Tuesday, September 6, 2011

ဓါတ်ပုံ ထဲက အစက်နှစ်စက် (ပဟေဠိ)

ကလစ်နှိပ်ပြီး ပုံအကြီး ချဲ့ကြည့်နိုင်သည်။

ကဲ ဒီတစ်ခါ ကျနော်ကချည်းပဲ ဇွတ်မရေးတော့ဘဲ ကျနော့် စာဖတ်ပရိသတ်ကို ပဟေဠိလေး နည်းနည်း ဖွက်ချင်ပါတယ်။

အပေါ်က ပုံကို ကြည့်ပါ... မှောင်မှောင်မည်းမည်းထဲက အစက်နှစ်စက်ထဲ ပါတဲ့ ဓါတ်ပုံတစ်ပုံ .... ဒါက တကယ့် ဓါတ်ပုံတစ်ပုံပါ။ ဘာမှ ထပ်ပြီး မပြုပြင်ထားပါဘူး... ဒီဓါတ်ပုံကို ရဖို့ ဒေါ်လာသန်းပေါင်းများစွာ ကုန်ကျခဲ့ရပါတယ်...

ကဲ မေးခွန်းကတော့ ... 
၁. ဘာကိုရိုက်ထားတဲ့ ဓါတ်ပုံပါလဲ...
၂. ဘယ်သူက ရိုက်ထားပါသလဲ...
၃. အကြောင်းအရာကိုပါ... ရှင်းပြနိုင်ရင် ရှင်းပြပေးပါ။

အခုတလော အင်တာနက် သတင်းတွေထဲ ဒီဓါတ်ပုံ အကြောင်း ပါပါတယ်...

အဖြေတွေကို ကောမန့်မှာ ရေးပေးခဲ့စေချင်ပါတယ်... 
ကျနော့်ဘလော့ စတာ မကြာသေးပါဘူး... ဒါပေမယ် ပရိသတ်တော့ အနည်းငယ် ရှိလိမ့်မယ် ထင်ပါတယ်... 

ဟီးဟီး အဖြေတွေရဖို့ မျှော်လင့်ပါတယ်... အဖြေမှန်တဲ့ သူတွေကို ဆုချပါမယ်.. (တကယ် အတည်) :D


13 comments:

  1. ဟိ...အိပ်ငိုက်နေတာနဲ့ အတော်ပဲ...။
    အဲ့ဒါ နာဆာက ရိုက်ထားတာ...ကြီးကြီးက Earth(left side one) တေးတေးလေးက ...Moon (right side one)
    မှန်ရင်တော့ အပေါ်မှာရေးထားတဲ့အတိုင်းပဲ...:P

    ReplyDelete
  2. ၁။ ခပ်ကြီးကြီး ကျွန်တော်တို့ရဲ့ ကမ္ဘာကြီး၊ ခပ်သေးသေးလေးက ကမ္ဘာကိုပတ်နေတဲ့လ

    ၂။ ဂျူနို အာကာသယဉ်က ရိုက်ထားတာ

    ၃။ ၂၀၁၁ သြဂုတ် ၂၆မှာ ဂျူနို ကမ္ဘာမြေကနေ မိုင်ပေါင်း ၆ သန်းအကွာဝေးအရောက်မှာ သူ့ကိုယ်ပိုင် ကင်မရာနဲ့ လက်တည့်စမ်းထားတာ :)။ ဒီ ဂျူနိုဆိုတဲ့ အကောင်ကလေးက နေရောင်ခြည်စွမ်းအင်ကိုသုံးထားတယ်။ ၅ နှစ်အကြာစီမံကိန်းအရ ဂျူပီတာဂြိုလ်ဆီကို အရောက်သွားမှာဖြစ်ပြီး ဂျူပီတာရဲ့ ဂြိုလ်ပတ်လမ်းမှာ ၃၃ ပတ်ပတ်ပြီး သူ့မှာပါတဲ့ ၆ မျိုးသော စမ်းသပ်ပစ္စည်းတွေနဲ့ ဂျူပီတာရဲ့ ဖြစ်တည်ပုံ၊ လေထု၊ ဆွဲငင်အား၊ စတာစတာတွေကို လေ့လာမယ်တဲ့။

    မောင်လေးအဖြေမှန်ပါသလား? မှန်ရင် ဘီယာတိုက် :) ဟီး ဟီး ဟီး

    ReplyDelete
  3. သြော်... ပဟေဠိ က မဟေဠိဖြစ်နေတယ် အကို

    ReplyDelete
  4. သူများဖြေလာမှာတွေစောင့်ကြည့်လိုက်ဦးမယ်။
    ကိုယ်တိုင်ကသဘာဝကျကျရှင်းမပြတတ်တော့
    ဒီလိုပဲ(သူများတွေကို)စောင့်ကြည့်ရတာပေါ့:P

    ReplyDelete
  5. ဘယ်ကသာ ...အဲ့ ကမ္ဘာလည်းမဟုတ်ဘူး .. ဂြိုလ်လည်းမဟုတ်ဘူး ...
    အဲ့ဒါ ပိုးစုန်းကြူး နှစ်ကောင် ... အကြီးက အထီး အသေးက အမ
    ဟုတ်တယ်နော် ....

    ReplyDelete
  6. အစက်နှစ်စက်ကို အစက်လို့ပဲမြင်မိပါတယ်
    ဘာဆိုတာမသိလို့
    ဘာမှ မရေးတော့ပါဘူးနော်....
    လေဖမ်းပြီးဒန်းမစီးချင်လို့ပါ။
    ခင်မင်တဲ့ jas

    ReplyDelete
  7. မီးပျက်နေတဲ့ ညသန်းခေါင်ယံမှာ ငုတ်တုတ်ထိုင်နေတဲ့ အိမ်ကကြောင် မောင်မဲကို ရိုက်ထားတဲ့ ပုံလားဟင် :-P

    ReplyDelete
  8. အစက်အကြီးက ကြယ်အမေကြီး.. အသေးက ကြယ်သားလေး...
ုအဟီး... မသိလို့ လျှောက်ပြောတာ.. ရှက်လည်းရှက်ပါတယ်.. :P

    ReplyDelete
  9. The moon and the earth in the space.. Am i right to say that??

    ReplyDelete
  10. မသိဘူးဗျာ အဲဒါဘာကြီးလဲ Answer

    ReplyDelete
  11. လနဲ့ကြယ်

    ReplyDelete
  12. တစ်ယေက်က လင်ကြီး တစ်ယောက်က လင်ငယ်လား

    ReplyDelete