါတဲ့ အကြောင်းအရာ အသေးစိတ်ကို ဒီ Google Blog မှာ သွားကြည့်လို့ရပါတယ်။

No comments:

Post a Comment