Wednesday, September 7, 2011

ဟောလီးဝုဒ် ရိုက်ကွင်းပေါ်မှ ကြေကွဲဖွယ်ရာ ဖြစ်ရပ်များ - ၂

(Poster Via Wiki)
xXx Movie Poster

Fast and Furious စတား Vin Diesel သရုပ်ဆောင်ပြီး ၂၀၀၂မှာ ရုံတင်ပြသခဲ့တဲ့ xXx  ရုပ်ရှင်ကားကို လူတိုင်းလိုလို ကြည့်ဖူးကြမှာပါ။ စတန့်ခန်းတွေ မြောက်များစွာနဲ့ ကြည့်လို့ အင်မတန်မှ ကောင်းတဲ့ ဇတ်ကားတစ်ကားပါ။ စစချင်း တံတားပေါ်ကနေတဆင့် ကားနဲ့အတူ ခုန်ချတဲ့အခန်း… နောက် ဆိုင်ကယ် စတန့်ခန်းတွေ… လေယာဉ်ပေါ်ကနေ ခုန်ချတဲ့ အခန်းတွေဟာ အလွန်ထိတ်လန့်ဖွယ် စတန့်ခန်းတွေ ဖြစ်ပြီး… ကြည့်ရတာလည်း ယုတ္တိတန်လှပါတယ်…
ဒီလို ဆန်းပြားတဲ့ စတန့်တွေမှာ ထုံးစံအတိုင်း မင်းသား ဗင်ဒီဇယ် ကိုယ်တိုင် မလုပ်နိုင်တဲ့ အခန်းတွေများစွာ ရှိပါတယ်… အဲဒီတော့ အစားထိုး စတန့်သမားကပဲ စတန့်နေရာတွေကို သရုပ်ဆောင်ရပါတယ်… ဒီဇတ်ကားထဲမှာ ဗင်ဒီဇယ် နေရာကို သရုပ်ဆောင်ရတဲ့ စတန့်သမားကတော့ ‘ဟယ်ရီ အိုး ကော်နာ’ (Harry L. O'Connor) ပါ။
ပထမပို့စ်က ‘မက်လင်န်’ လိုပဲ ဒီဇတ်ကားမှာလည်း ‘အိုးကော်နာ’ ဟာ စတန့် သရုပ်ဆောင်ရင်း မတော်တဆမှု ဖြစ်ခဲ့ပါတယ်… ဖြစ်ပုံက Parasailing (စပိဘုတ် သို့မဟုတ် စက်လှေနဲ့ ဆွဲပြီး စီးရတဲ့ လေထီး) ပေါ်ကနေ ဆွဲဆင်းပြီး ရေငုတ်သဘောင်္ပေါ်တစ်ခုပေါ်ကို တိုင်မင်ကိုက် ခုန်ဆင်းရတဲ့အချိန်မှာ… အိုးကော်နာဟာ အချိန်မီ မဆင်းနိုင်ခဲ့လို့ လေထီးပေါ် ဆက်ပါသွားရင်း တံတားတစ်ခုနဲ့ အရှိန်ပြင်းစွာ တိုက်မိသွားပါတယ်။ အိုးကော်နာကို မက်လင်န်လို ကံကြမ္မာက မျက်နှာသာ မပေးခဲ့ပါဘူး… အိုးကော်နာဟာ အဲဒီနေရာမှာပဲ ပွဲချင်းပြီး သေဆုံးသွားခဲ့ပါတယ်… 

ဒီဇတ်ကားရဲ့ ဘတ်ဂျတ်က ဒေါ်လာသန်း ၇၀ ထဲပါ။ ဒါပေမယ့် အိုးကော်နာလို လူတစ်ယောက်ဆုံးရှုံး သွားတဲ့အတွက် အင်မတန်မှ အရင်းအနှီးကြီးမားတဲ့ ဇတ်ကားဖြစ်သွားရပါတယ်… ဒီဇတ်ကားကို ရိုက်ကူး ခဲ့တဲ့ ဒါရိုက်တာ Rob Cohen က ဒီအဖြစ်အပျက်ရဲ့ မှတ်တမ်းကို ရုပ်ရှင်ထဲမှာ ထည့်ဖို့ ဆုံးဖြတ်ခဲ့ပြီး... နောက်ဆုံး တည်းဖြတ်ခြင်းရောက်တော့... အိုးကော်နာရဲ့ နောက်ဆုံးပုံရိပ်ကို လေးစားတဲ့ အနေနဲ့ အဲဒီမှတ်တမ်းကို ဖြုတ်ချန်ရစ်ခဲ့ပါတယ်... အခုလို လူအသက်သေဆုံးခဲ့တဲ့ အထိ ဖြစ်ပျက်ခဲ့တဲ့ xXx ရုပ်ရှင်ကား ရိုက်ကွင်းထဲက ဒီဖြစ်ရပ်ဟာ ဟောလီးဝုဒ် ရိုက်ကွင်းပေါ်က ကြေကွဲဖြစ်ရာ ဖြစ်ရပ်များထဲက တစ်ခုအပါအ၀င် ဖြစ်တယ်လို့ တင်ပြရင်း နောက်ထပ် ဖြစ်ရပ်များကို ဆက်လက်ပြီး တင်ပြသွားပါဦးမယ် ခင်ဗျာ…

ဟောလီးဝုဒ် ရိုက်ကွင်းပေါ်မှ ကြေကွဲဖွယ်ရာ ဖြစ်ရပ်များ

Ref;
http://en.wikipedia.org/wiki/XXx

5 comments:

  1. xxx သုံးလုံးကားကိုတော့ ကြိုက်တယ် ဒါပေမယ့် ဒီအကြောင်းတွေတော့ မသိခဲ့ဘူး။ ကျေးဇူးဗျာ... မျှဝေပေးလို့ ...

    ReplyDelete
  2. အာလုံးကိုကြည့်ရပါတယ်..မေ့နေလို့ခုပြန်ကြည့်ရတယ်...
    စိတ်မကောင်းစရာပဲ...ခုမှသတိထားမိတာ။
    မျှဝေမှုအတွက်ကျေးဇူးတင်ပါတယ်။
    ခင်မင်တဲ့ jas

    ReplyDelete
  3. အင်း သူတို့ရဲ့ အသက်မွေးဝမ်းကျောင်းအလုပ်ကလည်း မလွယ်ပါလားနော်....

    ReplyDelete
  4. "သူတည်းတစ်ယောက် ကောင်းမှုရောက်ဘို့ သူတစ်ယောက်မှာ ပျက်လင့်ကာသာ ဓမ္မတာတည်း" ဆိုသလိုပေါ့နော်။
    စိတ်ဓါတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  5. ကျေးဇူးပါအကို သားကမင်းသားဖြစ်ချင်တာ နောက်တွေ့ရင်ပြောနော်Thank from HollyWood Kyi Han Soe

    ReplyDelete