Saturday, September 17, 2011

ဟာဝိုင်အီရောက် ဂျပန်ပြည်က ပုလင်းစာ

  (AP Photo/U.S. Navy, Jay C. Pugh via www.wtop.com)

ဟာဝိုင်အီ က၀အီ (Kauai, Hawaii) က ကမ်းခြေ ရှင်းလင်းရေးမှာ ပါဝင်တဲ့ သင်္ဘောသား အရာရှိ တစ်ယောက်ဖြစ်တဲ့ ဂျွန်လ်မိုးဟာ ကမ်းခြေပေါ်မှာ တင်နေတဲ့ ထူးခြားတဲ့ ပုလင်းလေးတစ်လုံးကို တွေ့ရှိ ကောက်ယူခဲ့ပါတယ်။ ထူခြားတဲ့ပုလင်းလို့ ဆိုရတာက ပုလင်းလေးထဲမှာ ဂီးနီ (Gienie in the bottle) ရှိနေလို့တော့ မဟုတ်ပါဘူး။ ပုလင်းလေးထဲမှာ စက္ကူခေါက်ပန်း လေးခု၊ ဓါတ်ပုံလေး တစ်ပုံနဲ့ လွန်ခဲ့တဲ့ ငါးနှစ် မတ်လ ၂၆ရက် ၂၀၀၆ရက်စွဲနဲ့ စာလေးတစ်စောင်ပါနေလို့ပါပဲ... ၀တ္ထုတွေ စာတွေထဲမှာ ပါနေတဲ့ သင်္ဘောပျက်ပြီး လူသူမရှိတဲ့ ကျွန်းပေါ်ကနေ ကယ်ပါဆိုတဲ့ ပုလင်းလေးထဲ စာလေးထည့်မျှောထားတဲ့ စာပုလင်းလေး ပုံစံပေါ့...

ဒါပေမယ့် ဒီစာရဲ့ ပိုင်ရှင်ကတော့ အဲလိုတွေထဲကလိုမျိုး မဟုတ်ဘဲ ဂျပန်နိုင်ငံ ကာဂိုရှီးမားက (Kagoshima, Japan) က အရိက၀ (Arikawa) အမည်ရှိတဲ့ ကောင်မလေးတစ်ယောက်ရဲ့ စာပါ။ ဟိုလိုစာဆိုရင်တော့ ငါးနှစ်တောင်ကြာနေပြီးဆိုရင် အဲဒီလူတော့ ဒုက္ခရောက်နေပြီးပေါ့ :P ... အရီက၀ ရေးထားတဲ့စာထဲမှာ ပါတာက 'ဒီနေ့ငါတို့ မူလတန်း အဆင့်ကနေ အောင်ပြီဆိုတဲ့ အမှတ်တရအနေနဲ့ ဒီစာကို ရေးလိုက်တာပါ' တဲ့။ ဓါတ်ပုံကတော့ ကာဂိုရှီးမားက အရိက၀တို့ အတန်းဓါတ်ပုံပါ။ ဒီစာနဲ့ ပက်သက်တဲ့သတင်းကို ဖော်ပြခဲ့တဲ့ AP သတင်းဌါနက သတင်းထောက်ကတော့ လွန်ခဲ့တဲ့ငါးနှစ်က အရိက၀နာမည်ရှိတဲ့ ကောင်မလေး ကာဂိုရှီးမားက ကိုကူဘု (Kokubu) ကျောင်းမှာ မူလတန်းအဆင့် တက်သွားတာ ဟုတ်မဟုတ်စုံစမ်းရာမှာ အဲဒီကျောင်းက ကျောင်းအုပ်ဆရာ 'အကိရာ နာကာရှီးမား' (Akira Nakashima) က မှန်ကန်ကြောင်း အတည်ပြုပေးခဲ့ပါတယ်။ 'နာကာရှီးမား' က အရိက၀တို့ဟာ မူလတန်း အောင်မြင်တဲ့ အထိမ်းအမှတ်အနေနဲ့ ဒီစာကို အနီးက ကမ်းခြေကနေ ပုလင်းထဲ ထည့်ပြီး ပစ်ခဲ့တာပါ။ ဒီပုလင်းလေးကို ပြန်တွေ့ရတာ အလွန်ပဲအံ့သြဖို့ကောင်းပြီး .. ဒီလို စိတ်လှုပ်ရှားစရာ သတင်းမျိုးကို ကြားရတာ အလွန်ပဲ ၀မ်းသာဖို့ကောင်းပါတယ်' လို့ ပြောကြားခဲ့ပါတယ်။

