Monday, September 5, 2011

စင်ကာပူ F1 Concert မှာ Charice, Sharkira နဲ့ Linkin Park တို့ဖျော်ဖြေမည်


(Photo Via singaporegp.sg)
ဖော်မြူလာဝမ်း ကားပြိုင်ပွဲကို စင်ကာပူနိုင်ငံမှာ စတင်လက်ခံ ကျင်းပလာတာ ၂၀၀၈ ခုနှစ်ကစပြီး အခုနှစ် အပါအ၀င် ၄နှစ် ရှိပါပြီး။ စင်ကာပူဟာ ကမ္ဘာပေါ်မှာ ဖော်မြူဝမ်းပြိုင်ပွဲတွေကို ညဘက်ပြုလုပ်တဲ့ ပထမဆုံးနဲ့ တစ်ခုတည်းသော နိုင်ငံလည်း ဖြစ်ပါတယ်။ အဲလို ဖော်မြူလာဝမ်း ပြိုင်ပွဲ ကျင်းပစဉ်ကာလမှာ ဖျော်ဖြေရေး အစီအစဉ်တွေအနေနဲ့ ကမ္ဘာကျော် အဆိုတော်များကို ဖိတ်ခေါ်ပြီး F1 Concert ဆိုပြီးလည်း ပြုလုပ်လေ့ ရှိပါတယ်။
မကြာမီ ကျင်းပတော့မယ့် ယခုနှစ်အတွက်ပွဲမှာလည်း အဲဒီ F1 Concert ကို ထည့်ထွင်းထားပြီး ကမ္ဘာကျော် အဆိုတော်တွေ ဖြစ်တဲ့ ကိုလံဘီယာက ကမ္ဘာ့ဖလား ၀ါကာဝါကာ အဆိုတော် Sharkira, Nu Metal, Alternative Metal, Alternative Rock စတဲ့ ဂီတတွေနဲ့ ထင်ရှားလှတဲ့ Linkin Park နဲ့ ယခုတလော နာမည်ကြီး လာပြီး Opera Winfrey Show မှာ ဖိတ်ခေါ်ခံရဖူးသူ၊ စလင်းဒီယန်နဲ့လည်း တွဲပြီး စတိတ်ပေါ်မှာ ဖြေဖျော်ခဲ့ဖူးသူ … နောက်ဆုံး GLEE ရုပ်သံဇတ်လမ်းတွဲမှာတောင် ပါဝင် သရုပ်ဆောင်ခဲ့ဖူးတဲ့ ဖိလစ်ပိုင်သူလေး Charice တို့ကို ဖျော်ဖြေဖို့ ဖိတ်ခေါ်ထားပါတယ်။
ဖော်မြူလာဝမ်း ကာပြိုင်ပွဲ ကြည့်ရှုခွင့် လက်မှတ်တွေဟာ အင်မတန်မှ ဈေးကြီးတာ သိကြမှာပါ။ သို့ပေမယ့်လည်း .. ကားပြိုင်ပွဲသေချာမကြည့်ရလည်း နေပါစေ… စတိတ်ရှိုးပဲ သေချာကြည့်ချင်တဲ့သူတွေအတွက် ကားပြိုင်ပွဲ ဆားကစ်ရဲ့ Zone 4 လက်မှတ်တွေကို ၀ယ်ယူပြီး ကြည့်နိုင်ပါတယ်။ အပေါ်ကပြောတဲ့ အဆိုတော်အားလုံး Zone 4 မှာ တရက်ချင်းစီ ဖျော်ဖြေမှာဖြစ်ပြီး … ဖျော်ဖြေမယ့်နေ့တွေကတော့….
ချာရစ် က ၂၃ရက် စက်တင်ဘာ၊ ၈နာရီခွဲ ကနေ ၉ နာရီခွဲ
ရှာကီရာ က ၂၄ရက် စက်တင်ဘာ၊ ၁၁နာရီ ၁၅မိနစ် ကနေ ၁၂နာရီ ၄၅မိနစ်
လင်ကင်းပက်ခ် က ၂၅ရက် စက်တင်ဘာ၊ ၁၀နာရီခွဲ ကနေ ၁၂နာရီခွဲထိဖြစ်ပြီး
လက်မှတ်ဈေးနှုန်းတွေကတော့
၂၃ရက်နေ့ ဇုန် ၄ ၀င်ခွင့် - ၃၈ စင်းဒေါ်လာ
၂၄ရက်နေ့ ဇုန် ၄ ၀င်ခွင့် - ၁၁၈ စင်းဒေါ်လာ
၂၅ရက်နေ့ ဇုန် ၄ ၀င်ခွင့် - ၁၄၈ စင်းဒေါ်လာ တို့ ဖြစ်ကြပါတယ်။
သုံးရက်ပေါင်း ၁၉၈ စင်းဒေါ်လာ လက်မှတ်ကတော့ အစောကတည်း ကုန်နေပါပြီး (သူက အဆိုတော် စာရင်း အတိအကျ မထွက်ခင်ကတည်းက စရောင်းတာ အချိန်အကန့်အသတ်နဲ့)
