Wednesday, October 19, 2011

သေဒဏ်ချထားခံရတဲ့ခွေး ထွက်ပြေးလွတ်မြောက်

အယ်လ်ဘာနီ၊ အော်ရီဂွန် (Albany, Oregon) က အယ်လ်ဘနီ အိမ်မွေးတိရိစ္ဆာန်ဟိုတယ် (Albany Pet Hotel) မှာ သေဒဏ်ကျပြီး၊ ထိန်းသိမ်းထားခံထားရတဲ့ ဘလူး (Blue) အမည်ရှိ ခွေးတစ်ကောင် လွတ်မြောက်သွားလို့ တာဝန်ရှိရဲတွေက အပူတပြင်း လိုက်ရှာနေပါတယ်။ တစ်ယောက်ယောက်က ကာထားတဲ့နံရံကို ကျော်တက် ပြတင်ပေါက်မှန်ကို ခွဲပြီး ဘလူးကို ကယ်တင်သွားတယ်လို့ ရဲတွေက ဆိုပါတယ်။

ဘလူးဟာ မနှစ်က ကလေးငယ်လေးတစ်ယောက်ကို ကိုက်တဲ့အမှုနဲ့ သေဒဏ်ကျခံထားရတာပါ။ ဒါပေမယ့် သူ့ရဲ့ပိုင်ရှင်က ပြစ်ဒဏ်ကို လျော့ပေါ့ပေးဖို့ အယူခံဝင်ထားဆဲ ဖြစ်လို့ ဘလူးကို အိမ်မွေးတိရိစ္ဆာဟိုတယ်မှာ ထိန်းသိမ်းထားခြင်း ဖြစ်ပါတယ်။

ဘလူးထွက်ပြေးသွားတာ ပြီးခဲ့တဲ့ တနင်္ဂနွေည သို့မဟုတ် တနင်္လာနေ့မနက်ပိုင်းလောက်က ဖြစ်ပြီး.. အဲဒီဟိုတယ်မှာ တခြားဘယ်အရာမှ ပျောက်ရှမှုမရှိဘူးလို့ ရဲတွေက ပြောပါတယ်။

Source:
http://www.sfgate.com/cgi-bin/article.cgi?f=/n/a/2011/10/18/national/a003724D90.DTL

8 comments:

  1. အဲဒီလိုသာဆိုရင်တော့မြန်မာပြည်ကခွေးတော်တော်များများလဲ
    သေဒဏ် ကျမှာသေချာတယ်
    အားတိုင်းရပ်ကွက်ထဲကခလေးတွေကိုကိုက်နေလို့ပါ
ောတ်သေးတယ်အဲဒီခွေးကိုကယ်တဲ့လူရှိလို့
    ကြံကြံဖန်ဖန်နော်ခွေးကိုတောင်သေဒဏ်တဲ့

    ReplyDelete
  2. တိရ စ္ဆာန်ပေမယ့် တကယ့်ကို လူတစ်ယောက်လို သံယောဇဉ် တွယ်မိတတ်ကြတယ်။ သူ့သခင်ပဲ ပြန်လာကယ်သွားပုံရတယ်။

    ReplyDelete
  3. တိရိစ္ဆာန်ကို ထောင်ချသေဒဏ်ပေးတာ သက်ရှိမို့ထားပါတော့။
    တီတင့်ကတော့ သေနတ်ကိုနှစ်ရှည်ထောင်ချတာ ကြားဘူးတယ်း)
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  4. သြော်... ခွေးကလေး ကယ်တင်ရှင်ရှိသွားလို့ ၀မ်းသားပါတယ် :P

    ReplyDelete
  5. ဂျပ်စ်ရေ မြန်မာပြည်က ခွေးတွေ လူမကိုက်လည်း စည်ပင်က မျက်စိနောက်ရင် သေဒဏ်ပဲ .. :P

    မမြသွေးနီ... သူတို့မှာက အိမ်မွေးတိရိစ္ဆာန်နဲ့ ပက်သက်ပြီး အစုံရှိတယ်ဗျ.. ရဲ တရားသူကြီး ကယ်ဆယ်ရေး ဆရာဝန် စသည်ဖြင့်ပေါ့လေ... အမပြောတဲ့ လူလိုပဲ ဆိုတာ...

    အန်တီတင့်ပြောမှ တော်တော် စိတ်ဝင်စားသွားပြီး ဟီးဟီး

    ReplyDelete
  6. ကိုအားထိုင်တို့ တရုတ်ပြည်ကြီးကတော့ လူတောင် မကယ်ဘူး :D

    ReplyDelete
  7. ၀မ်းသာရမလား... ၀မ်းနည်းရမလားတောင် သိဘူး.. အင်တင်တင်ကြီး.. ဟီးဟီး.. ခွေးလေးကိုလည်း မသေစေချင်ဘူး.. သူလွတ်သွားတော့ တခြားသူတွေ ကိုက်ဦးမှာလား.. >.<

    ReplyDelete
  8. ကန်ဒီက ကြံကြံဖန်ဖန် တွေးတတ်တယ် ဟားဟား

    ReplyDelete