Wednesday, October 5, 2011

Apple iPhone 5 Event Live တင်ဆက်ကြည့်ခြင်း

iPhone 4S Spec အပြည့်အစုံ http://www.apple.com/sg/iphone/

Oct 5 2011 2:40 am SGT
iPhone 4S အောက်တိုဘာ ၁၄ရက်နေ့ ယူအက်စ်၊ ယူကေ၊ ပြင်သစ်၊ ဂျာမနီ၊ ဂျပန်၊ သြစတေးလျမှာ စဖြန့်မယ်... နှစ်ကုန်ပိုင်းလောက်မှာ နိုင်ငံ ၇၀ကျော်ကို ဖြန့်မယ်...

Oct 5 2011 2:35 am SGT

Siri က အချက်အလက် တော်တော်များများ အမေးအဖြေလုပ်နိုင်တဲ့ Wolfram Alpha နဲ့ ချိတ်ဆက်ထားပါတယ်တဲ့....

Oct 5 2011 2:25 am SGT

အံ့သြမကုန်နိုင်စရာပဲ... ငါ့ကို မနက်ဖြန် ၆နာရီမှာ နှိုးပါ... ငါ့ကို ဂရိစားသောက်ဆိုင် ရှာပေးပါ... အသံနဲ့ အမိန့်ပေးလို့ ရတာလဲ ပါတယ်တဲ့... (ငပိအသံနဲ့ဆို သိပါ့မလားနော်)

Oct 5 2011 2:20 am SGT

အဲ နောက်တစ်ခု Siri တဲ့... အခု ရာသီဥတု ဘယ်လိုရှိတယ်... နောင် ဘယ်လိုရှိမယ်... အခု စင်ကာပူမှာ ဘယ်အချိန်ရှိလဲ... စတာတွေ အသံနဲ့မေးပြီး အမျိုးသမီး အသံနဲ့ ပြန်ဖြေတယ် ဆိုပဲ...
(မှတ်ချက် - ဒီပွဲမှာ Tim Cook တစ်ယောက်တည်း မဟုတ်ပဲ ... တခြား အကူတွေပါ... ၀င်ရောက် အမေး အဖြေလေးတွေနဲ့ ကြားဖြတ် Presentation လုပ်နေကြတာပါ.. သူတို့ နာမည်တွေကို အသေးစိတ်မဖော်ပြတော့ပါဘူး)

Oct 5 2011 2:15 am SGT

ဆက်ပြီးတော့ Video 1080P Full HD ရမယ်, နောက်ပြီးတော့ AirPlay တဲ့ ဖုန်းထဲရှိတဲ့ သီချင်းကို တီဗွီဆီ လွှင့်နိုင်တယ်ဆိုပဲ။ ဘာလဲတော့ သေချာ မသိသေး

Oct 5 2011 2:00 am SGT

iPhone 4S မှာ  
A5 CPU, 2x Faster, 7x Graphics better
Battery life now 8 hours talk time on 3G - 14 hours 2G Talktime, 6 hours 3G browsing, 9 hours Wi-Fi browsing.
8MP, f2.4, Face Detection Camera

GSM ရော ပထမဆုံး CDMA ရော ရပြီး

Oct 5 2011 2:00 am SGT

လာပြီး ... iPhone 5 မဟုတ်ဘူး.... A5 Chip နဲ့ iPhone 4S တဲ့
 
Oct 5 2011 1:55 am SGT

iOS 5, iCloud and iMessage တိုနဲ့ လာမယ့် iPod Nano နဲ့ iPod Touch အသစ်တွေကို မိတ်ဆက်
ဈေးနှုန်းများ
iPod Nano  - 8GB USD $129, 16GB USD $169
iPod Touch - 8GB USD $199, 32GB USD $299, 64GB USD  $399

Oct 5 2011 1:50am SGT

Google Latitude လို ဆော့ဝဲလ်အသစ် "Find My Friends" အကြောင်း ပြောနေပါတယ်။ မိမိ မိသားစုဝင်တွေ သူငယ်ချင်းတွေ ဘယ်မှာ ရှိလဲဆိုတာကို မြေပုံပေါ်မှာ ခရမ်းရောင် ပူစီပေါင်းလေးနဲ့ ပြပေးမယ့် ဆော့ဝဲလ်ပါ။

Oct 5 2011 1:43am SGT

ခုတော့ iTune နဲ့ iCloud အကြောင်းပြောနေပါတယ်...

Oct 5 2011 1:40am SGT

iOS 5 အောက်တိုဘာ ၁၂ရက်နေ့မှာ ထွက်မယ်....

Oct 5 2011 1:30am SGT

APPLE CEO အသစ်, Tim Cook မှ APPLE ထုတ်ကုန် iPhone, iPad, MAC Laptop & Desktop စတာတွေရဲ့ တိုးတက်လာတဲ့ရောင်းအား... ဈေးကွက်ကို လွှမ်းမိုးလာနိုင်မှု... APPLE Apps Store ရဲ့ ဆော့ဝဲလ်များ ရောင်းချနိုင်မှု ... နောင်ထွက်မယ့် iOS 5 ရဲ့ အရေးပါတဲ့ ဆောင်ရွက်ချက်များ စတာတွေကို ရှင်းလင်း ပြောကြားနေပါတယ်။

2 comments:

  1. Siri - http://www.youtube.com/watch?v=rNsrl86inpo&feature=player_embedded

    ကိုယ်တွေ ငပိသံနဲ့ဆို ဖုန်းနဲ့ ပြောရင်းပြောရင်း ဒေါသတွေဖြစ်၊ ဖုံးကပဲ ပိန်းတာ လား၊ လူကပဲ ဖိန်းတာလား ဆိုပြီး တိုင်နဲ့ ခေါင်းနဲ့ ဆောင့်ရင်ဆောင့်၊ မဆောင့်ရင် ဖုန်းကို ဖနောင့်နဲ့ ပေါက်ဖြစ်မှာ ကျိန်းသေ.... :P

    ReplyDelete
  2. အပ်တူဒိတ် သတင်းလေးတွေ တင်ပေးသော ကိုမောင်သန့်ကို ကျေးဇူး တင်ရှိပါတယ် ခင်ဗျာ။

    ReplyDelete