သင်္ဘောသားအရာရှိ 'မိုး' ဟာ  အခြား လူအယောက် ၄၀၊ ကျောင်းသား ၁၆ယောက်နဲ့အတူ နိုင်ငံတကာ ကမ်းခြေများ ရှင်းလင်းရေးနေ့အဖြစ် 'က၀အီ' ကမ်းခြေက အမှိုက်တွေ လိုက်ကောက်နေခဲ့တာပါ။ 'မိုး' ဟာ ဒီစာအကြောင်း 'အာရိက၀' ကို ပြောပြဖို့ သူရှိမယ့်နေရာကို လိုက်လံစုံစမ်း ဆက်သွယ်လျှက် ရှိပါတယ်။


Source:
http://www.denverpost.com/breakingnews/ci_18909345

7 comments:

  1. သူများလည်းထိုင်ဝမ် ကမ်းခြေကနေအဲလို
    စာမျိုးပုလင်းထဲထည့်ဦးမယ်...

    ReplyDelete
  2. အိုး အံ့သြဖို့ကောင်းလိုက်တာ ဒီလိုတိုက်ဆိုင်ဖို့ဆိုတာ တကယ်မလွယ်ဘူးနော်
    ဂျပန်က ပုလင်းက ဟာဝိုင်အီကို ပင်လယ်ကိုကျော်ဖြတ်ပြီး ရောက်သွားတာ စိတ်ဝင်စားဖို့ကောင်းတယ်။
    ပင်လယ်ဘက်ရောက်တုန်းက ခုလို ပုလင်းလေးထဲ စာလေးထည့်ပြီး ရေထဲမျှောဖို့ စိတ်ကူးရခဲ့ဖူးသေးတယ်။ ကလေးဆန်ဆန်ပေါ့။ ခုလည်း ဒီစာမျှောလိုက်တဲ့ ကောင်မလေးက ကလေးဘဝတုန်းကဘဲနော်။ ကလေးတွေရဲ့ ချစ်ဖို့ကောင်းတဲ့ အမူအကျင့်လေးတွေပေါ့။

    ReplyDelete
  3. jas လဲဘယ်ကမ်းခြေသွားရမလဲမသိဘူး
    အဲဒီလိုစာမျိုး(သို့မဟုတ်)ကဗျာရေးပြီးထဲ့ချင်တယ်

    ReplyDelete
  4. ပုလင်းတွေ့တိုင်းလျှောက်မကောက်နဲ့ ခင်ဗျ... တစ်ချို့တွေက ရှုးရှုးပန်းထည့်ပြီး သင်္ဘောပေါ်ကနေ ပစ်ချတတ်တယ်၊ တစ်ကယ်ပြောတာနော်.. :)

    ReplyDelete
  5. Blackroze - ထိုင်ဝမ်ကနေ စာထည့်ပြီး တရုပ်ပြည်ဘက် လှမ်းထုလိုက် :P

    မချော - ကလေးဘ၀က တယ်လဲ အတွေးတွေက ရိုးတာကိုး.. လုပ်ချင်ရာကို လွတ်လွတ်လပ်လပ် လုပ်ရတယ်ဗှာ

    Jas - စင်ကာပူမှာဆို ဘယ်မှာမှ လွတ်ပစ်ဖို့မလွယ်ဘူး... ပစ်လိုက်တာနဲ့ သင်္ဘောတွေ သွားထိတာပဲ :P

    ကို AH ရော အဲလို ပုလင်းမျိုးပစ်ဖူးလားဗျ... အတိအကျသိနေတယ်နော်.. ဟီးဟီး

    ReplyDelete
  6. မောင်သန့် ဆီမှာ ဒီလို ထူးခြားသတင်းလေးတွေဖတ်ရတာ ကျေးဇူးတင်ဖို့ တအားကောင်းတယ် ။

    ReplyDelete
  7. အခုလို ကြားရတာ ကျေးဇူးတင်ပါတယ်ဗျာ... စာလာဖတ်တဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်

    ReplyDelete