Friday, August 19, 2011

Mouse on plane


လေယာဉ်စီးချင်တဲ့ ကြွက်

Sweden နိုင်ငံ Stockholm ကနေ Chicago ကို ထွက်ခွါမယ့် SAS လေကြောင်းလိုင်း Airbus 330 လေယာဉ်ပေါ်မှာ ထူးဆန်းခရီးသည်ကြောင့် လေယာဉ်ခရီးစဉ်ကို ဖျက်သိမ်းလိုက်ရပါတယ်။ ခရီးသည်ပေါင်း ၂၅၀ကြားမှာ လိုက်ပါချင်တဲ့ ထူးဆန်းခရီးသည်ကတော့ ကြွက်ကလေး တစ်ကောင်ပါ။
လေယာဉ်ပေါ် အလယ်သွားလမ်းကြားမှာ ကြွက်တစ်ကောင် တွေ့မိတာကြောင့် လေယာဉ် ပိုင်းလော့တွေက လေယာဉ်စက်ပိုင်းဆိုင်ရာ လုံခြုံမှုအရ လေယာဉ်ခရီးစဉ်ကို ဒီကောင်ကလေး ရှာတွေ့တဲ့ အထိ ဆိုင်းငံ့ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ ဒါပေမယ့်လည်း ရှာတွေ့ပြီးတဲ့နောက်မှာ လေယာဉ်ထဲက ၀ိုင်ယာတွေ အစိတ်အပိုင်းတွေကို ဒီကြွက်ကလေး ၀ါးထားခြင်းရှိမရှိ စစ်ဆေး ရဦးမှာပါ။
ဒီအဖြစ်အပျက်ကြောင့် SAS လေယာဉ်လိုင်းမှာ ယူရိုတစ်သိန်းခန့်လောက် ဆုံးရှုံးနစ်နာမှု ကြုံနိုင်ပါတယ်။
အတော်ဈေးကြီးတဲ့ ကြွက်ပါပဲ….

Source : http://www.dailymail.co.uk/news/article-2026983/Mouse-running-aisleway-grounds-Chicago-bound-plane-Sweden.html

No comments:

Post a Comment