Thursday, September 29, 2011

အိုင်ဖုန်း ၅ (iPhone 5) တကယ် လာတော့မည်လော


လာမည့် အောက်တိုဘာလ ၄ရက်နေ့မှာ ကျင်းပမယ့် Apple ကုမ္ပဏီရဲ့ သတင်းထုတ်ပြန်ရေး အခမ်းအနားအတွက် တရားဝင်ပေးပို့တဲ့ Let's Talk iPhone ဆိုတဲ့ ဖိတ်စာထဲမှာပါတဲ့ (ပုံပါ) ပုံစံကြောင့် ကာလရှည်ကြာ ကောလဟာလ ဖြစ်နေတဲ့ Apple iPhone မျိုးဆက်သစ် iPhone 5 ကို စတင်မိတ်ဆက်တော့မယ် ဆိုတဲ့ သတင်းဟာ ပိုပြီး ခိုင်မာမှု ဖြစ်လာပါတယ်။

ဒီပွဲမှာ အိုင်ဖုန်း တစ်မျိုးမက မိတ်ဆက်ဖို့ ရှိတယ်လို့လည်း ဆိုပါတယ်။ ဒါ့အပြင် အိုင်ပတ် (iPad) အတွက် တရားဝင် Facbook Apps တစ်ခုကိုလည်း မိတ်ဆက်ဖို့ ရှိပါတယ်။ ထပ်ပြီးထူးခြားတာက အခုလိုပွဲမျိုးကို ခါတိုင်း ဆန်ဖရန်စစ်စကိုမှာ ကျင်းပလေ့ရှိပေမယ့် ခုကတော့ ကပ်ပါတင်နို (Cupertino) မှာရှိတဲ့ Apple campus ထဲမှာပဲ ကျင်းပမယ်လို့ ဖိတ်စာထဲမှာ ဖော်ပြထားပါတယ်။

တချို့သတင်းတွေမှာတော့ အိုင်ဖုန်း ၅ကို အောက်တိုဘာလ ၄ရက်နေ့မှာ စတင်မိတ်ဆက်ပြီး အောက်တိုဘာ ၁၄ရက်နေ့ကစပြီး အမေရိကန်၊ အဂ်လန်၊ ဂျာမနီ၊ ပြင်သစ်နဲ့ ဂျပန်တို့မှာ စတင်ရောင်းချမယ်လို့ ဆိုနေကြပါတယ်။

ဘာပဲပြောပြော တစ်နှစ်ကို အိုင်ဖုန်း အသစ်တစ်ခု ထုတ်နေကျ ပန်းသီးကုမ္ပဏီက ဒီနှစ်မှာလည်း နောက်ထပ်အသစ် တစ်ခု ထွက်ဖို့ အချိန်တန်နေပြီဆိုတော့ အိုင်ဖုန်း ၅ထွက်ဖို့က သေချာသလောက် ဖြစ်နေပြီ ထင်ပါတယ်။ အိုင်ကြိုက်သူများ ၀မ်းသာစရာ သတင်းပါပဲ...

ဒါ့အပြင် ပန်းသီးရဲ့ မူရင်းစီအီးအိုကြီး စတိပ်ဂျော့ နားသွားပြီဖြစ်လို့ အိုင်ဖုန်းအသစ်ကို မိတ်ဆက်မယ့်လူက စီအီးအိုအသစ် တင်ကွတ် (Tim Cook) ဖြစ်မှာမို့ မိတ်ဆက်ပွဲ စင်ပေါ်မှာ စတိပ်ဂျော့လို စွဲဆောင်မှု ရှိရှိ သရုပ်ဆောင်နိုင်မလား ဆိုတာလဲ စိတ်ဝင်စားစရာပါပဲ....

source

6 comments:

  1. တကယ်လာရင် ဝယ်ဖို့ချောင်းနေတာ။ ဝယ်ချင်တာ ၅ ထွက်တော့မယ့်ဆိုလို့ စောင့်နေတာ၊ မြန်လေကောင်းလေ။

    ReplyDelete
  2. မြတ်ကြည် - နိုင်ငံအလိုက် ထွက်တာ ကြာတာ မြန်တာ ရှိသေးတယ်နော်... မြန်မြန်လိုချင်ရင် နိုင်ငံ ကျော်ပြီး ၀ယ်မှရမယ် :)

    ReplyDelete
  3. အိုင်ဖုန်းမပြောနဲ့ ရှိတဲ့ ခေါ်မကြား အော်မကြား ဖုန်းအစုတ်လေးတောင် မနည်းကိုင်နေရထှာ...။
    ဖတ်ပြီး ကိုယ့်ကိုယ်ကိုယ် စိတ်တောင် မကောင်းဘူး...။

    ReplyDelete
  4. မမြသွေးနီ - လာမယ် ကြာမယ်လေ.. ဟီဟီ

    ReplyDelete