ဇုန် ၄ ၀င်ခွင့်လက်မှတ်မှာ ရှိုးပွဲကြည့်ခွင့်အပြင် ကားပြိုင်ပွဲကိုလည်း ဇုန် ၄ အခြမ်း သံဇကာကြားကနေ မတ်ရပ်ပြီး ချောင်းကြည့်ရှုခွင့် ပါပါတယ်… :P ဒါ့အပြင်ဇုန် ၄မှာ ဖျော်ဖြေတင်ဆက်မယ့် တခြားသော အဆိုတော်တွေရဲ့ ရှိုးတွေ၊ ပါဖောင်းမန့် (Performances) တွေကိုလည်း ကြည့်ခွင့် ရှိပါမယ်။ (ရှင်းရှင်း ပြောရရင်... ဇုန် ၄မှာ ဘာလုပ်လုပ် ဘာပြပြ အကုန်ကြည့်ရမယ် ...  :D )
ဇုန် ၄ ရှိတဲ့နေရာကတော့ စီးတီးဟော ရထားဘူတာ ထွက်ပေါက် B ထွက်ထွက်ချင်း တွေ့ရတဲ့ အမိုးချွန်ချွန်နဲ့ ခရစ်ယာန် ဘုရား ကျောင်း… ကျောင်းနောက်ဘက်က ကားလမ်း… အဲဒီ ကာလမ်းကို ကူးပြီးရင် ဘော်လုံးကွင်းတွေ့မယ်.. ဟုတ်တယ် အဲဒီဘောလုံးကွင်းမှာ စတိတ်စင် လုပ်ထားမှာ… အဲဒီမှာ ရှိုးပွဲကြည့်... နောက် အခုန ဖြတ်လာခဲ့တဲ့ ကာလမ်းက ပြိုင်ပွဲ ဆားကစ် တစိတ်တပိုင်း… အဲဒါ လမ်းကို သံဇာကာတွေ ကာထားပြီး ဘော်လုံးကွင်း ဘက်ခြမ်းကဖြစ်ဖြစ် ဘုရားကျောင်း ဘက်ခြမ်းကဖြစ်ဖြစ် သံဇာကာကြားက ချောင်းကြည့်လို့ ရတယ်… အဲဒါချောင်းကြည့် ပြီး စတိတ်ရှိုးကြည့် ပြီး နားပင်း သွားရင်တော့ တာဝန်မယူ… (အကောင်းပြောရင်း ဖောက်လာတာ :D )
ပြီးခဲ့တဲ့နှစ်တွေရဲ့ F1 Concert တွေမှာ ဘလက်အိုင့်ပိစ်း (Black Eyed Peas), မာရစ်ကာရေး (Mariah Carey) စတဲ့ နာမည်ကြီး အဆိုတော်တွေ ဖျော်ဖြေခဲ့ဖူးပါတယ်။ စင်ကာပူက ပြိုင်ပွဲလမ်းကြောင်း ဆားကစ်ကို မာရီနာဘေ ဆားကစ် (Marina Bay Circuit) လို့ ခေါ်ပြီး ဒီဆားကစ်မှာ ပထမဆုံး ကျင်းပတဲ့ ၂၀၀၈ ပြိုင်ပွဲရဲ့ အနိုင်ရရှိသူ ကတော့ အဲဒီတုန်းက ရေးနော့အသင်းနဲ့ ပြိုင်ပွဲဝင်ခဲ့တဲ့ ဖာနန်ဒို အလိုဆို ဖြစ်ပြီး၊ မနှစ် ၂၀၁၀ မှာလည်း ဖာနန်ဒို အလိုဆိုကပဲ ဖာရာရီအသင်းနဲ့ ထပ်ပြီး အနိုင်ရထားပါတယ်။ ၂၀၀၉ ခုနှစ် အနိုင်ရသူကတော့ မက်ကလာရင်-မာစီးဒီး အသင်း က ဟာမီတန် ဖြစ်ပါတယ်။  စင်ကာပူက လက်ရှိ နောက်တစ်နှစ်ထိ ဖော်မြူလာဝမ်းနဲ့ စာချူပ်ရှိနေပြီး.. ၂၀၁၂ ပြိုင်ပွဲပြီးရင်တော့ ဆက်လုပ်ဖြစ် မလုပ်ဖြစ် မသေချာသေးပါဘူး
ကဲ စင်ကာပူက စိတ်ဝင်စားသူများ အတွက် လက်တို့ လိုက်ပါတယ်။ လက်မှတ်တွေကိုလဲ အပေါ်က ဆိုဒ်မှာ တခါတည်း ၀ယ်လို့ရပါတယ် ခင်ဗျာ

2 comments:

  1. ကိုယ်တို့ ပထမရက် သွားကြည့်တယ်.... Charice ကြောင့်တော့ မဟုတ်ဘူး... korea Big Bang က ကိုယ်အချစ်တော် G-dragon, TOP နဲ့ Seung gri တို့လာလို့... သူတို့ ရှိုးပေါက်ဈေးက ပုံမှန်ဆို ၃၀၀ ကျော်လောက်ရှိတယ်... ခု ၃၈ ဒေါ်လာဆိုတာ ရတောင့်ရခဲ... ဒါပေမဲ့ တော်တော်နီးနီးမြင်ရတယ်...အရမ်း အရမ်းတန်ပြီး စိတ်ကြေနပ်တဲ့ပွဲလေးပါပဲ....

    ReplyDelete
  2. အားကျတယ်ဗျာ.... ကျွန်တော်တို့တော့ မစားရတဲ့အမဲ သဲနဲ့ပက်တာ ရှာကီရာနဲ့ လင်ကင်းပက် မကြည့်နိုင်တဲ့အတူတူ အဲဒါကိုပါ မကြည့်တော့တာ.. ဟားဟား

    ReplyDelete