Tuesday, October 11, 2011

၃၉ပတ် ကိုယ်ဝန်ဆောင်ထားပေမယ့် မာရသွန်ပန်းဝင်အောင်ပြေး ပြီးတော့ ကလေးမွေး

 
 Amber Miller
(Photo via Chicago Tribune)

ချီကာဂိုက မာရသွန်ပြိုင်ပွဲဝင် 'အမ်ဘာ မီလ်လာ' (Amber Miller) တစ်ယောက် ပြီးခဲ့တဲ့ တနင်္ဂနွေက ပြုလုပ်တဲ့ ချီကာဂိုမာရသွန်အပြေးပြိုင်ပွဲ တာကနေ စထွက်ချိန်မှာ သူမရဲ့ ဒုတိယကလေးကို ကိုယ်ဝန်ဆောင်ထားတာ ၃၉ပတ်ခန့် ရှိပြီး မွေးခါနီး  အချိန်ကို ရောက်နေပါပြီး...

ဒါပေမယ့် သူမကတော့ အပြေးလမ်းမှာ ဗိုက်တချက်ချက်နာတာကို အံတုရင်း ပြေးလိုက် လမ်းလျှောက်လိုက်နဲ့ နောက်ဆုံး ၆နာရီ ၂၅မိနစ် စက္ကန့် ၅၀ အကြာမှာ ပန်းဝင်ခဲ့ပါတယ်... ပန်းဝင်ပြီးပြီးချင်းပဲ ဆမ်းဝှစ် တလုပ်ကိုက်ကာ ဆေးရုံကို ဆက်တိုက် သွားခဲ့ရပါတယ်။ ပြီးတော့ အဲဒီည ၁၀နာရီ ၂၉မိနစ် မှာပဲ ၇ပေါင် ၁၃အောင်စ ရှိတဲ့ သမီးလေး ဇွန်ကို အေးအေးဆေးဆေးပဲ မွေးဖွားခဲ့ပါတယ်...

'ကျမကို ဆရာဝန်က တ၀က်လောက်တော့ ပြေးလို့ အိုကေတယ်လို့ ပြောပါတယ်... ဒါနဲ့ ကျမ တ၀က်ပြေး တ၀က်လက်လျှောက်နဲ့ ပြိုင်ပွဲ ၀င်ခဲ့တာပါ။ ကျမ အမျိုးသားက ဘေးကနေ အတူလိုက်ပြေးပြီး ကျမကို အားပေး ကူညီခဲ့ပါတယ်လို့' ... သူမတက်နေတဲ့ ဒူပေ့ စင်တာ ဆေးရုံ (Center Du Page Hospital) ပေါ်မှာ  WGN-Channel 9 ကို ပြောပြခဲ့ပါတယ်...

ဆက်ပြီးတော့... 'ကျမပြေးနေတာကို လူတိုင်းက ၀ိုင်းကြည့်နေကြတာပါပဲ.. တကယ်တော့ ကျမ ကိုယ်ဝန်ဆောင်ချိန် တောက်လျှောက်လုံး ပြေးနေခဲ့တာပါ။ အခုအခြေအနေရောက်တဲ့ အထိပါပဲ... ကျမအတွက် မထူးဆန်းပဲ.. ပြေးတာနဲ့က ဘယ်အခြေအနေမှာ မဆို အသားကျနေပြီးသားပါ'

'ကျမ ပန်းဝင်ခဲ့တာ အကောင်းဆုံး စံချိန်နဲ့တော့ မဟုတ်ပါဘူး.. ဒါပေမယ့် ကျမယောက်ျားထက်တော့ ပိုစောပြီး ပန်းဝင်နိုင်ခဲ့ပါတယ် သူက အလေ့အကျင့် မရှိတဲ့ အတွက် ကျမထက် နည်းနည်း နောက်ကျ ကျန်ရစ်ခဲ့ပါတယ်။ ကျမပြေးနေတဲ့ အချိန်မှာ တချက် ချက်တော့ ဗိုက်နာပါတယ်.. ဒါကတော့ ကိုယ်ဝန်ရင့်နေတဲ့အချိန် ဖြစ်တတ်ပါတယ်... ပန်းဝင်ပြီးတော့ ငါးမိနစ် တခါလောက် နာလာပါတယ်... ဒါတောင် တကယ် မွေးခါနီး ဗိုက်နာတာ ဟုတ်မဟုတ် ၁နာရီလောက် သေချာစောင့်ပြီးမှာ ဆေးရုံကို သွားခဲ့တာပါ' လို့ သူမက ပြောပြပါတယ်...

သူမ မွေးပြီးနောက်နေ့မှာ သတင်းထောက်က ဒီနေ့ အလုပ်သွားဦး မှာလားလို့ မေးတော့.. သူမကရီပြီး .. 'မသွားသေးပါဘူး... ဒီနေ့တော့ အေးဆေးပဲ နေလိုက်ပါဦးမယ်' လို့ ပြန်ဖြေပါတယ်....

ဟင်းးးးးးးးးးးးးးးးးးးး

Source & Video

http://www.chicagotribune.com/sports/chicagomarathon/chi-photo-finish-woman-gives-birth-after-running-and-walking-marathon-20111010,0,2092495.story


2 comments: