Wednesday, October 26, 2011

တိုက်တိုက်ဆိုင်ဆိုင် အမွှာညီအစ်မက တစ်ရက်ထဲကလေးမွေး

(Jenifer and Jessica with their babies)
 (Photo via)

အင်ဒီယားနားက အမွှာညီအစ်မနှစ်ယောက် ဖြစ်တဲ့ Jenifer Patterson နဲ့ Jessica Patterson တို့ဟာ တိုက်တိုက်ဆိုင်ဆိုင်ပဲ တစ်ရက်ထဲမှာ ကလေးပြိုင်တူမွေးဖွားခဲ့ကြပါတယ်။

Jenifer Patterson က သမီးကလေး Adalynn Rose Patterson ကို သဘာဝအတိုင်း မွေးဖွားပြီး နောက်နာရီအနည်းငယ် အကြာမှာပဲ Jessica Patterson က သားလေး Mason Douglas Patterson ကို ဗိုက်ခွဲကာ Bloomington ဆေးရုံတစ်ခုတည်းမှာ မွေးဖွားခဲ့ပါတယ်။ Adalynn Rose Patterson က မွေးဖွားစမှာ အဆုတ်ပြဿနာ ရှိပေမယ့် အခုတော့ အဆင်ပြေနေပါပြီ။

သူမတို့နှစ်ယောက်ဟာ အမွှာဖြစ်ပေမယ့် အများအားဖြင့် အခုလို တူညီတာတွေသိပ်တော့ မရှိပါဘူး....

ကျမတို့နှစ်ယောက် အရုပ်တွေ၊ အစားအသောက်၊ အ၀တ်တွေနဲ့ အရာအားလုံး အတူတူခွဲဝေတာတွေတော့ ရှိခဲ့ပါတယ်။ လွန်ခဲ့တဲ့သုံးနှစ်လောက်က... အိမ်တစ်ခုတည်းကို ပြောင်းရွှေ့ ခဲ့ကြပါတယ်။ ကျမရဲ့ ညာဘက်မျက်လုံးက မကောင်းပြီး၊ သူ့ ဘယ်ဘက်မျက်လုံးက မကောင်းပါဘူးလို့ ဂျနီဖာကပြောပါတယ်။

ဂျက်ဆီကာက သူမ ဘယ်သန်ဖြစ်ပြီး ဂျနီဖာက ညာသန်လို့ ပြောပါတယ်။ ဂျက်ဆီကာက သူမကိုယ်ဝန်ရှိတာ အရင် သိခဲ့ရပြီး တပတ်အကြာမှာတော့ ဂျက်ဆီကာက ကိုယ်ဝန်ရှိတာ သိခဲ့ကြပါတယ်။

မွေးဖွားခါနီးအချိန်မှာ သူမတို့နှစ်ယောက်လုံး ဆေးရုံတစ်ခုတည်းက အခန်းတစ်ခန်းထဲမှာ အတူရှိနေခဲ့ကြတာပါ။ ကလေးတွေနှစ်ယောက်လုံး အတူတူကြီးပျင်းလာဖို့ မျှော်လင့်ပါတယ်... တကယ့်ကို ပျော်စရာကောင်းတဲ့ အိမ်လေးတစ်အိမ်ဖြစ်မှာပဲ... ကျမတို့နှစ်ယောက်ဟာ ခွဲမရတဲ့သူတွေပါလို့ ဂျက်ဆီကာက ပြောပါတယ်။

ဂျက်ဆီကာရော ဂျနီဖာရော ကလေးလေးတွေကို Single Mother အနေနဲ့ မွေးဖွားခဲ့ကြတာပါ။

News Source:
http://www.ksdk.com/news/article/282267/71/Twin-sisters-give-birth-on-same-day
http://www.nydailynews.com/lifestyle/2011/10/24/2011-10-24_identical_twins_give_birth_on_same_day_in_same_hospital_twin_called_coincidence_.html?r=news/national

6 comments:

  1. စိတ်ချင်းဆက်နေတာတွေ တစ်ခါတစ်လေ သိတ်ထူးဆန်းတယ် မောင်သန့်ရေ။ အမွှာဆိုတော့ စိတ်ချင်းပိုနီးစပ်သွားတာမျိုးထင်ပါတယ်။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  2. လုပ်လိုက်မှဖြင့် အထူးအဆန်းတွေချည်းပဲ. :P

    ReplyDelete
  3. တိုက်တိုက်ဆိုင်ဆိုင်ပေါ့လေ...၊ကလေးအဖေတွေတော့ မတိုက်ဆိုင်လောက်ဘူး
    ထင်ရဲ့......:D

    ReplyDelete
  4. Single Mother ဆိုပါလားနော်..... :(

    ReplyDelete
  5. ဒါမှန်းသိရင် စင်ဂယ်မားသားလိုက်ပါတယ်း)
    အပေါ်ကဟိုလူကြီးကညိမ်းပြောသလို တိုက်ဆိုင်နေရင်ဘိုလုပ်မလဲး)

    ReplyDelete
  6. အန်တီတင့်... အင်း တွေးစရာပဲနော်

    ကန်ဒီ... ဟီးဟီး

    ကိုညိမ်းနိုင်... အင်း မဖြစ်လောက်ဘူးထင်တယ် ကလေးအဖေက အဲလောက်စွမ်းဖို့ ဟားဟား

    ကိုအားထိုင်... ဘာလို့တုန်းဗျ... စိတ်ဝင်စားလားဗျ

    မဒမ်ကိုး... စိတ်ထိန်းပါခင်ဗျ... ဟီးဟီး

    ReplyDelete